Skip to main content

PR စနစ် ကန့်ကွက်ဆန္ဒပြခွင့် ငြင်းပယ်ခံရ

သြဂုတ် ၁၀
ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်မယ့် PR အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပွဲကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဆန္ဒပြကြမယ့်သူတွေက မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးစာတိုက်အနီးကစုရပ်မှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပါတယ်။
အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အကြောင်းကို ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးဌေးမြင့်က အခုလို ပြောပါတယ်။

"ကျနော်တို့ မနေ့ညနေ ၃ နာရီခွဲမှာ တိုင်းရဲတပ်ဖွဲ့ကနေပြီးတော့ ကျနော်တို့ကို ခွင့်မပြုတဲ့အကြောင်းပြန်စာ ရောက်ပါတယ်၊ လျှောက်ထားတဲ့လမ်းကြောင်းကို အကြောင်းမပြန်ဘဲနဲ့ တာမွေဟစ်တိုင်ကွင်းမှာ လုပ်ဖို့ဆိုတာကိုပဲ ကျနော်တို့ကိုပြောပါတယ်၊ ကျနော်တို့ကလည်း ဟစ်တိုင်ကွင်းဆိုတာက မူလလျှောက်ထားချက်ထဲမှာ မပါတဲ့အတွက် လက်မခံပါဘူး၊ ယာဉ်ကြောရှုပ်ထွေးတာတို့၊ အဖက်ဖက်ကဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကြောင့်မို့ ဒီလမ်းကြောင်းကို ခွင့်မပြုနိုင်တဲ့အကြောင်း သူတို့အကြောင်းပြန်တယ်၊ ခွင့်ပြုချက်မတင်တဲ့ လူတွေကျတော့လည်း ခွင့်ပြုချက်မရဘဲလုပ်လို့ဆိုပြီး အရေးယူခံရတယ်၊ ကျနော်တို့ ခွင့်ပြုချက်တင်တဲ့အခါကျတော့လည်း အကြောင်းပြချက်မျိုးစုံနဲ့ ငြင်းပယ်ခံရတဲ့အကြောင်း ရှင်းလင်းပွဲလုပ်ပါတယ်"
မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ ပုဇွန်တောင်မြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခွင့် တောင်းခဲ့တာကို ခွင့်မပြုတဲ့အတွက် ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်တာလို့ ဦးဌေးမြင့်ကပြောပါတယ်။
PR စနစ်မကျင့်သုံးရေး ဟောပြောပွဲကို အခုလ၂ ရက်နေ့က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာပြုလုပ်ခဲ့ပြီး၊ ကန့်ကွက်လမ်းလျှောက်ဆန္ဒပြပွဲကိုလည်း သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့လယ်က ဆူးလေဘုရားအနီးမှာ ပြုလုပ်ခဲ့ပါတယ်။
RFA Burmese

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...