Htaik Tin Lattစောင့်ကြည့်ရန်
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျတ်ကနေ အိမ်ယာခြောက်သောင်းဖော်ဆောင်ရန်ဆိုပြီး ဘီလီယံ၂၀ ထုတ်သွားတယ်
အိမ်ယာခြောက်သောင်းဖြစ်မလာဘူး ဘီလီယံ၂၀ လဲပျောက်နေတယ် လို့ ပထမအကြိမ်တိုင်းလွှတ်တော်မှာ ဒေါ်ညိုညိုသင်းကမေးထားပါတယ်

အိမ်ယာခြောက်သောင်းဘယ်မှာလဲ သို့မဟုတ် ဘီလျံ၂၀ ဘယ်မှာလဲ
ဦးသိန်းစိန်အနေနဲ့အစိုးရအဖွဲ့ရဲ့တာဝန်အရှိဆုံးလူတစ်ယောက်အနေနဲ့ရှင်းပေးသင့်ပါတယ် ဒါပေမဲ့ ဒီနေ့အထိမရှင်းပါဘူး ရေငုံနုတ်ပိတ်နေဆဲပါ လွှတ်တော်ကိုလဲလာမရှင်းသလို မည်သည့်ရှင်းလင်းမှု့မျိုးမှမလုပ်ခဲ့ပါဘူး ဒါကိုအားလုံးပြန်သတိရအောင် တင်ပြရခြင်းပါ
အဲ့ဒီလိုပဲ ကျောက်မျက်ရန်ပုံငွေကို ခိုးတဲ့ကိစ္စမပေါ်ပါဘူး ဒီနေ့အထိ ပိုက်ဆံကတော့ ပျောက်သွားပါတယ် ဘယ်သူမှမယူဘူးလို့ငြင်းပါတယ် ဦးသိန်းစိန်ဟာ သူ့အစိုးရလက်ထပ်မှာဖြစ်တဲ့ ဒီကျောက်မျက်ရန်ပုံငွေပျောက်တဲ့ကိစ္စကို အများပြည်သူကျေနပ်အောင်မရှင်းလင်းပေးပဲ ယခုအထိမေ့ချင်ယောင်ဆောင်နေပါတယ် ကိုယ်လွတ်ရုန်းနေပါတယ်
ယခုလဲ အရင်ဦးသိန်းစိန်အစိုးရလက်ထပ်က ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေဆီက ဒေသဖွံ့ဖြိုးရေးအတွက်ဆိုကာ ကောက်ယူထားတဲ့ငွေ သန်း ၇၀၀၀ ပျောက်နေပါတယ် လက်ရှိဝန်ကြီးချုပ်ကတော့ အရေးယူမယ်လို့ပြောထားပါတယ်
မကွေးဝန်ကြီးချုပ်လိုပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့လဲ အထက်ဖော်ပြပါ အိမ်ယာခြောက်သောင်းအတွက်ဆိုပြီးထုတ်သွားကာ ပျောက်ဆုံးနေတဲ့ ဘီလီယံ ၂၀ ကိုလိုက်လံဖော်ထုတ်အရေးယူသင့်ပါတယ်
ကျောက်မျက်ရန်ပုံငွေကပျောက်ဆုံးနေတဲ့ငွေများကိုလဲ ပြန်လည်လိုက်လံဖော်ထုတ်အရေးယူသင့်ပါတယ် အားလုံးဇတ်မျှောကြီးဖြစ်နေပါတယ် တာဝန်ရှိတဲ့အရင်သမ္မတ ဦးသိန်းစိန်တို့အစိုးရအဖွဲ့ဝင်တွေ မသေခင်အပြီးစစ်သင့်ပါတယ် ပြည်သူ့ဘဏ္ဌငွေတွေပြန်ရအောင်ဖော်ထုတ်သင့်ပါတယ်
Hlwan Wai Lwin
ထိပ်တင်လတ်

Comments
Post a Comment