Skip to main content

Posts

Showing posts from April, 2018

ချီဖွေမြို့အဝင်တွင်ရှိသော လဗျူဟိုတယ် ကေအိုင်အေမှ ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ချီဖွေ၊ ဧပြီ ၂၉ ကချင်ပြည်နယ်ချီဖွေမြို့အဝင် ဥက္ကပ်ရပ်ကွက်တွင်ရှိသော ချီဖွေမြို့ ဂုဏ်ဆောင် လဗျူဟိုတယ်သို့်ဧပြီလ ၂၆ ရက်နေ့ ည(၇)နာရီကျော်ခန့်က ကေအိုင်အေမှ ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဟိုတယ်ခေါင်းမိုးနှင့် အခန်းအချို့ပျက်ဆီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီလ ၂၆ရက်နေ့ ည(၇)နာရီကျော်ခန့်က ကေအိုင်အေမှ ပစ်လိုက်သော လက်နက်ကြီးကျည်ဆံ အခန်းနံပါတ် (၂၁၀)နှင့် အခန်းနံပါတ်(၂၂၀)အခန်းကြား ဟိုတယ်ထောက်တိုင်ပေါ်တည့်တည့်တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် မိုင်းစများပျံ့၍ အပေါ်ဆောင်တစ်ဆောင်လုံး၏ သွပ်ပြားများ ဇကားပေါက်ကဲ့သို့ ပေါက်ခဲ့ပြီး ကျည်ကျသည့်နေရာတွင် ၁ပေခွဲပတ်လည်အပေါက်ကြီး ဖြစ်ခဲ့ကြောင်း အခန်းအပြင်ဘက် မျက်နှာကျက်များ မီးကြိုးအချို့နှင့် လှေကားကောင်တာခန်း မျက်နှာကျက် အားလုံးပြိုကျခဲ့ ရေပိုက်ပေါက်ခဲ့ မီးသီး မီးချောင်းများ ပျက်ဆီးခဲ့ ကြောင်း သိရသည်။ “လက်နက်ကြီးက ဟိုတယ်ခေါင်းမိုးပေါ် လာကျတာ။ ပြီးမှ အဲဒီကနေ ပေါက်ကွဲ သွားတာ။ ဟိုတယ်မှာ လူမရှိလို့တော်သေးတယ်။ခုလိုဖြစ်တော့ ကျွန် တော်တို့က စစ်ပဲ ပြေးရတော့မလိုဖြစ်နေတယ်။ ”ဟုမျက်မြင်တွေ့ရှိသူ ချီေ

ဒုရဲမှူးမိုးရန်နိုင်ကို ဘယ်မှာ ချုပ်ထားတယ်ဆိုတာ မသိရသေး

တရားခွင်မှာတွေ့ရတဲ့ ဒုရဲမှူး မိုးရန်နိုင် ရိုက်တာ သတင်းထောက်တွေကို အမှုဆင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အင်းစိန်တရားရုံးမှာ ထွက်ဆိုချက်ပေးခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ လက်ရှိအချိန်မှာ မသိရသေးဘူးလို့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင့်နိုင်က ဧပြီလ ၂၉ ရက်နေ့က ပြောပါတယ်။ လတ်တလောကာလအတွင်း မိသားစုဝင်တွေက ဒုရဲမှူးမိုးရန်နိုင်ကို တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် တွေ့ခွင့်မရဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။ နေပြည်တော် ရဲလိုင်းခန်းကနေ နှင်ထုတ်ခံရတဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ အမျိုးသမီးကို ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေက တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း ကိုရဲဝင့်နိုင်က ဘီဘီစီကို ပြောပါတယ်။ ဒုရဲမှူးမိုးရန်နိုင်ကို တပ်ရင်း ၈ မှာပဲ ချုပ်နှောင်ထားတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ယခင်က မီဒီယာတွေကို ပြောခဲ့တာပါ။ ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ရခိုင်ပြည်နယ်က အင်းဒင်ရွာက ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုကို သူတို့ စုံစမ်းနေချိန်

ရှစ်လေးလုံးပြည်သူ့ပါတီ ခေါင်းဆောင်နှစ်ဦးကို ရွေးချယ်

ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ ပထမခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်တို့ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ Photo: Thiha Tun/ RFA ပါတီတည်ထောင်ခွင့်ရရှိပြီဖြစ်တဲ့ "ရှစ်လေးလုံးပြည်သူ့ပါတီ"ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြဖို့ ပါတီ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီးနဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်တို့ကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။ ပါတီခေါင်းဆောင်နှစ်ဦးနဲ့ ပါတီဖွဲ့စည်းပုံ၊ အမှတ်တံဆိပ် စတာတွေကို နည်းဥပဒေနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမှာဖြစ်တဲ့အတွက် ရန်ကုန်မြို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီရုံးမှာ ဒီနေ့ အစည်းအဝေကျင်းပပြီး ဆုံးဖြတ်လိုက်တာလို့ ပါတီ ပထမ ခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။ "ဒါကြောင့် အတည်ပြုပြောနိုင်တာကတော့ ပုံစံ(ခ)နဲ့ ပါတီတည်ထောင်ရန် ခွင့်ပြုကြောင်း အကြောင်းကြားစာကို ကျနော်တို့ အီးမေးလ်ကတဆင့် လက်ခံရရှိပါတယ်။ ဒါပြီးရင် ရှေ့အပတ်ထဲမှာ ပုံစံ (ဃ) နဲ့ ပါတီရဲ့ ပထမ ခေါင်းဆောင်၊ ဒုတိယ ခေါင်းဆောင် နှစ်ယောက်ကို ပါတီတည်ထောင်လိုသူအဖြစ်နဲ့ စတင်ပြီး လျှောက်ထားခဲ့တဲ့ ၁၈ ဦးရဲ့ သဘောတူ

နိုင်ငံ့ဝန်ထမ်း တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည်

နေပြည်တော် ဧပြီ ၂၉ နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ်ပေးရန် ၂၀၁၈ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၈) ၌ အတည်ပြုဆုံးဖြတ်ခဲ့ပြီး တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၈ ဖြင့် ထုတ်ပြန်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ် အလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် တည်ဆောက်ရေးတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသော တပ်မတော် ကြည်း၊ ရေ၊ လေ ၀န်ထမ်းများအပါအ၀င် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ၀န်ထမ်းများ၏ စားဝတ်နေရေးနှင့် လူနေမှု အဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ တိုးမြှင့်သတ်မှတ် ပေးခြင်းဖြစ်ကြောင်း အဆိုပါအမိန့်ကြော်ငြာစာတွင် ပါရှိသည်။ လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့

အာဆီယံထိပ်သီးအတွက် သမ္မတဦးဝင်းမြင့် စင်ကာပူ သွားရောက်

သမ္မတ ဦးဝင်းမြင့် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ဖို့ နေပြည်တော်ကနေ ထွက်ခွာ။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲတွေ စင်္ကာပူနိုင်ငံမှာ ဒီကနေ့ပဲ စတင်ကျင်းပနေပါပြီ။ အိမ်ရှင်စင်္ကာပူနိုင်ငံက ကုန်သွယ်ရေးဝန်ကြီး Lim Hng Kiang ကတော့ အာဆီယံ အသင်းအပေါ် ယုံကြည်အားထားမှုတွေ ပိုမိုအားကောင်းလာစေဖို့ အာဆီယံစီးပွားရေးဝန်းကျင် (AEC) ကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်ကြောင်း ဒီကနေ့ အခန်းအနားဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။ မနက်ဖြန် စနေနေ့မှာ စတင်ကျင်းပဖို့ ရှိနေတဲ့ အာဆီယံအသင်းဝင် နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ ကုန်သွယ်ရေးစစ်ပွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေ၊ တောင်တရုတ် ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကိစ္စတွေအပြင်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ ဒေသတွင်းပြဿနာတွေကို ဆွေးနွေးမယ့် အလားအလာတွေ ရှိနေပေမဲ့လည်း ရလဒ်ခိုင်ခိုင်မာမာ ထွက်ပေါ်လာဖို့အတွက်တော့ သိပ်မျှော်လင့်မထားကြပါဘူး။ ဒီတကြိ

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးတို့အား အဂတိလိုက်စားမှုဖြင့် အလုပ် နှင့် ထောင်ဒဏ်(၁၀)နှစ်ချမှတ်

မန္တလေး၊ ဧပြီ ၂၆၊ ၂၀၁၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးတို့အား ဧပြီလ ၂၆ ရက်နေ့ကမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်ပြစ်မှုကျူးလွန် ကြောင်း ပေါ်ပေါက်သည့်အတွက် အလုပ်နှင့်ထောင်ဒဏ်(၁၀) နှစ် ကျခံရန် အမိန့်ချခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်တို့ကို ၂၀၁၃ ခုနှစ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆) တစ်ခု တည်းဖြင့် အမှုတွဲနှစ်တွဲတင်၍ စစ်ဆေးခဲ့ခြင်းဖြစ်ကာ အမှုတွဲ တစ်တွဲလျှင် အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကာ အမှုတွဲနှစ်ခုအတွက် စုစုပေါင်း (၁၀) နှစ်ကျခံရမည်ဖြစ်သည်။ ယင်းအမှုကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ကတည်းက စစ်ဆေးနေခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၊ တရားခံပြသက်သေ စသည်တို့ကို အကြိမ်ကြိမ် စစ်ဆေးနေသည့်အတွက် ကြန့်ကြာနေခြင်းဖြစ်သည်။ယခု ကျခံသော ပြစ်ဒဏ်သည် အမှုတွဲ တစ်ခုတည်းအတွက်သာဖြစ်ကာ ကျန်အမှုတွဲကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ပေါက်ရွာမြေတိုးချဲ့သတ်မှတ်ပေးရန

ရိုဟင်ဂျာများအား နိုင်ငံသားအခွင့်အရေးပေးသင့်ကြောင်း ရခိုင်တပ်မတော်AA ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ထောက်ခံပြောဆို

ပြည်သူ့ အသံ 25 ဧပြီ ရက် 14:05 တွင် · ရိုဟင္ဂ်ာမ်ားအား နိုင်ငံသားအခွင့်အရေးပေးသင့်ကြောင်း ရခိုင်တပ်မတော်AA ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ထောက်ခံပြောဆို ရက္ခိုင့်တပ်မတော်မှ မူဆလင်ရိုဟင်ဂျာများအား ဒေသခံရ က္ခိုင်သားများနှင့်တန်းတူ အခွင့်အရေးအပေးရန် နိုင်ငံသားအခွင့်အရေး ကျန်းမာရေးနှင့်အလုပ်အကိုင်အခွင့်အရေးများပေးသင့်ကြောင်း ထောက်ခံပြောဆိုလိုက်သည်။ ထို့ပြင်ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ရိုဟင်ဂျာများအား နိုင်ငံကူးလက်မှတ်များလည်းထုတ်ပေးရန် တောင်းဆိုလိုက်သည်။ ရက္ခိုင့်တပ်မတော်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လူထုထောက်ခံမှုအများဆုံးရထားသောအဖွဲ့ဖြစ်သည်။ ငြိမ်းချမ်းရေးစာချုပ်ကိုလက်မခံဘဲ ဗမာအစိုးရအား ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင်တိုက်ခိုက်နေသော အဖွဲ့ဖြစ်သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ငြိမ်းချမ်းရေးကိစ္စလိုပဲ ရိုဟင်ဂျာမူဆလင်ကိစ္စကလည်း ထပ်တူအရေးကြီးကြောင်း ပြောဆိုလိုက်သည်။ တရုတ်အစိုးရက ARSA နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားသဖြင့်လိုက်နာပါမည်ဟု ကတိပေးထားသည်။ သို့သော်ရိုဟင်ဂျာများအားပြန်လည်လက်ခံခြင်းသည် နိုင်ငံသားအဖြစ်အ

ခုမှ ဆုတ်လဲဆူး စားလဲရူးရမယ့် ဘဝ

Zarni Tike သည် Tike ZN နှင့်အတူ ရှိနေသည်။ 26 ဧပြီ 2017 ·  ... ငွေများပြန်လည်လွှဲအပ် မပေးပါက ရာဇဝတ်ကြောင်းနှင့် ငြိစွန်းနေကြောင်း ‘ငွေပြန်ပေးမယ် ဆိုရင် လည်း အကြမ်းဖျင်းအားဖြင့်တော့ ရာဇ ဝတ် ကြောင်းနဲ့ ငြိစွန်းနေတယ်ဟု တရားသူကြီးချုပ်ပြော မကွေးတိုင်းဒေသကြီး တွင် ယခင်အစိုးရလက်ထက်၌ ရေနံလက်ယက်တွင်း လုပ်ငန်းမှရ ရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်သမ္မတ ရုံးက ညွှန်ကြားလိုက်ကြောင်း မ ကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကပြောသည်။ ဧပြီ ၂၅ ရက်နံနက်ကမကွေးတိုင်းဒေသကြီး အစိုးရရုံးအစည်း အဝေးခန်းမတွင် ဝန်ကြီးချုပ်က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့သည်။ သမ္မတရုံး ညွှန်ကြားချက် တွင် ကျပ် ၇ဒသမ ၄၅၉ဘီလီယံ ကျော်နှင့်ပတ်သက်၍ စုံစမ်းတွေ့ ရှိချက်များနှင့် ဥပဒေအကြံပြုတင် ပြချက်တို့အရ ယခင်မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဟောင်း ဦးဘုန်းမော်ရွှေ၊ မကွေး တိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင် ဒေးရှင်းဥက္ကဋ္ဌနှင့် ရွှေ သုခအသေး စား ငွေရေးကြေးရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းတို့ထံ အ သိပေးအကြောင်ြး

အာဆီယံထိပ်သီးအတွက် သမ္မတဦးဝင်းမြင့် စင်ကာပူ သွားရောက်

သမ္မတ ဦးဝင်းမြင့် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ဖို့ နေပြည်တော်ကနေ ထွက်ခွာ။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲတွေ စင်္ကာပူနိုင်ငံမှာ ဒီကနေ့ပဲ စတင်ကျင်းပနေပါပြီ။ အိမ်ရှင်စင်္ကာပူနိုင်ငံက ကုန်သွယ်ရေးဝန်ကြီး Lim Hng Kiang ကတော့ အာဆီယံ အသင်းအပေါ် ယုံကြည်အားထားမှုတွေ ပိုမိုအားကောင်းလာစေဖို့ အာဆီယံစီးပွားရေးဝန်းကျင် (AEC) ကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်ကြောင်း ဒီကနေ့ အခန်းအနားဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။ မနက်ဖြန် စနေနေ့မှာ စတင်ကျင်းပဖို့ ရှိနေတဲ့ အာဆီယံအသင်းဝင် နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ ကုန်သွယ်ရေးစစ်ပွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေ၊ တောင်တရုတ် ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကိစ္စတွေအပြင်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ ဒေသတွင်းပြဿနာတွေကို ဆွေးနွေးမယ့် အလားအလာတွေ ရှိနေပေမဲ့လည်း ရလဒ်ခိုင်ခိုင်မာမာ ထွက်ပေါ်လာဖို့အတွက်တော့ သိပ်မျှော်လင့်မထားကြပါဘူး။ ဒီတကြိ

တပ်မတော်အရာရှိ ၄ ဦး အပါအဝင် တရားမဝင်ကားတင်သွင်းသူတွေကို အရေးယူ

ယာဉ်ထိန်းရဲတစ်ဦး ကားလိုင်စင်စစ်ဆေးနေစဉ်/ Photo: RFA တပ်မတော် အရာရှိ ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို တရားမဝင်ကားတင်သွင်းတဲ့အတွက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ကျိုက်မရောမြို့နယ်အတွင်း လိုင်စင်မဲ့ကား ၁၁ စီးဖမ်းဆီးရမိခဲ့ရာမှာ တပ်မတော်သား အရှိ ၄ ဦး မောင်းနှင်လာတဲ့ကားတွေ ပါဝင်တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ဦးစီး ရဲမှူး မြင့်ဝင်းက ပြောပါတယ်။ "ကျနော်တို့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က လိုင်စင်မဲ့ကား ၁၁ စီး ဖမ်းဆီးရမိပါတယ်။ ဖြစ်စဉ်မှာ အရပ်သားတွေမောင်းတဲ့ ကားက ၇ စီး၊ တပ်တော်သားတွေ မောင်းလာတာက ၄ စီး၊ သူတို့ကို ပို့ကုန်သွင်းကုန် ဥပဒေ ၈ နဲ့ အရေးယူထားတယ်" အဲဒီလိုဖမ်းဆီးမိခဲ့တဲ့ သူတွေထဲမှာ ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်သား အရာရှိ ၄ ဦးပါဝင်ပြီး သူတို့ကို ဖမ်းဆီးတဲ့နေ့ မှာပဲ  အမှတ် ၂ လျှပ်စစ်နဲ့ စစ်မှုအင်ဂျင်နီယာတပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို လွှဲပြောင်းပေးထားပြီး စစ်ဥပဒေနဲ့အရေးယူမလား အရပ်ဖက် တရားရုံးကို

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးတို့အား အဂတိလိုက်စားမှုဖြင့် အလုပ် နှင့် ထောင်ဒဏ်(၁၀)နှစ်ချမှတ်

မန္တလေး၊ ဧပြီ ၂၆၊ ၂၀၁၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးတို့အား ဧပြီလ ၂၆ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင်ပြစ်မှုကျူးလွန် ကြောင်း ပေါ်ပေါက်သည့်အတွက် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ် ကျခံရန် အမိန့်ချခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်တို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆) တစ်ခုတည်းဖြင့် အမှုတွဲနှစ်တွဲတင်၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အမှုတွဲ တစ်တွဲလျှင် အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကာ အမှုတွဲနှစ်ခုအတွက် စုစုပေါင်း (၁၀) နှစ်ကျခံရမည်ဖြစ်သည်။ ယင်းအမှုကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ကတည်းက စစ်ဆေးနေခြင်းဖြစ်ပြီး တရားလိုပြ သက်သေ ၊ တရားခံပြသက်သေ စသည်တို့ကို အကြိမ်ကြိမ် စစ်ဆေးနေသည့်အတွက် ကြန့်ကြာနေခြင်းဖြစ်သည်။ယခု ကျခံသော ပြစ်ဒဏ်သည် အမှုတွဲ တစ်ခုတည်းအတွက်သာ ဖြစ်ပြီး ကျန်အမှုတွဲကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ်၌ ပြည်ထဲရေး အမည်ပေါက် ရွာမြေတိုးချဲ

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အိမ်ယာခြောက်သောင်းဖော်ဆောင်ရန်ဆိုပြီး ဘီလီယံ၂၀ ထုတ်သွားတယ်

Htaik Tin Latt စောင့်ကြည့်ရန် 26 ဧပြီ 2017 · ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျတ်ကနေ အိမ်ယာခြောက်သောင်းဖော်ဆောင်ရန်ဆိုပြီး ဘီလီယံ၂၀ ထုတ်သွားတယ် အိမ်ယာခြောက်သောင်းဖြစ်မလာဘူး ဘီလီယံ၂၀ လဲပျောက်နေတယ် လို့ ပထမအကြိမ်တိုင်းလွှတ်တော်မှာ ဒေါ်ညိုညိုသင်းကမေးထားပါတယ် အိမ်ယာခြောက်သောင်းဘယ်မှာလဲ သို့မဟုတ် ဘီလျံ၂၀ ဘယ်မှာလဲ ဦးသိန်းစိန်အနေနဲ့အစိုးရအဖွဲ့ရဲ့တာဝန်အရှိဆုံးလူတစ်ယောက်အနေနဲ့ရှင်းပေးသင့်ပါတယ် ဒါပေမဲ့ ဒီနေ့အထိမရှင်းပါဘူး ရေငုံနုတ်ပိတ်နေဆဲပါ လွှတ်တော်ကိုလဲလာမရှင်းသလို မည်သည့်ရှင်းလင်းမှု့မျိုးမှမလုပ်ခဲ့ပါဘူး ဒါကိုအားလုံးပြန်သတိရအောင် တင်ပြရခြင်းပါ အဲ့ဒီလိုပဲ ကျောက်မျက်ရန်ပုံငွေကို ခိုးတဲ့ကိစ္စမပေါ်ပါဘူး ဒီနေ့အထိ ပိုက်ဆံကတော့ ပျောက်သွားပါတယ် ဘယ်သူမှမယူဘူးလို့ငြင်းပါတယ် ဦးသိန်းစိန်ဟာ သူ့အစိုးရလက်ထပ်မှာဖြစ်တဲ့ ဒီကျောက်မျက်ရန်ပုံငွေပျောက်တဲ့ကိစ္စကို အများပြည်သူကျေနပ်အောင်မရှင်းလင်းပေးပဲ ယခုအထိမေ့ချင်ယောင်ဆောင်နေပါတယ် ကိုယ်လွတ်ရုန်းနေပါတယ် ယခုလဲ အရင်ဦးသိန်းစိန်အစိုးရလက်ထပ်က ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေဆီက ဒေသဖွံ့ဖြိုးရေးအတွက်ဆိုကာ ကောက်ယူထ

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ လွိုင်ကော်မြို့၌ တွေ့ဆုံဆွေးနွေး

လွိုင်ကော် ဧပြီ ၂၆ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP) တို့ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ (၂၆)ရက် နံနက်(၁ဝ)နာရီတွင် လွိုင်ကော်မြို့၊ ပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော် ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အစိုးရ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှ အဖွဲ့ခေါင်းဆောင်နှင့် ကော်မတီဝင်များ၊ အစိုးရမှ ဖိတ်ကြား ထားသော လေ့လာသူများနှင့် (KNPP) မှ ဖိတ်ကြားထားသော လေ့လာသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင

အမျိုးသား ဝံသာနု ရက္ခိတအဖွဲ့ အတွင်းရေးမှူး စိုးထွန်းရှိန်အကြောင်း တစေ့တစောင်း

ချမ်းမီမီကို၏ယောက်ျား(သို့)အမျိုးသား ဝံသာနု ရက္ခိတအဖွဲ့ အတွင်းရေးမှူး(သို့) တလင်တမယား စနစ် ဥပဒေကို အသက်သွင်းသော မဘသ ၏ အဖွဲ့ ခေါင်းဆောင်(သို့) မယားလေးယောက်ပိုင်ဆို င်သူ စိုးထွန်းရှိန်အကြောင်း တစေ့တစောင်း 👺 👺 👺 👺 👺 👺 အမျိုးသား ဝံသာနု ရက္ခိတ ဆိုတဲ့ တရားမဝင်တဲ့ အဖွဲ့သစ်ကို ဦးဆောင်ပြီး မဘသ ကို လာမထိနဲ့ ဆိုတဲ့ စိုးထွန်းရှိန်ဆိုတာက ဒီလိုဗျ ... သူက တရုတ်လူမျိုး၊ အော်နေတာက အမျိုးသားရေး ထောင်ထားတဲ့ ကုမ္ပဏီက အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတဲ့။ သူ့ကို ဒီအခြေအနေရောက်အောင် မြေတောင်မြှောက်ပေးလိုက်သူတွေက ဆင်းသွားတဲ့ အဘတွေ။ ဒဲ့ပြောရရင် သူနဲ့ အဘတွေက ကျေးဇူးခံ ကျေးဇူးစားတွေ ဒီခရိုနီက ဗဟိုစည်မှာ ရုံးခန်းလေးတစ်ခန်း ဖွင့်ပြီး ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်တယ်။ သူများတွေလိုငါးဖမ်းစက်လှေတွေ၊ အအေးခန်းတွေလဲ မရှိရှာပါဘူး။ ဒါပေမယ့် လုပ်ငန်းရှင်ကြီးတွေက ဘာအဖွဲ့ ညာအဖွဲ့ဆို အလုပ်ရှုတ်တယ်ဆိုပြီး မပါချင်ကြတဲ့ အချိန်မှာ သူ့ကိုဝိုင်းတင်ပေးလိုက်ရာက ရေထွက်ပစ္စည်း ပို့ကုန်အသင်းရဲ့ ဥက္ကဌဖြစ်သွားတယ်။ လုပ်ပိုင်ခွင့်ရတာနဲ့ အဲဒီတုန်းက မွေးရေဘဏ်၊ အခုကမ္ဘာ့ရတနာဘဏ်ကနေ ငွေတွေ ကျပ်သန်းထောင်ချီပြီး ချေးတယ်။ မူဆ

NVC ကတ်နဲ့ လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတာ မဟုတ်ကြောင်း ဦးသိန်းဆွေ ပြော

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA NVC ကတ် ကိုင်ဆောင်ပြီး နိုင်ငံတ၀ှမ်း လွတ်လပ်စွာ သွားလာခွင့်ရှိတယ်ဆိုတာ မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးမှာ ၀န်ကြီး ဦးသိန်းဆွေ က ပြောတာဖြစ်ပါတယ်။ NVC ကတ်ဟာ နိုင်ငံတွင်း နေထိုင်တယ်ဆိုတာကို အသိအမှတ်ပြုတာသာဖြစ်ပြီး ပုံစံ ၄ ဖြည့်ပြီးမှသာ သွားခွင့်ပြုတာ ဖြစ်တယ်လို့ ဦးသိန်းဆွေ က ပြောပါတယ်။ အဲဒီလိုလျှောက်ထားသူတွေဟာ အချိန် ၅ လအတွင်း နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေအရသာ ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်က ကော့ဘဇားခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ကနေပြန်လာမယ့် နေရပ်စွန့်ခွာ သူတွေကို NVC ကတ် ကိုင်ဆောင်ထား

တိရိစ္ဆာန်တွေ ဖန်ဆင်းလိုက်တဲ့အပူ"

သင်္ကြန်ရုံးပိတ်ရက် မကွေးပြန်တော့ အရင်လို ခရီးသည်တင်ကားနဲ့ ညဘက်ပြန်ရတာမဟုတ် ဘဲ မိတ်ဆွေတစ်ဦးကားနဲ့ နေ့ခင်းဘက်အကြုံ လိုက်စီးခွင့်ရလို့ နေ့ခင်းဘက်ကြီးပြန်ခဲ့တယ်။ တစ်ချိန်တုန်းက ဆင်တွေ၊ ကျားတွေပေါလွန်းလှ ပါတယ်ဆိုတဲ့ရိုးမ (အဲဒီနေရာတစ်ဝိုက်ကို ပဲခူး ရိုးမအထက်ပိုင်းလို့ခေါ်မလား၊ အလယ်ရိုးမလို့ ခေါ်မလား မသိဘူး။ ထားတော့) နေပြောက်မ ထိုးပါဘူးဆိုတဲ့ရိုးမဟာ အရှေ့အနောက်တောင် မြောက်ဝဲယာအကုန်လုံး တောင်ကတုံးတွေချည်း ပဲဖြစ်နေတာတွေ့လိုက်ရတယ်။ တစ်လမ်းလုံး မအိပ်ဘဲကြည့်လာတာ တစ်လမ်း လုံးကို တောင်ကတုံးတွေချည်းပဲ။ စစ်အစိုးရလက်ထက်မှာ သစ်တွေရောင်းစားကြ တယ်ဆိုတာ ပြည်နယ်တွေနဲ့ နယ်စပ်ဒေသတွေ မှာပဲလို့ ထင်ထားလောက်အောင် ကျွန်တော်က လည်း တုံးတာ။ မိုင် ၁၀၀ နီးပါး ရိုးမကိုဖြတ်လာတာ စိမ်းစိမ်းစိုစို သစ်ပင်သစ်တော နတ္ထိ။ ကျွန်တော်ကြည့်ရင်းနဲ့ ငိုချင်လာတယ်။ မြောင်းမြရောက်တော့ ယောက်ခမကပြောပြပါ တယ်။ သူတို့ ခမရ ၁၀၉ ဗကပကို ပဲခူးရိုးမမှာ စစ်ဆင်ရေးဝင်တဲ့အချိန်တုန်းက ညောင်လေးပင် ဘက်ကနေတက်သွားတာ သာယာဝတီဘက် ကို ပြန်ဖောက်ဆင်းတယ်လို့ဆိုတယ်။ "ဟာ မင်းကလည်း တစ်လမ်းလုံးနေပြောက်မ ထိုးနိုင်တဲ့နေရာတွေအများကြ

NVC ကဒ် (ခ) အစိမ်းရောင်ကဒ် (ခ) နိုင်ငံသားစီစစ်ရေး သက်သေခံကဒ်

ခါတော်မှီ မျိုးချစ်ပြနေတဲ့ ကသန်းဌေးနဲ့ နောက်လိုက် ငပိန်းတသိုက် သိစေရန် နိုင်ငံသားစီစစ်ရေး သက်သေခံကဒ် ============================ NVC ကဒ် (ခ) အစိမ်းရောင်ကဒ် (ခ) ရခိုင်ပြည်နယ်မှာ အစိုးရက အစိမ်းရောင်ကဒ်တွေ ထုတ်ပေးနေတဲ့ အပေါ်မှာ နားမလည်တဲ့သူ အများအပြား တွေ့နေရပါတယ်။ နားမလည်တဲ့သူတွေထဲမှာ NLD အစိုးရသစ်ကို ဝေဖန်တိုက်ခိုက်နေသူတွေရော NLD အစိုးရသစ်ကို ထောက်ခံသူတွေသာမက NVC ကဒ်ကို ထုတ်ယူရမယ့် ရခိုင်က ဘင်္ဂလီတွေကိုယ်တိုင် NVC ကဒ်နဲ့ ရလာမယ့် အကျိုး အပြစ်တွေကို နားမလည်တဲ့ သူအများအပြားရှိပါတယ်။ ထို့အပြင် ဒေသခံ ရခိုင်လူမျိုးတွေဟာလည်း ဒီကဒ်တွေရဲ့ သက်ရောက်မှု တန်ဖိုးကို မသိနားမလည်ကြပဲ စိုးရိမ်နေတာ တွေ့ရပါတယ်။ အစိုးရသစ်ကို ကန့်ကွက်တဲ့သူတွေကလည်း အစိမ်းရောင်ကဒ် ထုတ်ပေးလိုက်ရင် ချက်ချင်းပဲ နိုင်ငံသားဖြစ်သွားတော့မလို ရေးနေကြသလို အစိုးရသစ်ကို ထောက်ခံသူတွေမှာလဲ ဒီကဒ်တွေရဲ့ အကြောင်းကို ဂဃဏန သေချာနားမလည်တဲ့အတွက် အချက်အလက်ကျကျ ပြန်မချေပနိုင်ကြပါဘူး။ ဒီ့အတွက် နားမလည်တဲ့ သူတွေကိုလည်း အပြစ်တင်လို့တော့မရပါဘူး။ အဲ့ဒီ့ နားမလည်တဲ့သူတွေကို နားယဉ်သွားအောင် အစိုးရဘက်က ပညာပေးမှု အားနဲနေသလိ

သခွပ်ပင်က မီးတကျည်ကျည်

"သခွပ်ပင်က မီးတကျည်ကျည်" -------------------------------- ဘင်္ဂလီတွေကို NVC ထုတ်ပေးပြီး ပြည်တွင်းသွား လာခွင့်ပြုတာနဲ့ ပတ်သက်လို့ အသံတွေ အမျိုးမျိုး ထွက်လာကြတာတွေ့ရတယ်။ ပြည်တွင်းသွားလာခွင့်ဆိုတာ ပုံစံ (၄) နဲ့သွားလာ ရတာဖြစ်တဲ့အပြင် ဗီဇာလိုပဲ သက်တမ်းအကန့်အ သတ်ရှိတယ်လို့ဆိုတယ်။ ယခင်ကလည်း ဒီလိုပုံစံ မျိုးနဲ့သွားလာခဲ့ကြတာလို့သိရတယ်။ ဒါပေမဲ့ အတိုက်အခံသမားများကတော့ ဒီအရေး ကိုအခွင့်ကောင်းယူပြီး NLD ကိုတိုက်ခိုက်နေကြ တာတွေ့ရတယ်။ လက်ရှိအစိုးရဟာ ဘင်္ဂလီတွေကိုပြန်လက်ခံတဲ့ နေရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့စာရင်း အတိုင်းလက်ခံတာမဟုတ်ဘဲ မိမိဘက်ကစံနှုန်း တွေနဲ့လက်ခံနေတာဖြစ်တယ်။ ဟိုဘက်ကထောင်ဂဏန်းစာရင်းပေးပေမဲ့ လက် ခံတဲ့နေရာမှာ ရာဂဏန်းသာ ရွေးချယ်လက်ခံခဲ့ တာကိုလည်းတွေ့ရတယ်။ နိုင်ငံတကာကစောင့်ကြည့်နေတဲ့ issue ဖြစ်လို့ အစိုးရဟာ နေရာတိုင်းမှာ သတိကြီးစွာ အလုပ် လုပ်နေတာကိုလည်း သတိထားမိတယ်။ ဒီလိုပဲ ပြည်တွင်းမှာလည်း ရိုးရိုးသားသားအမျိုးသားရေး သမားတွေရှိသလို အမျိုးသားရေးခေါင်းစဉ်တပ် ထားတဲ့ NLD မလိုလားသူအုပ်စုတွေရဲ့တိုက်ခိုက် မှုတွေကလည်း ရှိနေတယ်။ အစို

စစ်တပ်က ဘာလုပ်လုပ်ဥပဒေနဲ့ညီတယ်

စစ်တပ်က ဘာလုပ်လုပ်ဥပဒေနဲ့ညီတယ် လယ်သိမ်းမလား မြေသိမ်းမလား ကြိုက်တာလုပ် ဥပဒေနဲ့အညီဘဲ" အခု mytel ရုံးချုပ်လုပ်လိုက်တဲ့မြေကို အရင်က ကွန်ဒိုဆောက်ပြီး အခန်းရောင်းစားမလို့လုပ်တယ် ရွှေတိဂုံဘုရားနဲ့နီးလို့ ဝိုင်းကန့်ကွက်ကြလို့ ရပ်လိုက်တယ်။ အခု mytelရုံးဖြစ်ရပြန်ပြီ ... စဉ်းစားကြည့် .. တပ်မတော်ဆိုတာ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း .. တပ်မတော်ပိုင်ဆိုတာ နိုင်ငံတော်ပိုင်ပဲ .. ဆိုတော့ နိုင်ငံတော်ပိုင်ပစ္စည်းကို ကွန်ဒိုဆောက်အခန်းရောင်းစားလို့ စား.. လက်ခွဲစီးပွားရေးပိုင် ပြုလိုပြု.. တပ်မတော်ပိုင်ဆိုတာရယ် တပ်မြေရယ် မြန်မာ့စီးပွားရေးဦးပိုင်လိမိတတ်ရယ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ရယ်က လုံးချာလည်လိုက်နေတာ. အရှက်သိက္ခာဆိုတာလုံးလုံးကင်းပြီး ကိုယ်ကျိုးစီးပွားရှာနေတဲ့ စစ်တပ်တစ်ခုကို ကျနော်တို့တိုင်းပြည်နဲ့လူထုက မလိုချင်ပါပဲ ရနေတယ်။ ရင်ဆိုင်နေရတယ် သူတို့ကိုသွားမေးရင် ဥပဒေနှင့်အညီလုပ်စားတယ် လွှဲပြောင်းတယ် သိမ်းတယ် ဆိုတာချည့်ပြောလိမ့်မယ်။ ဘယ်ဥပဒေနဲ့ညီတာလဲဆိုတော့ သူတို့လုပ်စားလို့ရအောင် သေနတ်ထောက်ရေးဆွဲထားတဲ့ အထူးစပါရှယ်ဥပဒေတွေနဲ့ညီနေတာပဲ.. လွှတ်တော်ထဲ စစ်သားတွေဝင်ထိုင်နေတ

ရိုဟင်ဂျာ အယောက် ၈ဝ အင်ဒိုနီးရှားကိုရောက်

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းက အာချေးပြည်နယ်ကို ရိုဟင်ဂျာအယောက် ၈ဝ လောက် စက်လှေတစ်စီးနဲ့ ဒီနေ့ ရောက်လာတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံလာတာဖြစ်ပြီး ပင်လယ်ထဲ ဘယ်နှစ်ရက်လောက်ကြာခဲ့လဲဆိုတာတော့ မသိသေးဘူး၊ ဒါပေမဲ့ အားလုံးက ကျန်းမာရေးကောင်းကြတယ်၊ ကလေးတချို့လည်းပါတယ်၊ သူတို့ကို အစာရေစာတွေပေးထားပြီး ကျန်းမာရေးလည်း စစ်ပေးထားတယ်လို့ အာချေးရဲမှူး ရီဇာ ယူလီရန်တို က ပြောပါတယ်။ ဒီလထဲမှာပဲ အဲဒီအာချေးပြည်နယ်ကို အသက် ၃၃ နှစ်နဲ့ ၂၂ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသား ၂ ဦး၊ အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၅ နှစ်နဲ့ ၈ နှစ်အရွယ် မိန်းကလေးနဲ့ ယောက်ျားလေး တစ်ဦး၊ စုစုပေါင်း ၅ ဦးကို စက်လှေတစ်စင်းနဲ့ အာချေးပြည်နယ်က ပင်လယ်ထဲမှာတွေ့လို့ ငါးဖမ်းသမားတွေကခေါ်လာပြီး အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို အပ်လိုက်ပါတယ်။

သတင်းထောက်တွေ ထောင်ဖမ်းကြောင်း ပြောတဲ့ ရဲ မိသားစုနှင်ချခံရ

 ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း အင်းစိန်တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်တဲ့ နေပြည်တော် ရဲလိုင်းခန်းကနေ ဖယ်ပေးဖို့ ရဲတပ်ဖွဲ့က အကြောင်းကြားလာတယ်လို့ ဇနီးဖြစ်သူ မတူးတူးရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။ မနက် ၇ နာရီလောက် ဖုန်းလာလို့ ကိုင်လိုက်တော့ အမလိုင်းခန်းက ဖယ်ပေးရမယ်ဆိုပြီး လူကြီးက ပြောလာတဲ့အတွက် မိုးကြိုးပစ်သလို ခံစားရကြောင်း သမီးငယ်နဲ့အတူ ဖေ့ဘုပ်မှာ တင်ထားခဲ့တာပါ။ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီတော်စပ်သူ ကိုရဲဝင်းနိုင်ကလည်း အဲဒီအဖြစ်အပျက်ဟာ မှန်ကန်ကြောင်း ဘီဘီစီကို ပြောပါတယ်။ ၂ ရက်အတွင်းဖယ်ပေးဖို့ ဆိုပြီးအကြောင်းကြားလာတဲ့အတွက် ချက်ခြင်းဖယ်ပေးခဲ့တယ်လို့ ဦးရဲဝင်းနိုင်က ပြောပါတယ်။ အထက်ရဲ့ ညွှန်ကြားချက်အရဖယ်ခိုင်းတာလို့ ပြောတယ် အိမ်ထဲကို ရှာဖွေတာတွေလုပ်တယ်လို့လည်း ဦးရဲဝင်းနိုင်က ပြောပါတယ်။ ဒုရဲမှူး မိုးရန်နိုင်ကိုတော့ မနေ့ကည ဧပြီ ၂၀ ရက်ကတည်းက နေရာပြောင်းရွှေ့ချုပ်ထားလိုက်တယ်လို့ ဦးရဲဝင်းနိုင်က ပြောပါတယ်။     ရိုက်တာ သတင်းသမားတွေ ထောင်ဖမ်း ခံရတာလို့ ရဲဘက်ကထွက်ဆို     ရိုက်တာသတင်းထောက်တွေကို စွဲချက်မတင်ဖို့ လျှောက်ထားချက်