Skip to main content

ကျွန်မ ကအဖေ့သမီးပဲ

( ၁ )
ကျွန်မ ကအဖေ့သမီးပဲ
ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တယ်
ဘယ်နှစ်ခါမှတ်ကျောက်တင်ပြရဦးမှာလဲ
ရှင်တို့တွေပဲ ပွန်းပဲ့ကုန်ပြီ

ကျွန်မ လား …
လက်နဲ့ထိလိုက်လို့ရွှေဖြစ်မသွားပေမယ့်
လက်ခုပ်တစ်ချက်တီးတိုင်း
ချိုးငှက်တစ်ကောင်ထပျံမယ်
ပန်းပွင့်တစ်ပွင့် ရှင်တို့ရှေ့မှာထပွင့်မယ်

ယူသွားစမ်းပါ …
ကြၽန္မကမ ၻာထဲက ကြၽန္မပုိင္ဆုိင္သမွ်

ကြၽန္မ အသားပဲ့ပါသြားတာမွ မဟုတ္တာ
လိုချင်သေးတယ်ဆိုရင်ပြော
ကျွန်မ ပြည်သူတွေအတွက်ဆို
ကျွန်မ နှလုံးသား တစ်ခုလုံး ( အသင့် )ထုတ်ထားပြီးပြီ

( ၂ )
ဘယ်သူပြောလဲ ရှင်တို့ကိုဘယ်သူပြောလဲ
မီးပုံထဲကိုတိုးဝင်တဲ့ ပိုးဖလံတွေအကြောင်း
ရှင်တို့ကိုဘယ်သူပြောသလဲ

ရှင်တို့ပါးစပ်တစ်ချက်ဟလိုက်တိုင်း
တစ်တောင့်ထွက်လာတဲ့ အဲ့ဒီကျည်ဆန်တွေ
ပါးရှစ်စိတ်ကွဲသွားမယ်
ဒီမယ် ဒီမယ် …
ကျွန်မ က မီးပုံထဲကခုန်ထွက်လာတာ
ရှင်တို့ခေါင်းတွေမော့ကြည့်လိုက်
မြင်လား .. အဲ့ဒါ ကျွန်မပဲ

( ၃ )
မကြောက်ပါနဲ့ …
ကျွန်မ ခြေလှမ်းတိုင်းက ဒိုင်းဆိုတဲ့အသံမထွက်သလို
ရှင်တို့အာဏာကိုလက်နက်နဲ့အကြမ်းဖက်နေတာမှမဟုတ်တာ

မစိုးရိမ်ပါနဲ့ …
ခေါင်းပေါ်ရွက်ပြီးဈေးခေါ်နေရအောင်
ကျွန်မ နိုင်ငံကရောင်းကုန်တစ်ခုမဟုတ်ဘူး
ရှင်တို့တော်လွန်းလို့ဂုဏ်ပြုခံထားရတဲ့
LDC ထဲကနေခေါင်းပေါ်ရွက်ပြီး ဆွဲထုတ်မှာ

မပူပါနဲ့ …
ခါးကြားမှာသေနတ်ထိုးပြီး လက်အုပ်ချီနေတာမှမဟုတ်တာ
ခုတုံးလည်းမလုပ်ဘူး တုံးလည်းမခုဘူး
မီးဖိုချောင်ထဲကလက်တစ်စုံက ဘာသာရေးမီးတွေ
တောက်စေမတဲ့လား …
မှတ်ထားကြ နောက်ဘယ်တော့မှမလုပ်နဲ့
ရှင်တို့သေရင် သူတို့ကပဲသရဏဂုံတင်ပေးကြမှာ...
( ၄ )
အဲ့ဒီအစိမ်းတွေနောက်ကိုဆုတ်
မင်းတို့သေနတ်တွေခဏမောင်းဖြုတ်ထား
နေ နေ … လက်အုပ်မချီနဲ့
ဒါဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ဒါလောကနိယာမပဲ
ဖိလွန်းရင်ကြွတာ သဘာဝပဲလေ

ကျောက်ဆောင်တွေတောင်လှိုင်းရိုက်ပါများရင်
ကွဲအက်ကုန်ကြသေးတာပဲ …
သူတို့ကသစ်ငုတ်တွေလေ တိုက်စရာမလိုပဲကိုနဲ့နေတာ
ရှင်တို့အတွက်တော့ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားသလိုပေါ့
ကျွန်မအတွက်တော့
သာမန်ပူဖောင်းတစ်လုံးပေါက်ကွဲရုံပါပဲ

လွယ်တော့မလွယ်ဘူး ခက်သလားဆိုတော့လည်း
သေနတ်မပစ်တတ်ရင်ရပြီ
စိတ်ချပါ .. ရှင်တို့အရှုပ်တွေရှင်းဖို့ရောက်လာတာ
အေးအေးဆေးဆေးပဲဆင်းသွားတော့
ကျွန်မသာနောက်ကြောင်းပြန်တတ်မယ်ဆိုရင်
ဒီအချိန်မှာဒီနိုင်ငံက စစ်တလင်းဖြစ်နေလောက်ပြီ

( ၅ )
ကျွန်မ အတွက်တော့ တိုင်းပြည်ကိုထူထောင်တယ်ဆိုတာ
သစ်ပင်တစ်ပင်ကိုစိုက်ရသလိုပဲ
သေနတ်ထောက်ပြီးပွင့်ခိုင်းရင် ကျည်ဆန်တွေထွက်လာနိုင်သလို
မေတ္တာထောက်ပြီးပွင့်ခိုင်းရင်တော့
ချိုးငှက်တွေထွက်လာနိုင်တယ်

ဒီရေစီးကြောင်းထဲက လူတွေအကုန်
ဒီဘဝမှာ ဒီမျိုးဆက်တွေအတွက်
ဒီမိုကရေစီနိုင်ငံအိပ်မက်ကို ဖြစ်ချင်နေကြတာပဲ
ဒီမယ် … သူတို့အိပ်မက်တွေအတွက်
ဖန်တီးပေးနေရင်း ကျွန်မကမအိပ်ပဲကင်းစောင့်နေတာ

သိပ်လည်းမအံ့သြကြနဲ့ မထူးဆန်းပါဘူး
ကျွန်မ ကို အမေ လို့ခေါ်နေကြတာ မဆန်းဘူး
ဘယ်သူခေါ်ခေါ် ဘယ်နေရာမှာခေါ်ခေါ်
အဲ့ဒါကအရေးမကြီးဘူး ကြီးမားတဲ့အရေးတွေအတွက်
အမေ ရှိမှဖြစ်မယ်တဲ့ ( သူတို့ကပြောတယ် )

( ၆ )
ကောင်းကင်ပေါ်ကနေဝုန်းခနဲကျလာတာမှမဟုတ်တာ
ကိုယ့်အထုပ်ကိုယ်ဖြည်ပြီးထွက်လာ
ကိုယ့်စရိတ်ကိုယ်စားပြီးရှင်သန်နေတာ
မယုံရင်အဲ့ဒီလူငယ်တွေကိုမေးကြည့်
ကျွန်မ အရိပ်ကအေးတယ် နွေးတယ်တဲ့

ခလုတ်ထိမှပဲအမိတ တ ဘူသီးမှပဲအရီးတော် တော်
ကျွန်မ မေတ္တာရိပ်အောက်မှာ
ဘယ်အမြင်နဲ့ကြည့်ကြည့် အလင်းပဲမြင်ရမယ်
ဘယ်နားနဲ့ပဲထောင်ထောင် ချိုးငှက်သံပဲကြားရမယ်

ဘယ်ဘုရားမှ ဗျာဒိတ်မပေးခဲ့သလို
ဘယ်ဘုရားမှ နမိတ်ဖတ်မသွားဘူး
သံသရာအဆုံးဟာ နိဗ္ဗာန်ဆိုရင်
အာဏာရှင်အဆုံးဟာ ဒီမိုကရေစီစနစ်ပဲ

ကျွန်မ ကိုကြောက်စရာမလိုပါဘူး
ကျွန်မ ရှင်တို့ကိုသေနတ်ထောက်မထားဘူး
အတိတ်ကိုပြန်တူးဆွနေရင်
ရှင်တို့အရိပ်တွေ ရှင်တို့ပြန်ကြောက်နေရမှာပေါ့
လက်စားချေတယ်ဆိုတာ ရှင်တို့အတွက်သမုဒ္ဒရာကြီးဆိုရင်
ကျွန်မ အတွက်တော့ ရေအိုင်ငယ်တစ်ခုထက်မပိုဘူး
....
( ၇ )
ကျွန်မ ဘာလဲ ကျွန်မ ဘယ်လိုလူလဲ
လူတိုင်းကိုလိုက်ရှင်းပြမနေနိုင်ဘူး
ကျွန်မ ကိုယ့်ထမင်းကိုယ်စားပြီးဒီနေရာကိုရောက်လာသလို
ကျွန်မ စိုက်ခဲ့သမျှ ကျွန်မပြန်ရိတ်သိမ်းရမှာပဲ
ဘာမှစိတ်မပူနဲ့ရယ် …
သူတို့ကြောင့် ကျွန်မ အားတွေရှိသလို
ကျွန်မ ကြောင့်သူတို့တွေအားရှိတယ်

မြင်ဖူးအောင်ကြည့်ထား အရိုးစွဲနေအောင်မှတ်ထား
ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ ကျည်ထိုးရတာလောက်မလွယ်ဘူး
ဒီမယ် … ရှင်တို့ပြောပြောနေတဲ့
အဲ့ဒီလောကဓံရှစ်ပါး ပါးရှစ်စိတ်ကွဲသွားမယ်
ကျွန်မ အတွက်တော့ ဒူးဆိုတာထောက်ဖို့မဟုတ်ဘူး

( ၈ )
မိန်းမဆန်စွာနဲ့သတိတရားကိုမောင်းတင်ထားရသလို
မိန်းမဆန်စွာနဲ့လည်း ပန်းတစ်ပွင့်ပန်ထားတယ်

ဖြတ်နင်းသွားကြပါ ဒီလမ်းကိုလျောက်
ဒီပန်းတိုင်ကိုရောက်ဖို့ကျွန်မအသွေးအသားတွေကိုသာမက
ကျွန်မဘဝတစ်ခုလုံးခင်းပေးထားတာပဲ
အားမနာပါနဲ့ ကျွန်မက အမေလေ

တစ်ချို့တွေသောင်ထွန်းဖို့
ကျွန်မကမ်းပါးကိုကျွန်မကိုယ်တိုင်ဖြိုခဲ့ရတယ်
တစ်ချို့တွေအလင်းရဖို့
ကျွန်မကိုယ်ကျွန်မလောင်ကျွမ်းပေးခဲ့ရတယ်
မယုံသေးရင်သမိုင်းကိုပြန်လှန်ကြည့်
မာတိကာမှာ ကျွန်မနာမည်တွေချည်းပဲ

လိုက်ရှာမနေနဲ့ …
ဘယ်သူမှမတင်မြောက်ပဲ ကျွန်မဒီနေရာကိုရောက်မလာဘူး
လူထုခေါင်းဆောင်ဆိုတဲ့ နာမည်အတွက်ကျွန်မအသင့်
မယုံရင်ရှင်တို့အရိပ်တွေပြန်ကြည့်
ရှင်တို့ရှေ့မှာကျွန်မခြေလှမ်းတွေ

( ၉ )
အဲ့ဒီအတွက် ကျွန်မမှာဥတုသုံးပါးမရှိဘူး
လာမယ်ဆိုရင်ပြော ဆူးတွေရှင်းပြီးပန်းတွေခင်းထားပေးမယ်
ဒါက ကျွန်မ ရဲ့ဒုက္ခသစ္စာပဲလေ

ကဲ မြင်ပြီလား …
ပြီးပြည့်စုံတဲ့မေတ္တာတရားကအရာရာကို အောင်နိုင်တယ်ဆိုတာ
မယုံသေးရင်မေးကြည့် ကျွန်မမေတ္တာရိပ်အောက်မှာ
တစ်ချို့တွေ ကမ္မဝါဖတ်စရာမလိုပဲ ကိုယ့်အရိပ်ကိုယ်ပြန်ကြောက်နေကြပြီ

အခုမှစတာပါ ဒါကနိဒါန်းပါ
တကယ်တော့ ဒီကမ်းစပ်ကိုရောက်ဖို့
တစ်ခါတစ်လေ ကျွန်မ ကလှေတစ်စင်း
တစ်ခါတစ်လေတော့ လှိုင်းလုံးကြီးပေါ့
ကိစ္စမရှိဘူးရယ် မုန်တိုင်းတွေကြောက်နေရင်
ဒီနိုင်ငံကိုဘာလို့ ပင်လယ် ထဲခေါ်သွားတော့မလဲ
စိတ်သာချ ကျွန်မကိုယ်တိုင် မာလိန်မှူး
ကျွန်မကိုယ်တိုင် လှေတစ်စင်း ကျွန်မကိုယ်တိုင် ပင်လယ်ကြီး

ဒီမြတ်ငြိမ်း
Khant Naing

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...