ရိုဟင်ဂျာများအား နိုင်ငံသားအခွင့်အရေးပေးသင့်ကြောင်း ရခိုင်တပ်မတော်AA ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ထောက်ခံပြောဆို

ရက္ခိုင့်တပ်မတော်မှ မူဆလင်ရိုဟင်ဂျာများအား ဒေသခံရက္ခိုင်သားများနှင့်တန်းတူ အခွင့်အရေးအပေးရန် နိုင်ငံသားအခွင့်အရေး ကျန်းမာရေးနှင့်အလုပ်အကိုင်အခွင့်အရေးများပေးသင့်ကြောင်း ထောက်ခံပြောဆိုလိုက်သည်။ ထို့ပြင်ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ရိုဟင်ဂျာများအား နိုင်ငံကူးလက်မှတ်များလည်းထုတ်ပေးရန် တောင်းဆိုလိုက်သည်။

ရက္ခိုင့်တပ်မတော်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏
လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လူထုထောက်ခံမှုအများဆုံးရထားသောအဖွဲ့ဖြစ်သည်။
ငြိမ်းချမ်းရေးစာချုပ်ကိုလက်မခံဘဲ ဗမာအစိုးရအား ကချင်ပြည်နယ်နှင့်
ချင်းပြည်နယ်များတွင်တိုက်ခိုက်နေသော အဖွဲ့ဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ငြိမ်းချမ်းရေးကိစ္စလိုပဲ ရိုဟင်ဂျာမူဆလင်ကိစ္စကလည်း ထပ်တူအရေးကြီးကြောင်း ပြောဆိုလိုက်သည်။
တရုတ်အစိုးရက ARSA နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားသဖြင့်လိုက်နာပါမည်ဟု ကတိပေးထားသည်။ သို့သော်ရိုဟင်ဂျာများအားပြန်လည်လက်ခံခြင်းသည် နိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းပင်ဖြစ်သဖြင့် နိုင်ငံသားများလိုပဲ လွတ်လပ်စွာသွားလာခွင့် စီးပွါးရေးလုပ်ကိုင်ခွင့်များရသင့်ကြောင့် ဗိုလ်ချုပ်ကဆိုပါသည်။
(ဘင်္ဂလားဒေ့ခ်ျသတင်းစာthejabonမှ Arakan Army give support to the citizenship of Rohingyasဆောင်းပါးကို ပြန်လည်ဖော်ပြသည်။)

Comments
Post a Comment