Skip to main content

NVC ကဒ် (ခ) အစိမ်းရောင်ကဒ် (ခ) နိုင်ငံသားစီစစ်ရေး သက်သေခံကဒ်

ခါတော်မှီ မျိုးချစ်ပြနေတဲ့ ကသန်းဌေးနဲ့ နောက်လိုက်
ငပိန်းတသိုက် သိစေရန်

နိုင်ငံသားစီစစ်ရေး သက်သေခံကဒ်
============================


NVC ကဒ် (ခ) အစိမ်းရောင်ကဒ် (ခ)
ရခိုင်ပြည်နယ်မှာ အစိုးရက အစိမ်းရောင်ကဒ်တွေ ထုတ်ပေးနေတဲ့ အပေါ်မှာ နားမလည်တဲ့သူ အများအပြား တွေ့နေရပါတယ်။ နားမလည်တဲ့သူတွေထဲမှာ NLD အစိုးရသစ်ကို ဝေဖန်တိုက်ခိုက်နေသူတွေရော NLD အစိုးရသစ်ကို ထောက်ခံသူတွေသာမက
NVC ကဒ်ကို ထုတ်ယူရမယ့် ရခိုင်က ဘင်္ဂလီတွေကိုယ်တိုင်
NVC ကဒ်နဲ့ ရလာမယ့် အကျိုး အပြစ်တွေကို
နားမလည်တဲ့ သူအများအပြားရှိပါတယ်။ ထို့အပြင် ဒေသခံ ရခိုင်လူမျိုးတွေဟာလည်း ဒီကဒ်တွေရဲ့ သက်ရောက်မှု တန်ဖိုးကို မသိနားမလည်ကြပဲ စိုးရိမ်နေတာ တွေ့ရပါတယ်။
အစိုးရသစ်ကို ကန့်ကွက်တဲ့သူတွေကလည်း အစိမ်းရောင်ကဒ် ထုတ်ပေးလိုက်ရင် ချက်ချင်းပဲ နိုင်ငံသားဖြစ်သွားတော့မလို ရေးနေကြသလို အစိုးရသစ်ကို ထောက်ခံသူတွေမှာလဲ ဒီကဒ်တွေရဲ့ အကြောင်းကို ဂဃဏန သေချာနားမလည်တဲ့အတွက် အချက်အလက်ကျကျ ပြန်မချေပနိုင်ကြပါဘူး။
ဒီ့အတွက် နားမလည်တဲ့ သူတွေကိုလည်း အပြစ်တင်လို့တော့မရပါဘူး။ အဲ့ဒီ့ နားမလည်တဲ့သူတွေကို
နားယဉ်သွားအောင် အစိုးရဘက်က ပညာပေးမှု
အားနဲနေသလို အတိုက်အခံ ကြံ့ဖွတ်ပါတီ ခေါင်းဆောင်တွေကလည်း နားမလည်သူတွေကို
နားရှုပ်သွားအောင် စဉ်ဆက်မပြတ် ဂျင်းထည့်နေတာ တွေ့ရပါတယ်
NVC ကဒ် (ခ) အစိမ်းရောင်ကဒ် (ခ)
နိုင်ငံသားစီစစ်ရေး သက်သေခံကဒ် ဆိုတာ ဘယ်လိုကဒ်မျိုးလဲ ၊ ဒီကဒ်ကို ဘာကြောင့် ပေးရလဲ
ဒီကဒ်ကိုင်ဆောင်ထားရင် ဘာတွေ အကျိုးဖြစ်မလဲ ...
ရခိုင်ပြည်နယ်မှာ ၂၀၁၄ ခုနှစ်မှာ ကောက်တဲ့ သန်းကောင်စာရင်းအရ ဘင်္ဂါလီဦးရေ တစ်သန်းနဲ့ ကိုးသောင်းရှိပြီး မောင်တော မြို့နယ်မှာတင် ဘင်္ဂါလီ ဦးရေက ၈ သိန်းရှိပါတယ်။ ဒီတစ်သန်းနဲ့ ကိုးသောင်းမှာ
ဦးသိန်းစိန်လက်ထက်က White card ခေါ် အဖြူ ရောင်ကဒ် လဝက အခေါ် ယာယီသက်သေခံ လက်မှတ် ထုတ်ပေးထားသူ ၆ သိန်းခန့်နဲ့ ပန်းရောင်ကဒ် ကိုင်ထားသူ၊
သုံးခေါက်ချိုးကဒ် ကိုင်ထားသူ သုံးသောင်းခန့်သာ
သက်သေခံလက်မှတ် ပြစရာရှိပါတယ်။ အများစုက
အထောက်အထားမဲ့ သူတွေ ဖြစ်ကြပါတယ်။
ဦးသိန်းစိန် မဆင်းခင် ၂၀၁၅ ခုနှစ်မှာ White card တွေ သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် ဧပြီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အတွင်း ပြန်အပ်ဖို့နဲ့
နိုင်ငံသားဖြစ်ခွင့် မစီစစ်ရခင်မှာ ယာယီသက်သေခံအနေနဲ့
အစိမ်းရောင်ကဒ်တွေ ထုတ်ပေးမယ်လို့ အဲ့ဒီ့အချိန်က လဝကဝန်ကြီး ဦးခင်ရီက ကြေညာခဲ့ပါတယ်။ ဒါပေမယ့်
ရွေးကောက်ပွဲ ရှိတာကတစ်ကြောင်း အဲ့ဒီ့ white card ကိုင်ဆောင်ထားသူတွေဆီက မဲပေးခွင့်ကို ပယ်ဖျက်လိုက်တာက တစ်ကြောင်းကြောင့် ၂၀၁၄ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တဲ့ white card
ကနေ Green card အဖြစ်လဲလှယ်ပေးခြင်းကို
ဖိဖိစီးစီး မလုပ်တော့ပဲ ၂၀၁၅ ဂျွန်လကုန်လောက်မှာ ဆိုင်းငံထားခဲ့ပါတယ်
NLD အစိုးရသစ် တက်လာပြီး ၂၀၁၇ ဖေဖဝါရီလမှာ
Green card ခေါ် အစိမ်းရောင်ကဒ် လဲလှယ်ခြင်းလုပ်ငန်း
ပြန်စခဲ့ပါတယ်။ NVC ကတ်တွေ ထုတ်ပေးနိုင် ဖို့အတွက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်သွားမယ့် ဦးဆောင်အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် အမိန့်နဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်။
အဆိုပါအဖွဲ့မှာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌဖြစ်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေက ဒု-ဝန်ကြီးတွေအပါအဝင် နိုင်ငံခြားရေးနဲ့ အမျိုးသား မှတ်ပုံတင်နဲ့ နိုင်ငံသားဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် တစ်ဦးတို့ ပါဝင်ကြောင်း ၉.၂.၂၀၁၇ ကြေးမုံသတင်းစာမှာ ဖော်ပြပါရှိပါတယ်။
Green card ခေါ် NVC card ဆိုတာကတော့ လဝက အခေါ်
နိုင်ငံသား စီစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြားလို့ ခေါ်ပါတယ်။ White card ပြန်လာအပ်တဲ့သူတွေကို အဲ့ဒီ့အချိန်မှာ စလစ်လေးတွေ ပေးထားခဲ့ပါတယ်။ ထိုစလစ် ပြနိုင်တဲ့သူတွေကို Green card တွေပြန်ထုတ်ပေးနေတာသာ ဖြစ်ပါတယ်။
အစိမ်းရောင်ကဒ်ပြားသစ် ရှိမှသာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ပြီး ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ စိစစ်ချက်အရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စတဲ့ သတ်မှတ်ချက်နဲ့ အကျုံးဝင်မှု
အပေါ်မူတည်ပြီး ဥပဒေအရ ခံစားခွင့်ရမှာဖြစ်ပါတယ်။
ဒီအဆင့်မှာတော့ လွယ်လွယ်နဲ့ နိုင်ငံသားဖြစ်ခွင့် မရနိုင်ပါဘူး။ အစစ်အဆေးခံမဲ့သူဟာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ တိုင်းရင်းသား ၁၃၅ မျိုးထဲက အနဲဆုံး ဘာသာစကားတစ်ခုကို တက်ကျွမ်းရမှာ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် စစ်ဆေးရေးလုပ်ငန်းမှာ
အစိုးရဝန်ကြီးတွေသာမက တပ်မတော်မှခန့်အပ်ထားတဲ့
နယ်လုံဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး အဆင့်တွေပါ
ပါဝင်နေပါတယ်။
NVC ကတ် ကိုင်ထားသူတွေ အနေနဲ့ ဘာတွေ အကျိုးကျေးဇူးရမလဲ ...
NVC ကဒ်ကို ဦးသိန်းစိန် လက်ထက်ကနေ ယနေ့အချိန်ထိ
ရခိုင်ပြည်နယ်မှ မွတ်ဆလင်ဦးရေ တစ်သန်း ကိုသိန်းကျော်အနက် လူ ၆ ထောင်ကျော်လောက်သာ
လာရောက်ထုတ်ယူကြရပါသေးတယ်။ အများစုက
အစိမ်းရောင်ကဒ်ဟာ နေထိုင်ခွင့်ပြုတဲ့ လက်မှတ်မျှသာ
ဖြစ်ပြီး ယာယီ သက်သေခံလက်မှတ် White Card ထက် အဆင့်နိမ့်တယ်လို့ ရွှေမောင်တို့ ရိုနေဆန်းလွင်တို့က
ဝါဒဖြန့်နေတာကြောင့် အစိမ်းရောင်ကဒ် လာမထုတ်သူတွေ ရှိနေတာပါ။ ဒါ့အပြင် ဒီကဒ်ထုတ်ဖို့လုပ်လို့ အသက်အန္တရာယ် ခြိမ်းခြောက် ခံရတာ အသတ်ခံရတာတွေရှိနေပြီး မထုတ်ယူရဲတာ၊ ထုတ်ပြီး ခိုးကြောင်ခိုးဝှက်နေရ တာတွေလည်း ရှိနေပါတယ်
NVC ကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ပြီး အချက်အလက် မှန်ကန်ပါက
စစ်ဆေးပြီး ၅ လအတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်၊ ပညာသင်ခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခံခွင့်၊ လယ်လုပ်ခွင့်၊ ငါးဖမ်းခွင့်စတဲ့ အခြေခံအခွင့်အရေးတွေ
ရမှာဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကြေညာခဲ့ပါတယ်။
ယခုလို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေတဲ့ အစိုးရသစ်လက်ထက်မှာ NVC ကတ်ထုတ်ပေးနေတာကို ကန့်ကွက်နေသူတွေဟာ ရခိုင်ပြည်နယ်က ARSA
အစွန်းရောက် အကြမ်းဖက်တွေရယ် မြန်မာနိုင်ငံက
အစွန်းရောက်မျိုးညစ်တွေရယ်သာ ရှိကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။
ဒါတွေသိပြီးမှ NLD အစိုးရရဲ့ ရခိုင်ပြည်နယ်အတွက် လက်ရှိ ပွင့်လင်းမြင်သာစွာ NVC ကတ်ထုတ်ပေးရေး
ကတ်ရပြီးသူတွေကို လွတ်လပ်စွာ အခြေခံနိုင်ငံသားအခွင့်အရေး ပေးရေး လုပ်ဆောင်ချက်တွေကို ဆက်ပြီး ဝေဖန်ကြပါလို့ အကြံပေးလိုက်ပါတယ်။
ZN.H

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video