Skip to main content

ရွေးကောက်ပွဲနှစ် ၀၂၊၀၂၊၂၀၁၅


မြန်မာမဲဆန္ဒရှင်များလာမယ့် အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာလမှာ ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမယ်ဆိုလို့ ဒီနှစ်ကို ရွေးကောက်ပွဲနှစ်လို့ ခေါ်ရပါလိမ့်မယ်။ ဒီရွေးကောက်ပွဲကို စောင့်ကြည့်သင့်တယ်လို့ နိုင်ငံခြားစာနယ်ဇင်းအချို့ က ဖော်ပြပါတယ်။ အရင်ကလည်း ထင်ရှားတဲ့ ရွေးကောက်ပွဲတွေ ရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို လူသိများပါတယ်။ ဒါပေမဲ့ NLD နိုင်ပြီး စစ်တပ်တည်ထောင်တဲ့ တစညပါတီ ရှုံးတာကို စစ်တပ်က လက်မခံနိုင်လို့ အနှစ် (၂၀) ကျော် အုပ်ချုပ်ပါတယ်။ ဒီအစဉ်အလာကြောင့် ပြည်ခိုင်ဖြိုးပါတီရှုံးရင် စစ်တပ်က လက်ခံနိုင်မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။


၂၀၁၀ ရွေးကောက်ပွဲကို လုပ်ပွဲအဖြစ် သတ်မှတ်ပြီး NLD က သပိတ်မှောက်ခဲ့ပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် NLD ကိုယ်စားလှယ် (၄၀) ကျော် လွှတ်တော်ထဲ ရောက်သွားခဲ့ပါတယ်။ လွှတ်တော်အမတ် (၅၀) ရာခိုင်နှုန်းဟာ ပြည်ခိုင်ဖြိုးဖြစ်ပြီး စစ်တပ်ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်း၊ NLD ကိုယ်စားလှယ်က (၇) ရာခိုင်နှုန်းသာ ရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကလိမ်ကကျစ်လုပ်မှု ရှိတယ်ဆိုပေမယ့် ပြုပြင်ရေးလုပ်နိုင်တဲ့ ဦးသိန်းစိန်အစိုးရကို အပြည်ပြည်ဆိုင်ရာက ထောက်ခံလာကြပါတယ်။ ဒါကြောင့် တရားမျှတရင် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အနိုင်ရအောင် ကြိုတင်မဲကို အသုံးပြုတဲ့အတွက် ရွေးကောက်ပွဲကောင်မရှင်ကို အယုံအကြည်နည်းနေပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟာ စစ်ဗိုလ်ဟောင်းနဲ့ ကြံ့ဖွံ့ပါတီဝင်ဟောင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံပြောဆိုတဲ့အတွက် ဘက်လိုက်မှုရှိမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် သမာသမတ်ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ရမယ်လို့ သမ္မတဦးသိန်းစိန်က မနှစ်ကပြောပါတယ်။ သိက္ခာမရှိတဲ့ ဘက်လိုက်တဲ့ လူညစ်ကြိးအဖြစ် သမိုင်းတွင်မှာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ ဦးသိန်းစိန်ကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို မှန်ကန်စွာ ကျင်းပနိုင်တာလို့ မြင်ကြပါတယ်။ အတိုက်အခံပါတီမှာ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိတယ်ဆိုတာကိုကြည့်ပြီး ရွေးကောက်ပွဲကို အကဲဖြတ်နိုင်ပါတယ်။

စစ်အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ပြုပြင်ရေးသမား ဦးသိန်းစိန်အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲ ကွဲပြားခြားနားကြောင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲက သက်သေပြနေပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အရင်ကထက် ပိုမိုလွတ်လပ်ပြီး အရပ်သားအဖွဲ့အစည်းတွေ ပိုမိုများပြားလာတာကြောင့် ပြည်သူလူထု အများအပြား ပါဝင်ဆင်နွှဲလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်စားသူများလေလေ မတ၇ားလုပ်ဖို့ ခက်ခဲလေလေဖြစ်ပြီး စိတ်ဝင်စားသူနည်းလေလေ လိမ်လို့ကောင်းလေလေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပလို့ ဆင်းရဲခြင်းပျောက်ကင်းမှာ မဟုတ်လို့ယူဆပြီး စိတ်ဝင်စားမှုမရှိတာဟာ ဒီမိုကရေစီအတွက် အလားအလာ မကောင်းပါဘူး။ ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးမှာ ပြည်သူလူထုပါဝင်နိုင်တဲ့ အခွင့်အလမ်းဖြစ်တာမို့ အလေးအနက် ထားသင့်တယ်လို့ မြင်ကြပါတယ်။

တပြည်လုံး မဲစာရင်း ပြုစုနိုင်အောင် စတင်လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဇန်နဝါရီလကုန်မှာ ပထမအဆင့်ပြီးဖို့ ရည်ရွယ်ပြီး မတ်လကုန်မှာ ဒုတိယအဆင့် ပြီးစီးနိုင်လိမ့်မယ်လို့ သိရပါတယ်။ မေလကုန်မှာ နောက်ဆုံးတတိယအဆင့်ကို ပြီးစီးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မဲစာရင်းဝင်သူသာ ရွေးကောက်ပွဲမှာ မဲဆန္ဒပေးနိုင်တာမို့ မိမိအမည် မဲစာရင်းမှာ ပါဝင်ဖို့ အလွန်အရေးကြီးပါတယ်။ မဲစာရင်းကို နိုင်ငံရေးပါတီတိုင်း ရရှိဖို့ လိုအပ်ပါတယ်။ အင်္ဂလန်မှာဆိုရင် ကုမ္ပဏီတွေက မဲစာရင်းကို ဝယ်ယူပြီး လူတဦးချင်းဆီကို ပစ္စည်းကြော်ငြာပို့လေ့ ရှိပါတယ်။ ဒါကြောင့် မဲစာရင်းရထားတဲ့ပါတီဟာ မဲဆန္ဒရှင်ကို ထိထိရောက်ရောက် စည်းရုံးသိမ်းသွင်းနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ မဲဝယ်ချင်တဲ့ပါတီဟာ မဲစာရင်းကိုကြည့်ပြီး တဦးချင်းကို လက်ဆောင်ပေးညပီး စည်းရုံးတာမျိုးလည်း ရှိနိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းအတိုင်း ကျင်းပနိုင်ရေးအတွက် Carter Center က ကူညီပါလိမ့်မယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလမှာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ လာစဉ်က ကတိပြုခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ သမ္မတအိုဘားမား လာတဲ့အခါမှာ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အဓိကထား တိုက်တွန်းသွားပါတယ်။ အရပ်သားအဖွဲ့ (၂၁) ဖွဲ့ ပါဝင်တဲ့ မြန်မာနိုင်ငံ မဲရုံစောင့်ကြည့်ရေးကွန်ရက် ကလည်း မဲစာရင်း၊ မဲရုံစောင့်ကြည့်မှု၊ မဲရေတွက်မှု စတာတွေမှာ ပါဝင်ဖို့ အလားအလာရှိပါတယ်။ စစ်အစိုးရခေတ်က မကြာခဏ အဖမ်းခံခဲ့ရတဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ကလည်း ရွေးကောက်ပွဲပညာပေးလုပ်ငန်းမှာ ပါဝင်နေပါတယ်။

လွန်ခဲ့တဲ့ မေလက ဇူလိုင်လအထိ ရန်ကုန်က အလုံမြို့ နယ်၊ ချင်းပြည်နယ် တီးတိန်မြို့ နယ်နဲ့ မြစ်ကြီးနားမြို့ နယ်တွေမှာ ရှေ့ ပြေးမဲစာရင်း စမ်းသပ်ကောက်ယူတဲ့အခါ အရပ်သားအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ရှေ့ ပြေးစမ်းသပ်ပွဲမှာ တွေ့ရတဲ့အားနည်းချက်ကို ပြင်ဆင်ဖို့ အချိန်ရတာမို့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ကွာခြားမှာ သေချာပါတယ်။ ထူးခြားချက်ကတော့ ပုဂ္ဂလိက စာနယ်ဇင်းရှိနေတဲ့အတွက် ကလိမ်ကကျစ်လုပ်မှုကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲနှစ်မှာ သတင်းမီဒိယာ လွတ်လပ်မှုဟာ အထူးအရေးကြီးပါတယ်။

ဇန္ဒ၀ါရီ ၂


Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...