27 June 2018 14:05(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
Reuters |
ဒီအဆိုကို မဲပေးခဲ့ရာမှာ ၄-၅ မဲနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပြီး ဒါဟာ သမ္မတ ထရမ့်ရဲ့ သမ္မတ သက်တမ်း တလျှောက် အကြီးမားဆုံး အောင်မြင်မှုတခု ဖြစ်လာပါတယ်။
ဗဟိုတရားရုံးချုပ်ရဲ့ မွတ်ဆလင်တွေကို ပြည်ဝင်ခွင့်ပိတ်ပင်မယ်ဆိုတဲ့ အတည်ပြု ချက်ဟာ ဒီဇင်ဘာလမှာ စတင်အသက်ဝင်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် မွတ်ဆလင် နိုင်ငံ ၅ ခုဖြစ်တဲ့ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယားနဲ့ ယီမင်က ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဒုက္ခသည်တွေအနေနဲ့ အမေရိကန်ထဲ ဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း တချို့ဖြစ်ရပ်တွေမှာတော့ အတည်ပြုတဲ့ တားမြစ်ချက်ကို ပယ်ဖျက်ခွင့် ရှိနေပါတယ်။ တားမြစ်ချက်ကို ပယ်ဖျက်ဖို့ ရှေ့နေငှားပြီး တရားရုံးကို မတက်နိုင်သူတွေ အတွက်တော့ အမေရိကန်ကို ဝင်ခွင့်ရမှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။
ဗဟိုတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အခြေခံဥပဒေနဲ့ နိုင်ငံအတွက် ကြီးမားတဲ့ အောင်မြင်မှုတခုလို့ သမ္မတ ထရမ့်က ပြောပါတယ်။
နိုင်ငံထဲဝင်လာတဲ့သူတွေကို တင်းကြပ်မှ ဘယ်သူတွေ ဝင်လာသလဲဆိုတာ သိမှာ ဖြစ်သလို ဒီဆုံးဖြတ်ချက်က မီဒီယာနဲ့ ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေရဲ့ ဝေဖန် တိုက်ခိုက်မှုက မှားတယ်ဆိုတာကို ပြတာလို့ သူက ပြောပါတယ်။
Reuters |
မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်ထဲ ပြည်ဝင်ခွင့်မပေးဖို့ သမ္မတ ထရမ့်အစိုးရအဖွဲ့က ကြိုးပမ်းခဲ့ပေမယ့် အကြိမ်ကြိမ် ပယ်ချခံရပြီး နောက်ဆုံးမှာတော့ သမ္မတ ထရမ့်အစိုးရအနေနဲ့ အောင်မြင်ကို ရသွားတာလို့ ဘီဘီစီသတင်းထောက် Anthony Zurcherက သုံးသပ်ပါတယ်။
တရားသူကြီးချုပ် ဂျွန်ရောဘတ်ကတော့ တားမြစ်ချက်က မွတ်ဆလင်တွေအပေါ် ခွဲခြား ဆက်ဆံတယ်ဆိုတာကို ငြင်းပယ်လိုက်ပြီး ဒါဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆီးရီးယား၊ လစ်ဗျား၊ အီရန်၊ ယီမင်နဲ့ ဆိုမာလီယာနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ဖို့ သမ္မတ ထရမ့်က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
Comments
Post a Comment