Skip to main content

“ အစိုးရပေါ်လစီ မှားလို့ လူတွေ သေနေရတဲ့ ပြဿနာ ” ဧပြီ ၁၀

အခုရက်ပိုင်း ကြားရတဲ့ စိတ်မချမ်းသာစရာ သတင်းကတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုတွေဖြစ်၊ အဲဒီအထဲမှာ မှစက်မှု ဇုန်ထုတ် Light Truck လိုက်ထရပ်စ်လို ကားမျိုးတွေ ပါဝင်နေပြီး ဖြစ်လိုက်တိုင်း လူအသေအပျောက် များနေတဲ့ သတင်းမျိုးတွေပါ။ Si-Thu-Aung-Myint မြန်မာနိုင်ငံဟာ ကားထုတ်လုပ်နိုင်တဲ့ အဆင့်မရှိဘူးဆိုတာ နိုင်ငံတကာက သိသလို၊ပြည်သူတွေကလည်း သိကြပါ တယ်။ စက်မှုဇုန်ထုတ် ကားဆိုတာ အရင်စစ် အာဏာရှင် ခေတ်က လုပ်ခဲ့တဲ့ အလိမ်အညာ၊ ကိုယ်ကျိုးရှာမှုတွေဆိုတာ အားလုံးက သိထားကြပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အလိမ်အညာ ဇာတ်လမ်း ကြီး ဒီနေ့အချိန်ထိ နိဂုံးမချုပ်၊ ဇာတ်မသိမ်းနိုင်သေးပါဘူး။
လတ်တလော အဲဒီစက်မှုဇုန်ထုတ် လိုက်ထရပ်စ်လို ကားတွေယာဉ်မတော်တဆမှု ဘယ်လောက်ဖြစ် ခဲ့ပြီလဲ၊ လူအသေ အပျောက် ဘယ်လောက် ရှိခဲ့ပြီလဲ၊ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အင်ဂျင်နီယာတွေဘယ်လို သဘောထားကြသလဲ၊ အစိုးရ ပေါ်လစီမှားရင် တိုက်ရိုက် အကျိုးဆက်အဖြစ် လူတွေသေစေနိုင် သလား ဆိုတာ ဒီကနေ့ဆွေးနွေးတင်ပြ သွား ပါ့မယ်။ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်း လူမှုကွန်ရက် စာမျက်နှာ သတင်းဖော်ပြ ချက်အရ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက် တုန်းက မိုင်တိုင် အမှတ် ၁၇၅/ ၆-၇ ကြား၊ မန္တလေးကနေ ရန်ကုန် အပြန် လမ်းမှာ မန်းရွှေပြည် အဝေးပြေး ကားဟာ အရှိန်မ ထိန်းနိုင်ပဲရှေ့ ကသွားနေတဲ့ Light Truck ယာဉ်ရဲ့နောက် ပိုင်းကို တိုက်မိခဲ့ တယ်လို့ဆိုပါတယ်။ ယာဉ်မတော် တဆမှုကြောင့် Light Truck ယာဉ်တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ အမျိုးသမီး နှစ်ယောက် အခင်းဖြစ်နေရာမှာပဲ ပွဲချင်း ပြီးသေ ဆုံး၊ ကျန်ခရီး သည်တွေလည်း ဒဏ်ရာ ရခဲ့ပါတယ်။ Light Truck ကားပေါ်မှာ ကျား ကိုးယောက်၊ မ ၁၄ယောက် စုစုပေါင်း ၂၃ ယောက် စီးနင်း လိုက် ပါလာ တာဖြစ် ပါတယ်။ အဝေးပြေး ကားပေါ်ပါတဲ့ ခရီးသည်တွေကတော့ ဘာအန္တရာယ်မှရှိတာ မတွေ့ရပါဘူး။ အလားတူ ပြီးခဲ့တဲ့ မတ်လ ၉ ရက်တုန်းကလည်း မိုင်တိုင်အမှတ် ၂၄၁/၁-၂ ကြား၊ ရန်ကုန်ကနေ မန္တလေးအသွား လမ်းမှာ မန်းရွှေမြို့တော် အဝေးပြေးကားဟာ အရှိန်မထိန်းနိုင်ပဲ ရှေ့က အရှိန်နှေးနှေးနဲ့ သွားနေတဲ့ Light Truck ယာဉ်ရဲ့ နောက်ပိုင်းကို တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မတော်တဆမှုကြောင့် Light Truck ယာဉ် ခေါင်းတစ်ခြား ကိုယ်ထည်တစ်ခြား လွင့်စင် တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ ကိုရင်ငယ် ငါးပါး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံး၊ ကျန်သူတွေ အားလုံးလည်း ဒဏ်ရာရခဲ့ပါတယ်။ အလွန် စိတ်မချမ်းမြေ့စရာပါ။ Light Truck ကားပေါ်မှာ ကိုရင်ငယ် ၁၈ ပါး၊ ဦးဇင်း နှစ်ပါး၊ အမျိုးသား လေးယောက် ပေါင်း ၂၄ ဦး စီးနင်း လိုက်ပါလာတာ ဖြစ်ပါတယ်။ အဝေးပြေး ကားပေါ်ပါတဲ့ ခရီးသည်တွေကတော့ ဘာအန္တရာယ်မှ ရှိတာ မတွေ့ရပါဘူး။ စာရင်းတွေအရ အမြန်လမ်းပေါ်မှာချည်းပဲ ၂၀၁၄ နိုဝင်ဘာ ၇ ရက်ကနေ ၁၁ ရက်ကြား ငါးရက်အတွင်း လိုက်ထရပ်စ် သုံးစီး အရှိန်လွန် တိမ်းမှောက်မှုဖြစ်ခဲ့ပြီး လူရှစ်ဦး သေဆုံးကာ ၃၁ ဦး ဒဏ်ရာရခဲ့သည်အထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီ စာရင်းတွေဟာ အမြန်လမ်းပေါ်မှာ ဖြစ်ခဲ့တဲ့ ယာဉ် မတော်တဆမှုထဲက နည်းနည်း ပါး ပါးပဲ ဖြစ်ပြီး ပြည့်စုံတဲ့ စာရင်းတော့ မဟုတ်ပါဘူး။ နောက် အခြားသော အနယ်နယ် အရပ်ရပ် ပြန့်နှံ့နေတဲ့ စက်မှုဇုံထုတ် လိုက်ထရပ်စ် ကားတွေဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေလည်း မပါဝင်ပါဘူး။ ခုဆို အမြန်လမ်းပေါ် လိုက်စထရပ်စ်ကားတွေ လူနဲ့ ကုန်တင်ပြီး ပြေးဆွဲနေတာကို ကန့်သတ်ဖို့ အမြန်လမ်း တာ ဝန်ရှိသူတွေ စဉ်းစားနေ ကြပါပြီ။ နိုင်ငံတကာ မှာတော့ ကုမ္ပဏီ တစ်ခုဟာ သူတို့ ထုတ်လုပ် လိုက်တဲ့ ကားတွေ မတော်တ ဆမှုဖြစ် တယ်ဆို ဘာကြောင့်ဖြစ်တယ်၊ လူသေဆုံးမှု များတယ်ဆို ဘာကြောင့် များတယ်ပြန် လည်လေ့လာ စူးစမ်းပြီးပြဿနာဖြစ်တဲ့ ကားတွေပြန်သိမ်းတာ၊ပြဿနာဖြစ်တဲ့ အစိတ်အပိုင်းတွေကို ပြန်လဲလှယ်ပေးတာ လုပ်လေ့ ရှိပါတယ်။ကားမထုတ်လုပ်တတ်ပဲ ကားထုတ်လုပ် တဲ့မြန်မာနိုင်ငံမှာတော့ အခုလို မတော်တဆမှုတွေ အဖြစ်များ၊ လူတွေသောက်သောက် လဲသေနေချိန် အထိ ဘာမှအရေးယူတာမျိုး မတွေ့မြင်ကြရပါဘူး။ခုလို စက်မှုဇုန်ထုတ် လိုက်ထရပ်စ်ကားတွေယာဉ်မတော်တဆ ဖြစ်လိုက်တာနဲ့ ကားခေါင်းနဲ့ဖရိန်က သပ်သပ်၊တင် ထားတဲ့ဘော်ဒီက တခြား လွင့်စင် ပျက်စီးသွား တာမျိုးချည်း ပါပဲ။ ဒါနဲ့ ပတ်သက်ရင် သုံးသပ်ဖို့ အချက် သုံးချက်ရှိပါတယ်။ ပထမ တစ်ချက်က ရန်ကုန်- မန္တလေး အမြန်လမ်းရဲ့ ပြဿနာပါ။ အဲဒီ ကားလမ်းမှာ ပြဿနာ အများ ကြီးရှိနေတဲ့ ကိစ္စလွှတ်တော်ထဲအထိ ရောက်ပြီး သမ္မတကိုယ်တိုင် ဆင်းကြည့်၊ ပြုပြင်ဖို့လိုတာ ပြုပြင်နေဆဲပါ။ ဒုတိယ တစ်ချက်ကတော့ ကားမထုတ်လုပ် တတ် တဲ့စက်မှုဇုန်ကနေ ထုတ်လုပ်တဲ့ကားတွေမို့လို့အရည်အသွေး မပြည့်မီတဲ့ကိစ္စပါ။ အစိုးရပေါ်လစီအရ ထုတ်လုပ်ခွင့်ပေးထားတဲ့အဲဒီစက်မှုဇုန်ကကားတွေကြောင့် မို့လို့ လူတွေ သေနေတဲ့ကိစ္စ အရေးတယူ စုံစမ်းသင့်ပါတယ်။ စက်မှုဇုန်တွေကနေ ခုလိုပဲ အဓိပ္ပာယ် မဲ့လွန်းတဲ့ ကားထုတ်လုပ် မှတ်ပုံတင်ခွင့်ပေးနေ တာတွေ သင့်တော်မှု ရှိ မရှိပြန်သုံး သပ်သင့် ပါတယ်။ တတိယ တစ်ချက်ကတော့ မြန်မာနိုင်ငံထဲမှာ လူစီးဖို့ မဟုတ်တဲ့ ကားတွေမှာ လူတွေ စီးနင်း အသုံးပြုနေကြရတာ၊ ကုန်တင်ရမယ့်ယာဉ် မဟုတ်ပဲ ကုန်တွေ အ များကြီး တင်နေကြတဲ့ ကိစ္စမျိုးတွေပါ။ အဓိပ္ပာယ်ကတော့ အစိုးရရဲ့ ချမှတ်ထားတဲ့ ပေါ်လစီ၊ ကားတင်သွင်းခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ အခွန်ကောက်ခံမှု စနစ်၊ ကားအသုံးပြုမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စည်းကမ်း ကြပ်မတ်မှု အဲလိုအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အစိုးရက မလေ့လာ မစူးစမ်း ပဲ ဒီအတိုင်း ထားထား တဲ့ပြဿနာပါ။ ဥပမာ လက်ရှိ အမြန်လမ်းမှာ လူစီးဖို့ မသင့်တဲ့ လိုက်ထရပ်စ် ယာဉ်တွေမှာ လူစီး၊ မတော် တဆဖြစ်ပြီး ယာဉ်ပျက်စီး၊ လူအသေ အပျောက် များတဲ့ ကိစ္စမျိုး၊ နယ်တွေမှာ ထွေလာဂျီ လိုမျိုးကို လူစီးအဖြစ် အသုံးပြုကြရ၊ မတော်တဆ ဖြစ်မှုများပြီး လူတွေ သေကြရ ဆိုတာမျိုးပါ။နောက် တစ်ခုက လူစီးဖို့ သတ်မှတ်ထား တဲ့ အဝေးပြေးဘတ်စ်ကား အမျိုးမျိုးမှာ ကုန်ပစ္စည်းတွေ အဆမတန် တင်နေကြတာမျိုးတွေပါ။ ပြောရရင် ပြည်သူတွေ ဟာမော်တော် ကားတွေကို သူ အသုံးပြု ဖို့ ထုတ်လုပ်ထားသလို မဟုတ်ပဲ အခြေအနေအရ အဆင်ပြေသလို အသုံးပြု နေကြရတာမျိုးပါ။ အဲဒီကိစ္စအတွက် အစိုးရမှာ တိုက်ရိုက် တာဝန်ရှိပါတယ်။ အဓိက လုပ်ကိုင်ဖို့ လိုတာက ကားမ ထုတ်တတ် တဲ့ပြည်တွင်း ကုမ္ပဏီတွေကို ကားထုတ်ခွင့် ဆက်ပေး ဦးမလား ဆိုတာပါ။နောက် တစ်ချက်ပြည် သူတွေဟာ ကားတွေကို သူအသုံးပြုဖို့ ထုတ်လုပ်ထားတဲ့အတိုင်း မဟုတ်ပဲ ဘာကြောင့် သုံးနေရတာလဲ လေ့လာ စူးစမ်း အဖြေရှာဖို့ပါ။ လူစီးတဲ့ကား လူစီးလာအောင်၊ကျေး လက်သုံးကား ကျေးလက်နေ ပြည်သူတွေ သုံးလာနိုင်အောင်၊ ကုန်တင်တဲ့ ကားအမျိုးမျိုးမှာ သူထုတ်လုပ်ထားတဲ့ ကားအမျိုးအစားအလိုက် ကုန်တင်လာအောင် အစိုးရဟာ ကားတင်သွင်းခွင့်ပေါ်လစီ၊ ကားအပေါ်ကောက်တဲ့အခွန်၊ အဝေးပြေး လူစီးကားဈေးနှုန်းတွေ၊ ကုန်တင်ခတွေကိုစနစ်တကျပြန်လည် သုံးသပ်ပြုပြင် ရပါလိမ့်မယ်။ အစိုးရရဲ့ ပေါ်လစီ အမှားကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးကြရသလို၊ ကားတင်သွင်းခွင့်၊ ကားအသုံးပြုခွင့် စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ပြည် သူတွေဟာ လူစဉ်မမီတဲ့ ပြည်သူတွေဘဝ ရောက်နေရတာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video