ဒီဇင်ဘာ ၂၇
ဒေါ်ခင်ဝင်းအတွက် မဲဘုန်းမြို့ ဆီမီးထွန်းဆုတောင်း ဓါတ်ပုံများကြည်ရန်
ဒေါ်ခင်ဝင်း သတင်းမှတ်တမ်းအကျဉ်း
အင်အယ်ဒီ သြစတြေလျ ကြေညာချက်
ဒေါ်ခင်ဝင်းအတွက် မဲဘုန်းမြို့ ဆီမီးထွန်းဆုတောင်း ဓါတ်ပုံများကြည်ရန်
ဒေါ်ခင်ဝင်း သတင်းမှတ်တမ်းအကျဉ်း
အင်အယ်ဒီ သြစတြေလျ ကြေညာချက်
ဒီဇင်ဘာလ ၂၂ ရက်နေ့က
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်ဒဏ်ရာနဲ့ ကျဆုံးသွားသောသူရဲကောင်း
ဒေါ်ခင်ဝင်းအတွက် မဲဘုန်းမြို့ Free Burma, 178 Springvale Rd Melbourne စားသောက်ဆိုင်တွင်Candle
Light vigil for Daw Khin Win ဆီမီးထွန်းဆုတောင်း။
ဒီဇင်ဘာလ
၂၇ ရက်နေ့စနေနေ့က မဲဘုန်းမြို့ Free Burma စားသောက်ဆိုင်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်ဒဏ်ရာနဲ့ ကျဆုံးသွားသောသူရဲကောင်း ဒေါ်ခင်ဝင်းအတွက်
Candle Light vigil for Daw Khin Win ဆီမီးထွန်းဆုတောင်းပွဲ ကျင်းပခဲ့ကြပါတယ်။
ပထမပိုင်းတွင်
သူရဲကောင်း ဒေါ်ခင်ဝင်း နှင့် လက်ပတောင်း ပြည်သူတို့အတွက် အတွက် ဗုဓ္ဒဘာသာ ၀တ်အသင်းမှ
တစ်နာရီခွဲကျော်ကြာ မေတ္တာပို့ ၀တ်ပြု ဆုတောင်းပေးခဲ့ကြပါတယ်။ ထိုနောက်
ခရစ်ယာန်
ဘာသာဝင် သင်းအုပ်ဆရာ ကချင် တိုင်းရင်းသား Benjamin မေတ္တာပို့ ဆုတောင်းပေးခဲ့ပြီး
မြန်မာမူဆလင်
ဘာသာဝင် မိုဟာမက် ဟူစိန်နှင့် ကရင်တိုင်းရင်းသူ Blossom တို့ကလည်း ဆုတောင်းပေးခဲ့ကြပါတယ်။
အခန်းအနားတွင်
အခန်းအနားကို
ဦးလှဦး (NLD AUSTRALIA) အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး Ko Kyi Lwin (NLD Australia) သူရဲကောင်း ဒေါ်ခင်ဝင်း
ပြစ်သတ်ခံရမှု့ ဖြစ်စဉ်နှင့် လက်ရှိနိုင်ငံရေးအခြေအနေအား သုံးသပ်ဆွေးနွေးခဲ့ပါတယ်။ ထို့နောက်
Ko Thet Oo (NLD Australia) သူရဲကောင်းဒေါ်ခင်ဝင်းအား ဂုဏ်ပြု စကားနှင့် ဦးသိန်းစိန်
စစ်အုပ်စုအား ရှုပ်ချစကားပြောကြားခဲ့ပြီး နောက်ဆုံးအနေဖြင့် ကိုစောဝင်းမောင် လူ့အခွင့်အရေးအဖွဲ့မှ
ကန့်ကွက်ချတ်ချကြောင်းပြောကြားခဲ့ပြီး အခန်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။
Comments
Post a Comment