Skip to main content

သခွပ်ပင်က မီးတကျည်ကျည်


"သခွပ်ပင်က မီးတကျည်ကျည်"
--------------------------------
ဘင်္ဂလီတွေကို NVC ထုတ်ပေးပြီး ပြည်တွင်းသွား
လာခွင့်ပြုတာနဲ့ ပတ်သက်လို့ အသံတွေ အမျိုးမျိုး
ထွက်လာကြတာတွေ့ရတယ်။

ပြည်တွင်းသွားလာခွင့်ဆိုတာ ပုံစံ (၄) နဲ့သွားလာ
ရတာဖြစ်တဲ့အပြင် ဗီဇာလိုပဲ သက်တမ်းအကန့်အ
သတ်ရှိတယ်လို့ဆိုတယ်။ ယခင်ကလည်း ဒီလိုပုံစံ
မျိုးနဲ့သွားလာခဲ့ကြတာလို့သိရတယ်။
ဒါပေမဲ့ အတိုက်အခံသမားများကတော့ ဒီအရေး
ကိုအခွင့်ကောင်းယူပြီး NLD ကိုတိုက်ခိုက်နေကြ
တာတွေ့ရတယ်။
လက်ရှိအစိုးရဟာ ဘင်္ဂလီတွေကိုပြန်လက်ခံတဲ့
နေရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့စာရင်း
အတိုင်းလက်ခံတာမဟုတ်ဘဲ မိမိဘက်ကစံနှုန်း
တွေနဲ့လက်ခံနေတာဖြစ်တယ်။
ဟိုဘက်ကထောင်ဂဏန်းစာရင်းပေးပေမဲ့ လက်
ခံတဲ့နေရာမှာ ရာဂဏန်းသာ ရွေးချယ်လက်ခံခဲ့
တာကိုလည်းတွေ့ရတယ်။
နိုင်ငံတကာကစောင့်ကြည့်နေတဲ့ issue ဖြစ်လို့
အစိုးရဟာ နေရာတိုင်းမှာ သတိကြီးစွာ အလုပ်
လုပ်နေတာကိုလည်း သတိထားမိတယ်။ ဒီလိုပဲ
ပြည်တွင်းမှာလည်း ရိုးရိုးသားသားအမျိုးသားရေး
သမားတွေရှိသလို အမျိုးသားရေးခေါင်းစဉ်တပ်
ထားတဲ့ NLD မလိုလားသူအုပ်စုတွေရဲ့တိုက်ခိုက်
မှုတွေကလည်း ရှိနေတယ်။
အစိုးရဟာ အစိုးရအလုပ်ကို သိမ်မွေ့ပါးနပ်စွာနဲ့
ဆောင်ရွက်နေတာကို မကူညီတဲ့အပြင်အနှောက်
အယှက်ပေးချင်နေတာတွေလည်း မြင်နေရတယ်။
တကယ်တမ်း ပြသနာတွေရှုပ်ထွေးပြီး R2Pတွေ
ဘာတွေအသံထွက်လာချိန်၊ တူရကီလိုနိုင်ငံမျိုးက
အသားယူပြီး ဝင်ရောက်ကြိမ်းမောင်းချိန်မျိုးမှာ အဲ
ဒီအမျိုးသားရေးအမည်ခံတွေအသံထွက်မလာကြ
တော့ဘူး။
ဘင်္ဂလီတွေကို တိုင်းရင်းသားအဖြစ်ပေးမယ်ဆို
ရင် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒါပေမဲ့
ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ရထားသူတွေဆို
ရင် ဘင်္ဂလီပဲဖြစ်ဖြစ် တခြားဘယ်သူပဲဖြစ်ဖြစ်သူ
နိုင်ငံသားရထားတဲ့ တိုင်းပြည်မှာ လွတ်လပ်စွာ
ရွှေ့ပြောင်းသွားလာခွင့်ရှိတယ်။
အခုစိစစ်ဆဲကာလမှာ NVC ထုတ်ပေးပြီး ပုံစံ
(၄) နဲ့ ကာလအကန့်အသတ်နဲ့ သွားရောက်ခွင့်
ပြုတယ်ဆိုတာ ကျွန်တော်ကတော့လက်ခံတယ်။
လက်ရှိနိုင်ငံတကာအာရုံစိုက်မှုနဲ့ tension တွေ
ကို တစ်နည်းနည်းနဲ့ ဖြေလျှော့တာမျိုးလည်းဖြစ်
ကောင်းဖြစ်နိုင်တယ်။
ဘာပဲဖြစ်ဖြစ် သူတို့ဟာ လူတွေဖြစ်တယ်။ လူ
ဖြစ်တဲ့အတွက် လူလိုဆက်ဆံရမယ်။
အမျိုးသားရေးအမည်ခံတွေနဲ့ NLD အတိုက်အ
ခံတွေကိုမေးချင်တာက ခင်ဗျားတို့အစိုးရဆိုရင်
ကော ဘာလုပ်မှာလဲ။
အဲဒီဘင်္ဂလီတွေကို အဲဒီနေရာမှာပဲ တဲတွေထိုး
ပြီး ပိတ်လှောင်ထားမှာလား။ ရေရှည်နိုင်ငံတကာ
ပြသနာတွေကို ဘယ်လိုရှင်းမှာလဲ။ ခိုးဝင်တွေပါ
လို့ ကုန်းအော်နေရုံနဲ့ ပြသနာရှင်းသွားမှာလား။
NVC လက်ခံတဲ့ဘင်္ဂလီကိုတောင်ကျေးဇူးတင်ရ
ဦးမယ်။ ရိုနေစန်းလွင်တို့အုပ်စုအော်နေတာကြား
တယ် မဟုတ်လား "NVC တောင်လက်မခံကြနဲ့"
လို့ အော်နေတာ တောက်လျှောက်ပဲ။
ဘင်္ဂလီတွေလူဦးရေ ကြေက်ခမန်းလိလိများလာ
တာဟာ သူတို့ရဲ့ သားဖွားနှုန်းမြင့်မားတာလည်း
ပါသလို စစ်အစိုးရလက်ထက်မှာ ခိုးဝင်လာတာ
တွေလည်းပါတယ်။ တကယ်တမ်းခိုးဝင်လို့သာ
ပြောရတာနယ်စပ်တို့ထုံးစံအတိုင်းဟိုဝင်ဒီထွက်
လုပ်နေကြတာ ကြာပါပြီ။
တစ်ခါက လဝက ဝန်ထမ်းဟောင်း တစ်ဦးရေး
ထားတာဖတ်ဖူးတယ်။ သူတို့ဖမ်းတယ်၊ စစ်တပ်
ကပိုက်ဆံယူပြီးလွှတ်ပေးလိုက်တယ်၊ ကြာတော့
သူတို့ကဖမ်းပေးပြီး တခြားသူကကြားကဖြတ်ခုတ်
တာခံရတယ်လို့ ခံစားလာရတဲ့အချိန်မှာသူတို့လည်း
အပ်မနေတော့ဘဲ ပိုက်ဆံယူလွှတ်ပေးခဲ့တယ်လို့
ဆိုတယ်။
မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပြသနာပေါင်းသောင်း
ခြောက်ထောင်တိုင်းမှာ ရွှေသမင်ဟာ မင်းကြီးတာ
ကထွက်သွားတာချည်းပဲ။
ဒီတော့ အစိုးရက အကျပ်အတည်းတွေကြားက
နေ အတတ်နိုင်ဆုံး အသက်ရှုပေါက်ချောင်အောင်
ကြိုးစားဆောင်ရွက်နေတာကို မနှောက်ယှက်ကြ
ပါနဲ့လို့ ပြောချင်တယ်။
ခင်ဗျားတို့ ဘယ်လောက် ကပျက်ယပျက်လုပ်လုပ်
ပြည်သူ့ဆီကမဲ ရမှာမဟုတ်ဘူး။
NLD ဟာ ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ဘူးဆို
ရင်တောင်မှ NLD ကိုကျော်ပြီး ပြည်သူ့မဲနဲ့ ထိုက်
တန်လောက်တဲ့ပါတီရှိလို့လား။
စစ်အစိုးရလက်ထက်တလျှောက်လုံးစိတ်တိုင်းကျ
ခိုးတာအားမရလို့ ဒီမိုကရေစီပထမသက်တမ်းငါး
နှစ်အတွင်းမှာတောင် ချမ်းသာမပေးဘဲ ခိုးချင်တိုင်း
ခိုးခဲ့ကြတဲ့ သောက်ရှက်မရှိတဲ့သူခိုးတွေကို အသိ
ဥာဏ်ရှိတဲ့ပြည်သူတိုင်းက မဲပေးမှာမဟုတ်ဘူး။
ဘင်္ဂလီဆိုတာ နိုင်ငံရေးကျားကွက်မဟုတ်ဘူးလို့
ပဲပြောချင်တယ်။
R2P လည်းဆိုရော စောက်သံတွေကထွက်မလာ
တော့ဘူး။
ရဲကျော်သူရ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...