27 June 2018
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စတင်တဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ထိပ်တန်းစစ်တပ်တပ်မှူး။ တပ်မှူးကြီးတွေအပါအဝင် မြန်မာတာဝန်ရှိသူ ၁၃ ယောက်ဟာ ရိုဟင်ဂျာတွေအပေါ် လူသားထုအပေါ်ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ထိပ်တန်းစစ်ဖက်အရာရှိကြီး ၈ ယောက်အပြင် အရာရှိငယ်တယောက်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ယောက်တို့ကို စာမျက်နျာ ၂၀၀ နီးပါးပါဝင်တဲ့ Amnesty ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မုဒိမ်းကျင့်မှု၊သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အစာရေစာဖြတ်တောက်မှု၊ မြေမြုပ်မိုင်းသုံးစွဲမှုနဲ့ ရွာတွေကို ပစ်မှတ်ထားပြီး အကြီးအကျယ် မီးရှို့မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဖြစ်တယ်လို့ Amnesty ပဋိပက္ခတုံ့ပြန်ရေးဆိုင်ရာဒါရိုက်တာ Tirana Hassan က အစီရင်ခံစာ ထုတ်ပြန်စဉ် ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Comments
Post a Comment