Skip to main content

ညီလာခံဖွင့်ပွဲ မိန့်ခွန်းများအပေါ် သုံးသပ်ချက်

ညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ကာချုပ် ဗခမက မင်းအောင်လှိုင်၊ တိုင်းရင်းသား EAOs တွေကိုယ်စား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ နိုင်ငံရေးပါတီတွေကိုယ်စား USDP ဥက္ကဋ္ဌ ဦးသန်းဌေးတို့ မိန့်ခွန်းပြောခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အဓိက (၃) ချက်ကို ပြောသွားပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပင်လုံရဲ့ မဟာ ဗျူဟာသဘောကို ပြောသွားတာ မတွေ့ရပါဘူး။ သူပြောသွားတာ ပထမအချက်ကတော့ ဦးတည်ချက်ပန်းတိုင်လို့ ရည်ညွှန်းပြီး "ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး" ကို ပြောပါတယ်။ ဒုတိယအချက်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ထိုးရေးကို ပြောပါတယ်။ တတိယအချက်အနေနဲ့ ညှိနှိုင်းဆောင်ရွက်ရေးမူ (နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး မလုပ်ဘူး၊ ပွင့်လင်းစွာ ဆွေးနွေးပြီး၊ အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေ ရရှိအောင်) လုပ်မယ်ဆိုပါတယ်။ လက်မှတ်မထိုးရ သေးတဲ့အဖွဲ့တွေကိုတော့ NCA ထီးမိုး (NCA Umbrella လို့ သုံးပါတယ်) အောက်ရောက်အောင် တံခါးဖွင့်ထားမယ်လို့ ဆိုပါတယ်။ ဒီလောက်ပါပဲ။ သို့သော်လည်း သူအရင်ကပြောထားခဲ့တဲ့ မိန့်ခွန်းတွေရှိနေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရင် လက်မှတ်ထိုးကြပါ.. ငြိမ်းချမ်းရေးမလိုလားသူတွေ တွေ့ရမယ်… စသည်ဖြင့် ပြောဆိုထားချက်တွေဟာ လက်မှတ် မထိုးနိုင်သေးသူတွေအဖို့ ငြိမ်းချမ်းရေးမလိုလားသူတွေ၊ မိမိကိုယ်ကို ယုံကြည်မှုမရှိသူတွေ စသည်ဖြင့် သဘောသက် ရောက်စေပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးမိန့်ခွန်းကတော့ မူသဘော မပါဝင်ဘဲ ကျင့်ဝတ်သဘော (moral and ethical) သာ များပါတယ်။ ခွင့်လွှတ်ကျေအေးဖို့၊ သဘောထားကြီး စိတ်ရှည်ကြဖို့၊ မေ့ပျောက်သင်ပုန်းချေကြဖို့၊ မြင့်မြတ်ကောင်းမွန်တဲ့ သမိုင်းရေးထိုး ကြဖို့ ဆိုတာလောက်ပါပဲ။
ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သဘောကတော့ ထုပ်ထုပ်ပိုးပိုး ပြင်ပြင်ဆင်ဆင် ရှိပါတယ်။ သူ့မိန်းခွန်းမှာ "ငြိမ်ချမ်းရေး မဟာဗျူဟာ" ဆိုပြီး သုံးပါတယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမဟာဗျူဟာက "NCA လမ်းကြောင်းပေါ်မှာ မသွေမဖီ ခိုင်ခိုင်မာမာ ရပ်တည်လုပ်ဆောင်သွားမယ်" ဆိုပါတယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကိုလည်း ခိုင်မာစွာ ရပ်တည်သွားမယ် ဆိုပါတယ်။ မူ ၆-ချက်ဆိုတာ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုကနေ ရလာတဲ့ တပ်မတော်ရဲ့ "အသိတရား" လို့ ဆိုပါသေးတယ်။ အဲဒါအပြင် စည်းတားပါတယ်။ NCA မှ လွဲ၍ နောက်ထပ်လမ်းကြောင်း၊ ဒုတိယ လမ်းစဉ်တွေ ရှိနေတာကို အသိအမှတ်ပြုပြီး၊ လက်မခံနိုင်ဘူးလို့ အပြန်ငြင်းပါတယ်။ ဒီလို အလွန်အကျွံတွေ ဖြစ်လာရင် တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင်ရာရောက်တယ်။ တပ်မတော် (သူက မိမိတို့ရဲ့) တာဝန်နဲ့ အညီ ဆောင်ရွက်သွားမယ်လို့လည်း သတိပေးပါတယ်။ အဲဒါအပြင် သူက NCA အခြေခံမူတွေ၊ လမ်းပြမြေပုံ အစီအစဉ် တွေကို ကျော်လွန်လုပ်ဆောင်နေတာကိုလည်း သတိပေးပါတယ်။
အခုညီလာခံမှာ ကြားကာလအစီအစဉ် (Transitional arrangement) နဲ့ ပတ်သက်ပြီး ပြောဆိုတာ သူတစ်ဦးပဲ တွေ့ရပါ တယ်။ ဒီအစီအစဉ်တွေကသာ ပဋိပက္ခဖြစ်ပွားရာနေရာ ဒေသတွေရဲ့ ဖွံ့ဖြိုးရေးနဲ့ လက်ငင်း အကျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ အပစ်ရပ် အဖွဲ့တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောပြီး၊ တည်ဆဲဥပဒေ၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ် တွေကို ဝင်ရောက်မစွက်ဖက်ဖို့၊ ကျော်လွန် လုပ်ဆောင်တာ မလုပ်ကြဖို့လည်း သတိပေးပါတယ်။ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေအတွက် အနာဂတ်နိုင်ငံတော်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက် အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည် ဆောက်မယ်လို့ အာမခံပြောပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအတွက်လည်း NCA ဟာ လက်နက်ချခိုင်းတဲ့ စာချုပ်တခု မဟုတ်ကြောင်း အသိပေးရှင်းလင်းခဲ့ပါသေးတယ်။
ကာချုပ် မိန့်ခွန်းမှာ အခြားထူးခြားချက် တစ်ရပ်ကတော့ တို့တာဝန် အရေးသုံးပါးအပြင်၊ "ပါတီစုံဒီမိုကရေစီစနစ်" ကိုပါ ခိုင်ခိုင်မြဲမြဲနဲ့ ရာသက်ပန်စောင့်ထိန်းလိုစိတ် အခြေခံလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သဘောတူ သည်ရှိ- မတူသည်ရှိ တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း၊ ထုပ်ထုပ်ပိုးပိုး ဖော်ပြနိုင်ခဲ့ပါ တယ်။
အလားတူပဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုယ်စား ပြောတဲ့ KNU ဥက္ကဋ္ဌမိန့်ခွန်းကလည်း သေသပ် တိကျပါတယ်။ သူကတော့ ယုံကြည်မှုတည်ဆောက်ရေး ပိုမိုအားကောင်းဖို့၊ အင်အားစုအားလုံး ပါဝင်နိုင်ဖို့ (all inclusive)၊ တန်းတူရည်တူ ဆွေးနွေးနိုင်ဖို့၊ NCA လက်မှတ်ရေးထိုးထားသူများ ပါဝင်မှုလောက်နဲ့ နိုင်ငံလွှမ်းခြုံ ပြဿနာတွေကို ဖြေရှင်း နိုင်မှာ မဟုတ်ဘူးဆိုတာ အလေးပေး ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲလုပ်ငန်းစဉ် (Process) မှာ အားနည်းချက်တွေ ရှိနေတယ်။ လွှမ်းမိုးချုပ်ကိုင်မှုကင်းတဲ့ အခင်းအကျင်းကို တောင်းဆိုတယ်။ ပုံပြသဘော၊ အလျင်စလို ဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အထောက်အကူမပြုသလို၊ ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
နိုင်ငံရေးပါတီများကိုယ်စား ပြောတဲ့ USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကတော့ တို့တာဝန်အရေး ၃ ပါးကို ဦးစားပေး ပြောသွား ပါတယ်။ ခွဲထွက်ဖို့ကိစ္စက စဉ်းစားရန်ပင် မသင့်လို့လည်း ဆိုပါတယ်။ ပြည်ပစွက်ဖက်မှုအပေါ်လည်း စိန်ခေါ်မှု တခုလို့ သူက မြင်ပါသေးတယ်။ အချို့သူများကတော့ သူ့မိန့်ခွန်းကို ခပ်လွယ်လွယ် ဝေဖန်ပြောဆိုမှုတွေ တွေ့ခဲ့ရပါတယ်။ ကျနော်ကတော့ ဒီကိစ္စတွေဟာလည်း တရားဝင်တဲ့ စိုးရိမ်ပူပန်မှု (legitimate concerns) တွေ အဖြစ် ရှုမြင်သင့်တယ်လို့ မြင်မိပါတယ်။ သူ့ပြောတဲ့ အယူအဆမျိုး အခြားလက်ခံထားသူ ပရိသတ်လည်း ရှိနေနိုင်ပါတယ်။
ယေဘုယျအားဖြင့်တော့ ငြိမ်းချမ်းရေးအပေါ် အားလုံးက လိုလားတောင့်တနေကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ကြဖို့ကိုလည်း လိုလား သဘောညီနေကြပါပြီ။ သို့သော်လည်း ဗျူဟာ၊ အကောင်အထည်ဖော်မှု ရှုထောင့်တွေကတော့ ကွဲလွဲနေနိုင်ပါတယ်။ ဒီနေရာမှာ ကျနော့သုံးသပ်ချက်ကတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာ၊ ရွေးကောက်ပွဲအနိုင်ရ အစိုးပါတီ NLD ရဲ့ မဟာဗျူဟာတွေကို သဲသဲကွဲကွဲ မမြင်ရသေးဘူးလို့ ထင်မိပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...