စစ်တပ်က ဘာလုပ်လုပ်ဥပဒေနဲ့ညီတယ်
လယ်သိမ်းမလား မြေသိမ်းမလား ကြိုက်တာလုပ် ဥပဒေနဲ့အညီဘဲ"
အခု mytel ရုံးချုပ်လုပ်လိုက်တဲ့မြေကို
အရင်က ကွန်ဒိုဆောက်ပြီး အခန်းရောင်းစားမလို့လုပ်တယ် ရွှေတိဂုံဘုရားနဲ့နီးလို့
ဝိုင်းကန့်ကွက်ကြလို့ ရပ်လိုက်တယ်။
အခု mytelရုံးဖြစ်ရပြန်ပြီ ...
စဉ်းစားကြည့် ..
တပ်မတော်ဆိုတာ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ..
တပ်မတော်ပိုင်ဆိုတာ နိုင်ငံတော်ပိုင်ပဲ ..
ဆိုတော့ နိုင်ငံတော်ပိုင်ပစ္စည်းကို ကွန်ဒိုဆောက်အခန်းရောင်းစားလို့ စား.. လက်ခွဲစီးပွားရေးပိုင် ပြုလိုပြု..
တပ်မတော်ပိုင်ဆိုတာရယ်
တပ်မြေရယ်
မြန်မာ့စီးပွားရေးဦးပိုင်လိမိတတ်ရယ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ရယ်က
လုံးချာလည်လိုက်နေတာ.
အရှက်သိက္ခာဆိုတာလုံးလုံးကင်းပြီး ကိုယ်ကျိုးစီးပွားရှာနေတဲ့ စစ်တပ်တစ်ခုကို ကျနော်တို့တိုင်းပြည်နဲ့လူထုက
မလိုချင်ပါပဲ ရနေတယ်။
ရင်ဆိုင်နေရတယ်
သူတို့ကိုသွားမေးရင် ဥပဒေနှင့်အညီလုပ်စားတယ် လွှဲပြောင်းတယ် သိမ်းတယ် ဆိုတာချည့်ပြောလိမ့်မယ်။
ဘယ်ဥပဒေနဲ့ညီတာလဲဆိုတော့ သူတို့လုပ်စားလို့ရအောင် သေနတ်ထောက်ရေးဆွဲထားတဲ့
အထူးစပါရှယ်ဥပဒေတွေနဲ့ညီနေတာပဲ..
လွှတ်တော်ထဲ စစ်သားတွေဝင်ထိုင်နေတာလဲ ဥပဒေနဲ့အညီပဲ ..
ကာချုပ်ကစင်ပြိုင်အစိုးရလိုလိုဖြစ်နေတာလဲ ဥပဒေနဲ့အညီပဲ ..
ရန်ကုန်မြို့ထဲက အချက်အချာကျတဲ့နေရာက စစ်တပ်ပိုင် ဝင်းကောင်းခြံကောင်းတွေကို
ကွန်ဒို ကန်ထရိုက်ပေးအခန်းရောင်းစားတာလဲ
ဥပဒေနဲ့အညီပဲ
လယ်သိမ်းယာသိမ်းတာလဲဥပဒေနဲ့အညီ ...
တရုတ်နဲ့စစ်တပ်ပူးပေါင်းလုပ်စားတဲ့ စီမံကိန်းတွေမှာ မြေသိမ်း ယာသိမ်း တောတောင်တွေသိမ်းတာလဲ ဥပဒေနဲ့အညီပဲ..
အိုဗျာ ...
စစ်တပ်နဲ့စစ်သားရဲ့ နိုင်ငံရေး စီးပွားရေး အသာစီးယူမှု့ အခွင့်ထူးခံမှု့အားလုံးသည် ဥပဒေနဲ့အညီဟု သက်ဆိုးရှည်ကြာလှတဲ့ စစ်အာဏာရှင်ခေတ်တစ်လျောက်လုံးမှာ စစ်တပ်အတွက် စစ်တပ်ကစိတ်ကြိုက် အချိန်ယူရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေဆွဲထုတ်ကာပြောကြားပါလိမ့်မယ် ...
ဒါပေမဲ့ ကျနော်တို့သိတဲ့ကမ္ဘာပေါ်က
ဂုဏ်သိက္ခာရှိတဲ့တပ်မတော်တွေကတော့ နိုင်ငံရေးမလုပ်ဘူး။
စီးပွားရေးမလုပ်ဘူး အစိုးရကပေးတဲ့ကာကွယ်ရေးဘတ်ဂျတ်အပေါ်မှာပဲ
ရပ်တည်ပြီး စစ်တိုက်ရန် စစ်တိုက်ရန်မရှိက လေ့ကျင့်ရန် နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများလုပ်ရန်(သဘာဝဘေးကူညီကယ်ဆယ်ရေး စသည့် ပရဟိတလုပ်ငန်းများ) ဒါပဲလုပ်တယ်...
ဘယ်အရှက်ရှိတဲ့စစ်တပ်မှ နိုင်ငံတော်ကာကွယ်ရေးအကျိုးငှာ မြေသိမ်းလိုက် ကိုယ့်လုပ်ငန်းကိုယ်ကာကွယ်ရေးအကျိုးငှာ ယူထားတဲ့မြေကိုအငှားပြန်ချလိုက် ကွန်ဒိုဆောက်အခန်းရောင်းစားလိုက်မလုပ်ဘူး...
စစ်တပ်အတွက် နိုင်ငံတော်ကာကွယ်ရေးအတွက် မလိုအပ်တော့ရင် နိုင်ငံတော်ကိုပြန်အပ်ပေါ့ ..
ဘာလို့စောက်ရှက်မရှိ လုပ်စားနေသလဲ ?
လွှမ်းဝေလွင် cd
ဲ

Comments
Post a Comment