Skip to main content

စင်းလုံးငှား လူနာတင်လေယာဉ် ၀န်ဆောင်မှု မြန်မာနိုင်ငံတွင် စတင်မည်

သြဂုတ် ၆

မြန်မာနိုင်ငံမှာ လူနာတင် လေယာဉ် ၀န်ဆောင်မှု လုပ်ငန်းကို ထိုင်းနဲ့ မြန်မာ ကုမ္ပဏီတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ရှိနေပြီး ပြည်တွင်းမှာ လာရောက် ရင်းနှီမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီ တွေကြောင့် ဒီလုပ်ငန်းဟာ အနာဂတ်မှာ အရေးပါတဲ့ ဈေးကွက်တခု ဖြစ်လာမယ်လို့ Myanmar MJETS Business Aviation Centre က စီမံခန့်ခွဲရေး ဥက္ကဋ္ဌက ပြောပါတယ်။
ပြည်တွင်းက Myanmar MJETS Business Aviation Centre က စင်းလုံးငှားလေယာဉ်ဝန်ဆောင်မှုနဲ့
လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ထိုင်းနိုင်ငံက ပုဂ္ဂလိကပိုင် လေကြောင်းကုမ္ပဏီတခုဖြစ်တဲ့ ထိုင်း အမ်ဂျေအီးတီအက်စ် (MJETS) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ အဆိုပါဝန်ဆောင်မှုလုပ်ငန်းက စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးအုန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲတွေရဲ့ ကျန်းမာရေးဆိုင်ရာအာမခံစနစ်ကို အထောက်အကူ ဖြစ်စေဖို့ ပြည်တွင်းမှာ လူနာတင်လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းကလည်း အရေးပါတဲ့ဈေးကွက် တခု ရှိလာမယ်လို့ ဆိုပါတယ်။
“ရေနံကုမ္ပဏီတွေ ရှိတယ်လေ။ အဲဒီ ရေနံကုမ္ပဏီတွေအကုန်လုံးက အာမခံကြေး ပါတာကိုး။ ရေနံကုမ္ပဏီတွေအကုန်လုံးက တခုခုဖြစ်လို့ရှိရင် ကျနော်တို့ဆီရောက်လာတယ်။ အဲဒါက အဲဒီပိုက်ဆံတွေ အကုန်လုံးက အာမခံကြေးကုမ္ပဏီကို ပေးရတယ်။ အဲဒီတော့ ဒါကြီး အခု တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ ဥပမာ – အော်ရီဒူးတို့ တယ်လီနော်တို့ ကုမ္ပဏီကြီတွေ၊ ရေနံ ကုမ္ပဏီတွေ ကမ်းလွန်တွေ ကုန်းတွင်းတွေ အဲဒီမှာ လာသမျှ ရင်းနှီးမြှုပ်နှံသူတွေ များလေလေ ဒီဈေးကွက်ကြီးက ကြီးလေလေပဲ။ အထူးသဖြင့် သူတို့ဆီက စီအီးအိုတွေ ဆိုရင် ငှားစီးကြတာ များတယ်။ အဲဒီတော့ ဒီဈေးကွက်က ရှိနေမှာပဲ။ ”
ဒီပြင် Myanmar MJETS Business Aviation Centre က မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာတဲ့ နိုင်ငံခြားသားပိုင် ကိုယ်ပိုင်လေယာဉ်ငယ်တွေအတွက် ရန်ကုန် နိုင်ငံတကာလေဆိပ် အဆောက်အအုံကို အသုံးပြုရန် မလိုဘဲ သီးသန့်နားနေ ထွက်ခွာနိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းကိုလည်း စီစဉ်ထားတယ်လို့ ဦးအုန်းမြင့်က ပြောပါတယ်။
“လေယာဉ်ပျံတစီးမှာ အလွန်ဆုံးပါရင် ခရီးသည် ၁၀ ယောက်ပေါ့။ အဲဒီလို ရှိတဲ့အခါကျတော့ အန်ကယ်တို့ရဲ့ သီးသန့်နားနေ ထွက်ခွာနိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းကို သုံးပြီးထွက်သွားတယ်။ အဲဒီလို ထွက်ဖို့ရာလည်း လူကြီးတွေက ကျနော်တို့ကို ယုံကြည်တဲ့အတွက်ကြောင့် ဂိတ်ဖွင့်ပေးတာပေါ့နော်။ အဲဒီဂိတ်မှာ အိတ်စရေးစက်တွေရှိတယ်၊ အကောက်အခွန် အရာရှိတွေ လာစောင့်ပေးတယ်။ လူဝင်မှုကြီးကြပ်ရေးတွေ ရှိတယ်။ တနေရာတည်းမှာ လာစောင့်ပေးတယ်။ အဲဒီတော့ ပုဂ္ဂလိက လာတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ သက်တောင့်သက်သာနဲ့ အ၀င်အထွက်လုပ်လို့ ရတာပေါ့။ ”
ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်လည်း ဘန်ကောက်နဲ့ စင်ကာပူနိုင်ငံတွေဆီ သွားရောက်လည်ပတ်ဖို့နဲ့ ဆေးကုသဖို့အတွက် စင်းလုံးငှားလေယာဉ်ဝန်ဆောင်မှုနဲ့ လူနာတင် လေယာဉ် ၀န်ဆောင်မှုလုပ်ငန်းတွေကို ပေးသွားမယ်လို့ သူကဆိုပါတယ်။
 By သိုက်ဇင်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...