Skip to main content

၂၁ ရာစုပင်လုံနှင့် ပါဝင်ကြသူတို့၏ အမြင်များ

၂၁ ရာစုပင်လုံနှင့် ပါဝင်ကြသူတို့၏ အမြင်များ မေလ ၂၉ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံးနေ့ကို ကျင်းပပြီးစီးခဲ့သည်။ ညီလာခံ နောက်ဆုံးနေ့တွင် သဘောတူညီချက် စုစုပေါင်း ၃၇ ချက် ရရှိခဲ့ပြီး ယင်းသဘောတူညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်းများအဖြစ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ စာချုပ်ချုပ်ဆိုနိုင်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူများ၏ ပြောစကားများကို ဖော်ပြလိုက်ရသည်။

“ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့ပါပြီနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ညီလာခံ ကျေးဇူးတင်စကား မိန့်ခွန်း)
ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေက အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းမကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းကြီး ဖြစ်ပါတယ်။ ဒီခြေလှမ်းလှမ်းနိုင်ဖို့၊ သဘောတူညီချက်တွေကို လွယ်လွယ်ကူကူ ရရှိခဲ့တာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ဓာတ်တက်ကြွစရာတွေ ကျော်ဖြတ်ပြီးမှ အခုလို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ သဘောထားကွဲလွဲမှုတွေ၊ ရှုမြင်ကွာခြားချက်တွေ အမျိုးမျိုး ရှိခဲ့ကြပေမယ့်လည်း ဘုံတူညီတဲ့ သဘောထားအမြင်တွေ ဖြစ်လာအောင် ဆွေးနွေးငြင်းခုံ ညှိနှိုင်းနိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်ဖွယ်ရာ ကောင်းလှပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းမှ တစ်ဆင့် အနာဂတ် မျိုးဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံအုတ်မြစ် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့တာ ဖြစ်တဲ့အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်။ တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်။

 “ကျွန်တော်တို့ အကျေအလည် ဆွေးနွေးနိုင်ခဲ့ပါတယ်”ညီလာခံ သဘာပတိ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်
ဒီနေ့ကျင်းပတဲ့ ညီလာခံကြီးဟာ အရင်က ကျင်းပတဲ့ ညီလာခံတွေနဲ့ ကွဲပြားခြားနားပြီးတော့ ထူးထူးခြားခြား ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကြားမှာ သဘောတူညီချက် အချို့ကို ရရှိအောင် ကျွန်တော်တို့ အကျေအလည် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု သဘောတူညီချက်စာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် လက်မှတ်ထိုးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ ဆွေးနွေးခဲ့တဲ့ ကဏ္ဍတွေအလိုက် သဘောတူညီခဲ့တဲ့ ကဏ္ဍတွေ ရှိသလို သဘောတူညီချက် မရရှိခဲ့တဲ့ ကဏ္ဍတွေလည်း ပါရှိပါတယ်။ သဘောတူညီချက် ရရှိတဲ့ ကဏ္ဍတွေအလိုက် ညီလာခံတစ်ခုနဲ့ တစ်ခုကြားမှာပဲ ကျွန်တော်တို့ကြားမှာ  အလွတ်သဘော ဆွေးနွေးတာတွေ၊ တရားဝင် ဆွေးနွေးတာတွေကို အကျေအလည် ဆောင်ရွက်သွားရမယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆမိပါတယ်။ ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်များရဲ့ စိတ်ထဲမှာလည်း ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေတဲ့ ခံယူချက် ရှိပေမယ့်လည်း ပြည်ထောင်စုကြီး ငြိမ်းချမ်းတိုးတက်ဖို့ လမ်းကြောင်းဟာ ဘယ်လိုသွားမလဲဆိုတဲ့ အယူအဆတွေ၊ နည်းလမ်းတွေ ဒါတွေကို မူတည်ပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့အတွက်၊ သည်းခံခွင့်လွှတ်ကြဖို့အတွက် လိုအပ်တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ယူရဦးမယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။

“ခွဲထွက်ခွင့်ဆိုတဲ့ ဒီစကားလုံးက မပါလေ ကောင်းလေပါပဲ”စိုင်းကျော်ညွန့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂ခွဲထွက်ခွင့်ဆိုတဲ့ ဒီစကားလုံးက မပါလေ ကောင်းလေပါပဲ။ ဒီစကားလုံးကြောင့် ကျွန်တော်တို့တိုင်းပြည် အခက်အခဲဖြစ်ခဲ့ပြီးပြီ။ အဲဒီစကားလုံးမျိုးကို ဘေးမှာချပြီး ဆွေးနွေးရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါကြီး စားပွဲပေါ်ရောက်ပြီ ဆိုတာနဲ့ ဒီအပေါ်မှာ ဝိဝါဒတွေ ကွဲပြားတဲ့ ခြားနားမှုတွေရှိတော့ ဒီအပေါ်မှာ ဟိုဘက်ဒီဘက်ရဲ့ ဆွေးနွေးချက်တွေ ခံစားချက်တွေ ပါလာတာပေါ့။ မလိုလားအပ်ဘဲနဲ့ မဆွေးနွေးတာ အကောင်းဆုံးပဲ။ ဘယ်သူမှလည်း ဒီတိုင်းပြည်က ခွဲထွက်မယ် ပြုမယ်ဆိုတဲ့ တိုင်းရင်းသားတွေလည်း မရှိပါဘူး။ အဓိကတော့ ဒီတိုင်းပြည်ကြီးကို အတူတကွ တည်ထောင်ခဲ့ကြပြီးပြီ၊ ဘယ်သူမှလဲ ခွဲထွက်မယ် မပြောခဲ့ကြပါဘူး။ အပြန်အလှန်လေးစားမှုနဲ့ အသိအမှတ်ပြုပြီး ငါတို့တွေ အတူတကွ ကောင်းကောင်းမွန်မွန် အတူနေတယ်ဆိုတဲ့ ပုံစံမျိုး လက်ခံထားပြီဆိုရင် လောလောဆယ် အဆင်ပြေမှာပါ။နှစ်ပေါင်းခုနစ်ဆယ်လောက် ဖြစ်ခဲ့တဲ့ ပြဿနာတွေက ချက်ချင်းကြီး ပြေလည်ဖို့ လွယ်တော့ မလွယ်ဘူး။ ဟိုဘက် စိတ်အခံတွေ ရှိတယ်။ ဒီဘက် စိတ်အခံတွေ ရှိတယ်။ ပြောရရင် ဒါတွေက စေ့စပ်ညှိနှိုင်းရမှာပဲ။ တပ်မတော်ရဲ့ သဘောထားကို ပြောရရင် သူတို့လည်း စေ့စပ်ညှိနှိုင်းရေးထဲမှာ ပါနေတာပဲ။ ခါတိုင်းလို ပုံစံမဟုတ်ဘူး။ အခုက တပ်မတော်လည်း ဆွေးနွေးတာပဲ။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း ဆွေးနွေးတာပဲ။ အဲဒါက အပေးအယူတွေ အလျှော့အတင်းလေးတွေ လုပ်လာတဲ့အတွက် တပ်မတော်မှာလည်း ဒီယဉ်ကျေးမှုတွေ အထိုက်အလျောက်တော့ ရလာပြီဆိုတဲ့ သဘောရှိတယ်ပေါ့။

“လက်ရှိ ညီလာခံကတော့ ငြိမ်းချမ်းရေးအတွက် အရွေ့တစ်ခုလို့ ပြောလို့ရပါတယ်”ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းလက်ရှိ ညီလာခံကတော့ ငြိမ်းချမ်းရေးအတွက် အရွေ့တစ်ခုလို့ ပြောလို့ရပါတယ်။ အရင်အကြိမ်တွေတုန်းက ဘာမှသဘောတူညီချက်တွေမှ မရှိခဲ့ဘူး။ အခု NCA လက်မှတ်ရေးထိုးတဲ့ နေရာမှာ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ သဘောထား ရှိပါတယ်။ အခုကလည်း နိုင်ငံဆွေးနွေးပွဲ အဆင့်ဆင့်ပေါ့၊ လူမျိုးအလိုက် ဒေသအလိုက်ကနေ၊ ကဏ္ဍအလိုက် ဆွေးနွေးလာတဲ့ မူဝါဒတွေကို စုံညီအစည်းအဝေးမှာ UPDJC  က ရရှိလာတဲ့ အချက်တွေက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ့် အခြေခံတွေဖြစ်လို့ ဒါကတိုးတက်မှု ရှိတယ်လို့ ပြောနိုင်ပါတယ်။ အခက်အခဲကတော့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် စည်းလုံးညီညွတ်မှုရှိဖို့ ရည်မှန်းပြီးတော့ ဒီစည်းလုံးညီညွတ်မှုအတွက် အာမခံချက်ရှိတဲ့ သဘောတူညီချက်တွေ ရှိဖို့ လိုအပ်ပါတယ်။ ဒီအပေါ်မှာ သဘောတူညီမှု ရှိမှလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အခုက နှစ်ဖက်လုံးက လက်မခံနိုင်တဲ့ ကိစ္စတွေ ရှိပါတယ်။ ဒါတွေကို မဆွေးနွေးတာ မဟုတ်ဘူး။ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခြေခံတောင်းဆိုတာကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ကျွန်တော်တို့ လူမျိုးတစ်မျိုး အခြားလူမျိုးတစ်မျိုး စတဲ့ မတူကွဲပြားမှုတွေကို အသိအမှတ်ပြု လေးစားမှုရှိဖို့ လိုအပ်ပါတယ်။ ဒါတွေမရှိခဲ့လို့လည်း ပဋိပက္ခဖြစ်ဖို့ ဖြစ်လာတာ ဖြစ်တယ်။

“ဒီညီလာခံ အောင်မြင်မှုအတွက် အထူးသဖြင့် ဂုဏ်ပြုရမှာက တပ်မတော်သား ကိုယ်စားလှယ်တွေ ဖြစ်တယ်”ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာNCA ရဲ့ ပြဋ္ဌာန်းချက်အရ နိုင်ငံရေးလမ်းပြမြေပုံရဲ့ အဆင့်လေး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများ ကျင်းပခြင်းကနေ အဆင့်ငါး ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်းဆိုတဲ့ လမ်းပြမြေပုံ အဆင့်ဆင့်ကို ထပ်မံတက်လှမ်းလိုက်တာပဲ ဖြစ်တယ်။ ပြည်ထောင်စု သဘောတူစာချုပ်ကို အသက်ဝင်စေခြင်းလည်း ဖြစ်ပါတယ်။ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ကို တစ်လှမ်းတိုးလာတဲ့ တိုးတက်မှုဖြစ်စဉ်လို့ ပြောလို့ရပါတယ်။ NCA ပြင်ပကနေပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ ထဲထဲဝင်ဝင် မရှိသေးတဲ့ အင်အားစုများနဲ့ ပုဂ္ဂိုလ်များကတော့ ကျွန်တော်တို့ရဲ့ ညီလာခံက မပြည့်စုံဘူး၊ အားနည်းနေသေးတယ် စသည်ဖြင့် ဝေဖန်နေကြတာကို ကြားပါတယ်။ သို့သော် ဒီညီလာခံရဲ့ အောင်မြင်မှုကို မဟန့်တားနိုင်ပါဘူး။ ဒီညီလာခံ အောင်မြင်မှုအတွက် အထူးသဖြင့် ဂုဏ်ပြုရမှာက တပ်မတော်သား ကိုယ်စားလှယ်တွေ ဖြစ်တယ်။ တပ်မတော်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒ၊ စိတ်နေစိတ်ထား၊ သဘောထားအမြင်များ၊ ငြိမ်းချမ်းရေးအပေါ်မှာ အလေးအနက် ရယူလိုတဲ့ သဘောထားများကြောင့်လည်း အခုလို ညီလာခံ ရလဒ်ကောင်းများ ထွက်ပေါ်လာရတယ်ဆိုတာ အကြိတ်အနယ်၊ အကျေအလည် ကိုယ်တိုင်ကိုယ်ကျ၊ ဆွေးနွေးခဲ့ရတဲ့ ကျွန်တော့် အတွေ့အကြုံအရ ရဲရဲပြောနိုင်ပါတယ်။ တပ်မတော် အစုအဖွဲ့ အနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ သဘောထား မပြောင်းလဲဘဲ တစိုက်မတ်မတ် လိုက်ပါမယ်လို့လည်း ယုံကြည်တယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video