Skip to main content

မူးယစ်ဆေးသတင်းပေး တိုင်ကြားသူများ ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတပြောကြား

မူးယစ်အထူး တိုင်ကြားရေးဌာနကို သမ္မတက တိုက်ရိုက်ကွပ်ကဲမည်မူးယစ်ဆေးဝါး ထိရောက်စွာ နှိမ်နင်းနိုင်ရေးအ တွက် နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းပေး တိုင်ကြားရေးဌာနဖွဲ့စည်းထား ပြီး သတင်းပေးတိုင်ကြားသူများ အား ထိုက်တန်သည့်ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။ မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိ ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း များကို ထိထိရောက်ရောက်ဖော် ထုတ်မည်ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၌ကျင်းပသော ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။
‘‘သတင်းပေးတိုင်ကြားသူ တွေကို ထိုက်ထိုက်တန်တန်ဆု ကြေးချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုတဲ့အနေ နဲ့ သတင်းထုတ်ပြန်ပေးမှာမဟုတ် သလို နိုင်ငံတော်ချီးမြှင့်ငွေဖြစ်တဲ့ အတွက် အခွန်ကင်းလွတ်ခွင့် အ ထူးအခွင့်အရေးကိုလည်း ပေး သွားမှာ ဖြစ်ပါတယ်’’ဟု သမ္မတ ဦးဝင်းမြင့်က ဆိုသည်။
 သတင်းပေးတိုင်ကြားသူ များ ပေးပို့လာသော သတင်းအ ချက်အလက်များကို အခြေခံ၍ ဗဟိုတွင် ဖွဲ့စည်းထားသည့် အထူးအဖွဲ့ကို စေလွှတ်မည်ဟု သမ္မတ က ပြောသည်။
 ‘‘အထူးအဖွဲ့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုဆိုင်ရာ သတင်းအ ချက်အလက်မှန်သမျှပေါက်ကြား ခြင်းမရှိအောင်၊ လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်အောင် အမိန့်ပေးကွပ်ကဲမှုလမ်းကြောင်း ကို အတိုဆုံးဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်’’ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာနကို ဇွန်လ ၂၂ ရက်က ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးက ကြေညာ သည်။ တိုင်ကြားသူများ၏ အချက် အလက်မပေါက်ကြားစေရေးအ တွက်ကိုလည်း လုံခြုံမှုအဆင့်အ တန်းမြင့်သော သတ်မှတ်လုပ်ထုံး လုပ်နည်းတစ်ရပ် ချမှတ်ပေးထားပြီးဖြစ်ကြောင်း သမ္မတက ပြောသည်။ နိုင်ငံတော်သမ္မတရုံးတွင် ဖွဲ့ စည်းထားသော မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေး ဌာနကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ညွှန်ကြား ကွပ်ကဲမည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ စီမံကိန်းဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ဆိုသည်။
‘‘နိုင်ငံတော်သမ္မတကိုယ် တိုင် နောက်ကစိတ်ပါဝင်စားစွာ လမ်းညွှန်မှုပြုတဲ့အတွက် ကျွန် တော်တို့လုပ်ရကိုင်ရတာ ပိုပြီး တော့ အဆင်ပြေတာပေါ့’’ဟု ရဲမှူးကြီး ဇော်လင်းထွန်းက ပြောကြားသည်။ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးစားမှုနှင့် တရား မ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့တွင် မြန်မာနိုင်ငံ၌ တစ်နှစ် အတွင်း ဖမ်းမိသည့် ဘိန်းနှင့် စိတ် ကြွဆေးပြားများအပါအ၀င် ကန် ဒေါ်လာ ၁၈၇ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
၂၀၁၇ -၁၈ အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုပေါင်း တစ်သိန်းသုံးသောင်းကျော်မှ ကျပ်ဘီလီယံ ၅၂၀ ကျော်အထိ ဖမ်းမိခဲ့ကြောင်း သမ္မတကပြောသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...