Skip to main content

ခွင့်ပြုမိန့် မရသော်လည်း ပီအာရ်အလိုမရှိကြောင်း ပြည်မြို့ တွင် နိုင်ငံရေး အကျဉ်းသား ဟောင်းများ ဦးဆောင် ဆန္ဒပြ

သြဂုတ် ၆
ပဲခူးတိုင်း ဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိ နိုင်ငံရေး အင်အားစု ဖြစ်သော နိုင်ငံရေး အကျဉ်းသား ဟောင်း များ က ဦးဆောင်၍ ခွင့်ပြုမိန့် မရသော်လည်း သြဂုတ်လ(၄)ရက်နေ့တွင် ပိအာရ်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
၂၀၁၅ နီးကပ်လာသော အခါ လာမည့်ရွေးကောက်ပွဲတွင် NLDနှင့် ယှဉ်ပြိုင် ကြရမည်ဖြစ်ရာ ပီအာရ် စနစ် ( အချိုးကျ ကိုယ်စားပြုစနစ်
)ကို အကွက်ချပြင် ဆင်လာခဲ့ကြပြန်သည်။ ဦးပိုင် ၊ ခရိုနီတို့၏ ငွေကြေးကျော ထောက်နောက်ခံ ပါတီများ မှိုလိုပေါက်လာအောင် ဖန်တီး၍ဆင်းရဲနွမ်းပါးသူများ၏ စားဝတ်နေရေးကို အနိုင်ယူ ကာ ဆန္ဒမဲများ ပြန့်ကျဲသွားစေပြီး တစ်ပါတီတည်း မဲနိုင်ရေးကို တားဆီးဟန့်တားရန် ကြိုးပမ်းနေကြကြောင်း ယခင်ပြုလုပ် ခဲ့သော ရွေးကောက်ပွဲ စနစ်အတိုင်း ကျင့်သုံးဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေနှင့် အသင့်တော်ဆုံးဖြစ်ပါမည်။ သို့မှသာ ဒီမိုကရေစီ အင်အားစုများ၏ ညီညွတ်သော အင်အားကောင်း သော၊ နိုင်ငံတော်သစ်ကိုမျှော်မှန်း နိုင်မည်ဖြစ်ကြောင်း သို့ပါ၍ ပီအာရ်စနစ်ကို ဆန္ဒဖော်ထုတ်နေခြင်းဖြစ် ကြောင်းဆိုသည်။
“ဒီ ပီအာရ်စနစ်ကို ကျင့်သုံးမယ်ဆိုရင် အမျိုးသားပြန်လည် တိုးတက်ရေးလည်း ထိခိုက်နိုင် တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးလည်းထိခိုက်နိုင်တယ်။ တိုင်းရင်းသားတွေ အများစုကလည်း ကန့်ကွက်ထားတဲ့ ပီအာရ်စနစ်ဖြစ်တယ်။ ဒီပီအာရ်စနစ်က ပြည်သူတွေကို ခေါင်းစားထားတယ်။ ပြည်သူတွေကဘာမှ နားမလည် ဘူး။ ဒီ ပီအာရ်စနစ်ကို ဆက်မလုပ်သင့်ဘူး။ ကန့်ကွက်သည့်အနေဖြင့် ဆက်မလုပ်အောင် ဆန္ဒထုတ်ဖော်တာ ပါ”ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ နိုင်ငံရေးအကျဉ်းသားေ
ဟာင်း နိုင်ငံရေးအင်အားစုမှ ဦးကျော်ဆန်းကပြော သည်။
ကျွန်တော်တို့ ဆန္ဒပြခွင့်ကို သြဂုတ် (၁)ရက်နေ့တွင် မြို့နယ်မှူးထံကို သွားရောက်တင်ပြ တောင်းခံခဲ့ရာ သြဂုတ် (၂) ရက်နေ့တွင် အဆိုပါတင်ပြ တောင်းခံထားသည့် ခွင့်တောင်းစာကို လက်မခံနိုင် ကြောင်း အကြောင်းပြန်စာပို့ခဲ့တယ်။ ခွင့်ပြုမိန့်တောင်းစာကို လက်မခံရသည့် အကြောင်းသူတို့ အကြောင်း ပြန်စာစာက ဥပဒေနဲ့မညီဘူးလို့ ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုနေ့နံနက် ( ၈း၀၀ )နာရီက ဆံတော် ရပ်ကွက် ၊ ဘုရားနီလမ်း ၊ ဦးဆောင်ဆန္ဒပြသူ ဦးကျော်ဆန်းနေအိမ် ရှေ့တွင်စုဝေးပြီး ဗိုလ်ချုပ်လမ်း ၊ ကိုး သောင်းရွှေတစ်ချောင်းလမ်း ၊ လမ်းမတော်လမ်းအတိုင်း ချီတက်ကာ ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည်ထွက်ခွာ၍ ဦးကျော်ဆန်းနေအိမ်ရှေ့ အရောက်တွင် လူစုခွဲခဲ့ကြသည်။
ထိုဆန္ဒပြသူများသည် “ပီအာရ်စနစ်….အလိုမရှိ” “အမျိုးသားပြန်လည်သင့်မြတ် ရေးကိုပျက် သွားစေမည့် ပီအာရ်စနစ်း….အလိုမရှိ” “ပြည်တွင်းငြိမ်းချမ်းရေး ကိုပျက်ပြားစေမည့် ပီအာရ်စနစ်….အလိုမရှိ” “ပြည်သူလူထု နားမလည်သော ပီအာရ်စနစ်…..အလိုမရှိ” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ ကြသည်။
“အခုဆန္ဒထုတ်ဖော် နေတာကို ပြည်သူတွေက ဒီမိုကရေစီကို ချစ်မြတ်နိုးလို့သာ အားပေးနေ ကြတာပါ။ တကယ်တမ်းကျတော့ အခုကျွန်တော်တို့ ဆန္ဒပြနေတာ။ ဆန္ဒဖော်ထုတ်နေတာက ဘာအကြောင်း အရာဆိုတာကို ပြည်သူ ( ၉၉% )လောက်က နားမလည်ပါဘူး။ လွှတ်တော်ထဲမှာ လူအနည်းစုက ထောက်ခံပြီး အခုကျွန်တော်တို့ တိုင်းကို အုပ်ချုပ်နေတဲ့သူ တွေကတောင် ဘာမှန်းမသိဘဲနဲ့ ကျွန်တော်တို့ပြည်သူတွေက ဒီပီအာရ်စနစ်ကို လက်ခံရမှာလား။ ဒီပီအာရ်စနစ်ဟာ ဘာကြောင့် ၊ ဘာအတွက်ဆိုတာကို ပြည်သူတွေကိုချပြ ရှင်းလင်းတာမရှိဘူး။ ဒါ့ကြောင့် ဒီပီအာရ် စနစ်ကို လုံးဝလက်မခံဘူး။ အဲဒီအတွက် ဆန္ဒပြတာပါ” ဟုလက်တွဲကူ မယ် ပြည်လူငယ်မှ ကိုမျိုးသူထွဋ် ကပြောသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video