Skip to main content

လက်ပံတန်း သင်ခန်းစာ ဧပြီ ၈

" ရဲလုပ်ငန်းမှာ အဆင့်ဆင့် ရှိပါတယ်။ အဲဒီတော့ ဒီဟာကို အကြမ်းဖက် ဖြိုခွဲတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့မှာ ဟိုကရိုက်လို့ ဒီကပြန် ရိုက်ရတဲ့ သဘော ပဲရှိတယ်။ ဟိုကခဲ နဲ့ပေါက်လို့ ဒီက ကာကွယ်ရတဲ့သဘောပဲရှိတယ်။ တစ်ချက်မှ မျက်ရည်ယိုဗုံးတို့ ဘာတို့နဲ့ ပစ်ပြီး ဖြိုခွဲရတာတွေ၊ ဒါတွေတစ်ခါမှ ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ဒါတွေဟာ ရဲလုပ်ငန်းမှာ အဆင့်ဆင့် ရှိပါတယ်" လို့ မောင်မှန်တို့ သမ္မတကြီးက လက်ပံတန်းကျောင်း သားသပိတ် ဖြိုခွဲမှုအပြီး မှာပြောခဲ့ ပါတယ်။ ရဲလုပ်ငန်း အဆင့်ဆင့်ကို ရဲတွေက စနစ်တ ကျဆောင်ရွက် ခဲ့တယ်ပေါ့။ ဟိုက စတီးလို့ ကိုယ် ကပြန်တီး ရတယ်ပေါ့။တော် ပါသေးရဲ့။ သမ္မတကြီးပြော သလို မျက်ရည် ယိုဗုံး တို့၊ရေအမြောက်တို့၊ရာဘာကျည်တို့ မသုံးပေလို့။ နို့မို့ဆို မချောင်ဘူး။ (လက်ပံတန်းကို လက်ပံတောင်း
လိုတွယ်ရင် အခက်။လက်ပံတောင်းမှာလည်း အထက်က ဟာတွေ မသုံးခဲ့ပါဘူး။ မီးလောင်ဗုံးနဲ့ ကျည်အ စစ်ပဲသုံးခဲ့တာ။) ကျေးဇူးတောင် တင်ရပါသေးတယ်။ ဧပြီ ၃ရက်မှာလာတဲ့ သမ္မတကြီး ရဲ့ရေဒီယို မိန့်ခွန်းမှာကျတော့ လက်ပံတန်းကိစ္စကို အခုလိုပြောပြန်ရော။ " အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြတဲ့နည်းလမ်းနဲ့ ကြိုးပမ်းတဲ့ ကိစ္စရပ်များမှာစိတ်မကောင်းစရာ၊ဝမ်းနည်းဖွယ်ရာ ကိစ္စရပ်တွေ များစွာဖြစ် ပွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေမှာ ကျွန်တော်တို့ အားလုံး သင်ခန်းစာတစ်ခု အနေနဲ့ ရယူဖော်ထုတ်နိုင် တာကတော့ ဒီမိုကရေစီရဲ့ ကျင့်စဉ် တစ်ရပ်ဖြစ် တဲ့သည်း ခံနိုင်စွမ်းရှိခြင်းဆိုတာကို အနေဝေးခဲ့တဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီးတော့ အင်အားစုတွေ အားလုံး ဟာနောင်ကြုံတွေ့ လာရ တဲ့ဖြစ်စဉ်များမှာ ပိုမိုပြီး စည်းကမ်းတကျဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့ရဲ့ အရည်အသွေးတွေကို မြှင့်တင်ကြရမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲဒီမို ကရေ စီကျင့်စဉ်များအရ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်မှုတွေကို အသိအမှတ်ပြုရမှာ ဖြစ်တဲ့နည်းတူ တည်ဆဲဥပဒေတွေနဲ့ စည်းကမ်းများ ကိုလေးစား လိုက်နာကြ ဖို့လည်း လိုအပ်မှာဖြစ် ပါတယ်" တဲ့။ အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြတဲ့နည်းလမ်းနဲ့ကြိုးပမ်းကြရာမှာ စိတ်မကောင်းစရာ၊ ဝမ်းနည်းဖွယ် ရာတွေဖြစ်ခဲ့ရ တယ်ဆို ပါလား။မောင်မှန်တော့ ဝမ်းမ နည်းပါဘူး။ အစောပိုင်းကသမ္မတကြီးပြောသလိုပဲ ရဲတွေက ရဲလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ကြတာပဲဟာ။ ဥပဒေနဲ့ အညီနော်။ ဥပဒေနဲ့ အညီ။ မညီတာ တစ်ခုမှ မပါဘူး။ ဒီလောက်ဆိုးတဲ့ ကျောင်းသားတွေဗျာ။ ဘယ့်နှယ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ထု၊ ရေသန့်ဘူး နဲ့ပေါက်၊လောက်လေးတွေ နဲ့ပစ်ကြတာ။ ကြာလာတော့လည်း ဘယ်သည်း ခံနိုင်ပါတော့မလဲ။ လူတွေပဲဟာ။ အရိယာတွေမှ မဟုတ်ဘဲ။ ဟိုကရိုက်တော့ ဒီကပြန်ရိုက် ရတာပေါ့။ ဟိုက ခဲနဲ့ပေါက်တော့ ဒီက ကာကွယ် ရတာပေါ့။ ဓား , ဓားချင်း၊ လှံ, လှံချင်းပေါ့။ မိုးပေါ်ထောင်မ ပစ်ဘူးပေါ့။ မှတ်လောက် သားလောက်တော့ လုပ်ရ တာပေါ့။ ဘာမှ စိတ်မကောင်း စရာ၊၀မ်း နည်းဖွယ် ရာတွေဖြစ်ခဲ့ ရပါတယ်လို့ အကြင်နာ စကားဆိုပြန် တဲ့အတွက် ဥပဒေနဲ့ အညီဆောင်ရွက် ခဲ့တာတွေဟာ ဘာကြောင့် ဝမ်းနည်း စရာဖြစ် ရတာတယ် ဆိုတာမောင်မှန် နားမလည်နိုင် တာ့ပါခင်ဗျာ။ ဟိုကရိုက်လို့ ဒီကရိုက်ဝမ်းနည်းနေခိုက်မှာပဲ ဒီလက်ပံတန်းဖြစ် စဉ်အပေါ်ကနေ သမ္မတကြီးက သင်ခန်းစာထုတ်နုတ်ပြပါတယ်။ဒီမိုကရေစီ ကျင့်စဉ် တစ်ရပ်ဖြစ် တဲ့သည်းခံနိုင်စွမ်းရှိခြင်း ဆိုတာကို အနေဝေးခဲ့တဲ့ အကျိုးဆက်ကြောင့် ဒါမျိုးဖြစ် ရတာတဲ့။ ဖြိုခွဲသူတွေ ကိုပြောတာလား။ ဖြိုခွဲခံရသူတွေ ကိုပြောတာ လား။နှစ် ဘက်စလုံး ကိုပြောတာ လားတော့ မကွဲပြား ဘူး။နောက်ပြီး ဒီစကား ကိုပြော တဲ့နေရာမှာ သမ္မတကြီးကအခြားနိုင်ငံ တစ်နိုင်ငံက ကိစ္စ ကိုပြောနေ သလိုပါပဲ။ သမ္မတကြီး ကိုယ်တိုင်က ဘယ်ဘက်ကမှ မပါဝင်တဲ့ ကြားလူတစ်ယောက်ရဲ့ စကားမျိုး ဖြစ်နေသလားလို့။ ကျန်တာတွေ ထားရင် သမ္မတကြီး စကားက အမှန်ပါ။ ဒီမိုကရေစီ နဲ့ဝေးခဲ့လို့၊ သည်းခံနိုင်စွမ်း နဲ့ဝေးခဲ့လို့၊ တီးလိုက်ပြန်ပြီ တိန်တိန်မြည်ပွဲတွေ တိုးသထက် တိုး လာတာပါ။ ဘယ်သူတွေက ဒီမိုကရေစီ နဲ့ဝေးအောင် လုပ်ခဲ့သ လဲဆိုတာ (ခုတလောခေတ် စားနေတဲ့ စကားအရဆို) မေးခွန်းထုတ် စရာဖြစ်ပါတယ်။ (အဲ့ဒီမေး ခွန်းထုတ် တယ်ဆိုတာကလည်း အလုပ် တစ်လုပ်ခင်ဗျာ။ အဖြေမရှိ တဲ့မေးခွန်းတွေ ထုတ်ထုတ်နေကြ တာမောင်မှန်ဖြင့်သိပ်စိတ်ညစ် တာပဲ။) သည်းခံနိုင်စွမ်းမရှိတာ ကတော့မောင်ကျောင်းသားတွေဖြစ် မယ်လို့ (သမ္မ တကြီးက မရည်ညွှန်းပေ မယ့်)မောင်မှန် စိတ်က မှန်းဆမိပါတယ်။ စဉ်းစားကြည့်လေ။ ဖေဖော်ဝါရီလ ထဲတုန်းက အစိုးရရော လွှတ်တော်ပါ ပါဝင် တဲ့လေးပွင့်ဆိုင် သဘော တူညီချက် ဆိုတာကြီး ထွက်ပေါ်လာ ခဲ့ပြီးပြီ မဟုတ်လား။ တိုင်းသိပြည်သိ ကမ္ဘာသိကြေ ညာခဲ့တာ။ တိတ်တိတ် ပုန်း၊နောက်ဖေးပေါက်၊ လူမသိ သူမသိ Under Table ကိစ္စ မဟုတ်ဘူး။ အင်မတန်ကို ဂုဏ်သရေရှိ တဲ့ကြေညာ ချက်ကြီး။ လွှတ်တော်ထဲ အတည်ပြုပေး ဖို့လောက်ပဲ ကျန်တော့တာ။ လွှတ်တော် ထဲရောက်ရင် ဝိုင်းဝန်း ကူညီဆွေးနွေးပေး ပါ့မယ်ဆိုတဲ့ ဂုဏ်သရေရှိ လွှတ်တော် အမတ်တွေလည်း ရှိရဲ့။ အခုဆို လွှတ်တော်ကြားနာ ပွဲတောင် ပြီးသွား ပါပြီ။ အမျိုးသား လွှတ်တော်ရဲ့ ကိစ္စတွေပြီးလို့ပြည်သူ့ လွှတ်တော် ဘက်တောင် ရောက်နေ ပြီ။လေးပွင့် ဆိုင်မှာ ပါဝင်ဆွေးနွေးခဲ့တဲ့ NNER ကလေးပွင့်ဆိုင် သဘော တူညီချက်တွေချေ ဖျက်ခံရတယ် ဘာညာဆိုပြီးကြေ ညာချက်တွေ ဘာတွေ ထွက်ပေ မယ့်မောင်မှန် မယုံဘူး ခင်ဗျာ။ ၃.၄.၁၅ ရက်နေ့ ထုတ်နိုင်ငံ ပိုင်ကြေးမုံ သတင်းစာကြီးရဲ့ မျက်နှာဖုံး ညာဘက်ထိပ်ထောင့်မှာ " အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်သည့် ဥပဒေကြမ်း တွင်ကျောင်းသား လူငယ်များတောင်း ဆိုသည့် အချက် ၁၁ ချက်ပါဝင်" တဲ့။ စာလုံးမည်းကြီးမှ ပြူးလို့ ပြဲလို့။ ကဲ တွေ့ကြပြီ မဟုတ်လား။ ပြင်ပေးဆို ပြင်ပေးမှာပေါ့။ စိတ်တော့ နည်းနည်း ရှည်ရမယ်။ သည်းခံနိုင်စွမ်းလည်း ပြည့်ဝရမယ်။ ဒါမှ ဒီမိုကရေစီ ကျင့်စဉ်လေ။ မောင်ကျောင်းသားတွေ သည်းမခံနိုင်တော့ သာယာဝတီထောင်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုတဲ့ အဖြစ်မျိုးနဲ့ တိုးရတော့တာပေါ့။ သည်းခံနိုင်သူတွေသာ ဒီမိုကရေစီရဲ့ အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားရစမြဲပါ။ နောက် ပြောကြတာရှိသေးတယ်။ မီဒီယာ အတော်များများ မှာတွေ့ရကြားရတယ်။လေးပွင့်ဆိုင် သဘောတူညီချက်မှာပါတဲ့ သပိတ်မှောက်ကျောင်း သားတွေနဲ့ ဝန်းရံသူတွေကို အရေးမယူပါဘူးဆိုတဲ့ ကတိကို ချိုးဖောက်တယ်တဲ့။ ဒါလည်း မဟုတ်သေးဘူးပဲ။ ခုဟာက သပိတ်မှောက်လို့ ဖမ်းတာမဟုတ်ဘူး။ ဟန့်တားလူ စုခွဲတာကို လူစုမခွဲဘဲ အကြမ်းဖက်ပြီး အတင်းတိုး ထွက်ဖို့ကြိုးစားလို့ မလွှဲသာ မရှောင်သာ ဘယ်လိုမှ မတတ်နိုင်တော့ တဲ့အဆုံးရွေးချယ်စရာ ဘာမှမရှိတော့ တဲ့အတွက် ဥပဒေနဲ့အညီ(အမလေး မောလိုက်တာ) ဖမ်းဆီးထိန်းသိမ်း အရေးယူလိုက်ရတာ။ ဒါကို မတော်မတရား မပြောသင့်ပါဘူး။ ထားတော့။ နောက်ကြုံတွေ့ရမယ့် ဖြစ်စဉ်တွေမှာ ပိုပြီးစည်းကမ်းတကျ ဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့ရဲ့ အရည်အသွေးတွေကို မြှင့်တင်ကြရမယ်လို့ ပြောတဲ့ သမ္မတကြီး ရဲ့စကား ကိုမောင်မှန်က အခုလို နားလည်ပါတယ်။ EU တင်မက အမေရိကန်တို့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့(IPKF) တို့ ဘာအဖွဲ့တို့ ညာအဖွဲ့တို့ကနေပြီး သင်တန်းတွေများများ လာပို့ချပေးကြပါ။ လက်ထိပ်အဆန်းတွေ ၊ရေအမြောက်တွေ များများလှူကြပါ ဆိုတဲ့ သဘောပါပဲ။ သပိတ်မှောက်ချင်၊ ဆန္ဒဖော် ထုတ် ချင်၊ ဆူပူချင်သူများကတော့ သည်းခံနိုင်သမျှ သည်းခံကြ။ သည်းမခံနိုင်တဲ့အဆုံး ကုန်းထကြမယ် ဆိုရင်လည်း လက်ပံတန်းကို နမူနာကောင်း အဖြစ်ယူပြီး ခံနိုင်ရည်တွေ မြှင့်တင်ထားကြဖို့ သမ္မတကြီးက ဆော်သြတယ်လို့လည်း နောက်တစ်မျိုး နားလည်မိပါသေးတယ်။ " ဒီမိုကရေစီ ကျင့်စဉ်များအရ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်မှုတွေကို အသိအမှတ်ပြုရမှာ ဖြစ်တဲ့ နည်းတူ တည်ဆဲဥပဒေတွေနဲ့ စည်းကမ်းများ ကိုလေးစား လိုက်နာကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်" ဆိုတဲ့ သမ္မတကြီးရဲ့ စကားဟာ သွေးထွက်အောင် မှန်ခဲ့ပါပြီ။ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်မှုတွေကို ပုဒ်မ ၁၈၊ ၁၉၊ ၅၀၅(ခ)၊ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ စတဲ့ အမျိုးမျိုးသော ပုဒ်ထီး၊ ပုဒ်မတွေနဲ့ အသိအမှတ်ပြုခဲ့ပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲ နီးတဲ့အထိလည်း မရပ်မနား ဆက် လက် အသိအမှတ်ပြု သွားနိုင်ခြေတွေ ရှိပါတယ်။ သမ္မတကြီး စကားက ရလိုက်တဲ့ တရားတွေဟာ တစ်ပုံကြီးပါ ခင်ဗျာ။
မောင်မှန်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video