Skip to main content

မြစ်ဆုံကို အာဏာရလာသူ ဘယ်သူမဆို လုပ်ချင်တိုင်းလုပ်လို့ ရလို့မရနိုင်တော့ပါဘူး ဧပြီ ၂၁

ကိုမြင့်ဇော် တက္ကစီပေါ်သို့ တက်လိုက်စဉ် သူမြေအောက်လှုပ်ရှားခဲ့သည့် အစိုးရ ကျောထောက်နောက် ခံပြု ရေအားလျှပ်စစ် စီမံကိန်းကို ကန့်ကွက်မှုလုပ်ငန်း အောင်မြင်သည်ဟု သိလိုက်သည်။ တက္ကစီဒရိုက်ဘာက အရိပ်ထဲမှ ကိုမြင့်ဇော်အသံကို အကျွမ်းဝင်မှတ်မိနေသည်။ Ko-Myint-Zaw "ခင်ဗျားက Save The Irrawaddy က မဟုတ်လား" ဟု ဒရိုင်ဘာဖြစ်သူက မြန်မာနိုင်ငံ၏ အရေးကြီးဆုံးမြစ် ပျက်စီးသွားနိုင်သည့် တရုတ်ဦးစီးသော စီမံကိန်းကို ဆန့်ကျင်သည့် ကိုမြင့်ဇော်နှင့် အခြားတက်ကြွလှုပ်ရှားသူများ၏ ဗီဒီယိုကို ညွှန်းလျက် ပြောဆိုသည်။ ပို၍
ရင်သပ်ရှုမောဖြစ်ဖွယ်ကောင်းသည်မှာ သတင်းစီးဆင်းမှုများကို တင်းကျပ်စွာတားမြစ်ထားသည့် စစ်အုပ်ချုပ်ရေးနိုင်ငံတွင် အဆိုပါ ဗီဒီယိုကို မိတ္တူပွား၍ ခရီးသည်များကို ဖြန့်ဝေပေးခဲ့ကြောင်း ယာဉ်မောင်းဖြစ်သူက ပြောခြင်းဖြစ်သည်။ "ကျွန်တော်တို့လို နိုင်ငံမှာ ယဉ်ကျေးမှုအမွေအနှစ်တွေ များစွာရှိသလို လူများလုပ်ကိုင် ဆောင်ရွက်နေတဲ့အရာတွေလည်း အများအပြားရှိတယ်။ ဒါပေမယ့် ဧရာဝတီအကြောင်း ပြောရင်တော့ ဒါက တစ်ခုတည်းသော စုစည်းမှုဖြစ်တယ်။ လူတွေပိုမိုနားထောင်မိလေ ဧရာဝတီကို ကယ်တင်ရေးမှာ ပိုမိုပါဝင်လိုလာလေသာဖြစ်ပါတယ်" ဟု ကိုမြင့်ဇော်ကပြောသည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရသစ်က လူထု၏ ဆန္ဒအရ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့လိုက်သည်။ နှစ်ငါးဆယ် စစ်အုပ်ချုပ်ရေးအောက်က နိုင်ငံဖြစ်ပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုအပေါ် အားအလွန်ထားနေရသည့် နိုင်ငံအတွက် အပြောင်းအလဲတစ်ရပ် ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ အသက် ၄၀ ရှိ ကိုမြင့်ဇော်ဦးစီးသည့် လှုပ်ရှားမှုအတွက် လိုက်လျောမှုတစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကိုမြင့်ဇော်သည် ပတ်ဝန်းကျင် စိမ်းလန်းရေးလှုပ်ရှားသူများအတွက် ဂုဏ်ယူစရာ အကောင်းဆုံးဆုတစ်ဆုဖြစ်သည့် Goldman Environmentl Prize ဆုကို တနင်္လာနေ့က ဆွတ်ခူးရရှိခဲ့ပြီဖြစ်သည်။ UC Berkeley School of Journalism တွင် တစ်နှစ်ကြာ စာရေးခဲ့သူ ကိုမြင့်ဇော်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက မြန်မာအစိုးရ၏ ဆင်ဆာတင်းကြပ်မှုနှင့် ဗိုလ်ချုပ်ကြီးများ အုပ်စိုးမှုအောက် လွတ်လပ်ခွင့်နည်းပါးမှုများကို မြင်တွေ့ခဲ့ကြသည်။ နိုင်ငံရေးတွေ့ဆုံမှုများကို တားမြစ်ထားပြီး အင်တာနက်သုံးစွဲမှုမှာလည်း တင်းကြပ်ထားသည်။ သို့သော် ရန်ကုန် ရုံးခန်းကျဉ်းလေးတွင်းမှ အလုပ်များက စတင်လုပ်ကိုင်ခဲ့သည်။ ကိုမြင့်ဇော်က ၂၀၀၉ခုနှစ်တွင် ပန်းချီပြပွဲနှင့် စာတမ်းဖတ်ပွဲများကို အခြားသော စာရေးသားသူများနှင့်အတူ ရေအရင်းအမြစ်ပေါ် ဦးတည်ချက်ထား၍ ကျင်းပခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်ကြီးများအတွက် အဓိက ပြိုင်ဆိုင်မှုဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံခဲ့သည်။ ဧရာဝတီကို ကယ်တင်လိုသူ ပညာရှင်များ စိတ်ဝင်စားမှုမြင့်တက်လာပြီးနောက် စာပေဆောင်းပါးလက်ရာမှ ဖိုရမ်တစ်ခုသို့ပြောင်းလဲခဲ့သည်။ နိုင်ငံ၏ ပြည်သူ ၇၀ရာခိုင်နှုန်းဖြစ်သည့် လယ်သမားများအတွက် နိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ကို ခြိမ်းခြောက်မှုများ သတိပြုသိရှိမှုများ မြင့်တက်ခဲ့သည်။ ကိုမြင့်ဇော်၏ လှုံ့ဆော်စည်းရုံးမှုများသည် များစွာအရာရောက်ခဲ့သည်။ မြန်မာတာဝန်ရှိသူများက နောက်ထပ် အစိုးရသက်တမ်းအထိ မြစ်ဆုံစီမံကိန်းကို ရပ်နားပစ်လိုက်ရန် ဆုံးဖြတ်ခဲ့ရသည်။ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ လျာထားသည့် တရုတ်အစိုးရနောက်ခံပြုသော Chinese Power Investment Corp က လုပ်ဆောင်သည့် မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ဆုံတွင် ပေ ၅၀၀မြင့် ဆည်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ၃၀၀၀မီဂါဝပ်ကို ထုတ်လုပ်မည့် စီမံကိန်းဖြစ်သည်။ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းမှာ နယ်စပ်ကိုဖြတ်လျက် တရုတ်ယူနန်ပြည်နယ်သို့ ပေးပို့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လယ်ကွင်းလယ်ကွက်များ ရေရရှိရေးကို တရုတ်တို့လက်ဝယ် အကုန်ထိန်းချုပ်သွားနိုင်မည်ဖြစ်၍ တက်ကြွလှုပ်ရှားသူများက စိုးရိမ်ခဲ့ကြခြင်းဖြစ်သည်။ စပါးစိုက်ဒေသဖြစ်သည့် မြစ်ဝကျွန်းပေါ်တောင်ပိုင်းတွင် မွေးဖွားခဲ့သူ ကိုမြင့်ဇော်က ပထမတွင် ကျေးလက်ဒေသနှင့် ပတ်သက်ပြီး သတင်းဆောင်းပါးများ ရေးသားခဲ့သော်လည်း တာဝန်ရှိသူများ၏ ဆင်ဆာကြောင့် သတင်းရေးသားနိုင်ရန် ခက်ခဲခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ချင်းတောင်တန်းဒေသသို့ ကိုမြင့်ဇော်က အလည်အပတ်ရောက်ရှိသွားခဲ့သည်။ ထိုအရပ်တွင် ထင်းမီးလောင်စာ ရရှိရေးအတွက် လူများမည်မျှအထိ လမ်းလျှောက်ကာ ထင်းရှာဖွေရသည့် အကြောင်းကို သတင်းဆောင်ပါးရေးခဲ့သည်။ ထိုင်းနှင့် ဘာကလေတို့တွင် လေ့လာသင်ယူပြီးနောက် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကိုမြင့်ဇော်ပြန်လည် ဝင်ရောက်လာခဲ့ပြီး နာဂစ်ဒဏ်သင့် ပြည်သူများကို ကူညီပေးရေးတွင် ပါဝင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ မကြာသေးမီက ဆန္ဒပြကျောင်းသားများကို ဖြိုခွင်းမှုနှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များကို စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းအတွက် စိုးရိမ်စရာများရှိနေသော်လည်း ကိုမြင့်ဇော်က နိုင်ငံ၏ စစ်တပ်က ပြည်သူတို့၏ အမြင်သဘောထားများကို ကြားနာသင်ယူလျက်ရှိသည်ဟု ဆိုသည်။ "လူတွေက လက်ရှိမှာ ပိုပြီးတက်ကြွလှုပ်ရှားနေပါတယ်။ ၂၀၁၁ ကထက် အနေအထားများက ပိုကောင်းမွန်တယ်။ မြစ်ဆုံကို အာဏာရလာသူ ဘယ်သူမဆို လုပ်ချင်တိုင်းလုပ်လို့ ရလို့မရနိုင်တော့ပါဘူး" ဟု ကိုမြင့်ဇော်ကပြောသည်။ အခြားသော Goldman Prize ဆုရသူများမှာ ကနေဒါမှ မာရီလင်ဘတ်ပီတီစတီ၊ ဟေတီမှ ဂျင်းဝီးနား၊ ကင်ညာမှ အိုမီဒို၊ စကော့တလန်မှ ဟိုးဝပ်ဝုဒ်နှင့် ဟွန်ဒူးရပ်စ်မှ ဘာတာကာစီရီတို့ဖြစ်ကြသည်။ (ဤသတင်းဆောင်းပါးသည် အမေရိကန်အခြေစိုက် Los Angeles Times အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည့် Goldman Environmental Prize honors anti-dam campaign in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)
Written by  SHASHANK BENGALI 

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...