သြဂုတ် ၅ ကိုထင်ကျော်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ မတ်လ ၂ဝ ရက်နေ့က ရုံးထုတ်စစ်ဆေးစဉ် Photo: Kyaw Htoon Naing/RFA , 5August 2014 —- ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်း စာစောင်တွေ လိုက်ဝေခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချ လိုက် ပါတယ်။ ဒီနေ့ တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး ကိုထင်ကျော်ရဲ့ဇနီးဖြစ်သူ မသန်းသန်းမော်က အခုလိုပြောပါတယ်။