တစ်ယောက်နဲ့ တစ်ယောက် ယုံတယ် မယုံဘူးဆိုတာ
ဘယ်လောက်ရိုးဖြောင့်လဲဆိုတဲ့အပေါ်မှာ ကြည့်ကြတယ်။ တစ်သက်လုံး မျက်နှာချင်း
နှစ်ဖက်ဆိုင်လာခဲ့ကြတဲ့
သူတွေဟာ ကိုယ့်အမှန်တရားနဲ့ကိုယ် ပြောကြမှာဗျ။ ဒီနေရာမှာ ဘယ်သူ မှန်တယ်၊ မှားတယ်ပြောနေမယ့်အစား အလုပ်ဖြစ်ရေးဆိုတာ ကို တွေးရတော့မယ်။ အရိုးရှင်း
ဆုံးနည်းကတော့ ဖြစ်နိုင်ခြေရှိတဲ့တူတာတွေ အရင်ပြော
ကြရတော့မယ်။ တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်မခံနဲ့၊ အမူအရာမပိုနဲ့။ တူနိုင်တယ်ဆိုရင် ဒါတော့ကောင်း
တယ်ဗျာ တူပြီ ချရေးလိုက်မယ်။ တူတာတွေက စလိုက်ရင် ကောင်းမွန်တဲ့ လှေကားထစ်တွေဖြစ်သွားမယ်။ တူညီတာကို အရင်ကြည့်ပါ။ ပြဿနာအရှိဆုံးအပိုင်း
ဆိုတာ ရှိစမြဲပဲ။ အဲ့ဒါကို စကြည့်မယ်၊ စကိုင်တွယ်မယ်ဆို ကျွန်တော်တို့ ရှေ့ဆက်လို့မရတော့ဘူး။ အတိတ်က သင်ခန်းစာတွေက ဒီအတိုင်းပဲ လာတယ်ဗျ။
ကျွန်တော် တစ်ချက်ပဲပြောမယ်။ အရေးကြီးဆုံး
အချက်က ဒါတွေက ဈေးရောင်း၊ ဈေးဝယ်လုပ်နေတာ မဟုတ်ဘူး။ ဘယ်လောက်ဆစ်မှာမို့လို့ ငါကတော့ ဈေးဘယ်လောက်တင် ထားမယ်ဆိုတာမျိုး မရှိဖို့လိုတယ်။ ကျွန်တော် ဖြစ်စေချင်တာ ဒါပဲဆိုတာ တစ်ခါပဲပြောတာ ကောင်းတယ်။ ´´

Comments
Post a Comment