Skip to main content

Posts

Showing posts from January, 2015

မန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ဆောင်သူများ စာရင်းက လှစ်ဟပြလိုက်သည့် လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေ ဇန်န၀ါရီ ၁၈

ဇန်န၀ါရီ ၁၈ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးလူ များမှာ စစ်အာဏာရှင်အသိုင်းအဝိုင်း နှင့် နီးကပ်ပတ်သက်သည့် ခရိုနီများ၊ အစိုးရ ထိပ်တန်း အဖွဲ့ဝင်များ၏ ခြစားမှု များနှင့် ပတ်သက်မှုများ ရှိနေကြောင်း တရားဝင် ထုတ်ပြန်လိုက် သည့် ၂၀၁၃ -၂၀၁၄ ထိပ်တန်းအခွန်ထမ်းဆောင် သူ စာရင်းကဖော်ပြ လျက်ရှိသည်။ စာ ရင်းပါ လူနှင့်

နိုင်ငံရေး ဗဟုသုတစစ်တမ်း ဇန်န၀ါရီ ၁၆

ဇန်န၀ါရီ ၁၆ ပြောင်းလဲနေတဲ့ မြန်မာပြည်အကြောင်း နိုင်ငံသူနိုင်ငံသားတွေ ဘယ်လောက် နားလည်သဘော ပေါက်တယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် Asian Foundation အဖွဲ့က စုံစမ်းပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလက စာမျက်နှာတရာကျော် စစ်တမ်းကို ထုတ်ဝေထားပါတယ်။ မေလ က ဇွန်လအထိ တိုင်းနဲ့ပြည်နယ် (၁၄) ခုမှာ လူပေါင်း သုံးထောင်ကျော်ကို

သမ္မတရဲ့ လွှတ်တော်သို့ ပြန်ကြားချက် ၆ ပွင့်ဆိုင်ကို လက်ခံလိုက်တာလား – လင်းထိုက် (Y.I.T) ဇန်န၀ါရီ ၈

ဇန်န၀ါရီ ၈ ထမင်းလက်ဆုံစားပွဲထက် သိပ်မပိုပါဘူးလို့ ဝေဖန်ခဲ့ကြတဲ့ ဆွေးနွေးပွဲကို ပင်လုံညီလာခံကို စံပြုပြီး ကျင်းပခဲ့တယ် ဆိုတာကတော့ နိုင်ငံရေး လေလုံး ထွားမှု သက်သက်သာဖြစ်ပြီး ဗိုလ်ချုပ်ဦးစီးကျင်းပတဲ့ ပင်လုံညီလာခံကြီးရဲ့ ဂုဏ်သရေကိုပါ လျော့ပါးစေခဲ့ …

ကာချုပ်ဟောင်းကို နေရာဖယ်ပေးလိုက်ရတဲ့ လက်ရှိဝန်ကြီးဦးအောင်မင်းနဲ့ “အဘ” ခေါ်သော သတင်းထောက်များ – အောင်ထွန်းလင်း ဇန်န၀ါရီ ၈

ဇန်န၀ါရီ ၈ အစိုးရ၀န်ကြီးတစ်ယောက်ကိုမေးမြန်းခန်းလုပ်တိုင်း ““အဘ””၊ ““အဘ”” နဲ့ တပ်တပ်ခေါ် တာကတော့ ရုပ်ဆိုး လွန်းအားကြီးသလို အဲဒီသတင်း ထုတ်လွှင့်မှုကို ကြည့်ရှုနားဆင်နေတဲ့ ပရိသတ်အတွက်လည်း ၀န်ကြီးကို ၀န်ကြီးလို့ မမြင်ဘဲ ““အဘ”” လို့ မြင်ကုန်ရင်ဖြင့် မခက် ကုန်ပေဘူးလား . . .

အရပ်သားအသင်းအဖွဲ့ အခန်းကဏ္ဍ ဇန်န၀ါရီ ၈

ဇန်န၀ါရီ ၈ မစ္စတာ ဂျွန်မက်ကိန်း တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ကြည့်ရှုနေစဉ်။ ဇွန် ၂၊ ၂၀၁၁။ ရွေးကောက်ပွဲ စောင့်ကြည့်မှုဆိုင်ရာ စည်းမျဉ်းမူကြမ်းကို အရပ်သား အဖွဲ့အစည်းများက ပြင်ဆင်ပြီး ဇန်နဝါရီလ (၁၅) ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်ကို ပေးပို့လိုက်ကြောင်း သိရှိရပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့

ကိုးလိုးကန့်လန့် ဖြစ်နေတဲ့ အခြေခံဥပဒေ ဇန်န၀ါရီ ၈

ဇန်န၀ါရီ ၈ ဒီမိုကရေစီ လမ်းကြောင်းမှာ ကိုးလိုးကန့်လန့် ဖြစ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းကို မကြာမီ ကျင်းပပြုလုပ်မယ့် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဦးသိန်းစိန်အစိုးရက ပြုပြင်ရေး အစီအစဉ်လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်အောင် လမ်းခင်းပေးချိန်ကစပြီး

လက်ပံတောင်းစီမံကိန်း ထုတ်ပြန်ချက် ဝေဖန်ခံရ

ဇန်န၀ါရီ ၈ လက်ပံတောင်း ကြေးနီစီမံကိန်း အလုံးစုံ ပျက်သုန်းသွားအောင် လူနည်းစုတစုက စနစ်တကျ လှုံ့ဆော်နေတယ်လို့ စွပ်စွဲချက်အပါအ၀င် အကောင်အထည် ဖော်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်ကို ပညာရှင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ ရွာသားတွေက ပယ်ချလိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့က လက်ပံတောင်းတောင်ဒေသမှာ လုံခြုံရေးအင်အားသုံးပြီး မြန်မာ ၀မ်ပေါင်ကုမ္ပဏီက အတင်းအကျပ်ခြံစည်းရိုးခတ်မှုမှာ လယ်ယာမြေလျော်ကြေး မယူတဲ့ ရွာသားတွေနဲ့ အဓိကရုဏ်းဖြစ်ပွားလို့  တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံး ခဲ့သလို အများအပြားဒဏ်ရာရခဲ့ပါတယ်။

မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရန် သက်ဆိုင်ရာက လိုက်လျော

ဇန်န၀ါရီ ၈ မန္တလေးမြို့မှာ လူပေါင်း ထောင်သောင်းချီ ဆန္ဒပြတောင်းဆိုခဲ့တဲ့ မန္တလေး ကျောက်ဝိုင်း မပြောင်းရွေှ့ရေး ကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက အထိုက်အလျောက် လိုက်လျော လိုက်ပါတယ်။

သူရ ဦးအောင်ကိုအတွက် ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ မွေးနေ့ လက်ဆောင်

ဇန်န၀ါရီ ၄ ရက်နေ့ မွေးနေ့ရှင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး သူရ ဦးအောင်ကိုထံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အလံတံဆိပ်နဲ့ လုပ်ထားတဲ့ ကိတ်မုန့်ကို မွေးနေ့လက်ဆောင်အဖြစ် ပို့ပေးခဲ့ပါတယ်။ 

ဖက်ဒရယ်ကို တပ်ချုပ်ကြီး လက်ခံသလား ၀၈၊၀၁၊၁၅

ဇန၀ါရီ ၈ ဇန်နဝါရီ ၇၊ ၂၀၁၄ - မကြာသေးခင်က တွေ့ဆုံမှုတွေဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးအတွက် ထိရောက်လေးနက်မှု ရှိတယ်လို့ မပြောနိုင်ပေမဲ့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို များစွာအထောက်အကူ ဖြစ်စေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုပါတယ်။ အဲဒီ တွေ့ဆုံမှုတွေမှာ ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ ဗိုလ်မှူးကြီးခွန်ဥက္ကာ ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ငြိမ်းချမ်းအေး – တရားဝင်တဲ့ ကျည်ဆန် ၀၈၊၀၁၊၁၅

ဇန၀ါရီ ၈ ငြိမ်းချမ်းအေး – တရားဝင်တဲ့ ကျည်ဆန် (မိုးမခ) ဇန်န၀ါရီ ၇၊ ၂၀၁၅ “ချစ်မေမေ” ကိုယ်တိုင်က “ရန်ကုန်ကလူဆို မပြောရဘူး၊ ဝင်မပါနဲ့” ဆိုခဲ့ဖူးတော့ အခု အကောင်အထည်ဖော်ရေး ကော်မတီ ဆိုတဲ့ အာဏာရှင် လက်ကိုင်ဒုတ်က “ပြင်ပ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဒေသခံတွေ နားယောင်ပြီး အကြမ်းဖက်ခဲ့ကြ” လို့ ထမင်းရည်ပူလျှာလွှဲ ဆိုနိုင်ပြီပေါ့။ “ချစ်မေကြီး” မတရားဖိနှိပ် ဖမ်းဆီးခံနေရတုန်းက ဒက်စမွန်တူးတူး အစ၊ ဒလိုင်းလားမား အဆုံး တကမ္ဘာလုံးက အသံထွက် ဝင်ပြောပေးခဲ့တာတွေ ဒီမိုကရေစီ

တူမောင်ညို – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သမ္မတနဲ့ ကာချုပ် ဘာတွေပြောသလဲ ၀၈၊၀၁၊၁၅

ဇန၀ါရီ ၈ တူမောင်ညို – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သမ္မတနဲ့ကာချုပ် ဘာတွေပြောသလဲ မိုးမခ (၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်) (NLD) ပါတီဥက္ကဋ္ဌသာ “ဗိုလ်ရှုခံ”တက်ရောက်ခဲ့မည်ဆိုလျှင် (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ မီဒီယာများကဦးစားပေးဖော်ပြမည့် သတင်းဓါတ်ပုံနှင့် သတင်းဖိုးကပ်စ် သည် ဒေါ်အောင်ဆန်းစုကြည် သေချာပေါက်ဖြစ်လိမ့်မည်။ အခုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ နှင့် အဲဒီအထဲကမှ (KNU) နှင့် (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ဖြစ်နေတော့သည်။

၂၀၁၄ မြန်မာ့အရေးနဲ့ အနာဂါတ် အပိုင်း (၁) ၀၅၊ ၀၁၊၂၀၁၅

ဇန၀ါရီ ၅ ဒေါ်ခင်စိုးဝင်း၊ ဦးစည်သူအောင်မြင့် နဲ့ ဒေါက်တာရန်မျိုးသိန်း ဒေါ်ခင်စိုးဝင်း 04.01.2015 18:37 ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တကယ်ထိရောက်တဲ့ နိုင်ငံရေးတိုးတက်မှုတွေ ဘာတွေရှိခဲ့ပါသလဲ။ မနှစ်က

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပဲခူးမှာ ဟောပြောပွဲ ကျင်းပ (ရုပ်/သံ)

ဇန၀ါရီ ၃

ဗိုလ်​ရှု​ခံ​ပွဲကို ဝါ​ရင့် နိုင်ငံ​ရေး​သမား ဝေဖန်

ဇန်နဝါရီလ ၄ ရက် ဖဆပလ ပါလီမန် ဒီမိုကရေစီ ခေတ် တုန်း ကလည်း ဗိုလ်ရှုခံပွဲ ကျင်းပ ခဲ့ကြပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၄ ရက် ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ နေပြည်တော် မှာ ကျင်းပမယ့် ဗိုလ်ရှု့ခံ သဘင် ဆိုတာ စစ်တပ် အင်အားကို ပြတဲ့ အခမ်းအနား ဖြစ်တယ် လို့ ဝါရင့် နိုင်ငံရေးသမား သခင်ချန်ထွန်း က ပြောပါတယ်။

မြို့သာ လယ်မြေသိမ်းခံ တောင်သူတွေ ဆန္ဒပြ

ဇန၀ါရီ ၆ မြန်မာနိုင်ငံ တခြား ဒေသတွေမှာလည်း လယ် သမား အရေး ဖြေရှင်းဖို့ အများ အပြား ရှိနေ ပါတယ်  မန္တလေးတိုင်း၊ မြို့သာ စက်မှုဇုန် အတွက် ရွာ ၁၅ ရွာက လယ်ယာ ဧက ၁ သောင်းလောက် သိမ်းဆည်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လယ်သမားတွေ ရာနဲ့ချီပြီး ဒုတိယအကြိမ် ထပ်မံ ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံ

ဇန၀ါရီ ၆ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ သီးခြားတွေ့ဆုံစဉ်။  (ဓာတ်ပုံ-ဦးလှမောင်ရွှေ) ဇန်နဝါရီ ၅၊ ၂၀၁၅ ကိုမိုးဇော် 05.01.2015 20:52 မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးတွေ လုပ်နိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်နိုင်လိမ့်မယ်လို့ မြန်မာသမ္မတဦးသိန်းစိန်က

မြောက်ကိုရီးယား အပေါ် အရေးယူမှု အသစ် အိုဘားမား ကြေညာ

ဇန္ဒ၀ါရီ ၃ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကို ကွန်ပြူတာ ဆိုက်ဘာ ဖေါက်ထွင်း တိုက်ခိုက်မှုလုပ်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့သောကြာနေ့မှာ အမေရိကန်သမ္မတ Barack Obama က မြောက်ကိုရီးယား အပေါ် အရေးယူ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

၂၀၁၅ နှစ်သစ်မှာ – ထက်မြက် ၀၂၊၀၁၊၁၅

ဇန္ဒ၀ါရီ ၂ လက်ရှိအစိုးရသည် အုပ်ချုပ်ရေး မကောင်းဘဲ ခိုင်မာသော နိုင်ငံရေး လမ်းစဉ်မရှိဟု သိကြသောကြောင့် လူထုနှင့် ထိပ်တိုက်ရင်ဆိုင်မှုကို ၂၀၁၄ ခုနှစ်ထက်ပင် ပို၍ ရင်ဆိုင်ရဖွယ်ရှိ . . .

ပျက်ကျ လေယာဉ် AirAsia က ၂၂ လောင်း တွေ့

ဇန္ဒ၀ါရီ ၃ AirAsia ခရီးသည် တင်လေယာဉ် အစိတ်အပိုင်းတွေနဲ့ သေဆုံးသူအလောင်းတွေကို ဆယ်ယူနိုင်ဖို့ ဒီနေ့ ရာသီဥတု အနည်းငယ် ပြန်ကောင်းလာခဲ့ပြီး တဲ့နောက် ရေအောက် ရှာဖွေရေး ကိရိယာတွေ ချပြီး ဆက်ရှာဖို့ပြင်နေတယ်လို့ ရှာဖွေရေး လုပ်သားတွေ ထုတ်ပြောလိုက်ပါတယ်။ အင်ဒိုနီးရှား အရာရှိတွေက ဒီနေ့ အလောင်းတချို့ ထပ်မံရှာတွေ့ခဲ့တာကြောင့် စုစုပေါင်း အလောင်း ၂၂ လောင်း ရရှိထားပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ရေဒါထဲကနေ ပျောက်သွားပြီး ပျက်ကျခဲ့တဲ့ ဒီ မလေးရှား ပိုင် လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၆၂ ယောက် လိုက်ပါသွားခဲ့တာပါ။

လက်ပံတောင်းတောင် သွေးစွန်းခဲ့လေပြီ – လင်းထိုက် (Y.I.T) ၀၃၊၀၁၊၁၅

ဇန္ဒ၀ါရိ ၃   **** ပွင့်လင်းမြင်သာမှုလည်းရှိ၊ စီမံခန့်ခွဲမှုတွေ မမှားခဲ့ရင် တရုတ် လည်း ကြောက်မနေ ရပါဘူး **** လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုမှာ သံဃာတော်တွေ မီးလောင်ဗုံးသင့် ဒဏ်ရာရလို့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေပြီး တရုတ်ဆန့်ကျင်ရေး စိတ်ထားတွေ တစ်စတစ်စပွားနေချိန် မိတ်္ထီလာကစလိုက်တဲ့ အဓိက ရုဏ်းတွေဟာ တရုတ်စီမံကိန်းတွေ ရဲ့ပဋိပက္ခဂယက်တွေကို ဖုံးလွှမ်း သွားပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသက် သက်လားဆိုတာ . . .

ဗိုလ်ရှုသဘင်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်

ဇန္ဒ၀ါရီ ၂ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေး တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဇန်န၀ါရီ ၄ ရက်လွတ်လပ်ရေးနေ့ နေပြည်တော်မှာ ပြုလုပ်ကျင်းပမယ့် ဗိုလ်ရှုသဘင် အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူး လို့ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။

လွတ်လပ်စွာ ဖော်ထုတ်ခွင့် တိုးတက်လာပြီဟု သမ္မတပြောဆိုမှု လက်ရှိ အခြေအနေနှင့် ကွဲပြားနေ ၀၂၊၀၁၊၁၅

ဇန္ဒ၀ါရီ ၂ ရန်ကုန်၊ ဇန်န၀ါရီ ၁ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကြောင့် ၂၀၁၄ ခုနှစ်အတွင်း ပြည်သူများ၏ လွတ်လပ်ခွင့်များ၊ လွတ်လပ်စွာ ဖော် ထုတ် ပြောကြား ခွင့်များ တိုးတက်လာပြီး စိုးရိမ် ကြောင့်ကြမှု များ လျော့ပါးလာသည်ဟု သမ္မတ ဦးသိန်းစိန် ၏ ပြော စကားသည် လက်ရှိ အခြေအနေများနှင့် ကွဲပြားလျက် ရှိကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှား သူများက ဇန်န၀ါရီလ ၁ရက်တွင် မြန်မာ သံတော်ဆင့် သို့ ဝေဖန် ပြော ကြား လိုက်သည်။

လှည့်ကွက်တွေကို သတိထား ၀၂၊၀၂၊၁၅

ဇန္ဒ၀ါရီ၂ ဆိုရေးရှိကဆိုရပါတော့မည်။ ရေးရေးရှိကရေးရပါတော့မည်။ လူအများကြိုက်နှစ်သက်ချင်မှကြိုက်မည်၊ သို့သော် အမှန်တရားတခုကို ထောက်ပြပါရစေခင်ဗျား။ အကြောင်းကတော့ ဆင့်ပွားတွေးခေါ်မှုမှ စသည်။ ဘာကိုဆင့်ပွားတွေးခေါ်မိသနည်းဟူမူ စာရေးဆရာထင်လင်းဦးကို တရားစွဲခြင်းမှ စသည်။

၂၀၁၅ ဟာ နိုင်ငံရေးအရ ထူးခြားမည့်နှစ်ဟု သမ္မတ ဦးသိန်းစိန်ပြော ၀၃၊၀၁၊၁၅

ဇန္ဒ၀ါရီ ၃ သမ္မတ ဦးသိန်းစိန် က ၂၀၁၅ ခုနှစ် အတွင်းမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သူ့ရဲ့ ၂၀၁၄ နှစ်ကုန် အနှစ်ချုပ် ရေဒီယိုမိန့်ခွန်းမှာ ပြောဆို လိုက်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစုတွေ အနေနဲ့ ရွေးကောက်ပွဲ နည်းလမ်း အရ နိုင်ငံရေး အဖြေရှာဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူး ဆိုတာ ယတိပြတ် မပြောနိုင်သေးတဲ့ အကြောင်း ပြောခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ နိုင်ငံတော်သမ္မတက သူ့ရဲ့မိန့်ခွန်းထဲမှာ

မြန်မာ့အပြောင်းအလဲ နဲ့ နိုင်ငံတကာဖိအား ၀၂၊၀၂၊၂၀၁၅

ဇန္ဒ၀ါရီ ၂ ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရှေ့နှစ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာချဉ်းကပ်တဲ့နေရာမှာ စီးပွားရေး သံတမန်ရေးအရ သိမ်မွေ့မနေဘဲ ပြည်သူတွေအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေလုပ်ဖို့ တွန်းအားပေးချိန်တန်ပြီလို့ 

ရွေးကောက်ပွဲနှစ် ၀၂၊၀၂၊၂၀၁၅

လာမယ့် အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာလမှာ ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမယ်ဆိုလို့ ဒီနှစ်ကို ရွေးကောက်ပွဲနှစ်လို့ ခေါ်ရပါလိမ့်မယ်။ ဒီရွေးကောက်ပွဲကို စောင့်ကြည့်သင့်တယ်လို့ နိုင်ငံခြားစာနယ်ဇင်းအချို့ က ဖော်ပြပါတယ်။ အရင်ကလည်း ထင်ရှားတဲ့ ရွေးကောက်ပွဲတွေ ရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို လူသိများပါတယ်။ ဒါပေမဲ့ NLD နိုင်ပြီး စစ်တပ်တည်ထောင်တဲ့ တစညပါတီ ရှုံးတာကို စစ်တပ်က လက်မခံနိုင်လို့ အနှစ် (၂၀) ကျော် အုပ်ချုပ်ပါတယ်။ ဒီအစဉ်အလာကြောင့် ပြည်ခိုင်ဖြိုးပါတီရှုံးရင် စစ်တပ်က လက်ခံနိုင်မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

ကြီး (၄) ကြီး ဗျူးခဲ့တဲ့ ဌာနမှူးရဲ့  အနှစ်ချုပ်သုံးသပ်ချက် ၀၂၊၀၂၊၂၀၁၅

ဇန၀ါရီ ၂ ဒီတပတ်မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တိုင်းပြည်အနာဂါတ်အရေးကို  တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ လိုအပ်တယ်ဆိုတာ မြန်မာ့နိုင်ငံရဲ့  ကြီး (၄) ကြီးလုံး သဘောပေါက်ထားကြတာကို တွေ့ရတယ်။ တိုင်ရင်းသားတွေနဲ့ ထိတွေ့မှုမှာ

အားလုံးပါဝင်နိုင်တဲ့ ရွေးကောက် ပွဲဖြစ်အောင် ကြိုးပမ်းမယ်လို့ သမ္မတဦးသိန်းစိန် ပြောကြား

ဇန္ဒ၀ါရီ ၂ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးအင်အား စုပေါင်းစုံ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဆောင်ရွက်သွားမယ် လို့ နိုင်ငံတော်သမ္မတက ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။ လွတ်လပ်ရေးရပြီးချိန်ကစပြီး ကျင်းပခဲ့တဲ့ရွေးကောက် ပွဲတွေမှာ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်မှုမရှိခဲ့ တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတက ပြော ပါတယ်။

ရွေးကောက်ပွဲနှစ် ဇန်န၀ါရီ ၂

ရွေးကောက်ပွဲနှစ် ဇန်န၀ါရီ ၂ လာမယ့် အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာလမှာ ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပမယ်ဆိုလို့ ဒီနှစ်ကို ရွေးကောက်ပွဲနှစ်လို့ ခေါ်ရပါလိမ့်မယ်။ ဒီရွေးကောက်ပွဲကို စောင့်ကြည့်သင့်တယ်လို့ နိုင်ငံခြားစာနယ်ဇင်းအချို့ က ဖော်ပြပါတယ်။ အရင်ကလည်း ထင်ရှားတဲ့ ရွေးကောက်ပွဲတွေ ရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို လူသိများပါတယ်။ ဒါပေမဲ့

ဒေါ်ခင်ဝင်းအတွက် မဲဘုန်းမြို့ ဆီမီးထွန်းဆုတောင်း။

ဒီဇင်ဘာ ၂၇ ဒေါ်ခင်ဝင်းအတွက် မဲဘုန်းမြို့ ဆီမီးထွန်းဆုတောင်း ဓါတ်ပုံများကြည်ရန် ဒေါ်ခင်ဝင်း သတင်းမှတ်တမ်းအကျဉ်း အင်အယ်ဒီ သြစတြေလျ ကြေညာချက် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်ဒဏ်ရာနဲ့ ကျဆုံးသွားသောသူရဲကောင်း ဒေါ်ခင်ဝင်းအတွက် မဲဘုန်းမြို့ Free Burma, 178 Springvale Rd Melbourne စားသောက်ဆိုင်တွင်Candle Light vigil for Daw Khin Win ဆီမီးထွန်းဆုတောင်း။

အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အနာဂတ်ကို ဂါးဒီးယန်းသတင်းစာ၏အမြင်

ဇန္ဒ၀ါရီ ၁ အခမ်းအနားတစ်ခုတွင်မြင်ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ) မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်များသည် အနောက်နိုင်ငံများ၏ လက်ခုပ် ဩဘာပေးခြင်းနှင့် ချီးမြှောက် အားပေးခြင်းကို ခံယူနေရပါ သည်။ သို့သော် ထိုပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို တရား ဥပဒေမြဲမြံစွာစိုးမိုးသည်အထိ၊ ခိုင်မာသော ဒီမိုကရေစီနိုင်ငံတစ် ခုပေါ်လာသည်အထိ    သယ် ဆောင် သွားနိုင်မည်လားဆိုသည် မှာတော့ ချိန်ဆစရာတွေ အများ ကြီးရှိနေပါသည်။ နောင်လာမည့် သီတင်းပတ်အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အရေးကြီး သည့် အဆုံးအဖြတ်ပေးမည့် ကာလဖြစ်ပါသည်။ လာမည့် ဖေဖော်ဝါရီလကုန် သည် နောက်ဆုံးဖြစ်ကောင်းဖြစ် နိုင်ပါ၏။

စေထွဋ်ပိုင် (ပုသိမ်) – နှစ်ဟောင်းမှ နှစ်သစ်သို့စီသည့် ၀ါကျများ ၀၁၊၀၁၊၂၀၁၄

ဇန္ဒ၀ါရီ ၁ နှစ်ကုန်ခါနီးအချိန်က ရင်ထဲကို မီးတောက်များပစ်ထည့်သွား၏။ ကမ္ဘာမကြေသီချင်းက ကျွန်တော်တို့ ဆိုလို့မဆုံးသည့် သီချင်းသံလား။ နှစ် ဟောင်းကို သွေးနှင့်ကြွေစေပြီး နှစ်သစ်ကို သွေးနှင့် ဝေစေမှာလား။ ကျည်ဆံကတော့ အကျဉ်းတန်စွာ ၂၀၁၄ ကို ဖောက်ထွက်သွားခဲ့ပြီ။ အိပ်ရေးပျက်သည်အထိ အကြမ်းဖက်သတင်းများက လူတိုင်းကို နှောင့်ယှက်နေ၏။ ဘူဒိုဇာပုံရိပ်များ၊ ၀ါရင်းတုတ်များ၊ လှံ၊ လေးခွ၊ သေနတ် နှင့် ဓားကအစ အနုမြူဗုံးကလည်း

၂၀၁၅ နှစ်သစ်ကို လက်ပတောင်းအရေးအခင်းနဲ့ ကြို ၀၁၊၀၁၊၂၀၁၅

ဇန္ဒ၀ါရီ ၁ လက်ပတောင်းတောင် ကြေးနီးစီမံကိန်းတိုးချဲ.ရန် ခြံစည်းရိုးခတ်မှုကြောင့် လယ်ယာမြေများဆုံးရှုံးသွားသောဒေသခံများက ဆည်တည်းရွာအနီး ၂၄ နာရီပတ်လုံး သပိတ်စခန်းဖွင့်လှစ်၍ ၄င်းတို့၏လယ်ယာမြေများပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆိုနေကြောင်း ဒေသခံဘုန်းတော်ကြီးဦးစန္ဒာသီရိက ပြောကြားသည်။

ဇင်လင်း – ခရစ်သက္ကရာဇ် ၂၀၁၄ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးအနှုတ်လက္ခဏာပြတဲ့နှစ် ၀၁၊၀၁၊၂၀၁၄

ဇန္ဒ၀ါရီ ၁ ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ကုန်ဆုံးခဲ့ပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံအတွက်တော့ အောင်မြင်စွာ နိဂုံးသတ်နိုင်ခဲ့တဲ့ နှစ်တနှစ် မဟုတ်ခဲ့တာ အသေအချာပါပဲ။ ဘာကြောင့် အခုလိုသုံးသပ်ရသလဲလို့ မေးခွန်းထုတ်မယ်ဆိုရင်တော့ လုံလောက်တဲ့အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒီ အထဲမှာ ပဓါနအကျဆုံး အချက်အနေနဲ့ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် အထောက် အကူမပြုနိုင်ကြောင်း အထင်အရှား မြင်တွေ့နေရပါလျှက်နဲ့ အာဏာရပါတီနဲ့ တပ်မတော်က

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတားအဆီးတွေက ဘာလဲ (၂၀၁၄ သုံးသပ်ချက်) ၀၁၊၀၁၊၂၀၁၅

ဇန္ဒ၀ါရီ ၁ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ရေးထိုးနိုင်မယ်လို့ မျှော်လင့်ချက်တွေဟာ ပျက်ပြယ်ခဲ့ရပေမယ့် နှစ်သစ်မှာ နှစ်ဘက် ဆက်လက်ကြိုးပမ်းကြရဖို့ ရှိပါတယ်။ သဘောတူညီချက်လက်မှတ် မထိုးနိုင်ဖြစ်ခဲ့ရတာဟာ ဘာအားနည်းချက်တွေကြောင့်လဲ။ ဘယ်လိုဖြည့်ဆည်းဆောင်ရွက်ညှိနှိုင်းကြမလဲ စတဲ့ အမြင် သဘောထား တွေကို စုစည်းထားပါတယ်။ နိုင်ဟံသာ (ယူအန်အက်ဖ်စီ)

လက်ပံတောင်းတင်းမာမှု သတ္ထုတွင်းဝန်ကြီး တွေ့ဆုံဖြေရှင်းလို

ဇန္ဒ၀ါရီ ၁ လက်ပံတောင်းတောင် ဒေသခံတွေက ကိုယ့်လယ်မြေ ပြန်ရရေး သပိတ်စခန်းဖွင့်ထားတဲ့အတွက် နှစ်ဘက်ပြေလည်မှုတွေရဖို့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ သတ္ထုတွင်းဝန်ကြီးနဲ့ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဥာဏ ဦးဆောင်ပြီး ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။ ဒီအတွက် တောင်သူတွေဘက်ကလည်း သပိတ်စခန်း ဆက်ဖွင့်ထားသလို အာဏာပိုင်တွေဘက်ကလည်း လုံခြုံရေးအင်အားတွေနဲ့ ဆက်လက် နေရာယူထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် ဖမ်းဆီးခံရ

ဇန္ဒ၀ါရီ ၁ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို လိမ်လည်မှုနဲ့ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာကို ကန့်ကွက်ဆန္ဒပြခဲ့ကြသူတွေနဲ့ Navalny ဟာ သွားရောက်ပူးပေါင်းခဲ့ပြီး မကြာခင်မှာ ရဲက သူ့ကို ထိန်းသိမ်းလိုက်ပါတယ်။ အင်္ဂါနေ့က မော်စကိုမှာ ရင်ပြင်နီအနီးရှိ ခရင်မလင်နန်းတော်ကို သူ့ရဲ့ထောက်ခံသူတွေနဲ့ ချီတက်စဉ် အင်္ဂါနေ့က အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာတ၀ိုက်မှာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကိုလည်း ရဲကဖမ်းဆီးခဲ့ပါတယ်။

ဒေါ်ခင်ဝင်း သတင်းမှတ်တမ်းအကျဉ်း ၂၂၊၁၂၊၂၀၁၄ - ၀၁၊၀၁၊၂၀၁၅

လက်ပံတောင်းတောင် ပြဿနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ နားဆင်ရန်   https://www.youtube.com/watch?v=5D2w2JFlmEM https://www.youtube.com/watch?v=SwIyyo3u1lg https://www.youtube.com/watch?v=RpsbHK3XWX0   လက်ပံတောင်းမှာ ပုဒ်မ ၁၄၄ သက်တမ်းတိုးမြှင့်ဇန္ဒ၀ါရီ ၂ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့်ကို နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်ပါ တယ်။ ပုဒ်မ ၁၄၄ ကို ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလကုန်အထိ ၂ လ သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ပြောပါတယ်။ "ပုဒ်မ ၁၄၄ က သက်တမ်းရှိတယ်လေ၊ နှစ်လတစ်ကြိမ်၊ အဲ့ဒါကို သက်တမ်းပြန်တိုးတာပါ၊ နယ်နိမိတ်သတ်မှတ်ထားတာ ရှိပါတယ်ခင်ဗျ" နောက်ထပ်၂ လပြည့်တဲ့အခါ ပုဒ်မ ၁၄၄ ကို ထပ်မံထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း ဦးဇော်မျိုးညွန့်က ဆိုပါတယ်။ ပုဒ်မ ၁၄၄ သတ်မှတ်ထားတဲ့ဧရိယာမှာ မိုးကြိုးပြင်ကျေးရွာအုပ်စု၊ ဖောင်းကတာကျေးရွာအုပ်စု၊ လက်ပံတောင်း တောင်ကြီး၊ ၀က်မှေးရွာ၊ ဆည်တည်းရွာနဲ့ တုံရွာတွေ ပါဝင်ပြီး အဲဒ