Skip to main content

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ပြည်သူကိုချပြရန်တိုက်တွန်း

လက်ရှိပြည်တွင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ စစ်တပ်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူကိုချပြဖို့ သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI)က  တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်ရဲ့နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို (EITI) စံနှုန်းတွေနဲ့ ၀င်ရောက် စစ်ဆေးခွင့်မရသလို ဒီလုပ်ငန်းတွေရဲ့အကျိုးဆက်တွေဟာ ပြည်သူလူထုကို ထိခိုက်နစ်နာ နေတာကြောင့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကို ချပြသင့်တယ်လို့ ပြောခဲ့တာပါ။
မြန်မာနိုင်ငံ (EITI)သုံးပွင့်ဆိုင်ညွန်ပေါင်းအဖွဲ့ဝင် ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက “ကျောက်မျက်ကဏ္ဍတင် မဟုတ်ဘူး။ နေရာတိုင်းမှာ သူတို့က လက်ဝါးကြီး အုပ်ထားတယ်။ အခု Mytel ဆိုလည်း အားလုံးသိတဲ့အတိုင်းဘဲလေ ဆက်သွယ်ရေးလုပ်ငန်း တွေရော သူတို့ရင်းနှီးမြှုပ်နှံလို့ရတဲ့ ကိစ္စတိုင်းကို လက်ဝါးကြီးအုပ်ထားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ဟာ တကယ်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ပြည်သူလူထုကိုချပြပြီးတော့ ဘယ်လိုပုံစံမျိုးတွေနဲ့စီးပွားရေး လုပ်နေသလဲ၊ စစ်တပ်ကပဲ စီးပွားရေးလုပ်သင့်သလားဆိုတာ ပြည်သူတွေက မေးခွန်းထုတ်ရမယ်”လို့ ပြောပါတယ်။
စစ်တပ်အနေနဲ့လက်ရှိမှာ MEC ကုမ္ပဏီအမည်ခံပြီး လုပ်ငန်းတွေ လုပ်ကိုင်နေသလို တခြားလုပ်ငန်းတွေမှာလည်း လက်ဝါးကြီးအုပ်လုပ်ကိုင်နေတယ်လို့ EITI ကာတ၀န်ရှိ သူတွေက ဆိုပါတယ်။
ဒီလုပ်ငန်းတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ရောင်းချပြီး လုပ်ကိုင်နေတာကြောင့် နိုင်ငံပိုင် စီးပွားရေး လုပ်သင့်၊ မလုပ်သင့်ကို မေးမြန်းထားပေမယ့် ဖြေကြားခဲ့ခြင်း မရှိဘူးလို့ (EITI)အဖွဲ့က ဆိုပါတယ်။
ဆက်လက်ပြီး ဒေါ်မိုးမိုးထွန်းက “ EITI ရဲ့ ပထမအကြိမ် အစီရင်ခံစာမှာထဲကိုက အကြံပြုချက်ပါပါတယ်။ သူတို့ကိုလည်းမေးထားတယ်။ ဦးပိုင်ဟာ နိုင်ငံပိုင်စီးပွားရေး ဖြစ်သင့် သလားပေါ့။ ဘာလို့လဲဆိုတော့ MEC စထောင်တဲ့ ၁၉၉၀ ခုနှစ်ထဲက နိုင်ငံပိုင်လုပ်ငန်း တွေကို ရောင်းချပြီး ရလာတဲ့ငွေတွေနဲ့ထူထောင်ခဲ့တာ ဖြစ်တယ်။ နိုင်ငံပိုင်ငွေနဲ့ ထူထောင်ခဲ့တာကြောင့် ကျမတို့အနေနဲ့စီးပွားရေး ဖြစ်သင့်သလားလို့မေးထားတဲ့ မေးမြန်းချက်တွေကိုတော့ ဒီနေ့ အချိန်ထိ ဖြေရှင်းခဲ့ခြင်း မရှိဘူးလို့” ပြောပါတယ်။
မြန်မာနိုင်ငံမှာ သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး(EITI) ကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အစိုးရကိုယ်စားလှယ် ၇ ဦး၊ ပုဂ္ဂလိကကိုယ်စားလှယ် ၇ ဦးနဲ့ အရပ်ဖက်ကိုယ်စားလှယ် ၉ ဦးပါဝင်တဲ့မြန်မာနိုင်ငံ (EITI) သုံးပွင့်ဆိုင်ညွှန့် ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
အခုအစီရင်ခံဟာ ဒီအဖွဲ့ရဲ့ဒုတိယမြောက် အစီရင်ခံစာဖြစ်ပြီး အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကိုတော့ ဇွန်လ ၂၈ ရက်နေ့က  ရန်ကုန်မှာပြုလုပ်ခဲ့ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video