Skip to main content

Posts

Showing posts from June, 2018

ပင်လုံတတိယအစည်းအဝေး ဂျူလိုင် ၁၁ မှာ ကျင်းပမည်

30 June 2018 ၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပစဉ်။ (ဇွန်၂၉၊ ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာနမှာ ကျင်းပမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားတဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဇွန်လ ၂၉ ရက် သောကြာနေ့က နေပြည်တော်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကျင်းပမယ့်ရက်ကို အခုလို အတည်ပြု သတ်မှတ်လိုက်တာပါ။ အဲဒီ UPDJC အစည်းအဝေးအတွင်းမှာပဲ ညီလာခံအစီအစဉ်ကို အတည်ပြုတာ၊ ညီလာခံ ဖွင့်ပွဲမှာ JMC အစီရင်ခံစာ တင်သွင်းရေး ကိစ္စ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လူမျိုးစု လက်နက် ကိုင်အဖွဲ့ EAO တွေကို ဖိတ်ကြားရေးကိစ္စ၊ ညီလာခံကို လေ့လ

မိသားစုအသက်အန္တရာယ်ကြောင့် ဦးကိုနီကို လုပ်ကြံခဲ့တာလို့ ကြည်လင်းထွက်ဆို

29 June 2018 ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ လုပ်ကြံခဲ့တဲ့ ကြည်လင်း ကို အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ရုံးထုတ်ခဲ့စဉ် ။ Photo: Kyaw Zaw Win/RFA အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့ရ တာဟာ မိမိရဲ့မိသားစု အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့်ဖြစ်ကြောင်း သေနတ်သမား ကြည်လင်းက  တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းအပါအဝင် လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့သူတွေ ကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးရာမှာ ကြည်လင်းက ထွက်ဆိုခဲ့တာ ဖြစ်တယ်လို့ ဦးကိုနီရဲ့ ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။ "ကြည်လင်းကနေပြီးမှ သူဟာ သူ့ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ်၊ သူ့ကိုသတ်ပစ်မယ် သူ့မိသားစုကို သတ်ပစ်မယ်ဆိုပြီးတော့ ပြောဆိုတာကြောင့် ဆိုပြီးတော့ သူကဒါဟာလုပ်ရတာပါလို့ ထွက်ဆိုတယ်၊ ဆိုလိုတာသူက ကြိုတင်ကြံစည်တာ မဟုတ်ဘူးလို့ သူကထုခြေလွှာတင်တာ သူကတော

ရိုဟင်ဂျာအရေး ကုလ နဲ့ မြန်မာ သဘောတူညီချက် ပေါက်ကြား

30 June 2018 (နှစ်နိုင်ငံနယ်စပ် နတ်မြစ်ကိုဖြတ်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာနေတဲ့ မွတ်စလင်တွေကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်)/Photo: AFP ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား မကြာခင်က လျှို့ဝှက်သဘောတူညီချက်တစ်ခု ရေးထိုးခဲ့ရာမှာ အဲဒီသူတွေပြန်လာတဲ့အခါ ရခိုင်ပြည်နယ်ရှိ တခြားတိုင်းရင်းသားအားလုံးနည်းတူ လွတ်လပ်ခွင့်တွေ ရရှိမှာဖြစ်ပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ ရခိုင်ပြည် နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်အတွက် ကတိပြုခြင်းတော့ မပါဝင်ဘူးလို့ နောက်ဆုံးရ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။ အဲဒီ မြန်မာနဲ့ ကုလအကြား မေလကုန်ပိုင်းက သဘောတူခဲ့တဲ့ နားလည်မှုစာချွန်လွှာအရဆိုရင် မွတ်စလင် ဒုက္ခသည်တွေအနေနဲ့ မိမိတို့ သဘောဆန္ဒအလျှောက် ပြန်လာတဲ့အခါ သူတို့ရဲ့ လုံခြုံရေးအတွက် မြန်မာအစိုးရက တာဝန်ယူထားပြီး တည်ဆဲ နည်းဥပဒေတွေအတိုင်း ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ နေထိုင်ခွင့်နဲ့ တခြားအခွင့်အရေးတွေ တန်းတူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လာသူတွေကို သက်သေခံကတ်ပြာ

ကြားဖြတ်ေ၇ွးကောက်ပွဲဝင်မည့်NLDကိုယ်စားလှယ်လောင်းစာ၇င်းထွက်ရှိ

ကြိုက် မှတ်ချက်ပေးရန် မျှဝေရန် ၂၉

ရိုဟင်ဂျာလူငယ်ကို မြန်မာနယ်ခြားစောင့် ပစ်ခတ်

နယ်စပ်ခြံစည်းရိုးအနီးမှာ ကင်းစောင့်နေတဲ့ နယ်ခြားစောင့်ရဲတစ်ဦးကို တွေ့ရစဉ်/ Photo: RFA ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားဒေသမှာ အသက် ၁ဝ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ် တစ်ယောက်ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ကြာသပတေးနေ့ မနေ့က သေနတ်နဲ့ပစ်ခတ်လို့ ဒဏ်ရာရသွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အဲဒီ Ansar Ullah အင်ဆာ အူလာဆိုတဲ့ လူငယ်ဟာ နယ်စပ်က ဆူးလိမ်သံကြိုးကာခြံစည်းရိုးအနီး ဆော့ကစားနေ စဉ် မြန်မာနယ်ခြားစောင့်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပေါင်မှာဒဏ်ရာရသွားတဲ့ သူ့ကို အနီးအနားရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဖွင့်ထားတဲ့ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ကို ကန့်ကွက်စာပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ RFA Burmese https://www.rfa.org/burmese

ငွေကျပ်သန်းသုံးထောင်ကျော် မန္တလေးအစိုးရဟောင်း ပြန်သွင်းဖို့ လိုနေတယ်ဆို

မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဦးဆောင်ရှင်းလင်း အန်အယ်လ်ဒီ အစိုးရတက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ကို ၂နှစ်ကျော်တာဝန်ယူခဲ့တဲ့ အစိုးရဟာ သူတို့ ၂နှစ် သက်တမ်းအတွင်း ဆောင်ရွက်နိုင်လို့ တိုးတက်ပြောင်းလဲတာတွေနဲ့ မဆောင်ရွက်နိုင်ခဲ့တဲ့ကိစ္စတွေကို သတင်းမီဒီယာတွေနဲ့ ဇွန်လ ၂၈ ရက်နေ့က ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဦးဆောင်ပြီး မန္တလေးတိုင်းအစိုးရရဲ့ ဝန်ကြီးတွေက သူတို့ လုပ်ဆောင်ခဲ့တဲ့ ကဏ္ဍတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုရှင်းပြတာမှာ လမ်းပမ်းဆက်သွယ်ရေးကောင်းအောင်လုပ်နိုင်တာတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးတာတွေ၊ သိမ်းဆည်းခံလယ်ယာမြေတွေ စီစစ်ပြန်ပေးနိုင်တာတွေ၊ စီးပွားရေးရင်းနှီးမြုပ်နှံမှု စီစစ်ချထားတာတွေ၊ နယ်မြေလုံခြုံရေးဆောင်ရွက်ထားတာတွေကို အဓိက ရှင်းလင်းခဲ့ပါတယ်။ အရင် မန္တလေးတိုင်း အစိုးရလက်ထက်က ငွေကျပ်သန်းထောင်ချီ ပြန်လည်ပေးသွင်းဖို့ ကျန်နေတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေစာရင်း ကျပ်သန်းပေါင်း ၂၃၀၃.၂၈ သန်း ပြန်လည်ပေး

မြန်မာ့တပ်မတော်နဲ့ မဆက်ဆံဖို့ AI တောင်းဆိုချက် သြစတြေးလျပယ်ချ

၂ဝ၁၄ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် လာရောက်သည့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံသည့် မှတ်တမ်းပုံ။ AFP လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တောင်းဆိုထားတာနဲ့ပတ်သက်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ပယ်ချလိုက်ပါတယ်။ သြစတြေးလျအစိုးရနဲ့ မြန်မာ့တပ်မတော် ဆက်ဆံရေးဟာ တိုက်ခိုက်ရေးနဲ့ မပတ်သက်ဘဲ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ အင်္ဂလိပ်စာ လေ့ကျင့်သင်ကြားရေးနဲ့ မြန်မာနိုင်ငံမှာ အပြုသဘော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် ကူညီရေးတွေအတွက် စည်းစနစ်ကျကျ ရည်ရွယ်ထားတာ ဖြစ်ကြောင်း၊ ဒါဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထားရှိတဲ့ သြစတြေးလျနိုင်ငံရဲ့ အကျိုးစီးပွားပဲဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ (Julie Bishop) က ပြောပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာန

ရခိုင်ပြည်နယ်မှာ ကန့်သတ်တားမြစ်ထားတာ မရှိလို့ ကာချုပ် ပြော

ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတရာ ကန့်သတ်တားမြစ်ထားတာမရှိဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ နေပြည်တော်က ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမမှာ ဒီနေ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။ “ ပြောတဲ့ဟာက တပ်မတော်ဘက်က ကန့်သတ်ထား၊ တားမြစ်ထားတာ မရှိဘူး။ အစိုးရဘက်ကတော့ မသိဘူးပေါ့လေ။ တပ်မတော်ဘက်က ကန့်သတ်ထားတာ မရှိဘူးပေါ့လေ။ ကျနော်တို့ဘက်က ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာ မရှိတဲ့အချက်ကို အများသိအောင်လည်း အသိပေးသင့်တယ်ပေါ့။ ကျနော်တို့ဘက်ကတော့ အဲဒီလိုပြောခဲ့ပါတယ်” ဒါ့အပြင် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ခေါင်းဆောင် ၁၃ ဦးဟာ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) အဖွဲ့ရဲ့ အစီရင်ခံစာအပေါ် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဘက်က တုံ့ပြန် သွားဖို့မရှ

တပ်မတော်အာဏာသိမ်းမည်မပြောခဲ့

စွက်ဖက်ချင်သည့်နိုင်ငံကိုစွက်ဖက်မည်ဆိုပါကအချုပ်အခြာအာဏာဘက်မှအခိုင်အမာရပ်တည်မည်ဟု ဦးကိုကိုကြီး ပြောကြား

-------- -------- --------------- ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးချိုးဖေါက်သည့် နိုင်ငံများစွာရှိသည့်အထဲမှ စွက်ဖက်ချင်သည့် နိုင်ငံကို စွက်ဖက်မည်ဆိုပါက အချုပ်အခြာအာဏာဘက်မှ အခိုင်အမာ ရပ်တည်မည်ဟု ဦးကိုကိုကြီးက ပြောကြားသည်။ ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) မှ ယနေ့  ဇွန်( ၂၈ ) က ORCHID HOTEL ၌ ပြုလုပ်ခဲ့သည့ှ်ပြည်ထောင်စုအဆင့်လွှတ်တော်များ၏သတ္တမပုံမှန် အစည်းအဝေးသုံးသပ်ချက်ထုတ်ပြန်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များရှင်းလင်းတင်ပြခြင်း သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းထောက်တစ်ဦးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့တင်ရန် ကြိုးပမ်းနေခြင်းနှင့်ပတ်သက်သည့်မေးမြန်းမှုကို ဖြေကြားတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ '' နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတဲ့ကိစ္စကတော့ နိုင်ငံတိုင်းကတန်ဖိုးထားရမယ်။ လူ့အခွင့်အရေးအကြောင်းပြချက်ဆိုတာက လူ့အခွင့်ရေးချိုးဖေါက်တဲ့ နိုင်ငံပေါင်းများစွာရှိတဲ့အနက်ကိုမှ စွက်ဖက်ချင်တဲ့နိုင်ငံကို စွက်ဖက်မယ်။ မသိချင်ယောင်ဆောင်တဲ့ဟာကိုတော့ မသိချင်ယောင်မယ်ဆိုတာမျိုးကတော့ အဲဒါမျိုးဆိုရင်တော့ ကျွန်တော်တို့က အချုပ်အခြာအာဏာဘက်ကနေ အခိုင်အမာရပ်တည်ရမှာပဲ'

ပြည်သူကို မထိခိုက်သည့် ငြိမ်းချမ်းသည့်နည်းဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်

ပြည်သူကို မထိခိုက်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။ ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်နေ့က ကျင်းပသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ  အန်အယ်လ်ဒီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောတာပါ။ “ပြည်သူကို မထိခိုက်တဲ့နည်း၊ ပွတ်တိုက်မှုအနည်းဆုံးဖြစ်နိုင်တဲ့နည်းနဲ့ပဲ ပြင်မှာပါ။ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းမှာပါ။ အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာလည်းပါ ပါတယ်။ ပြင်ကိုပြင်မှာပါ” လို့ ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကလည်း “ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာလည်း နိုင်ငံတော်အစိုးရရဲ့ ဦးစားပေး ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုပြီးထည့်သွင်းထားပါတယ်။ အစိုးရရဲ့ ရည်မှန်းချက်တွေကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေြး

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ပြည်သူကိုချပြရန်တိုက်တွန်း

လက်ရှိပြည်တွင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ စစ်တပ်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူကိုချပြဖို့ သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI)က  တိုက်တွန်းလိုက်ပါတယ်။ စစ်တပ်ရဲ့နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို (EITI) စံနှုန်းတွေနဲ့ ၀င်ရောက် စစ်ဆေးခွင့်မရသလို ဒီလုပ်ငန်းတွေရဲ့အကျိုးဆက်တွေဟာ ပြည်သူလူထုကို ထိခိုက်နစ်နာ နေတာကြောင့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကို ချပြသင့်တယ်လို့ ပြောခဲ့တာပါ။ မြန်မာနိုင်ငံ (EITI)သုံးပွင့်ဆိုင်ညွန်ပေါင်းအဖွဲ့ဝင် ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက “ကျောက်မျက်ကဏ္ဍတင် မဟုတ်ဘူး။ နေရာတိုင်းမှာ သူတို့က လက်ဝါးကြီး အုပ်ထားတယ်။ အခု Mytel ဆိုလည်း အားလုံးသိတဲ့အတိုင်းဘဲလေ ဆက်သွယ်ရေးလုပ်ငန်း တွေရော သူတို့ရင်းနှီးမြှုပ်နှံလို့ရတဲ့ ကိစ္စတိုင်းကို လက်ဝါးကြီးအုပ်ထားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ဟာ တကယ်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ပြည်သူလူထုကိုချပြပြီးတော့ ဘယ်လိုပုံစံမျိုးတွေနဲ့စီးပွားရေး လုပ်နေသလဲ၊ စစ်တပ်ကပဲ စီးပွားရေးလုပ်သင့်သလားဆိုတာ ပြည်သူတွေက မေးခွန်းထုတ်ရမယ်”လို့ ပြောပါတ

မန္တလေးတိုင်း ဒေသကြီး အတွင်းက သိမ်းဆည်းခံ မြေဧက၉ထောင်ကျော်ကို ပြန်ပေးမယ်

   မန္တလေး၊ ဇွန် ၂၈ မန္တလေးတိုင်း ဒေသကြီး အတွင်းက အရင် သိမ်းဆည်းခံ မြေဧက ၉ ထောင်ကျော်ကို အခုနှစ် ဒီဇင်ဘာ မတိုင်မီ မူလ ပိုင်ရေးဆိုင်ခွင့် ရှိသူတွေဆီ ပြန်လည် ပေးအပ်သွားဖို့ ရှိတယ်လို့ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။ ဒီဇင်ဘာ မတိုင်မီမှာ ပြန်ပေးဖို့ ကြိုးစားနေတာ ၉၃၇၉ ဧက ရှိပါတယ်၊ အဲဒါတွေကို ကျွန်တော်တို့ ပြန်ပေးပါမယ်၊ စွန့်လွှတ် ဧကက ၁၅၈၀၉ ဒသမ ၆၇ ဧက စွန့်လွှတ် ထားပြီးသားပါ၊ ဒါတွေကိုလည်း ကျွန်တော်တို့ စစ်ပြီးပါပြီ လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အစည်းအဝေး ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ဒုတိယ ၁ နှစ်တာ သက်တမ်း ကာလအတွင်း ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေနဲ့ စပ်လျဉ်းတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၄င်းက ပြောလိုက်တာပါ။ ပြန်လည် ပေးအပ်သွားမယ့် မြေတွေဟာ မူလ ပိုင်ရေးဆိုင်ခွင့် ရှိသူတွေရဲ့ လုံလောက်တဲ့ အထောက်အထား ပြနိုင်တဲ့ မြေတွေပဲ ဖြစ်ပြီး တပ်မတော် အဖွဲ့အစည်းက သုံးထားပြီးတော့ ပြန်စွန့်လွှတ်တဲ့ မြေတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ပြန်အပ်နှံပြီးတာ ၆၄၃၀ ဒသမ ၀၂

သထုံခရိုင်ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးခြင်း အခမဲ့ဝန်ဆောင်မှု စတင်

By သားဗိုလ် On   Wed, 2018-06-27 23:37 Location သထုံ Issue No. No.1844 Thursday, June 28, 2018  မွန်ပြည်နယ် သထုံခရိုင် ဆေးရုံကြီးတွင် ကျောက်ကပ် ဆေးခြင်းအခမဲ့ဝန်ဆောင်မှုကို ဇွန်လ ၂၆ရက်နံနက်က စတင် ဆောင်ရွက်နေကြောင်း သထုံ ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာ သင်းသင်းအိက ပြောသည်။ ဖေဖော်ဝါရီက အလှူရှင်တစ်ဦး လှူဒါန်းထားသည့် ကျောက်ကပ်ဆေးစက်နှစ်လုံးဖြင့် ကျောက်ကပ်ဝေဒနာရှင်များကို ကျွမ်းကျင်ဝန်ထမ်းများက အခမဲ့ ၀န်ဆောင်ပေးနေကြောင်း ၎င်းက ပြောသည်။ ‘‘အခုဆိုရင်လာရောက်စာ ရင်းပေးသွင်းထားတဲ့ ကျောက် ကပ်ဝေဒနာရှင် ကိုးဦးကိုကျောက် ကပ်ဆေးစက်နှစ်လုံးနဲ့အလှည့် ကျကျောက်ကပ်ဆေးကုသပေး နိုင်တော့မှာဖြစ်တယ်။ ဒီဆေးရုံ ကြီးမှာ ပထမဆုံးကုသဆောင် ရွက်ရတာဖြစ်တဲ့အတွက် လုပ် ငန်းအတွေ့အကြုံအရ အဆင်မ ပြေတာတွေရှိရင်လည်း နား လည်ပေးစေလိုပါတယ်’’ ဟု ဒေါက်တာသင်းသင်းအိက ပြော သည်။  ကျောက်ကပ်ဝေဒနာရှင် များသည် ကျောက်ကပ်ဆေးကု သနေရုံဖြင့် မပြီးဘဲကျောက်ကပ် ထပ်မံမပျက်စီးရေးအခြားရောဂါ များကို ထိထိရောက်ရောက်ကုသ ရန် လိုအပ်ကြောင်းသထုံခရိုင် ဆေးရုံကြီးတွင် လာရောက်ကူညီ  နေသည့် ဘားအံပြည်သူ့ဆေးရုံ ကြ

တစ်နိုင်ငံလုံးမှာ ဆေးခြောက် တရားဝင် ရောင်းဝယ်ခွင့်ပြုလိုက်တဲ့ ကနေဒါ

ကနေဒါလွှတ်တော်ဟာ ကနေဒါအစိုးရရဲ့ ဆေးခြောက်ကို နိုင်ငံတော်အဆင့် တစ်နိုင်ငံလုံးအနေအထားနဲ့ တရားဝင်ရောင်းဝယ်ဖို့ ခွင့်ပြုမှုကို သဘောတူလိုက်ပါပြီ။ နှစ်ပေါင်း ၉၀ ကြာ ဥပဒေအရ တားမြစ်ပိတ်ပင်ထားတဲ့ ဆေးခြောက်သုံးစွဲမှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကနေဒါလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၅၂ မဲ ကန့်ကွက်မဲ ၂၉ မဲနဲ့ အနိုင်ရရှိကာ တရားဝင်ခွင့်ပြုခဲ့တာပါ။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒီယူ (Justin Trudeau) က ဆေးခြောက်ဟာ ကနေဒါမှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီး တရားဝင် ဖြစ်လာတော့မှာဖြစ်ပြီး စီရင်စု ၁၃ ခုလောက်မှာတော့ လက်လီအရောင်းဆိုင်တွေအထိ ရောင်းချနိုင်ဖို့ ပြင်ဆင်ချိန် ၈ ပတ်ကနေ ၁၂ ပတ်လောက်ထိ ကြာဦးမယ်လို့ ဆိုပါတယ်။ ကနေဒါဟာ ကမ္ဘာမှာ ဥရုဂွေးပြီးရင် ဒုတိယမြောက် ဆေးခြောက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်လီဈေးကွက်အထိ ခွင့်ပြုတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါပြီ။ အမေရိကန်မှာ ပြည်နယ် ၉ ခုသာ ဆေးခြောက် သုံးစွဲခွင့်ရှိထားပြီး တစ်နိုင်ငံလုံးအနေအထားနဲ့ တရားဝင်မဖြစ်သေးပါဘူး။ အခုလို တရားဝင်သတ်မှတ်နိုင်ဖို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ အလယ်လောက်ကတည်းက ကြိုးပမ်းနေတာဖြစ်ပြီး အခုထက်ပိုစောစော ခွင့်ပြုဖို့ ရည်ရွယ်ထား

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်းကို မလေးရှားမှာမိတဲ့

Khun Gamani စောင့်ကြည့်ရန် ၂၂ နာရီ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်းကို မလေးရှားမှာမိတဲ့ မူးယစ်ဆေးကိစ္စနဲ့ဆက်စပ်ပြီး ဖမ်းထား... (ရပခ တိုင်းမှူးကနေ ကရခ ပြောင်းလာတော့ လ

မူးရစ် သတင်းပေးကြပါ

မူးယစ်ဆေးဝါးနှိမ်နှင်းရေးတွင် သတင်းပေးတိုင်ကြားသူအား အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတ ပြော ------ ------ ------ ----- ----- မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများနှင့်စပ်လျဉ်း၍ ကွင်းဆက်ပျောက်အမှုများ၊ ပိုင်ရှင်မဲ့ အမှုများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းပေးတိုင်ကြားသူများအပေါ် အထူးအခွင့်အရေးအဖြစ် အခွန်ကင်းလွတ်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ဇွန်လ(၂၆)ရက် နေပြည်တော် MICC(2) ခန်းမတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။ “မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့ သိလျက်နဲ့လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေဖြစ်လာရင် အဓိကတာဝန်ရှိသူတွေကို ဦးစားပေးပြီး အရေးယူမှုတွေ ပြုလုပ်ဖို့ ကွင်းဆက်ပျောက်သွားတဲ့ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်အရေးယူဖို့ သတင်းပေးတိုင်ကြားရာမှာ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်မ

နေ့စားလုအ်သားတွေတော့လစာတိုးပါပြီ

နေ့စားလုအ်သားတွေတော့လစာတိုးပါပြီ

အဘ​ပြောင်​ သိန်းစိန်​ စစ်​​အာဏာရူး​ခွေးများ ​ခေါတ်​က သာသနာ ကို ​စောင့်​​ရှောက်​​နေတာ​လေး ​မေ့​နေမှာ ဆိုးလို့ပါ..

အဘ​ပြောင်​ သိန်းစိန်​ စစ်​​အာဏာရူး​ခွေးများ ​ခေါတ်​က သာသနာ ကို ​စောင့်​​ရှောက်​​နေတာ​လေး ​မေ့​နေမှာ ဆိုးလို့ပါ.. အခုမှ ထ ထ ​အော်​​နေတဲ့ ​ကောက်​ရိုးမီး မျိုးချ စ်​များ မြင်​​အောင်​ ကြည့်​​လော.. # အ ​မေချစ်​သား

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေးညီလာခံတွင်​ ​မြောက်​ပိုင်းမဟာမိတ်​နှင့်​တိုင်းရင်းသားလက်​နက်​ကိုင်​ အဖွဲ့များအားလုံးကိုဖိတ်​ကြားရန်​ဆုံးဖြတ်​ချက်​ချထား

NCAအပစ်မရပ်နိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ အားလုံး လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းမှာ တက်ရောက်နိုင်အောင် ဖိတ်ကြား ဖို့ မနေ့ကကျင်းပတဲ့ UPDJC အတွင်းရေးမှူးများအစည်းအဝေးဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီဆုံးဖြတ် ချက် ကို UPDJCအစည်းအဝေးမှာဆက်လက်တင်ပြသွားမယ်လို့လဲ အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ပင်လုံညီလာခံ အတွင်း ဆွေးနွေးချက်တွေကို ကန့်သတ်ထားတဲ့အခြေအနေကြောင့် ညီလာခံတက်ရေးမှာ တပ်မတော်အပေါ် မူတည်နေတယ်လို့လဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်တက်ရောက်နိုင်အောင်ဖိတ်ကြားသွားဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မီတီ UPDJC အတွင်းရေးမှူးများအစည်းအဝေးမှာ ဆုံးဖြတ်ထားတယ်လို့UPDJC အတွင်းရေးမှူးအဖွဲ့ဝင်မင်းဇေယျာဦး က ပြောပါတယ်။ "ကျွန်တော်တို့အတွင်းရေးမှူးအဖွဲ့က UPDJCအစည်းဝေးမှာဆုံးဖြတ်နိုင

မွတ်ဆလင် အများစုနေတဲ့ နိုင်ငံက နိုင်ငံသားတွေကို ကန်ပြည်ဝင်ခွင့်ပိတ်

27 June 2018 14:05(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က) Reuters မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံက နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ သမ္မတ ထရမ့်ရဲ့ အဆိုကို အမေရိကန် ဗဟိုတရားရုံးက အတည်ပြု လိုက်ပါတယ်။ ဒီအဆိုကို မဲပေးခဲ့ရာမှာ ၄-၅ မဲနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပြီး ဒါဟာ သမ္မတ ထရမ့်ရဲ့ သမ္မတ သက်တမ်း တလျှောက် အကြီးမားဆုံး အောင်မြင်မှုတခု ဖြစ်လာပါတယ်။ ဗဟိုတရားရုံးချုပ်ရဲ့ မွတ်ဆလင်တွေကို ပြည်ဝင်ခွင့်ပိတ်ပင်မယ်ဆိုတဲ့ အတည်ပြု ချက်ဟာ ဒီဇင်ဘာလမှာ စတင်အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မွတ်ဆလင် နိုင်ငံ ၅ ခုဖြစ်တဲ့ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယားနဲ့ ယီမင်က ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဒုက္ခသည်တွေအနေနဲ့ အမေရိကန်ထဲ ဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တချို့ဖြစ်ရပ်တွေမှာတော့ အတည်ပြုတဲ့ တားမြစ်ချက်ကို ပယ်ဖျက်ခွင့် ရှိနေပါတယ်။ တားမြစ်ချက်ကို ပယ်ဖျက်ဖို့ ရှေ့နေငှားပြီး တရားရုံးကို မတက်နိုင်သူတွေ အတွက်တော့ အမေရိကန်ကို ဝင်ခွင့်ရမှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။ ဗဟိုတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အခြေခံဥပဒေနဲ့ နိုင်ငံအတွက် ကြီးမားတဲ့ အောင်မြင်မှုတခုလို့ သမ္မတ ထရမ့်

ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှု မြန်မာ့ စစ်ခေါင်းဆောင်များ တရားဥပဒေ ရင်ဆိုင်ရမယ်လို့ အေအိုင်ပြော

27 June 2018 Screenshot of AI report ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် စစ်ဘက်နဲ့ လုံခြုံရေး ဆိုင်ရာ ခေါင်းဆောင် ၁၃ ဦးတို့ဟာ လူသား ဖြစ်တည်မှု အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ကျူးလွန်တယ်ဆိုတဲ့ သက်သေတွေ ရထားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာအဖွဲ့ (အေအိုင်)က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အေအိုင်က ပြောတဲ့ ခေါင်းဆောင် ၁၃ ဦး စာရင်းမှာ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ၁၀ ဦးနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့အရာရှိ ၃ ဦးတို့ ပါဝင်နေပါတယ်။ ဒီအထဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ ပါဝင်ပြီး ရခိုင်ပြည်နယ် ဆိုင်ရာ စစ်တိုင်းမှူးတွေ နယ်စပ် လုံခြုံရေး အရာရှိတွေကိုလည်း ထည့်သွင်းထားပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၉ လကြာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဇွန် ၂၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (အိုင်စီစီ)မှာ စုံစမ်းတရားစွဲဆိုဖို့လည်း အေအိုင်အဖွဲ့က တောင်းဆိုထားပါတယ်။ ဒါအပြင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (

ကာချုပ်ပြောတယ်ဆိုတာ မဟုတ်ကြောင်း ငြင်းဆို

27 June 2018 14:06(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ၂၀၁၈ ဇွန်လ ၈ ရက်နေ့ကကျင်းပတဲ့ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို တက်ရောက်ခဲ့စဉ်/ Photo: Myanmar President Office တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အာဏာသိမ်းမယ်လို့ ပြောဆိုခဲ့တာ မဟုတ်သလို ဒေါသတကြီး ပြောဆိုခဲ့တာလည်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။ နိုင်ငံတော်သမ္မတအိမ်တော်မှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အာဏာသိမ်းဖို့ ပြောခဲ့ကြောင်း နဲ့ ဒေါသတကြီး ပြောဆိုခဲ့တယ်ဆိုပြီး နိုင်ငံခြား ဆောင်းပါးရှင် Larry Jagan လယ်ရီဂျာဂင်က ဇွန်လ ၂၃ ရက်က Bangkok Post ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားခဲ့ပါတယ်။ အဲဒီလိုရေးသားခဲ့တဲ့အပေါ် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ရှင်းပြတာ ဖြစ်ပါတယ်။ အဲဒီနေ့က အစည်းအဝေးဟာ ချောချောမွေ့မွေ့နဲ့ ပြေပြေလည်လည်ဖြစ်တယ်လို့ ဆိုပ

တပ်မ ၃၃ နဲ့ ၉၉ က ကျူးလွန်ခဲ့မှုတွေ ရိုက်တာသတင်း ထုတ်ပြန်

27 June 2018 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာမှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦးကို တွေ့ရစဉ်/ Photo: Min Thein Aung/RFA ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနက အထူးအစီရင်ခံစာ တစောင်ကို ဇွန်လ ၂၆ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာမှာ တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့က စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခဲ့ပုံတွေကို တင်ပြထားပါတယ်။ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်စစ်ဆင်ရေးမှာပါဝင်တဲ့ ဒုဗိုလ် ကြည်ဥာဏ်လင်း က မိုင်နောင်လင်း ဆိုတဲ့ Facebook အမည်နဲ့ သြဂုတ်လက ရေးသားချက်တွေကို ကိုးကား ဖေါ်ပြထားပါတယ်။ သြဂုတ်လ ၁၀ရက်နေ့က ဒုဗိုလ်ကြည်ဥာဏ်လင်း တင်တဲ့ပို့စ်တခုမှာ ရခိုင်ပြည်မြောက်ပိုင်းကို သူတို့တပ် သွားရောက်တဲ့အကြောင်းတွေ စတင်ရေးထားပြီး ဘင်္ဂါလီ အသားသွားစားတာလား၊ ဆိုတဲ့ မေးမြန်းချက်တွေ၊ ကုလားတွေကို အမှုန့်ကြိတ်ခဲ့လို့ ရေးသားချက်တွေကို အေးပါကွာ လို့ ပြန်ဖြေခဲ့ပုံတွေကို ဖေါ်ပြထားပါတယ်။ RFA Burmese https://www.rfa.org/b

မူးယစ်ဆေးသတင်းပေး တိုင်ကြားသူများ ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတပြောကြား

မူးယစ်အထူး တိုင်ကြားရေးဌာနကို သမ္မတက တိုက်ရိုက်ကွပ်ကဲမည်မူးယစ်ဆေးဝါး ထိရောက်စွာ နှိမ်နင်းနိုင်ရေးအ တွက် နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းပေး တိုင်ကြားရေးဌာနဖွဲ့စည်းထား ပြီး သတင်းပေးတိုင်ကြားသူများ အား ထိုက်တန်သည့်ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။ မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိ ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း များကို ထိထိရောက်ရောက်ဖော် ထုတ်မည်ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၌ကျင်းပသော ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။ ‘‘သတင်းပေးတိုင်ကြားသူ တွေကို ထိုက်ထိုက်တန်တန်ဆု ကြေးချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုတဲ့အနေ နဲ့ သတင်းထုတ်ပြန်ပေးမှာမဟုတ် သလို နိုင်ငံတော်ချီးမြှင့်ငွေဖြစ်တဲ့ အတွက် အခွန်ကင်းလွတ်ခွင့် အ ထူးအခွင့်အရေးကိုလည်း ပေး သွားမှာ ဖြစ်ပါတယ်’’ဟု သမ္မတ ဦးဝင်းမြ

မြန်မာတပ်ချုပ်အပါအ၀င် စစ် နဲ့ ရဲ အရာရှိ ၁၃ ဦးကို အရေးယူနိုင်မယ့် အထောက်အထား AI ထုတ်ပြန်

27 June 2018 ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စတင်တဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ထိပ်တန်းစစ်တပ်တပ်မှူး။ တပ်မှူးကြီးတွေအပါအဝင် မြန်မာတာဝန်ရှိသူ ၁၃ ယောက်ဟာ ရိုဟင်ဂျာတွေအပေါ် လူသားထုအပေါ်ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ထိပ်တန်းစစ်ဖက်အရာရှိကြီး ၈ ယောက်အပြင် အရာရှိငယ်တယောက်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ယောက်တို့ကို စာမျက်နျာ ၂၀၀ နီးပါးပါဝင်တဲ့ Amnesty ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မုဒိမ်းကျင့်မှု၊သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အစာရေစာဖြတ်တောက်မှု၊ မြေမြုပ်မိုင်းသုံးစွဲမှုနဲ့ ရွာတွေကို ပစ်မှတ်ထားပြီး အကြီးအကျယ် မီးရှို့မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဖြစ်တယ်လို့ Amnesty ပဋိပက္ခတုံ့ပြန်ရေးဆိုင်ရာဒါရိုက်တာ Tirana Hassan က အစီရင်ခံစာ ထုတ်ပြန်စဉ် ပြောကြားခဲ့ပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း) https://burmese.voanews.com

ဦးအောင်ကျော်ဇောနဲ့ ဦးမောင်မောင်စိုး တို့ ပြောပြီ။ သူတို့ လုပ်သမျှ ဦးမင်းအောင်လှိုင် ကို သတင်းပို့ ပြီး ပြန်ညွှန်

ဦးအောင်ကျော်ဇောနဲ့ ဦးမောင်မောင်စိုး တို့ ပြောပြီ။ သူတို့ လုပ်သမျှ ဦးမင်းအောင်လှိုင် ကို သတင်းပို့ ပြီး ပြန်ညွှန် ကြားမှ လုပ်ခဲ့တာပါတဲ့။ ကျန်တာတွေလဲ ဖော်ဖို့ ရှိ ပါတယ်တဲ့။ မြန်မာစစ်တပ် တွင်း အက်ကွဲကြောင်း တွေ စတင်လာပါပြီ။ တခြား.တပ်မှူးတွေကလဲ မကျေ နပ်ကြပါ။ ဒီလို သာ ကာပု ဆက်လုပ်နေမယ်ဆိုယင် ရှေ့တန်း တပ်မှူးတွေအနေနဲ့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ရသလို ဖြစ်နေတယ်လို့ တပ်အသိုင်းအ ဝိုင်းမှာ ပြောဆိုနေကြပါတယ်။ တပ်တွင်းပုန်ကန်မှူ တွေ ဖြစ်လာတော့မယ့် အရိပ် လက္ခဏာ တွေ ပြသ နေပါတယ်။ # Credit . ကြိုက် မှတ်ချက်ပေးရန် မျှဝေရန် ၅၆၀ သင် ၊ Min Kha Naing ၊ Thein Lwin