Skip to main content

Posts

Showing posts from April, 2015

ရွေးကောက်ပွဲလေ့လာမယ့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ အမေရိကန်ရောက်ရှိ ၂၇၊၀၄

အမေရိကန်ပြည်ထောင်စုရဲ့ (IVLP) ခေါင်းဆောင်မှုဆိုင်ရာ နိုင်ငံတကာ လေ့လာရေး အစီအစဉ်နဲ့ မြန်မာနိုင်ငံက လွတ်တော်နဲ့ အရပ်ဖက် အဖွဲ့အစည်းကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲ့ဟာ မနေ့က စနေနေ့မှာ ဝါရှင်တန်ဒီစီကို ရောက်လာပြီဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၄ ခုမှာ သီတင်း ၃ ပါတ်ကြာ ရွေးကောက်ပွဲဆိုင်ရာ လေ့လာမှုတွေ လုပ်မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြပေးမှာပါ။

ပြည်သူ့ရှေ့မှောက် တရားစီရင်ရေး ဖြစ်ဖို့လိုအပ်

ကျွန်တော် မနေ့က (၂၃ ဧပြီ) လက်ပံတန်းမြို့နယ်၊ တရားရုံးမှာ ရုံးထုတ်လာတဲ့ မတ်လ ၁၀ ရက် မှာ အကြမ်းဖက်ခံခဲ့ရကာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ၊ ခေါင်းဆောင်တွေ၊ ၀န်း ရံသူတွေနဲ့ သွားရောက်တွေ့ဖြစ်ခဲ့ပါတယ်။

မောင်စွမ်းရည် – “ ကျော်ကိုကိုရေးတဲ့ ကျောင်းသားသမဂ္ဂသမိုင်း”၊ ဧပြီ ၂၂

ကျော်ကိုကို ၂၀၁၄ ဧပြီကရေးခဲ့တဲ့ စာအုပ်တအုပ်ဟာ အခုဆိုရင် ထုတ်ဝေခဲ့တာ တနှစ်ကြာပြီ။ “ကျောင်းသားသမဂ္ဂသမိုင်း” လို့ အတိုကောက်ရေးလိုက်ပေမယ့် စာအုပ်အမည်အပြည့်အစုံကတော့ “ကျောင်းသားသမဂ္ဂနှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း” ပါတဲ့။ ဒီစာအုပ်ကလေးကို ဗမာပြည်အလည်အပတ်ပြန်တဲ့ ဗမာမိတ်ဆွေတဦးဆီက ဖတ်ရတော့ အထူးစိတ်ဝင်စားမိပါတယ်။ ပြည်ပရောက်ကျောင်းသားလူငယ်တွေကို ဒီစာအုပ်အကြောင်းမေးကြည့်တော့ ထုတ်ဝေခဲ့တာ တနှစ်တင်းတင်းပြည့်ခဲ့ပေမယ့် ဘယ်သူတဦးတယောက်မှ ဖတ်ဖူးဖို့

၂၀၁၅ ရွေးကောက်ပွဲနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်လောက်အထိ ဆက်စပ်နေသလဲ – မောင်သုတ

င်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို “မျှော်”ရတဲ့ အကြောင်းရင်းတစ်ခုက အချိန်တို အတွင်းမှာ နိုင်ငံခြားငွေ အလုံးအရင်း စီးဝင်လာပြီး “ဆူလွယ်နပ်လွယ်” ဖြစ်တဲ့ သယံဇာတ တူးဖော်ရေးနဲ့ ထုခွဲရောင်းချရေးဘက်ကို သွားချင်လို့ဖြစ်ပါတယ်။ ကိန်းဂဏန်းအနေနဲ့ ချပြတဲ့အခါမှာလည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေက မျက်နှာပန်းလှတယ် မဟုတ်ပါလား …

တူမောင်ညို – ရုန်းကြွ တော်လှန်မည်လော … အသုံးချ နာခံမည်လော၊ ဧပြီ ၂၁

လက်ရှိစစ်တပိုင်းအုပ်စိုးသူများသည် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ဖြစ်ရပ်ကိုမဆို သူတို့အကျိုးစီးပွားအတွက် အမိ အရ အသုံးချလေ့ရှိပါတယ်။ သူတို့ အကျိုးစီးပွားဆိုတာက လက်ရှိ ချုပ်ကိုင် လွမ်းမိုးအုပ်စိုးထားနိုင်တဲ့ အာဏာနဲ့ ဘဏ္ဍာ အရင်းအမြစ် အားလုံးကိုဆိုလိုတာပါ။ အသုံးချတယ်ဆိုတာမှာ ဘက်နှစ်ဖက်ရှိပြီး၊ တဖက်က သူတို့လက်ရှိ အကျိုးစီးပွားတည်မြဲတိုးပွားရေးအတွက်  မှိုင်းတိုက် လှည့်စား ကာကွယ်ရေးဖြစ်ပြီး၊ အခြားတစ်ဖက်ကတော့ သူတို့ရဲ့ အကြမ်းဖက် ဖိနှိပ်မှန် သမျှကို လိမ်ညာ ဖုံးကွယ်ဖာထေးဖို့ဆိုတာ ပဲဖြစ်ပါတယ်။ ဒီဘက်နှစ်ဖက်ကို ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်၊ အခြေအနေနဲ့အညီ ကွက်ပြည့်နင်းပြီး အသုံးချနေကြတာလည်းဖြစ်ပါတယ်။

ဇင်လင်း – စိန်ခေါ်မှုများနှင့် စစ်ခင်းသူ၊ ဧပြီ ၂၁

၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၁) ကား မြန်မာနိုင်ငံသူနိုင်ငံသားအမြောက်အများ စိတ်နှလုံးမသာမယာ ၀မ်းနည်းမဆုံး ကြေကွဲ မဆုံးဖြစ်ကြရသည့် နေ့။ မြန်မာ့ ဒီမိုကရေစီဘက်တော်သားတို့အတွက် ရှေ့ဆောင်လမ်းပြ ကြယ်တံခွန်ကြီးတစ်စင်း ကွယ်ပျောက် သည့်နေ့။  ထိုနေ့တွင် သတင်းစာဆရာကြီး ဟံသာဝတီ ဆရာဦးဝင်းတင် (သို့မဟုတ်) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ထူထောင်ခဲ့သူ နိုင်ငံရေးသုခမိန်ကြီး ဦးဝင်းတင်အား ဒီမိုကရေစီ ဘက်တော်သား တို့ဆုံးရှုံး လိုက်ရသည့် နေ့ ဖြစ်ပေသည်။

မြစ်ဆုံကို အာဏာရလာသူ ဘယ်သူမဆို လုပ်ချင်တိုင်းလုပ်လို့ ရလို့မရနိုင်တော့ပါဘူး ဧပြီ ၂၁

ကိုမြင့်ဇော် တက္ကစီပေါ်သို့ တက်လိုက်စဉ် သူမြေအောက်လှုပ်ရှားခဲ့သည့် အစိုးရ ကျောထောက်နောက် ခံပြု ရေအားလျှပ်စစ် စီမံကိန်းကို ကန့်ကွက်မှုလုပ်ငန်း အောင်မြင်သည်ဟု သိလိုက်သည်။ တက္ကစီဒရိုက်ဘာက အရိပ်ထဲမှ ကိုမြင့်ဇော်အသံကို အကျွမ်းဝင်မှတ်မိနေသည်။ Ko-Myint-Zaw " ခင်ဗျားက Save The Irrawaddy က မဟုတ်လား" ဟု ဒရိုင်ဘာဖြစ်သူက မြန်မာနိုင်ငံ၏ အရေးကြီးဆုံးမြစ် ပျက်စီးသွားနိုင်သည့် တရုတ်ဦးစီးသော စီမံကိန်းကို ဆန့်ကျင်သည့် ကိုမြင့်ဇော်နှင့် အခြားတက်ကြွလှုပ်ရှားသူများ၏ ဗီဒီယိုကို ညွှန်းလျက် ပြောဆိုသည်။ ပို၍

“ငြိမ်းချမ်းရေးအတွက် အရင်လို စေတနာပြပါဦး” ဧပြီ ၂၁

လာမယ့် မေလ ၁ ရက်နေ့ကျရင် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ထားတဲ့ ပန်ဆန်းမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကြီး တစ်ခု ကျင်းပပါတော့မယ်။ သိပ်မကြာသေးခင်တုန်းက အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ဟာ အပစ်ရပ် စာချုပ်မှာ ထည့်သွင်းမယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကနဦး သဘောတူညီချက်ရ၊ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီလို လက်မှတ်ရေးထိုးနိုင်တာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရဘက်က အောင်မြင်မှု တစ်ခုလို သတ်မှတ်ပြီး၊ သိပ်မကြာခင် တစ်တိုင်းပြည်လုံးဆိုင်ရာ

မြေအသုံးချမှု မူဝါဒ (မူကြမ်း)

 လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်း မြေယာဧက သန်းချီပြီး စစ်အုပ်စု အသိုင်းအဝိုင်းက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် (၂၀၁၄) အောက်တိုဘာလမှာ အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ဆင်လိုသူနဲ့ ကန့်ကွက်သူတွေ များနေတာ တွေ့ရပါတယ်။

အင်ဒိုနီးရှားကို အတုယူရေး

 မြန်မာ့နိုင်ငံရေးဟာ ဆူဟာတိုခေတ် အင်ဒိုနီးရှားပုံစံမျိုး ဖြစ်နေတာမို့ အင်ဒိုနီးရှားလို အရပ်သားချည်း ပါဝင်တဲ့ အစိုးရဖြစ်အောင် အသွင်ပြောင်း နိုင်ပါ့မလားလို့ လေ့လာသုံးသပ်ကြတာ အတော်လေး ကြာနေပါပြီ။ လွန်ခဲ့တဲ့အနှစ် (၂၀) ၁၉၉၅ မှာ ဗိုလ်ချုပ်မှူးသန်းရွှေ အင်ဒိုနီးရှားနိုင်ငံသွားပြီး သမ္မတဆူဟာတိုကို ဂါရဝပြုသလို၊

“ အစိုးရပေါ်လစီ မှားလို့ လူတွေ သေနေရတဲ့ ပြဿနာ ” ဧပြီ ၁၀

အခုရက်ပိုင်း ကြားရတဲ့ စိတ်မချမ်းသာစရာ သတင်းကတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုတွေဖြစ်၊ အဲဒီအထဲမှာ မှစက်မှု ဇုန်ထုတ် Light Truck လိုက်ထရပ်စ်လို ကားမျိုးတွေ ပါဝင်နေပြီး ဖြစ်လိုက်တိုင်း လူအသေအပျောက် များနေတဲ့ သတင်းမျိုးတွေပါ။ Si-Thu-Aung-Myint မြန်မာနိုင်ငံဟာ ကားထုတ်လုပ်နိုင်တဲ့ အဆင့်မရှိဘူးဆိုတာ နိုင်ငံတကာက သိသလို၊ပြည်သူတွေကလည်း သိကြပါ တယ်။ စက်မှုဇုန်ထုတ် ကားဆိုတာ အရင်စစ် အာဏာရှင် ခေတ်က လုပ်ခဲ့တဲ့ အလိမ်အညာ၊ ကိုယ်ကျိုးရှာမှုတွေဆိုတာ အားလုံးက သိထားကြပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အလိမ်အညာ ဇာတ်လမ်း ကြီး ဒီနေ့အချိန်ထိ နိဂုံးမချုပ်၊ ဇာတ်မသိမ်းနိုင်သေးပါဘူး။

ဖိနပ်နဲ့ တော်အောင် ဖနောင့်ကို ဒါးဖြင့်လှီးခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ထဲက နောက်ထပ် အရေးကြီးတဲ့ အချက်တချက်ကို ဝေဖန်ထောက်ပြလိုပါသေးတယ်။

လက်ပံတန်း သင်ခန်းစာ ဧပြီ ၈

" ရဲလုပ်ငန်းမှာ အဆင့်ဆင့် ရှိပါတယ်။ အဲဒီတော့ ဒီဟာကို အကြမ်းဖက် ဖြိုခွဲတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့မှာ ဟိုကရိုက်လို့ ဒီကပြန် ရိုက်ရတဲ့ သဘော ပဲရှိတယ်။ ဟိုကခဲ နဲ့ပေါက်လို့ ဒီက ကာကွယ်ရတဲ့သဘောပဲရှိတယ်။ တစ်ချက်မှ မျက်ရည်ယိုဗုံးတို့ ဘာတို့နဲ့ ပစ်ပြီး ဖြိုခွဲရတာတွေ၊ ဒါတွေတစ်ခါမှ ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ဒါတွေဟာ ရဲလုပ်ငန်းမှာ အဆင့်ဆင့် ရှိပါတယ်" လို့ မောင်မှန်တို့ သမ္မတကြီးက လက်ပံတန်းကျောင်း သားသပိတ် ဖြိုခွဲမှုအပြီး မှာပြောခဲ့ ပါတယ်။ ရဲလုပ်ငန်း အဆင့်ဆင့်ကို ရဲတွေက စနစ်တ ကျဆောင်ရွက် ခဲ့တယ်ပေါ့။ ဟိုက စတီးလို့ ကိုယ် ကပြန်တီး ရတယ်ပေါ့။တော် ပါသေးရဲ့။ သမ္မတကြီးပြော သလို မျက်ရည် ယိုဗုံး တို့၊ရေအမြောက်တို့၊ရာဘာကျည်တို့ မသုံးပေလို့။ နို့မို့ဆို မချောင်ဘူး။ (လက်ပံတန်းကို လက်ပံတောင်း

ရွေးကောက်ပွဲ စနစ်များနှင့် ကျား/မ ညီမျှမှုအပေါ် နှိုင်းယှဉ်လေ့လာမှု ဧပြီ ၅

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အစိုးရတစ်ရပ် ဖြစ်လာစေဖို့အတွက် အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံ အားလုံးရဲ့ စာမျက်နှာတိုင်းလိုလိုမှာ အမျိုးသမီး၊ အမျိုးသား ဘယ်သူမဆိုဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း ညီတူညီမျှ အပြည့်အဝ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်လုံးမှာ ပြည်သူလူထုကနေ အမှန်တကယ် ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ကျား/မ ခွဲခြားမှုမရှိရဘဲ၊ အရည်အချင်းနဲ့ ကိုယ်စားပြုလုပ်ဆောင်နိုင်စွမ်းအပေါ် မှီတည်နေရမှာဖြစ်တယ်။ အတိအကျပြောရရင်တော့ ခွဲခြားဆက်ဆံမှု (Discrimination) လုံးဝကင်းမဲ့ဖို့ပါပဲ။ အဲ့ဒီရည်ရွယ်ချက်ကို ပြည့်မီစေမယ့်

တရုတ်အသွင် နှင့် မြန်မာ့အမြင်

ဒီတပတ်တော့ တရုတ်နဲ့ ပတ်သက်တဲ့ မြန်မာ့ သဘောထား အမျိုးမျိုးကို လေ့လာ သုံးသပ်ထားတဲ့ စာတမ်းနှစ်စောင်ကို အကျဉ်းချုံး တင်ပြပါမယ်။ မျက်မှောက်ခေတ် မြန်မာစာပေမှာ ဖော်ပြတဲ့ တရုတ်နဲ့ ပတ်သက်တဲ့ သဘောထားကို Berkeley California တက္ကသိုလ်မှာ ပါရဂူဘွဲ့ ကျမ်းပြစုနေသူ ကိုမင်းဇင်က ရေးထားပါတယ်။ သူ့စာတမ်းကို

“ကာတာ စင်တာရဲ့ ထောက်ပြချက် မှန်သလား” ဧပြီ ၃

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် အခြေစိုက် ကာတာစင်တာ Carter Center ဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တကယ့်ကို ကြားနေပြီး ဘက်မလိုက်တဲ့ အဖွဲ့တစ်ခုအဖြစ် ဖော်ပြနိုင်ဖို့ ကိစ္စ၊ ၂၀၁၀ တုန်းက အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ ကြိုတင်မဲတွေ ပြဿနာ၊ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဘာသာရေး လူမျိုးရေး ဆန်တဲ့ ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်တဲ့ကိစ္စ စတာတွေကို ထောက်ပြခဲ့ပါတယ်။ ကာတာစင်တာ အစီရင်ခံစာမှာ ဘာတွေ ထောက်ပြခဲ့ပါသလဲ။ အဲဒီ ထောက်ပြချက်တွေဟာ လက်တွေ့အခြေအနေနဲ့ နီးစပ်ပါသလား။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့

နိုင်ငံတကာကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ပေးရင် အကျိုးထူးမှာလား

လာမယ့် ၂၀၁၅ အောက်တိုဘာလ ကုန် နိုဝင်ဘာ လဆန်းမှာ ကျင်းပမယ်လို့ ကြေငြာထားတဲ့ ရွေးကောက်ပွဲကို လာရောက် လေ့လာဖို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ ကာတာ ဖေါင်ဒေးရှင်းနဲ့ အီးယူ ဥရောပသမဂ္ဂ တို့ကို ဖိတ်ခေါ်သွားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ကြေငြာပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေ