Skip to main content

Posts

Showing posts from May, 2017

၂၁ ပင်လုံညီလာခံ အပေါ် ပြည်ပရောက် မြန်မာတွေအမြင်

31 မေ၊ 2017 ဒီ ညီလာခံ ဒုတိယအကြိမ်ကတော့ အလုပ်သဘောအရဆိုရင်တော့ အောင်မြင်တယ်လို့ ခေါ်ရမှာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ဖိတ်ထားတဲ့ အဖွဲ့တွေလည်း လာကြတယ်။ အထူးသဖြင့်က မြောက်ပိုင်းက (၇) ဖွဲ့လည်း ပါလာတယ် ဆိုတော့ ဒါကတော့ အလုပ်သဘောအရကတော့ အောင်မြင်တယ် ခေါ်ရမယ်။ နေပြည်တော်မှာ မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် စည်းဝေးပွဲမှာ ဆွေးနွေးတဲ့ ၄၁ ချက်ထဲက ၃၇ ချက်ကို သဘောတူနိုင်ခဲ့တယ် ဆိုပေမယ့် အရေးပါတဲ့ လုံခြုံရေးနဲ့ ဖက်ဒရယ် အယူဝါဒဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောတူညီမှု မရခဲ့တဲ့အတွက် အတိုင်းအတာတခုထိပဲ အောင်မြင်တယ်လို့ ယူဆကြောင်း ပြည်ပရောက် တိုင်းရင်းသားတချို့နဲ့ မြန်မာ့အရေး လေ့လာ သုံးသပ်သူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခြင်းက ငြိမ်းချမ်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စုဆီကို ဦးတည်တဲ့ နောက်ခြေတစ်လှမ်းရဲ့ အစကို သတ်မှတ်လိုက်ခြင်းပဲ ဖြစ်ကြောင်း ညီလာခံ အပိတ်မိန့်ခွန်းအတွင်း နိုင်ငံတော် အတ

ညီလာခံဖွင့်ပွဲ မိန့်ခွန်းများအပေါ် သုံးသပ်ချက်

ညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ကာချုပ် ဗခမက မင်းအောင်လှိုင်၊ တိုင်းရင်းသား EAOs တွေကိုယ်စား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ နိုင်ငံရေးပါတီတွေကိုယ်စား USDP ဥက္ကဋ္ဌ ဦးသန်းဌေးတို့ မိန့်ခွန်းပြောခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အဓိက (၃) ချက်ကို ပြောသွားပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပင်လုံရဲ့ မဟာ ဗျူဟာသဘောကို ပြောသွားတာ မတွေ့ရပါဘူး။ သူပြောသွားတာ ပထမအချက်ကတော့ ဦးတည်ချက်ပန်းတိုင်လို့ ရည်ညွှန်းပြီး "ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး" ကို ပြောပါတယ်။ ဒုတိယအချက်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ထိုးရေးကို ပြောပါတယ်။ တတိယအချက်အနေနဲ့ ညှိနှိုင်းဆောင်ရွက်ရေးမူ (နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး မလုပ်ဘူး၊ ပွင့်လင်းစွာ ဆွေးနွေးပြီး၊ အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေ ရရှိအောင်) လုပ်မယ်ဆိုပါတယ်။ လက်မှတ်မထိုးရ သေးတဲ့အဖွဲ့တွေကိုတော့ NCA ထီးမိုး (NCA Umbrella လို့ သုံးပါတယ်) အောက်ရောက်အောင် တံခါးဖွင့်ထားမယ်

ကျွန်မ ကအဖေ့သမီးပဲ

( ၁ ) ကျွန်မ ကအဖေ့သမီးပဲ ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တယ် ဘယ်နှစ်ခါမှတ်ကျောက်တင်ပြရဦးမှာလဲ ရှင်တို့တွေပဲ ပွန်းပဲ့ကုန်ပြီ … ကျွန်မ လား … လက်နဲ့ထိလိုက်လို့ရွှေဖြစ်မသွားပေမယ့် လက်ခုပ်တစ်ချက်တီးတိုင်း ချိုးငှက်တစ်ကောင်ထပျံမယ် ပန်းပွင့်တစ်ပွင့် ရှင်တို့ရှေ့မှာထပွင့်မယ် … ယူသွားစမ်းပါ … ကျွန်မကမ္ဘာထဲက ကျွန်မပိုင်ဆိုင်သမျှ … ကျွန်မ အသားပဲ့ပါသွားတာမှ မဟုတ်တာ လိုချင်သေးတယ်ဆိုရင်ပြော ကျွန်မ ပြည်သူတွေအတွက်ဆို ကျွန်မ နှလုံးသား တစ်ခုလုံး ( အသင့် )ထုတ်ထားပြီးပြီ … ( ၂ ) ဘယ်သူပြောလဲ ရှင်တို့ကိုဘယ်သူပြောလဲ မီးပုံထဲကိုတိုးဝင်တဲ့ ပိုးဖလံတွေအကြောင်း ရှင်တို့ကိုဘယ်သူပြောသလဲ … ရှင်တို့ပါးစပ်တစ်ချက်ဟလိုက်တိုင်း တစ်တောင့်ထွက်လာတဲ့ အဲ့ဒီကျည်ဆန်တွေ ပါးရှစ်စိတ်ကွဲသွားမယ် ဒီမယ် ဒီမယ် … ကျွန်မ က မီးပုံထဲကခုန်ထွက်လာတာ ရှင်တို့ခေါင်းတွေမော့ကြည့်လိုက် မြင်လား .. အဲ့ဒါ ကျွန်မပဲ … ( ၃ ) မကြောက်ပါနဲ့ … ကျွန်မ ခြေလှမ်းတိုင်းက ဒိုင်းဆိုတဲ့အသံမထွက်သလို ရှင်တို့အာဏာကိုလက်နက်နဲ့အကြမ်းဖက်နေတာမှမဟုတ်တာ … မစိုးရိမ်ပါနဲ့ … ခေါင်းပေါ်ရွက်ပြီးဈေးခေါ်နေရအောင် ကျွန်မ နိုင်ငံ

ဒေါ်စု ဘာလုပ်​ ​ပေးပြီးပြီလဲ?

ဘာမှ လုပ်​မ​ပေးရ​သေးဘူး။ ဒါ​ပေမယ့်​ ... ဦးသိန်းစိန်​က အ​ပေါ်ရံသာ ​ချောပြီး .. အရည်​အ​သွေး မမှီတဲ့ တနှစ်​ခံ လမ်း​တွေ ​ဖောက်​ပြလို့ ချီးကျုး ခံရတယ်​။ ​ဒေါ်စုက အရည်​အ​သွေးမှီတဲ့ လမ်း​တွေ ခင်း​ပေးတယ်​။ ဦးသိန်းစိန်​က ပညာ​ရေးဟာ ပြန်​မရနိုင်​တဲ့ အရင်းအနှီးလို့ ​ပြောခဲ့တယ်​။ ​ဒေါ်စုက ပညာ​ရေးကို အခ မဲ့ ဖြစ်​​အောင်​ လုပ်​​ပေးတယ်​။ ဦးသိန်းစိန်​က ပြည်​တွင်းစစ်​ကို မီး​မွေးတယ်​။ ​ဒေါ်စုက ငြိမ်းဖို့ ကျိုး စားတယ်​။ ဦးသိန်းစိန်​က မြစ်​ဆုံကို ရပ်​ထားဖို့ပဲ လုပ်​နိုင်​တယ်​။ ​ဒေါ်စုက. ရုတ်​သိမ်း​ပေးဖို့ လုပ်​တယ်​။ ဦးသိန်းစိန်​​ကြောင့်​ ပြည်​သူ​တွေ အ​ကြွေးတင်​တယ်​ ​ဒေါ်စုက ပြန်​ဆပ်​​နေတယ်​။ ဦးသိန်းစိန်​က သယံဇာတ အကုန်​​ရောင်းစားတယ်​။ ​ဒေါ်စုလက်​ထက်​မှာ သယံဇာတ စာချုပ်​သစ်​ မချုပ်​ဘူး။ ဦးသိန်းစိန်​က အလကား​ပေးရတဲံ့ ဆင်းကဒ်​ကို သိန်း အစိတ်​နဲ့ ​ရောင်းစားပြီး ဘုန်းသွားတယ်​။ ​ဒေါ်စုက အခွန်​ ၅ % ​ကောက်​ပြီး ပြည်​သူကို ချပြတယ်​။ ဦးသိန်းစိန်​​ကြောင့်​ သစ်​​​တော​တွေ ပြုန်းတယ်​။ ​ဒေါ်စုက ပြန်​စိုက်​တယ်​။ ဦးသိန်းစိန်​ က ဆ

ခွဲမထွက်ရစကားလုံး အရင်အစိုးရလက်ထက်က သဘောတူခဲ့ပြီးမှ

ခွဲမထွက်ရ စကားလုံးဟာ အရင်အစိုးရလက်ထက်က သဘောတူခဲ့ပြီးမှ အခုပြင်ဆင်ဖို့ လုပ်တာဟာ လက်ရှိအစိုးရကို အခက်အခဲဖြစ်စေတယ်လို့ တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွင်က ပြောပါတယ်။ နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရ ဆိုတဲ့ စကားလုံးဟာ အရင်အစိုးရလက်ထက်ကတည်းက သဘောတူလာခဲ့ပြီးမှ အခုမှပြင်ဆင်ဖို့ လုပ်တာဟာ လက်ရှိအစိုးရအတွက် အခက်အခဲဖြစ်စေတယ်လို့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့မှာ ပြောဆိုလိုက်တာပါ။ ခွဲမထွက်ရစကားလုံးအစား တိုင်းရင်းသား ၁၃၅ မျိုးလုံးခွဲထွက်ချင်တဲ့ဆန္ဒမရှိကြပါဘူးဆိုတဲ့ စကားစုကို ရွေးချယ်ပြီး ဆွေးနွေးကြဖို့လိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက အကြံပြုပြောပါတယ်။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ရဲ့ ပြောကြားချက် အပြည့်အစုံ…..

၂၁ ပင်လုံညီလာခံ အပေါ် ပြည်ပရောက် မြန်မာတွေအမြင်

ဒီ ညီလာခံ ဒုတိယအကြိမ်ကတော့ အလုပ်သဘောအရဆိုရင်တော့ အောင်မြင်တယ်လို့ ခေါ်ရမှာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ဖိတ်ထားတဲ့ အဖွဲ့တွေလည်း လာကြတယ်။ အထူးသဖြင့်က မြောက်ပိုင်းက (၇) ဖွဲ့လည်း ပါလာတယ် ဆိုတော့ ဒါကတော့ အလုပ်သဘောအရကတော့ အောင်မြင်တယ် ခေါ်ရမယ်။ နေပြည်တော်မှာ မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် စည်းဝေးပွဲမှာ ဆွေးနွေးတဲ့ ၄၁ ချက်ထဲက ၃၇ ချက်ကို သဘောတူနိုင်ခဲ့တယ် ဆိုပေမယ့် အရေးပါတဲ့ လုံခြုံရေးနဲ့ ဖက်ဒရယ် အယူဝါဒဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောတူညီမှု မရခဲ့တဲ့အတွက် အတိုင်းအတာတခုထိပဲ အောင်မြင်တယ်လို့ ယူဆကြောင်း ပြည်ပရောက် တိုင်းရင်းသားတချို့နဲ့ မြန်မာ့အရေး လေ့လာ သုံးသပ်သူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခြင်းက ငြိမ်းချမ်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စုဆီကို ဦးတည်တဲ့ နောက်ခြေတစ်လှမ်းရဲ့ အစကို သတ်မှတ်လိုက်ခြင်းပဲ ဖြစ်ကြောင်း ညီလာခံ အပိတ်မိန့်ခွန်းအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြေ

(၂၁) ရာစုပင်လုံ ဒုတိယညီလာခံ ဘယ်လောက် ခရီးပေါက်ခဲ့သလဲ VOA

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကျင်းပပြီးစီးခဲ့တဲ့ (၂၁) ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံဟာ ငြိမ်းချမ်းရေးအတွက် အကောင်းဘက်ကို ရွေ့ စေခဲ့တယ်လို့ ကျင်းပသူတွေ၊ တက်ရောက်ခဲ့သူတွေက ပြောနေကြချိန်မှာပဲ မတက်ရောက်ဘဲ နေခဲ့သူတွေက ညီလာခံရဲ့ အခြေခံအားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြပြောဆိုနေကြပါတယ်။ နှစ်ဘက်ရဲ့ သဘောထားအမြင်တွေကို ချင့်ချိန်စဉ်းစားနိုင်ဖို့အတွက် ညီလာခံတက်ရောက်ခဲ့သူ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်း၊ တက်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ UNFC တွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဦးကျော်ဇံသာ ။ ။ ဦးထွန်းဇော်တို့က အဲဒီအစည်းအဝေးကို မတက်ဘူး။ ခွန်မြင့်ထွန်းတို့က အစည်းအဝေးကို တက်တယ်။ အဓိကအားဖြင့် ဘာကွာသလဲ။ ငြိမ်းချမ်းရေး လိုလားတဲ့နေရာမှာတော့ အတူတူ ဖြစ်ပါလိမ့်မယ်။ ဒီညီလာခံကို တက်တာမတက်တာ ဘာကြောင့်ကွဲရသလဲဆိုတာကို ဦးထွန်းဇော် နည်းနည်းစပြောပါ။ ဦးထွန်းဇော် ။ ။ ကျနော်တို့ ဒီ (၂၁) ရာစု ပင်လုံညီလာခံဆိုတာ NCA ပေါ်မှာ အခြေခံပြီးလုပ်တာ ဖြစ်ပါတယ်။ NCA မှာ အားလုံးပါဝင်ရေးဆိုတဲ့ အခြေခံရှိတယ်။ အဲဒါကြောင့် ကျနော်တ

ငြိမ်းချမ်းရေးဆိုတာမျိုးဟာ မင်းကိုနိုင်

တစ်ယောက်နဲ့ တစ်ယောက် ယုံတယ် မယုံဘူးဆိုတာ ဘယ်လောက်ရိုးဖြောင့်လဲဆိုတဲ့အပေါ်မှာ ကြည့်ကြတယ်။ တစ်သက်လုံး မျက်နှာချင်း နှစ်ဖက်ဆိုင်လာခဲ့ကြတဲ့ သူတွေဟာ ကိုယ့်အမှန်တရားနဲ့ကိုယ် ပြောကြမှာဗျ။ ဒီနေရာမှာ ဘယ်သူ မှန်တယ်၊ မှားတယ်ပြောနေမယ့်အစား အလုပ်ဖြစ်ရေးဆိုတာ ကို တွေးရတော့မယ်။ အရိုးရှင်း ဆုံးနည်းကတော့ ဖြစ်နိုင်ခြေရှိတဲ့တူတာတွေ အရင်ပြော ကြရတော့မယ်။ တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်မခံနဲ့၊ အမူအရာမပိုနဲ့။ တူနိုင်တယ်ဆိုရင် ဒါတော့ကောင်း တယ်ဗျာ တူပြီ ချရေးလိုက်မယ်။ တူတာတွေက စလိုက်ရင် ကောင်းမွန်တဲ့ လှေကားထစ်တွေဖြစ်သွားမယ်။ တူညီတာကို အရင်ကြည့်ပါ။ ပြဿနာအရှိဆုံးအပိုင်း ဆိုတာ ရှိစမြဲပဲ။ အဲ့ဒါကို စကြည့်မယ်၊ စကိုင်တွယ်မယ်ဆို ကျွန်တော်တို့ ရှေ့ဆက်လို့မရတော့ဘူး။ အတိတ်က သင်ခန်းစာတွေက ဒီအတိုင်းပဲ လာတယ်ဗျ။ ကျွန်တော် တစ်ချက်ပဲပြောမယ်။ အရေးကြီးဆုံး အချက်က ဒါတွေက ဈေးရောင်း၊ ဈေးဝယ်လုပ်နေတာ မဟုတ်ဘူး။ ဘယ်လောက်ဆစ်မှာမို့လို့ ငါကတော့ ဈေးဘယ်လောက်တင် ထားမယ်ဆိုတာမျိုး မရှိဖို့လိုတယ်။ ကျွန်တော် ဖြစ်စေချင်တာ ဒါပဲဆိုတာ တစ်ခါပဲပြောတာ ကောင်းတယ်။ ´´ # မင်းကိုနိုင် Credit - MOI ဓါတ်ပုံ- မောင်သိန်း(ဒဿနိက) ၃၀.၅.၂၀၁၇

မေ ၃၀ နိုင်ငံရေး အကြမ်းဖက်မှုကြီး

မြန်မာနိုင်ငံ အထက်ပိုင်းက ကမ္ဘာနှင့်တစ်လွှား ဟိုးလေးတကျော် ဖြစ်ခဲ့သော ဒီပဲယင်းမြို့အနီး လူ့အခွင့်အရေး ချိုးဖောက်မှုကြီးသည် ယနေ့ဆိုလျှင် ၁၄ နှစ် တိုင်ခဲ့ပြီ။ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ထိုအချိန်တွင် တာဝန်ယူခဲ့သော အစိုးရက ဝန်ခံထားသည်။သို့သော် ထိုအရေးနှင့်ပတ်သက်ပြီး မည်သူက တာဝန်ရှိသည် မည်သူ့ကို အရေးယူထားပြီးပြီ ဆိုသည်က ယနေ့အထိ ပေါ်ထွက်မလာသေးပေ။ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် ယာဉ်တန်းကို ဦးတည်ပြီး တိုက်ခိုက်သော ထိုတိုက်ခိုက်မှုသည် မုံရွာမြို့နှင့် မိုင် ၃၀ ခန့်အကွာ ကြည်ရွာအနီးတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ထိုနေ့က မေလ၏ နောက်ဆုံးရက်တစ်ရက်မို့ မိုးက မရွာသေး။ ကြည်ရွာသည် မြန်မာနိုင်ငံက အခြားလူများ မဆိုထားနှင့် မုံရွာမြို့ခံများပင် ထိုအချိန်က သိရှိခြင်း မရှိသော မထင်မရှား ရွာလေး ဖြစ်သည်။ကြည်ရွာသည် မုံရွာဘက်မှလာသော ဒီပဲယင်းမြို့ မရောက်ခင် အရင်ဆုံး တွေ့ရသည့် ကားလမ်းဘေး မလှမ်းမကမ်းတွင်ရှိသော ရွာ ဖြစ်သည်။စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ကြည်ရွာမရောက်ခင် တွေ့ရသော လယ်ကွင်းကျယ်များသည် ထိုနေ့က တိုက်ခိုက်သူများ တစ်ဖက်တစ်ချက် နေရာယူထားသည့် နေရာများ ဖြစ်သည်။“အဲဒီနေ

မေ (၃၀) ဒီပဲယင်း လူသတ်ပွဲမှ အဓိက တရားခံများ… Credit : Ko Gyi Thar Din Martin swe

  မေ (၃၀) ဒီပဲယင်း လူသတ်ပွဲမှ အဓိက တရားခံများ… Credit : Ko Gyi Thar Din Martin swe      

၂၁ ရာစုပင်လုံနှင့် ပါဝင်ကြသူတို့၏ အမြင်များ

၂၁ ရာစုပင်လုံနှင့် ပါဝင်ကြသူတို့၏ အမြင်များ မေလ ၂၉ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံးနေ့ကို ကျင်းပပြီးစီးခဲ့သည်။ ညီလာခံ နောက်ဆုံးနေ့တွင် သဘောတူညီချက် စုစုပေါင်း ၃၇ ချက် ရရှိခဲ့ပြီး ယင်းသဘောတူညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်းများအဖြစ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ စာချုပ်ချုပ်ဆိုနိုင်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူများ၏ ပြောစကားများကို ဖော်ပြလိုက်ရသည်။ “ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့ပါပြီနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ညီလာခံ ကျေးဇူးတင်စကား မိန့်ခွန်း) ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေက အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းမကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းကြီး ဖြစ်ပါတယ်။ ဒီခြေလှမ်းလှမ်းနိုင်ဖို့၊ သဘောတူညီချက်တွေကို လွယ်လွယ်ကူကူ ရရှိခဲ့တာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြ

နိုင်ငံတော် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးနှစ်ဦးရဲ့ ဒီပဲယင်း ဖြောင့်ချက်

လွန်ခဲ့သော ၁၄ နှစ် မေလ ၃၀ ရက်သည် ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သေကံမရောက် သက်မပျောက်ခဲ့သည့် နေ့ရက်ဟု ဆိုပါက မှားနိုင်မည်မဟုတ်ပါ။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပါတီစည်းရုံးရေးဆင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ကအပြန် မန္တလေးတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာအနီး ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က ပေါ်ပေါက်ခဲ့တဲ့ အကျည်းတန် ဥပဒေပ လုပ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ထိုစဉ်က အုပ်ချုပ်ခံ၊ ဖိနှိပ်ခံဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပင် ယခု နိုင်ငံတော် အကြီးအကဲ ဖြစ်လင့်ကစား ၁၄ နှစ် ကြာခဲ့ပြီဖြစ်သော ဥပဒေပ လုပ်ရပ်သည် အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးပါ။ ထိုစဉ်က ပေါ်ပေါက်ခဲ့သည့် ဥပဒေပ လုပ်ရပ်အတွက် ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ကားကိုမောင်းခဲ့သူ ကိုကျော်စိုးလင်း ယခု မန္တလေးတိုင်း ပြည်ကြီးတံခွန် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်စိုးလင်းက “အဖြစ်မှန်လေးကို ပေါ်လွင်စေချင်တယ်” လို့ ဆိုခဲ့ပါတယ်။ သို့ဆိုလျှင် ထိုစဉ်က နိုင်ငံတော် အကြီးအကဲများအဖြစ် တာဝန်ယူခဲ့ကြသူများရဲ့ ဒီပဲယင်း လုပ်ကြံအမှုအပေါ် ထုတ်ဖေါ် ရေးသားချက်များသည် ဦးကျော်စိုးလင်း မျှော်

အာရှတိုက်၏ အထင်ကရ ၁၅နေရာရွေးချယ်ရာ၌ ရွှေတိဂုံစေတီလည်း ပါဝင်

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာရောက်သည့် အာရှတိုက်မှ အထင်ကရနေရာ ၁၅နေရာကို TripAdvisor မှ ရွေးချယ်ရာ မြန်မာနိုင်ငံမှ ရွှေတိဂုံဘုရားလည်း ရွေးချယ်ခံခဲ့ရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ရှေးဟောင်း အန်ကောဝပ် ဘုရားကျောင်းကတော့ အာရှမှာ ကမ္ဘာလှည့် ခရီးသွားအလာ အများဆုံး နံပါတ် ၁ နေရာက အရွေးချယ်ခံခဲ့ရပြီး၊ အိန္ဒိယက တပ်ခ်ျမဟာ နန်းတော်က နံပါတ် ၂၊ တရုတ်ပြည်က မဟာတံတိုင်းက နံပါတ် ၃နေရာမှာရှိပါတယ်။ မြန်မာနိုင်ငံက ရွှေတိဂုံဘုရားကတော့ နံပါတ် ၇ နေရာမှာ ရွေးချယ်ခံခဲ့ရသလို၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လျှောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ရှိရာ Wat Pho ဘုန်းတော်ကြီးကျောင်းက အဆင့်သတ်မှတ်ချက် ၄၊ ဘုရင်နန်း တော်က အဆင့် ၉၊ မြဘုရားကတော့ အဆင့် ၁၄ အသီးသီးသတ်မှတ် ရွေးချယ်ခံခဲ့ရပါတယ်။ အလားတူ ဂျပန်နိုင်ငံ ကျိုတိုမြို့က Fushimi Inari-taisha နတ်ကွန်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ က ပီထရိုနပ်စ် မျော်စင်ညီနောင်၊ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က Cu Chi မြေအောက်လှိုဏ်ခေါင်းများ၊ ဂျပန်နိုင်ငံ တိုကျိုမြို့ က Kinkakuji ဘုရားကျောင်း၊ ဟောင်ကောင်မြို့က Tian Tan ဗုဒ္ဓရုပ်ပွားတော်၊ အိန္ဒိယနိုင်ငံမှ Amber ခံတပ်၊ စင်ကာပူက မာရီနာပင်လယ်အေ

နောက်ခြောက်လအတွင်းမှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း အဖြေမရရင်တောင်မှ တိုးတက်မှုတော့ အများကြီးရနိုင်တယ်

တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဒုတိယအစည်း အဝေးကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မေ ၂၄ ရက်မှ ၂၉ ရက်အထိ ခြောက်ရက်ကြာကျင်းပခဲ့သည်။ ထိုသို့ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံဒုတိယအစည်းအဝေးမှ ရရှိလာသည့် ရလဒ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူတချို့ကို မေးမြန်းဖြစ်ခဲ့သည်။ ဦးကျော်ဝင်း(စာရေးဆရာ) ကျွန်တော်တို့ အစမူလမျှော်မှန်းချက်ကတော့ UPDJC ကချထားတဲ့ အချက်တွေကြည့်ပြီး တော်တော်များများ မျှော်လင့်ထားတာပါ။ ဒါပေမယ့် မျှော်လင့်သလောက်ကြီးတော့ ဖြစ်မလာပါဘူး။ လုံးဝမအောင်မြင်တာတော့ လည်း မဟုတ်ပါဘူး။ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ ရာခိုင်နှုန်းအရ ၇ဝ ရာခိုင်နှုန်းလောက် အောင်မြင်ပါတယ်။ ပြီးတော့ ဒါက အဆုံးသတ်ညီလာခံလည်း မဟုတ်သေးပါဘူး။ နောက်ထပ် ထပ်လုပ်ရဦးမှာပါ။ ရေရှည်ကိုကြည့်မယ်ဆိုရင် မဆိုးပါဘူး။ နောက်တစ်ချက် ထည့်စဉ်းစားရမှာက ကျွန်တော်တို့ မမွေးခင်ကတည်းကဖြစ်နေတဲ့ပြည်တွင်းစစ်က တစ်ခါတည်းတော့ ဘယ်လိုမှမပြီးနိုင်ပါဘူး။ အဲဒီတော့ ဒီလောက်ရတ

ဒီပဲယင်း သို့မဟုတ် အမျိုးသမီးတစ်ယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတဲ့မြို့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ နှစ်၊ အခုလိုနေ့မျိုး၊ ညနေ နေ၀င်ရီတရောအချိန်။ “ဒီပဲယင်း”မြို့အနီးက “ကျီရွာ”ဆိုတဲ့ ရွာကလေးဘေးကို ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားရှေ့နဲ့ နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေစီးနင်းလိုက်ပါလာတဲ့ကားတွေ တန်းစီပြီး လိုက်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီကားတန်းဟာ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်ကအပြန် မန္တလေးကိုဖြတ်ပြီး ဒီပဲယင်းကို ရောက်လာကြတာပါ။ ရန်ကုန်ကို ပြန်ကြမှာပါ။ နေ၀င်ဖြိုးဖျအချိန် ဘုန်းကြီးနှစ်ပါးဦးဆောင်တဲ့ လူတချို့က ဒေါ်အောင်ဆန်းစုကြည်စီးလာတဲ့ကားကို လမ်းကဖြတ်တားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်စကားလေးပြောပေးဖို့ တောင်းဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကားကို ရပ်ခိုင်းလိုက်တော့ နောက်ကလိုက်ပါလာတဲ့ကားတွေလည်း အလိုလို လိုက်ပြီး ရပ်တယ်။ အဲဒီအချိန်မှာပဲ ဘယ်နေရာက ဘယ်လိုထွက်လာမှန်းမသိရတဲ့ လူအုပ်စုကြီးက နောက်မှာပါလာတဲ့ကားပေါ်က လူတွေနဲ့ ကြိုဆိုဖို့ရောက်လာတဲ့လူတွေ အကုန်လုံးကို ဆဲဆိုအော်ဟစ်ပြီး တုတ်တွေ၊ ၀ါးချွန်တွေနဲ့ ထိုးကြရိုက်ကြပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာတဲ့

နိုင်ငံတော် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးနှစ်ဦးရဲ့ ဒီပဲယင်း ဖြောင့်ချက်

လွန်ခဲ့သော ၁၄ နှစ် မေလ ၃၀ ရက်သည် ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သေကံမရောက် သက်မပျောက်ခဲ့သည့် နေ့ရက်ဟု ဆိုပါက မှားနိုင်မည်မဟုတ်ပါ။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပါတီစည်းရုံးရေးဆင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ကအပြန် မန္တလေးတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာအနီး ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က ပေါ်ပေါက်ခဲ့တဲ့ အကျည်းတန် ဥပဒေပ လုပ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ထိုစဉ်က အုပ်ချုပ်ခံ၊ ဖိနှိပ်ခံဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပင် ယခု နိုင်ငံတော် အကြီးအကဲ ဖြစ်လင့်ကစား ၁၄ နှစ် ကြာခဲ့ပြီဖြစ်သော ဥပဒေပ လုပ်ရပ်သည် အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးပါ။ ထိုစဉ်က ပေါ်ပေါက်ခဲ့သည့် ဥပဒေပ လုပ်ရပ်အတွက် ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ကားကိုမောင်းခဲ့သူ ကိုကျော်စိုးလင်း ယခု မန္တလေးတိုင်း ပြည်ကြီးတံခွန် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်စိုးလင်းက “အဖြစ်မှန်လေးကို ပေါ်လွင်စေချင်တယ်” လို့ ဆိုခဲ့ပါတယ်။ သို့ဆိုလျှင် ထိုစဉ်က နိုင်ငံတော် အကြီးအကဲများအဖြစ် တာဝန်ယူခဲ့ကြသူများရဲ့ ဒီပဲယင်း လုပ်ကြံအမှုအပေါ် ထုတ်ဖေါ် ရေးသားချက်များသည် ဦးကျော်စိုးလင်း မျှော်