"၂၀၁၅ ရွေးကောက်ပွဲ ပိုင်ဆိုင်မှုပြနိုင်တဲ့ ကိုယ်စားလှယ်လောင်း ကိုတွေပဲ မဲပေးကြပါစို့" ...
ဘဏ်အကောင့်တစ်ခုမှ လွဲ၍ ပိုင်ဆိုင်မှု မရှိကြောင်း
ဒေါ်စု ပြောကြား
==========
ဘဏ်အကောင့်တစ်ခုမှ လွဲ၍ ပိုင်ဆိုင်မှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
“ကျမမှာ ပိုင်ဆိုင်မှု အင်မတန် နည်းပါတယ်၊ ဘဏ်အကောင့်တစ်ခုပဲ ပိုင်ပါတယ်” ဟု ယနေ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ပါတီဝင် ကိုယ်စားလှယ်လောင်းများသည် ပိုင်ဆိုင်မှု တင်ပြထားရပြီး မှန်ကန်မှု ရှိမရှိကို စိစစ်နိုင်ကြောင်း၊ သူမ၏ ပိုင်ဆိုင်မှုသည် ဘဏ်အကောင့်မှလွဲ၍ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)၊ နေပြည်တော်ရှိ နေအိမ်များသည် မပိုင်ဆိုင်ကြောင်း ၄င်းက ပြောကြားသည်။
“စားရေသောက်ရေး၊ ဝတ်ရေးတွေကတော့ အင်မတန်မှ အဆင်ပြေပါတယ်၊ ပြည်စုံပါတယ်၊ အားလုံးက ပေးထားကမ်းထားတဲ့တဲ့ ဟာတွေနဲ့ နေတာပါ” ဟု ၄င်းက ဆိုသည်။
ယင်းအပြင် ပြည်သူတွေ အနေဖြင့် ခြိမ်းခြေက်မှုကို မခံလိုပါက NLD ကို မဲပေးရန် လိုလားပြီး ပြည်သူလူထု၏ ရပိုင်ခွင့်ကို လွှတ်တော်အတွင်းမှ လုပ်ပေးနိုင်ရန် အပြည့်အဝ မဲရရှိစေရေးအတွက် ပါတီအလံကိုကြည့်၍ ထောက်ခံရမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
လက်ရှိတွင် ပြဌာန်းပြီးသော ဥပဒေအချို့အတွက် အစိုးရဖွဲ့နိုင်ပါက ပြန်လည်ပြင်ဆင်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံပြည်သူနှင့် တွေ့ဆုံဟောပြောခြင်း မပြုမီ ဥတ္တရသီရိမြို့နယ်ရှိ သာသနာ့ ဝေပုလ္လကျောင်းရှိ ကျောင်းထိုင်ဆရာတော်ထံ ဝါဆိုသက္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းအပြင် နေပြည်တော်ရှိ မြို့နယ် ၃ ခုမှ ဒေသခံများနှင့် တွေ့ဆုံရန် စီစဉ်ထားပါသည်

Comments
Post a Comment