Skip to main content

မူးရစ် သတင်းပေးကြပါ

မူးယစ်ဆေးဝါးနှိမ်နှင်းရေးတွင် သတင်းပေးတိုင်ကြားသူအား အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတ ပြော
------ ------ ------ ----- -----
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများနှင့်စပ်လျဉ်း၍ ကွင်းဆက်ပျောက်အမှုများ၊ ပိုင်ရှင်မဲ့ အမှုများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းပေးတိုင်ကြားသူများအပေါ် အထူးအခွင့်အရေးအဖြစ် အခွန်ကင်းလွတ်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ဇွန်လ(၂၆)ရက် နေပြည်တော် MICC(2) ခန်းမတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။
“မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့ သိလျက်နဲ့လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေဖြစ်လာရင် အဓိကတာဝန်ရှိသူတွေကို ဦးစားပေးပြီး အရေးယူမှုတွေ ပြုလုပ်ဖို့ ကွင်းဆက်ပျောက်သွားတဲ့ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်အရေးယူဖို့ သတင်းပေးတိုင်ကြားရာမှာ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေဖြစ်တဲ့ အခွန်ကင်းလွတ်ခွင့် အထူး အခွင့်အရေးကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
ထို့ပြင် မူးယစ်ရဲများ၏လုပ်ပိုင်ခွင့်အား မြှင့်တင်ပေးပြီး တဖက်၌လည်း ဆုပေးဒဏ်ပေးစနစ်အား ထိထိရောက်ရောက်ဖြစ်လာရန် ပြင်ဆင်ပေးရန်နှင့် အခြေအနေအရ လိုအပ်လျှင် ဗဟိုမှလျှပ်တပြက် ဖမ်းဆီးနိုင်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ တဖွဲ့ထားရှိပြီး ဆောင်ရွက်ရန် မူးယစ်နှိမ်နင်းရေး ဗဟိုအဖွဲ့ဥက္ကဌအား အသေးစိပ်မှာကြားထားကြောင်း ဧပြီလ(၁)ရက်မှ ဇွန်လ(၁၉)ရက်အထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုများမှာ (၂၂၄၁)မှုရှိခဲ့ရာ တရားခံစုစုပေါင်း(၃၁၇၅)ဦးအား အရေးယူခဲ့ကြောင်း သမ္မတက ဆိုခဲ့သည်။
“မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာနတစ်ခုကို ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတရုံးမှာ ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ် တိုင်ကြားသူ သတင်းပေးသူတွေအနေနဲ့ ဒီဌာနကို ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပတ်၊ဖက်စ်နံပတ် အီးမေးလ်လိပ်စာတွေကို အမြန်ဆုံး ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းမှ ပြောကြားခဲ့သည်။
ဇွန်လ(၂၆)ရက်တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်း (နေပြည်တော်)၊ ဝေမိုး (နေပြည်တော်)
via-Poe Zarni Mg.

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...