မွန်ပြည်နယ်
သထုံခရိုင် ဆေးရုံကြီးတွင် ကျောက်ကပ် ဆေးခြင်းအခမဲ့ဝန်ဆောင်မှုကို ဇွန်လ
၂၆ရက်နံနက်က စတင် ဆောင်ရွက်နေကြောင်း သထုံ ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာ
သင်းသင်းအိက ပြောသည်။
ဖေဖော်ဝါရီက အလှူရှင်တစ်ဦး လှူဒါန်းထားသည့် ကျောက်ကပ်ဆေးစက်နှစ်လုံးဖြင့် ကျောက်ကပ်ဝေဒနာရှင်များကို ကျွမ်းကျင်ဝန်ထမ်းများက အခမဲ့ ၀န်ဆောင်ပေးနေကြောင်း ၎င်းက ပြောသည်။
‘‘အခုဆိုရင်လာရောက်စာ ရင်းပေးသွင်းထားတဲ့ ကျောက် ကပ်ဝေဒနာရှင် ကိုးဦးကိုကျောက် ကပ်ဆေးစက်နှစ်လုံးနဲ့အလှည့် ကျကျောက်ကပ်ဆေးကုသပေး နိုင်တော့မှာဖြစ်တယ်။ ဒီဆေးရုံ ကြီးမှာ ပထမဆုံးကုသဆောင် ရွက်ရတာဖြစ်တဲ့အတွက် လုပ် ငန်းအတွေ့အကြုံအရ အဆင်မ ပြေတာတွေရှိရင်လည်း နား လည်ပေးစေလိုပါတယ်’’ ဟု ဒေါက်တာသင်းသင်းအိက ပြော သည်။ ကျောက်ကပ်ဝေဒနာရှင် များသည် ကျောက်ကပ်ဆေးကု သနေရုံဖြင့် မပြီးဘဲကျောက်ကပ် ထပ်မံမပျက်စီးရေးအခြားရောဂါ များကို ထိထိရောက်ရောက်ကုသ ရန် လိုအပ်ကြောင်းသထုံခရိုင် ဆေးရုံကြီးတွင် လာရောက်ကူညီ နေသည့် ဘားအံပြည်သူ့ဆေးရုံ ကြီးမှ အထူးကုသမားတော်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
ကျောက်ကပ်ရောဂါသည် များ အဆင်ပြေစွာ ဆေးကုသနိုင် ရေး ယခုနှစ် ဖေဖော်ဝါရီက ဟာ ဂျီမဒေါ်တိုးကြည်မိသားစုက ကျပ် ၅၈၇ သိန်းခန့်တန် ကျောက်ကပ် ဆေးစက်နှစ်လုံးလှူဒါန်းခဲ့ပြီး ၎င်း နှင့်မိတ်ဆွေများက ပစ္စည်းများ ၀ယ်ယူရန်ကျပ် သိန်း၇၀ ခန့်ကို မတ်လက ထပ်မံလှူဒါန်းခဲ့ ကြောင်း သထုံခရိုင်ဆေးရုံကြီး၏ မှတ်တမ်း၌ ဖော်ပြသည်။
ခရိုင်ဆေးရုံကြီးရှိ အထူးကု သမားတော်ဆရာဝန်ကြီး ကြီး ကြပ်ကာ တာဝန်ခံဆရာဝန်နှင့် သူနာပြု၊ ကျန်းမာရေးဝန်ထမ်း ခြောက်ဦးဖြင့် ကျောက်ကပ်ဆေး ရာတွင် အခက်အခဲမရှိရေး လွှတ် တော်ကိုယ်စားလှယ်များ၊ ဆေး ရုံကြီးကြပ်မှုတော်မတီများ၊ မြို့ မိမြို့ဖများ၊ ကျောက်ကပ်ဝေဒနာ ရှင် မိသားစုများနှင့် တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ဒေါက်တာသင်း သင်းအိက ပြောသည်။

Comments
Post a Comment