Skip to main content

တိရိစ္ဆာန်တွေ ဖန်ဆင်းလိုက်တဲ့အပူ"


Hton Pay ၏ ဓာတ်ပုံ
သင်္ကြန်ရုံးပိတ်ရက် မကွေးပြန်တော့ အရင်လို
ခရီးသည်တင်ကားနဲ့ ညဘက်ပြန်ရတာမဟုတ်
ဘဲ မိတ်ဆွေတစ်ဦးကားနဲ့ နေ့ခင်းဘက်အကြုံ
လိုက်စီးခွင့်ရလို့ နေ့ခင်းဘက်ကြီးပြန်ခဲ့တယ်။

တစ်ချိန်တုန်းက ဆင်တွေ၊ ကျားတွေပေါလွန်းလှ
ပါတယ်ဆိုတဲ့ရိုးမ (အဲဒီနေရာတစ်ဝိုက်ကို ပဲခူး
ရိုးမအထက်ပိုင်းလို့ခေါ်မလား၊ အလယ်ရိုးမလို့
ခေါ်မလား မသိဘူး။ ထားတော့) နေပြောက်မ
ထိုးပါဘူးဆိုတဲ့ရိုးမဟာ အရှေ့အနောက်တောင်
မြောက်ဝဲယာအကုန်လုံး တောင်ကတုံးတွေချည်း
ပဲဖြစ်နေတာတွေ့လိုက်ရတယ်။
တစ်လမ်းလုံး မအိပ်ဘဲကြည့်လာတာ တစ်လမ်း
လုံးကို တောင်ကတုံးတွေချည်းပဲ။
စစ်အစိုးရလက်ထက်မှာ သစ်တွေရောင်းစားကြ
တယ်ဆိုတာ ပြည်နယ်တွေနဲ့ နယ်စပ်ဒေသတွေ
မှာပဲလို့ ထင်ထားလောက်အောင် ကျွန်တော်က
လည်း တုံးတာ။
မိုင် ၁၀၀ နီးပါး ရိုးမကိုဖြတ်လာတာ စိမ်းစိမ်းစိုစို
သစ်ပင်သစ်တော နတ္ထိ။ ကျွန်တော်ကြည့်ရင်းနဲ့
ငိုချင်လာတယ်။
မြောင်းမြရောက်တော့ ယောက်ခမကပြောပြပါ
တယ်။ သူတို့ ခမရ ၁၀၉ ဗကပကို ပဲခူးရိုးမမှာ
စစ်ဆင်ရေးဝင်တဲ့အချိန်တုန်းက ညောင်လေးပင်
ဘက်ကနေတက်သွားတာ သာယာဝတီဘက်
ကို ပြန်ဖောက်ဆင်းတယ်လို့ဆိုတယ်။
"ဟာ မင်းကလည်း တစ်လမ်းလုံးနေပြောက်မ
ထိုးနိုင်တဲ့နေရာတွေအများကြီး။ တောကလည်း
အနက်ကြီး" လို့ပြောပါတယ်။
တိုင်းပြည်ထဲက ထုတ်ယူသုံးစွဲခြင်းမပြုသင့်တဲ့
သယံဇာတတွေကို ကိုယ့်မိဘအမွေရသလိုစိတ်
တိုင်းကျ လုပ်ချင်သလို လုပ်ခဲ့ကြတယ်။
ဘာအဆင့်မြင့်ပညာမှမတတ်နဲ့ဦး သစ်ပင်ဆို
တာ ကျွန်တော်တို့လူသားတွေအတွက် အန္တ
ရာယ်ရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုစုပ်
ယူပေးပြီး ကျွန်တော်တို့အတွက်လိုအပ်နေတဲ့
အောက်ဆီဂျင်ကိုထုတ်ပေးနေတယ်ဆိုတာမျိုး
လောက်တော့ သိကြပါတယ်။
အခု တဖြည်းဖြည်း အရင်နှစ်တွေကထက်ပိုပို
ပြီးပူလာတယ် မဟုတ်လား။ ပူတာမှ ပူစပ်ပူ
လောင်နဲ့ကို ပူလာတာ။
ပူမှာပေါ့ ရာသီဥတုကိုမျှတအောင်ထိန်းသိမ်းပေး
မယ့်သစ်ပင်တွေမရှိတော့ဘူး။
ကျွန်တော်ပြောတာ မယုံဘူးလား။ တစ်နိုင်လုံး
ပတ်ကြည့်ကြည့်လိုက်။ တစ်တိုင်းတစ်ပြည်လုံး
ကို သုဿန်တစ်စပြင်လိုဖြစ်သွားအောင်ကိုစည်း
မဲ့ကမ်းမဲ့ ခုတ်ပစ်ကြတာ။
အဲဒီလိုခုတ်ပစ်တဲ့သူတွေကတော့ သူတို့ရဲ့မ
ဟာရဲတိုက်ကြီးတွေထဲမှာ အဲကွန်းလေးတငြိမ့်
ငြိမ့်နဲ့ "ထင်သလောက် မပူပါဘူးကွ" လုပ်ချင်
လုပ်နေမှာပေါ့။
တစ်တိုင်းပြည်လုံးကပြည်သူတွေကတော့ဖြင့်
အပူဒဏ်ကိုကျောကော့အောင်ခံပေရော့ပဲ။
ဒါတောင် စနစ်တကျသုတေသနမလုပ်နိုင်သေး
တာတွေအများကြီး။ သစ်တောပြုန်းတီးမှုကြောင့်
ရာသီဥတုမမှန်တော့တဲ့အပြင် အပူရှိန်လွန်ကဲပြီး
ဒုက္ခရောက်ရုံသာမက နောက်ဆက်တွဲ ဘယ်လို
ရောဂါမျိုးတွေ တိုးပွားလာနိုင်တယ်၊ ပေါ်ပေါက်
လာနိုင်တယ်ဆိုတာ သုတေသနကောင်းကောင်း
လုပ်ရင် ထပ်ပြီးတွေ့နိုင်သေးတယ်။
ငါနဲ့ ငါ့မိသားစုဆိုတာကလွဲလို့ ဘာမှမကြည့်တဲ့
လူ့တိရိစ္ဆာန်တွေအုပ်ချုပ်ခဲ့တာ စိမ်းလန်းသာယာ
ပြည်မြန်မာကနေ တကယ့်ငရဲဘုံဘဝကိုရောက်
နေရတဲ့အတိုင်းပါပဲ။
အိမ်နီးချင်းနိုင်ငံတွေအားလုံး ဘယ်နိုင်ငံမှအခု
လို စည်းမဲ့ကမ်းမဲ့ ပေါက်လွတ်ပဲစားသစ်မခုတ်
ကြဘူး။ ဘယ်ခုတ်မလဲ သူတို့က သူတို့တိုင်းပြည်
သူတို့ချစ်တာကိုး ..... ။ ။
ရဲကျော်သူရ
Credit

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...