Skip to main content

လွတ်လပ်စွာ ဖော်ထုတ်ခွင့် တိုးတက်လာပြီဟု သမ္မတပြောဆိုမှု လက်ရှိ အခြေအနေနှင့် ကွဲပြားနေ ၀၂၊၀၁၊၁၅

ဇန္ဒ၀ါရီ ၂


ရန်ကုန်၊ ဇန်န၀ါရီ ၁

နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကြောင့် ၂၀၁၄ ခုနှစ်အတွင်း ပြည်သူများ၏ လွတ်လပ်ခွင့်များ၊ လွတ်လပ်စွာ ဖော် ထုတ် ပြောကြား ခွင့်များ တိုးတက်လာပြီး စိုးရိမ် ကြောင့်ကြမှု များ လျော့ပါးလာသည်ဟု သမ္မတ ဦးသိန်းစိန် ၏ ပြော စကားသည် လက်ရှိ အခြေအနေများနှင့် ကွဲပြားလျက် ရှိကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှား သူများက ဇန်န၀ါရီလ ၁ရက်တွင် မြန်မာ သံတော်ဆင့် သို့ ဝေဖန် ပြော ကြား လိုက်သည်။


သမ္မတဦးသိန်းစိန်၏ ၂၀၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနှင့် ပတ်သက် ၍ ပြည်သူသို့ အစီရင်ခံ တင်ပြချက်၌ ယင်းကဲ့သို့ ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အခြေအနေ၌ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာ သမားများအား ဖမ်းဆီး အရေးယူမှုများ ဆက်တိုက် ဖြစ်ပေါ် နေသည့်အတွက် ယခုကဲ့ သို့ ဝေဖန် ပြောကြားလိုက်ခြင်း ဖြစ်သည်။

““ဒီစကားက လက်ရှိအခြေအနေနဲ့ တကယ့် ပြောင်းပြန် ဖြစ်နေတယ်။ မနေ့တစ်နေ့ကပဲ ကိုနေမျိုးဇင်တို့၊ ဒေါ်နော်အုန်းလှတို့ အဖမ်းခံရတယ်။ ကျွန်တော်တို့ တက်ကြွ လှုပ်ရှားသူတွေ တော်တော် များများလည်း ခွင့်ပြုချက် မပေးဘူးဆိုပြီး အများကြီးရှိတယ်။ ဒါနဲ့ပတ်သက်ပြီး အရေးယူ ခံရတာလည်း အများကြီးရှိတော့ ဒါက လုံးဝမမှန်တဲ့ စကားလို့ ပြောချင်တယ်။ ဘာဖြစ်နေလဲဆိုတော့ အစိုးရယန္တရား အပေါ်ကို တကယ်အကျိုးသက် ရောက်မှု ရှိစေမယ်ဆိုရင် ခွင့်မပြုဘူး။ တော်ရုံကိစ္စဆို ခွင့်ပြုတယ်။ သတင်း မီဒီယာ သမားတွေနဲ့  ပတ်သက် လို့လည်း ဖမ်းဆီးတာတွေ၊ ထောင်ချတာတွေ အများကြီးရှိတယ် ဒီနှစ်ထဲမှာပေါ့။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုမှကို နားမလည်နိုင်ဘူး။ ဒါမုသာဝါဒလို ပုံစံဖြစ်နေတယ်။ ဒါလိမ်နေတာ”” ဟု Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

လက်ရှိ အချိန်အထိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ၀န်းကျင်ခန့်တို့မှာ ခွင့်ပြုချက် မယူဘဲ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အရေးယူ ခံထားရပြီး အချို့မှာ အခြားပုဒ်မ များတပ်ကာ တရားစွဲဆို အရေးယူ ခံထားရသည်။

ထို့ပြင် အစိုးရက ဆန္ဒဖော်ထုတ်သူများ၏ တောင်းဆို မှုများအပေါ် တာဝန်ယူ ဖြေရှင်းပေးမှု၌လည်း အားနည်းမှု များရှိကြောင်း ဝေဖန်မှုများလည်း ရှိသည်။

““လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့ သင်္ကေတတွေ ဖြစ်တဲ့ စီတန်း လှည့်လည်တာတွေ၊ ဆန္ဒဖော်ထုတ်တာတွေဟာ အရင်ကထက် များလာတာ။ ဒါကတော့ ငြင်းလို့ မရပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး ပြောကြားချက်တွေ အပေါ်မှာ ဘယ်လောက်အထိ နားထောင်သလဲ။ ဒီလိုမျိုး ပြောကြားချက်တွေနဲ့ ပတ်သက်တဲ့ တင်ပြချက်တွေကို ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ပြီးတော့ တရားမျှတမှုအပိုင်းမှာ တော်တော် အားနည်းပါ တယ်””ဟု Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ဆိုသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများမှာ အစိုးရနှင့် စစ်တပ်မှ တိုက်ရိုက်ဖြစ်စေ၊ ဖက်စပ်လုပ်ကိုင်သည့် စီမံကိန်း များကြောင့် ဖြစ်စေ မိမိတို့၏ မြေယာများ သိမ်းဆည်း ခံရမည့် အရေးကို စိုးရိမ်ကြောင့်ကြ နေရပြီး လူမှုဘ၀ မလုံခြံမှုများနှင့်လည်း ရင်ဆိုင်နေရသည့်အတွက် သမ္မတ ပြောဆိုသည့် စိုးရိမ်ကြောင့်ကြမှုများ လျော့ပါး လာသည်ဟု ပြောဆိုမှုမှာ မမှန်ကန်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လျက် ရှိသည်။

““စိုးရိမ်ကြောင့်ကြမှုတွေကို လျော့ပါး လာစေတယ်လို့ ပြောတယ်ပေါ့။ တကယ့် တကယ်တော့ EITI လုပ်ငန်းစဉ် ကဏ္ဍအရ ပြောရင် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်မှုနဲ့ ဆိုင်တဲ့ ပြဿနာတွေ။ ဥပမာ လက်ပံတောင်းလို ကိစ္စမျိုး။ ဒါတွေနဲ့ ပတ်သက်လို့ လုပ်နေရတဲ့ နေရာမှာ တစ်ဖက်က အစိုးရကနေပြီးတော့ ဘယ်ဥပဒေ ခေါင်းစဉ်တပ်ပြီး ဖမ်းမလဲဆိုတာ စိုးရိမ်ရသလို ကုမ္ပဏီတွေ မြှူဆွယ်မှု၊ ခြိမ်းခြောက်မှုတွေက ရင်ဆိုင်နေရဆဲပဲ”” ဟု ဘက်စုံဖွံ့ဖြိုးရေးအဖွဲ့ တည်ထောင်ထားသူ ဦးဇော်ထွန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ယခုအစိုးရသစ် လက်ထက်တွင် ပြည်သူများက ဆန္ဒ ဖော်ထုတ်ခဲ့မှုကြောင့် ရပ်ဆိုင်းခဲ့ရသည့် စီမံကိန်း တစ်ခုသာရှိပြီး ယင်းမှာ ကချင်ပြည်နယ် ရှိ မြစ်ဆုံရေကာတာ စီမံကိန်း ဖြစ်သည်။ အဆိုပါ စီမံကိန်းကိုလည်း လက်ရှိသမ္မတ သက်တမ်းအတွင်း ဆောက်လုပ်ခြင်း မပြုဟုသာ သမ္မတ ဦးသိန်းစိန်က ကတိပေးထားပြီး နောင်တက်လာမည့် အစိုးရ လက်ထက်တွင်မူ ဆက်လက် လုပ်ဆောင်ရန် ရှိ၊ မရှိကိုမူ မသိရသေးပေ။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...