Skip to main content

စွက်ဖက်ချင်သည့်နိုင်ငံကိုစွက်ဖက်မည်ဆိုပါကအချုပ်အခြာအာဏာဘက်မှအခိုင်အမာရပ်တည်မည်ဟု ဦးကိုကိုကြီး ပြောကြား


-------- -------- ---------------
Aye Aye Khaing ၏ ဓာတျပုံကမ္ဘာပေါ်တွင် လူ့အခွင့်အရေးချိုးဖေါက်သည့် နိုင်ငံများစွာရှိသည့်အထဲမှ စွက်ဖက်ချင်သည့် နိုင်ငံကို စွက်ဖက်မည်ဆိုပါက အချုပ်အခြာအာဏာဘက်မှ အခိုင်အမာ
ရပ်တည်မည်ဟု ဦးကိုကိုကြီးက ပြောကြားသည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) မှ ယနေ့  ဇွန်( ၂၈ ) က ORCHID HOTEL ၌ ပြုလုပ်ခဲ့သည့ှ်ပြည်ထောင်စုအဆင့်လွှတ်တော်များ၏သတ္တမပုံမှန် အစည်းအဝေးသုံးသပ်ချက်ထုတ်ပြန်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များရှင်းလင်းတင်ပြခြင်း သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းထောက်တစ်ဦးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့တင်ရန် ကြိုးပမ်းနေခြင်းနှင့်ပတ်သက်သည့်မေးမြန်းမှုကို ဖြေကြားတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
'' နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတဲ့ကိစ္စကတော့ နိုင်ငံတိုင်းကတန်ဖိုးထားရမယ်။ လူ့အခွင့်အရေးအကြောင်းပြချက်ဆိုတာက လူ့အခွင့်ရေးချိုးဖေါက်တဲ့ နိုင်ငံပေါင်းများစွာရှိတဲ့အနက်ကိုမှ စွက်ဖက်ချင်တဲ့နိုင်ငံကို စွက်ဖက်မယ်။ မသိချင်ယောင်ဆောင်တဲ့ဟာကိုတော့ မသိချင်ယောင်မယ်ဆိုတာမျိုးကတော့ အဲဒါမျိုးဆိုရင်တော့ ကျွန်တော်တို့က အချုပ်အခြာအာဏာဘက်ကနေ အခိုင်အမာရပ်တည်ရမှာပဲ'' ဟုဦးကိုကိုကြီးက ပြောသည်။
လူ့အခွင့်အရေးချိုးဖေါက်နေသည့် နိုင်ငံများကို အမည်တပ်မပြာကြားလိုသော်လည်း ထင်ရှားနေသည့်အထောက်အထားများ များစွာရှိကြောင်းနှင့် မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံမဟုတ်ဟု ၎င်းက ဆိုသည်။
''ကျွန်တော်တို့က ICC အဖွဲ့ဝင်လည်းမဟုတ်ဘူး။ နောက် ဒီလိုမျိုးလာခြိမ်းခြောက်နေတဲ့ကိစ္စကိုလည်း ဒါမျိုးလာစွက်ဖက်ပြီးဆိုရင်တော့ ကျွန်တော်တို့ ဒါလက်မခံနိုင်ဘူး။ ကျွန်တော်တို့က နိုင်ငံတွေ နာမည်တပ်မပြောချင်ပေမယ့်လို့ ထင်ရှားနေတဲ့အထောက်အထားတွေ အများကြီးရှိတယ်'' ဟု ဦးကိုကိုကြီးက ပြောကြားသည်။
နိုင်ငံတကာက ဖိအားပေးပါက နိုင်ငံတကာကိုတုန့်ပြန်ရန်သာစဉ်းစားကြောင်း ပြည်တွင်းမှာ စုစည်းညီညွတ်သည့် မူဝါဒတစ်ခုရှိရန်လိုအပ်သည်ဟု ၎င်းက သုံးသပ်သည်။
''တစ်ခါတလေမှာ နိုင်ငံတကာကဖိအားပေးရင် နိုင်ငံတကာကို တုန့်ပြန်ဖို့ဆိုတာမျိုးလောက်ပဲစဉ်းစားနေတာ။ ကျွန်တော့်အယူအဆကတော့ ပြည်တွင်းမှာ စုစည်းညီညွတ်တဲ့ မူဝါဒတစ်ခုရှိဖို့လိုတယ်။ Unify Policy ရှိဖို့လိုတယ်။ ဆိုလိုတာက ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်စပ်နေတဲ့ကာယကံရှင်တွေကြားထဲမှာ။ ဆိုလိုတာက ဒေသခံလူ့အဖွဲ့အစည်းရဲ့ သဘောထားပါရမယ်။ အစိုးရသဘောထားကတော့ သူက တစ်ခုလုံးကို ခြုံငုံတာပေါ့။ ပြီးလို့ရှိရင် ဒီဒေသမှာ ဥပမာအားဖြင့် Operation ဧရိယာလို့သတ်မှတ်လိုက်ပြီဆိုရင် တာဝန်ယူရမယ့်လုံခြုံရေးအဖွဲ့အစည်းတွေ ဒီနိုင်ငံမှာလည်း အထူးသဖြင့်က အရပ်
ဖက်စစ်ဖက်ဆက်ဆံရေးပြသာနာလည်းရှိတော့ ဒီအပေါ်မှာ ဘယ်လိုကိုင်တွယ်မယ်။ ဘယ်လိုသဘောထားမယ်ဆိုတဲ့ဟာကို Unity Policy ပေါ့။ ဘုံသဘောထားတစ်ခုအရင်းဆုံးရှိဖို့လိုတယ်လို့မြင်တယ်။ ပြီးတော့မှ နိုင်ငံတကာကိုဘယ်လိုဆက်ဆံမလဲဆိုတာ နောက်တစ်ဆင့်ဖြစ်တယ်'' ဟု ဦးကိုကိုကြီးက ပြောကြားသည်။
ယခု ပြည်တွင်း၌ စုစည်းညီညွတ်သည့် မူဝါတစ်ခုမရှိကြောင်း စိတ်ခံစားမှုဖြင့်ပြောဆိုနေမှုများမိမိရှူ ထောင့်မှပြောဆိုနေမှုများ စသည်တို့ကို အတတ်နိုင်ဆုံးညှိနှိုင်းထား သည့် မူဝါတစ်ခုရှိရန်လိုကြောင်း ၎င်းက သုံးသပ်သည်။
''အခု ပြည်တွင်းမှာက စုစည်းညီညွတ်တဲ့ မူဝါဒတစ်ခု အခုထက်ထိ မပေါ်ဘူး။ တချို့လည်း စိတ်ခံစားချက်တွေနဲ့ပြောနေတာရှိတယ်။ တချို့ကလည်း သူ့ရှူ ထောင့် သူအမြင်ကနေပြောနေတာတွေရှိတယ်။ အစရှိသဖြင့်
အဲဒါတွေကိုအတတ်နိုင်ဆုံး ကျွန်တော်တို့က သူတို့ရဲ့အသံတွေ သူတို့ရံ့သဘောထားတွေပါ ပါအောင် ညှိနှိုင်းထားတဲ့ မူတစ်ခုရှိဖို့လိုတယ်''ဟု ဦးကိုကိုကြီးက ပြော
ကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည်ရခိုင်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားများစွာကို ရင်ဆိုင်နေရသည်။ ဇွန်လ ၂၇ရက် ရက်စွဲဖြင့် ထုတ်ပြန်သော Amnesty International ၏ အစီရင်ခံစာထဲတွင် တပ်မတော်ကာကွယ်ဦးစီးချုပ်အပါအဝင် ထိပ်တန်းစစ်ဘက်တာဝန်ရှိ
သူ ၁၃ဦးအားဘင်္ဂါလီအရေးနှင့် ပတ်သက်၍လူသားချင်းရာဇဝတ်မှုကျူးလွန်းခဲ့ကြောင်းစွပ်စွဲထားပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံ(ICC) ၌ အရေးယူရန်လည်း
တောင်းဆိုထားသည်။
အောင်ရဲနောင်
The Ladies News
ကြိုက်နောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးရန်
၁၃

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video