Skip to main content

ခွဲမထွက်ရစကားလုံး အရင်အစိုးရလက်ထက်က သဘောတူခဲ့ပြီးမှ

ခွဲမထွက်ရ စကားလုံးဟာ အရင်အစိုးရလက်ထက်က သဘောတူခဲ့ပြီးမှ အခုပြင်ဆင်ဖို့ လုပ်တာဟာ လက်ရှိအစိုးရကို အခက်အခဲဖြစ်စေတယ်လို့ တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွင်က ပြောပါတယ်။
နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရ ဆိုတဲ့ စကားလုံးဟာ အရင်အစိုးရလက်ထက်ကတည်းက သဘောတူလာခဲ့ပြီးမှ အခုမှပြင်ဆင်ဖို့ လုပ်တာဟာ လက်ရှိအစိုးရအတွက် အခက်အခဲဖြစ်စေတယ်လို့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့မှာ ပြောဆိုလိုက်တာပါ။
ခွဲမထွက်ရစကားလုံးအစား တိုင်းရင်းသား ၁၃၅ မျိုးလုံးခွဲထွက်ချင်တဲ့ဆန္ဒမရှိကြပါဘူးဆိုတဲ့ စကားစုကို ရွေးချယ်ပြီး ဆွေးနွေးကြဖို့လိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက အကြံပြုပြောပါတယ်။
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ရဲ့ ပြောကြားချက် အပြည့်အစုံ…..

Comments