Skip to main content

ခုမှ ဆုတ်လဲဆူး စားလဲရူးရမယ့် ဘဝ

Zarni Tike သည် Tike ZN နှင့်အတူ ရှိနေသည်။  ...
ငွေများပြန်လည်လွှဲအပ် မပေးပါက ရာဇဝတ်ကြောင်းနှင့် ငြိစွန်းနေကြောင်း ‘ငွေပြန်ပေးမယ် ဆိုရင် လည်း အကြမ်းဖျင်းအားဖြင့်တော့ ရာဇ ဝတ်ကြောင်းနဲ့ ငြိစွန်းနေတယ်ဟု တရားသူကြီးချုပ်ပြော
မကွေးတိုင်းဒေသကြီး တွင် ယခင်အစိုးရလက်ထက်၌ ရေနံလက်ယက်တွင်း လုပ်ငန်းမှရ ရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်သမ္မတ ရုံးက ညွှန်ကြားလိုက်ကြောင်း မ ကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကပြောသည်။
ဧပြီ ၂၅ ရက်နံနက်ကမကွေးတိုင်းဒေသကြီး အစိုးရရုံးအစည်း အဝေးခန်းမတွင် ဝန်ကြီးချုပ်က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့သည်။
သမ္မတရုံး ညွှန်ကြားချက် တွင် ကျပ် ၇ဒသမ ၄၅၉ဘီလီယံ ကျော်နှင့်ပတ်သက်၍ စုံစမ်းတွေ့ ရှိချက်များနှင့် ဥပဒေအကြံပြုတင် ပြချက်တို့အရ ယခင်မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဟောင်း ဦးဘုန်းမော်ရွှေ၊ မကွေး တိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင် ဒေးရှင်းဥက္ကဋ္ဌနှင့် ရွှေ သုခအသေး စား ငွေရေးကြေးရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းတို့ထံ အ သိပေးအကြောင်းကြား ဆောင် ရွက်ရန်ဖော်ပြပါရှိကြောင်းဒေါက် တာအောင်မိုးညိုကပြောသည်။
အသိပေးအကြောင်းကြား ချက်တွင် ပြည်ခိုင်ဖြိုးပါတီသို့ လှူဒါန်းခဲ့သည့် ကျပ် ၁ ဒသမ ၇ ဘီလီယံ၊ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသို့ လှူဒါန်းခဲ့ သည့် မော်တော်ယာဉ် လေးစီး၊ ဘက်ဟိုးတစ်စီး၊ ပဲ့ထောင်ရေ ယာဉ်နှစ်စီးနှင့် ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ လွှဲ ပြောင်းပေးခဲ့သည့် ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်ကို လက်ရှိ မကွေးတိုင်းဒေသကြီးအစိုးရထံ ပြန်လည်လွှဲပြောင်းပေးရန်တို့ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။
‘‘ကျွန်တော်တို့ ညွှန်ကြား ချက်မှာပါရှိတဲ့အတိုင်း ပါဝင်တဲ့ လူ၊ အဖွဲ့အစည်းတွေကို အ ကြောင်းကြားသွားပါမယ်။ စာမှာ လည်းပါပါတယ်။ တောင်းခံချက် တွေကို လွှဲပြောင်းပေးအပ်ခြင်း မရှိဘူးဆိုရင် တည်ဆဲဥပဒေများ နဲ့အညီ ဆက်လက်ပြီးအရေးယူ ဆောင်ရွက်သွားမှာပါ’’ဟု ဝန်ကြီး ချုပ်ကဆိုသည်။
ယင်းရေနံလက်ယက်တွင်း များမှ ရရှိသည့် ဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စကို မကွေးတိုင်း၊ ပွင့်ဖြူမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းထွန်းက လွှတ်တော် သို့ မေးမြန်းခဲ့စဉ် ငွေကျပ် ၂ ဒသမ ၈ဘီလီယံသာဖြစ်သည်။
ယင်းကိစ္စကို မကွေးတိုင်းအ ထူးစုံစမ်းရေးဦးစီးဌာနနှင့် ပြည် ထောင်စုအစိုးရအဆင့်တို့ ပူး ပေါင်း စုံစမ်းခဲ့ရာ ကျပ် ၇ဒသမ ၄၅၉ဘီလီယံကျော် ကွာဟနေ ကြောင်းတွေ့ရှိခဲ့သည်ဟု ၀န်ကြီးချုပ်က ပြောသည်။
ပျောက်ဆုံးနေသည့် ဖွံ့ဖြိုး ရေးရန်ပုံငွေသည် ကျပ် ၇ဒသမ ၄၅၉ဘီလီယံကျော်ဖြစ်သည်။ သမ္မတရုံး ညွှန်ကြား ချက်အတိုင်း သက်ဆိုင်သူများက မကွေးတိုင်း အစိုးရထံ ပြန်လည် လွှဲအပ်ရ မည့်ငွေသည် ကျပ် ၃ ဘီလီယံ ကျော်သာရှိသဖြင့် ကျပ် ၄ ဘီလီယံကျော် ပျောက်ဆုံးနေသည်။
အဆိုပါကျပ် ၄ ဘီလီယံ ကျော်ကို ဆက်လက်ဖော်ထုတ်နိုင် ရန် မကွေးတိုင်းအစိုးရအဖွဲ့က ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည် ဟု ၀န်ကြီးချုပ်ကဆိုသည်။
‘‘သမ္မတရုံး ညွှန်ကြားတဲ့အ တိုင်း သက်ဆိုင်သူများက ဖွံ့ဖြိုး ရေးရန်ပုံငွေကျပ်သန်းသုံးထောင် ကျော်ကို ပြန်ပြီးလွှဲအပ်တယ်ဆို ရင်တော့ ပြန်ရပြီးဖွံ့ဖြိုးရေးလုပ် ငန်းတွေကို လုပ်နိုင်တာပေါ့။ကျန် နေတဲ့ သန်းလေးထောင်ကိစ္စကို လည်း ကျွန်တော်တို့ဆက်ရှင်းရ မယ်။ မရှင်းလို့ရှိရင် ပြည်သူတွေ ဇဝေဇဝါဖြစ်နေမယ်။ ကျန်နေ သေးတဲ့ သန်းလေးထောင်ကိစ္စဖြေ ရှင်းတဲ့နေရာမှာလည်း ပြည် ထောင် စုအဆင့်သြဇာအာဏာကို လိုအပ်မယ်ဆိုရင်တော့ လှမ်းပြီး တော့အကူအညီတောင်းရမှာပဲ’’ ဟု ဝန်ကြီးချုပ်ကပြောသည်။
သမ္မတ ညွှန်ကြားချက်စာ တွင်ပါရှိသည့် ဒေသဖွံ့ဖြိုးရေးရန် ပုံငွေကို ပြည်ခိုင်ဖြိုးပါတီသို့ လှူ ဒါန်းသည့် ကျပ် ၁ဒသမ ၇ဘီလီ ယံကိစ္စနှင့် ပတ်သက်၍ မကွေး တိုင်းဥပဒေချုပ် ဦးဆန်းလင်းက ‘‘နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေအရဆိုလို့ရှိရင် ကျွန်တော် တို့ပြည်သူပိုင်ပစ္စည်းကိုသုံးပိုင်ခွင့် မရှိပါဘူး။ ပြည်သူပိုင်ပစ္စည်းကို သုံးမယ်ဆိုလို့ရှိရင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ခွင့်မ ရှိစေရဆိုပြီးတော့ ပြဋ္ဌာန်းထား တာရှိပါတယ်’’ဟုပြောသည်။
ထို့အပြင် အများပိုင်ပစ္စည်း ကိုအသုံးပြုလျှင် ၁၉၆၃ အများ ပိုင်ပစ္စည်းကာကွယ်စောင့်ရှောက် ရေးဥပဒေအရအကြမ်းဖျင်းငြိစွန်းကြောင်း၊ ငွေများပြန်လည်လွှဲအပ် မပေးပါက ရာဇဝတ်ကြောင်းနှင့် ငြိစွန်းနေကြောင်း တိုင်းဥပဒေချုပ် ဦးဆန်းလင်းက ခြုံငုံပြောပြသည်။
‘‘ငွေပြန်ပေးမယ် ဆိုရင် လည်း အစိုးရအဖွဲ့နဲ့ ဆွေးနွေး တိုင်ပင်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ရာဇ ဝတ်ကြောင်းနဲ့ ငြိစွန်းနေတယ်လို့ မြင်ပါတယ်’’ ဟု ငွေပြန်ပေးသော် လည်း ဥပဒေနှင့်ငြိစွန်းကြောင်း ဥပဒေချုပ်ကထောက်ပြပြောဆို သည်။
မကွေးတိုင်းဒေသကြီးတွင် အစိုးရသစ်လက်ထက်၌ ရေနံ လက်ယက်တွင်းများမှ ရေနံသယ် ယူခွင့် (မျှောစာ)ကားတစ် စီးလျှင် သုံးထောင်ကျပ်ကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကောက်ခံနေပြီး လစဉ်ရရှိသည့်ဘဏ္ဍာငွေကိုပြည် ထောင်စု အစိုးရထံ တင်ပြနေ ကြောင်း ဝန်ကြီးချုပ်က ပြော သည်။
အစိုးရသစ် လက်ထက် ၂၀၁၆ဇွန်လ ၂ရက်မှ ၂၀၁၇ မတ် လ ၃၁ရက်အထိကောက်ခံရရှိ သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သည် ကျပ်သန်းတစ်ထောင့် လေးရာကျော် (သိန်းပေါင်း ၁၄,၁၉၅) ရှိကြောင်း မကွေးတိုင်း အစိုးရရုံး အတွင်းရေးမှူးထံမှသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်အား ဧပြီ ၂၅ ရက်ညနေကဖုန်းဖြင့်ဆက် သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်းမ ရှိခဲ့ပေ။
ပြည်ခိုင်ဖြိုးပါတီကငွေတစ် ကျပ်မျှပင် ရယူထားခြင်း မရှိ ကြောင်းနှင့် သက်ဆိုင်သူများကို ဥပဒေအရ ခေါ်ယူစစ်ဆေးမေး မြန်းနိုင်ကြောင်း ဒေါက်တာနန္ဒာ လှမြင့်က ပြည်တွင်းထုတ်သတင်း စာတစ်စောင်အား ပြောကြားခဲ့ သည်။
Source: 7 Day

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...