Skip to main content

အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အနာဂတ်ကို ဂါးဒီးယန်းသတင်းစာ၏အမြင်

ဇန္ဒ၀ါရီ ၁


အခမ်းအနားတစ်ခုတွင်မြင်ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်များသည် အနောက်နိုင်ငံများ၏ လက်ခုပ် ဩဘာပေးခြင်းနှင့် ချီးမြှောက် အားပေးခြင်းကို ခံယူနေရပါ သည်။ သို့သော် ထိုပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို တရား ဥပဒေမြဲမြံစွာစိုးမိုးသည်အထိ၊ ခိုင်မာသော ဒီမိုကရေစီနိုင်ငံတစ် ခုပေါ်လာသည်အထိ    သယ် ဆောင် သွားနိုင်မည်လားဆိုသည် မှာတော့ ချိန်ဆစရာတွေ အများ ကြီးရှိနေပါသည်။ နောင်လာမည့် သီတင်းပတ်အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အရေးကြီး သည့် အဆုံးအဖြတ်ပေးမည့် ကာလဖြစ်ပါသည်။
လာမည့် ဖေဖော်ဝါရီလကုန် သည် နောက်ဆုံးဖြစ်ကောင်းဖြစ် နိုင်ပါ၏။
ထိုကာလအတွင်းမှာ မြန်မာအစိုးရသည် လူအများ အမျိုးမျိုးထင်ကြေးပေးနေကြ သော ပြဿနာတစ်ခု အတွက် အခြေခံဥပဒေပြင်ဆင်နိုင်မှု အကောင်အထည်ဖော်ရေး ကော်မတီကတင်ပြလာမှုအပေါ် ၎င်း၏ ဆုံးဖြတ်ချက်တစ်ခုကို တုံ့ပြန်ဖြေ ကြားပေးရမည်ဖြစ်ပါသည်။
ထိုအရာက ၂၀၁၅ နှောင်း ပိုင်းတွင် ကျင်းပမည့် နိုင်ငံ၏ရွေး ကောက်ပွဲကို မည်သည့်အနေ အထားမှာကျင်းပမလဲဆိုတာကို သတ်မှတ်ရမည်ဖြစ်သည်။ သို့ သော်လည်း ထိုဆုံးဖြတ်ချက်က နောက်နှစ်တွေမှာ ဖြစ်ပေါ်လာ မည့် တိုင်းပြည်အနေအထားကို ပုံဖော်ပေးပါလိမ့်မည်။ သည်နေ ရာမှာ ဘာဆုံးဖြတ်ချက်ချသလဲဆို သည့် အပေါ်မူတည်ပြီး လွန်ခဲ့ သော နှစ်ငါးဆယ်ခန့်က စစ်အာ ဏာသိမ်းခဲ့သလို    စစ်တပ်နှင့် အရပ်သားအစိုးရကြားမှာ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ် ဆောင်မှုများက ကျဆင်းသွားနိုင် သည် (သို့မဟုတ်) အရပ်သား အစိုးရကိုဗန်းပြထားသည့်နောက် မှာ စစ်တပ်၏လွှမ်းမိုးမှုကလည်း သည့်ထက်ပိုဆိုးလာကောင်းဆိုး လာနိုင်သည်။
မြန်မာ့နိုင်ငံရေးတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်၏ အခန်းကဏ္ဍကား မည်သို့မျှရှောင်လွှဲ၍မရသော အဓိကကိစ္စတစ်ခုဖြစ်ပါသည်။ သူသည် တောင်အာဖရိကခေါင်း ဆောင်နယ်လ်ဆင်မန်ဒဲလားနှင့် ရုရှားနိုင်ငံက   လူ့အခွင့်အရေး လှုပ်ရှားသူအန်ဒရောရှားကောဗ် တို့ကဲ့သို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ကစားနိုင်သော နိုင်ငံရေးခေါင်း ဆောင်တစ်ဦးဖြစ်၏။ လူအများ လေးစားယုံကြည်မှုကိုရထား သော ခေါင်းဆောင်လည်းဖြစ်၏။ အခက်အခဲသမိုင်းကြောင်းတွေ ကြုံရသော နိုင်ငံအတော်များများ သည်   မြန်မာနိုင်ငံကဲ့သို့   ဒေါ် အောင်ဆန်းစုကြည်လို    ခေါင်း ဆောင်မျိုးများရှိသည်အထိ   ကံ မကောင်းကြပါ။ သို့သော်လည်း အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားများဖြစ် သည့် သားနှစ်ယောက်ကြောင့်  သမ္မတမဖြစ်နိုင်ရန် ကန့်သတ် ထားသည်။
အဓိကအန္တရာယ်ဖြစ်အလာ နိုင်ဆုံးက မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဘေး ဖယ်ထားမှာပဲဖြစ်သည်။ မြန်မာစစ်တပ်အနေဖြင့် သူတို့၏ရပိုင်ခွင့် များဆုံးရှုံးသွားမည်ကို ကြောက် နေကြသည်။ သူတို့က အစဉ် အလာအတိုင်း နိုင်ငံလုံခြုံရေးကို ချုပ်ကိုင်ထားချင်သည်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ် ခေါ်ခြင်းဖြင့် ယခုအခါ တရုတ် နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကိုချိန်ခွင် လျှာညှိထားနိုင်ပြီဟု သူတို့က ယူဆနေကြ၏။ ဒေါ်အောင်ဆန်းစု ကြည်၏ ခေါင်းဆောင်ခွင့်ဆုံးရှုံး သွားလျှင် သူ့အဖေဗိုလ်ချုပ် အောင်ဆန်းကိုဆုံးရှုံးရသလို မြန်မာအတွက် ရင်နာစရာဖြစ် လာပါလိမ့်မည်။
ဆိုလိုသည်က ဒေါ်အောင် ဆန်းစုကြည်သည် အမှားကင်းပြီး အစစအရာရာခြောက်ပြစ်ကင်း သဲလဲစင်ဟု ပြောခြင်းမဟုတ်ပါ။ သို့သော်လည်း သူသည်သာ မြန်မာ၏ အနာဂတ်ကောင်းမွန် လာနိုင်မည့် အကောင်းဆုံးအခွင့် အရေးတစ်ခုဖြစ်ပါသည်။ ယခု အချိန်မှာ ပြင်ပကလူတွေအတွက် မြန်မာအစိုးရသည် တိုးတက်မှု တွေလုပ်နေပါသည်ဟု ပြောရမှာ ခပ်ခက်ခက်ဖြစ်ပါသည်။ သူတို့ လုပ်သည့် အပြောင်းအလဲနည်း နည်းအတွက် မြန်မာအစိုးရသည် အမှတ်တွေအများကြီးရထားပြီး သားဖြစ်နေသည်။ နောက်ထပ်ပြု ပြင်ဆောင်ရွက်ရေးများ ပိုမိုလုပ် ရန် မြန်မာအစိုးရကို တခြားနိုင်ငံ များက ဖိအားပေးဖို့ လိုပါသည်။ အကယ်၍မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တား ဆီးပိတ်ပင်မည်ဆိုပါက လက်ရှိ မြန်မာအစိုးရသည် နောက်ထပ်တိုးတက် ဆောင်ရွက်မှုများမလုပ် တော့ဘူးဆိုသည့် အနောက်နိုင်ငံ များနှင့်အခြားသူများသိသင့်သည့် လက္ခဏာတစ်ခုဖြစ်ပါလိမ့်မည်။
သို့သော်လည်း မြန်မာ အပေါ် နိုင်ငံတကာဖိအားတွေတိုးလာရမည့်အစား ပြေလျော့ လာနေပါသည်။ နိုင်ငံရေးအကျဉ်း သားများ ပြန်လွှတ်ပေးခြင်း၊ လူစု လူဝေးလုပ်ခွင့်ကန့်သတ်ချက်ကို ဖယ်ရှားပေးခြင်းနှင့် ပုဂ္ဂလိက သတင်းစာများထုတ်ခွင့်ပေးခြင်း တို့လို ကောင်းမွန်သောလုပ်ဆောင် ချက်များလည်းရှိသည်။  ပြည်သူ့ လွှတ်တော်မှာလည်း စစ်တပ်အမတ်က ၂၅ ရာခိုင်နှုန်းရှိနေပြီး သူတို့က အခြေခံဥပဒေပြင်ဆင်မှုကို တစ်ချက်လွှတ်အာဏာဖြင့် ကန့်သတ်ပယ်ဖျက်နိုင်သည့် အာဏာရှိသည်။ အဓိကကျသည့် ဝန်ကြီးဌာနများကလည်း စစ် တပ်အရာရှိများအတွက်သာဖြစ် သည်။ ကမ္ဘာပေါ်မှာ မည်သည့် နိုင်ငံကမှ  သည်လိုနည်းလမ်းနှင့် စစ်တပ်က ထိန်းချုပ်ထားခြင်းမရှိ ပါ။ သည်အချက်က အတော်ကို ဒီမိုကရေစီနည်းလမ်းမကျသည့် အချက်ဖြစ်ပြီး မြန်မာမှာလည်း လူတွေက သဘောမကျသည့် အတွက် လူငါးသန်းကျော်က လက်မှတ်ထိုးပြီး အခြေခံဥပဒေ ကိုပြင်ဆင်ဖို့ တောင်းဆိုနေကြ ခြင်းဖြစ်ပါသည်။
စီးပွားရေးပိတ်ဆို့မှုများ တစ် စိတ်တစ်ပိုင်းဖယ်ရှားလိုက်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင် လာကာ မြန်မာ၏စီးပွားရေးက လည်း အနည်းငယ်တိုးတက်လာ သည်မှာလည်း အမှန်ပင်ဖြစ် သည်။ သာမန်နိုင်ငံသားများ ဘဝ အခြေအနေပိုကောင်းလာကြပြီး မြန်မာစစ်တပ်နှင့်ပတ်သက်နေ သော ချမ်းသာပြီးသား မြန်မာများ ကမူ ချမ်းသာသထက်ပိုချမ်းသာ လာကြသည်။ သည်အချက်က ပြဿနာပဲဖြစ်ပါသည်။
ပြုပြင်ပြောင်းလဲရေးများ အပြီးသတ်မလုပ်ဆောင်မီမှာပင် မြန်မာအစိုးရက ဆုလာဘ်များချီး မြှင့်ခံနေရသည်။ အနောက်နိုင်ငံ များက ပိတ်ဆို့မှုတွေ ရုပ်သိမ်း သကဲ့သို့ အချို့ကလည်းလျှော့  ပေါ့ပေးခဲ့ကြ၏။ မကြာသေးမီ အောက်တိုဘာက အာဆီယံထိပ် သီးအစည်းအဝေးအတွက် မြန်မာ သို့ သွားရောက်ခဲ့သော အမေရိ ကန်သမ္မတအိုဘားမားနှင့် နိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့ကဲ့သို့ အနောက် နိုင်ငံခေါင်းဆောင်တွေကလည်း မြန်မာကို ပုံမှန်သွားရောက်နေကြ သည်။
သို့ရာတွင် မကြာသေးမီက မေးမြန်းခန်းတစ်ခုတွင် ဒေါ်အောင် ဆန်းစုကြည်ပြောကြားခဲ့သလို အနောက်နိုင်ငံများအနေဖြင့် မြန်မာ၏ ပြုပြင်ပြောင်းလဲရေး သည် ပြီးမြောက်ရန်အများကြီး လိုအပ်နေသော လုပ်ငန်းစဉ်တစ် ခုဆိုတာထက် တကယ်ပင် ပြီး မြောက်ဆုံးခန်းတိုင်သွားသကဲ့သို့ မြန်မာအပေါ်မှာ ပြုမူဆောင်ရွက် နေကြသည်။ ထို့ကြောင့် ယခု အချိန်မှာ သူတို့၏ ဆောင်ရွက် ချက်များကို ပြောင်းလဲပြီးပြုပြင် ပြောင်းလဲရေးလုပ်ရန် မြန်မာ ကို ဖိအားပေးဖို့ အချိန်အနည်း ငယ်သာကျန်ပါတော့သည်။
(ဗြိတိန်နိုင်ငံထုတ် ဂါးဒီယန်းသတင်းစာ၏  အယ်ဒီတာအာဘော်ဖြစ် သော The Guardian view on Aung San Suu Kyi and Burmar's Future ကို ထားထား မြင့် ဘာသာပြန်ဆိုသည်။)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...