Skip to main content

Posts

Showing posts from July, 2017

ကာချုပ်ကြီး၏ အမှုထမ်းသက်တမ်း ယနေ့ ကုန်ဆုံး

ကာချုပ်ကြီး၏ အမှုထမ်းသက်တမ်း ယနေ့ ကုန်ဆုံး ............................................................ ၃.၇.၂ဝ၁၇ မှာအသက်၆ဝနှစ်ပြည့်ခဲ့တဲ့ ကာချုပ်ကြီးရဲ့ အမှုထမ်းသက်တမ်း မှာ ဥပဒေအရ ယခုလကုန်တွင်ကုန်ဆုံးခဲ့ပါပြီ။ ဆက်လက် ၅နှစ် တာဝန်ထမ်းဆောင်ခြင်း ကို တပ်မတော် ၄လပါတ် အစည်းအဝေးအပြီး ကြေညာခဲ့ပါတယ်။ သမ္မတမှ ခွင့်ပြုချက်ပေးမပေး၊ယခုထိ သတင်းထုတ်ပြန်မှု၊ကြေညာမှု မပြုသေးပါ။ ထို့ကြောင့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ်၏ ဆက်လက်တာဝန်ထမ်းဆောင် မှု တရားဝင်၊မဝင် ပြဌာန်းဥပဒေ များနှင့် ညီညွတ်ခြင်း ရှိ/မရှိ အငြင်းပွားဖွယ်ရာဖြစ်နေပါတယ်။ အခြေခံဥပဒေ အခန်း(၇) တပ်မတော်၊ ပုဒ်မ ၃၄၂ အရ ကာချုပ် ကို သမတ မှ ခန့်အပ်တာဝန်ပေးအပ်ရမှာ ဖြစ်ပြီး၊ကာလုံ၏ အဆိုပြုထောက်ခံချက် လိုအပ်ပါတယ်။ သက်တမ်းလွန် တာဝန်ဆက်လက် ထမ်းဆောင်ခြင်း အတွက် အငြင်းပွားဖွယ်ရာဖြစ်နေပြီး၊ယခုလို တာဝန်ထမ်းဆောင်ခြင်း အတွက် တပ်မတော်ဆိုင်ရာဥပဒေပြဌာန်းချက်များ ရှိခဲ့လျင် အခြေခံဥပဒေ အခန်း(၅)အုပ်ချုပ်ရေး၊ပုဒ်မ ၂၉၁ အရ ဥပဒေနှင့်အညီ ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ယနေ့ ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းလွန်တာဝန်ထမ်းဆောင် နေခြင်းဟာ ဥပဒေနှင့်ညီမညီ အငြင်းပွားဖွယ်ရာဖြစ

တောင်ပြုံးပွဲအပါအ၀င် တိုင်းအတွင်းကျင်းပမယ့် ပွဲတော်အားလုံး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း 30 July 2017

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ ကျင်းပတဲ့ တောင်ပြုံးပွဲတော်အပါအ၀င် တိုင်းအတွင်း ကျင်းပမယ့် ပွဲတော်အားလုံးကို ရာသီတုပ်ကွေး A(H1N1) ရောဂါ ထိန်းချုပ်နိုင်တဲ့ ကာလအထိ ပွဲကျင်းပခွင့်ရွှေ့ဆိုင်း လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ရောဂါပျံနှံ့မှုကို ကြိုတင်ကာကွယ်တဲ့ နည်းနဲ့သာ တားမြင့်နိုင်မှာဖြစ်တဲ့အတွက် အခုလို ခွင့်ပြုမိန့် ပိတ်သိမ်းတာဖြစ် တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။ မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ တိုင်းအစိုးရအဖွဲ့၊ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့နဲ့ တောင်ပြုံးပွဲတော်ကျင်း ပရေးကော်မတီတို့ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် တောင်ပြုံးကျေးရွာ အနီးတဝိုက်နဲ့ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ယာယီ ပိတ်ထားဖို့လိုအပ်လာရင် ပိတ်သွားမယ်လို့ ဆိုပါတယ်။ မနက်ဖြန် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် တောင်ပြုံးပွဲတော်ကို အနယ်နယ်အရပ်ရပ်က ဈေး သည်တွေရောက်ရှိနေကြပြီဖြစ်သလို ပွဲတော်ဧရိယာ အတွင်း

ဖမ်းဆီးခံရမှုအပေါ် မကျေနပ်ကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းပြော 31 July 2017

ပြည်ထဲရေးဝန်ကြီးဌာနက မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးတဲ့လုပ်ရပ်အပေါ် မကျေနပ်ကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောကြားခဲ့တယ်လို့ သူ့ကိစ္စကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။ ဒီဖမ်းဆီးမှုမှာ သံသယဖြစ်စရာ မေးခွန်းတွေရှိနေကြောင်းလည်း ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ မတ်လက ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီ လို့ ကိုဆွေဝင်းရဲ့ ကိုးကား ရေးသားချက်ဟာ ဥပဒေနဲ့ ညိစွန်းမှုမရှိဘူးလို့ သာသနာရေးဝန်ကြီးဌာနက ဧပြီလက သဘောထား ထုတ်ပြန်ထားတဲ့ကြားက ကိုဆွေဝင်းကို ပုဒ်မ ၆၆(ဃ) နဲ့ မနေ့ ဇူလိုင်လ (၃၀) ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။ အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို တညအိပ်သွားမယ့် ကိုဆွေဝင်းကို ရန်ကုန် မင်္ဂလာဒုံလေဆိပ် က မထွက်ခင်မှာ လေဆိပ်ရဲတွေက ဖမ်းဆီးခဲ့တာပါ။ ကိုဆွေဝင်းအနေနဲ့ ပြည်ပခရီးမထွက်ခင် သက်ဆိုင်ရာ မန္တလေး မဟာအောင်မြေရဲစခန်းနဲ့ ညှိုနှိုင်းပြောဆိုမှုတွေ ရှိခဲ့ရဲ့သားနဲ့ မင်္ဂလာဒုံလေဆိပ်မှာ ရဲက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်နေ

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၁) (၂) (၃)

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၁) (၂) (၃) —————————————————— မောင်သာမည, DVB BurmaDemocracy, 28 July 2017 ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၁) ——————————————— မြန်မာနိုင်ငံမှာ နေ့စဉ် ထုတ်ဝေနေ တဲ့ သတင်းစာတွေရဲ့ မျက်နှာဖုံး ကို ကြည့်လိုက်မယ်ဆိုရင် နအဖအဖွဲ့ထဲ က ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ် ကြီး တစ်ဦးဦးရဲ့ ဘာသာရေး လုပ်ငန်း သတင်းကို သေချာပေါက် တွေ့ရ ပါလိမ့်မယ်။ စေတီတစ်ဆူမှာ ထီးတင်နေတဲ့ သတင်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ နာမည်ကြီး ဆရာတော် တစ်ပါးပါးကို လှုဒါန်းနေတဲ့ သတင်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာသတင်းပဲ ဖြစ်နေပါစေ၊ သည်လို ဘာသာရေး သတင်းများရဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင် စစ်ဗိုလ်ချုပ်များဟာ ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုတယ်၊ အလွန်ဘာသာရေး ကိုင်းရှိုင်းတယ်၊ မြန်မာနိုင်ငံသား အများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို စစ်ဗိုလ်ချူပ်ကြီးများက အလွန် အားပေးနေတယ်လို့ ဆိုလိုချင်တာပါပဲ။ နောက်ပြီး စစ်ဗိုလ်ချုပ်ကြီးများရဲ့ လက်ထက်မှာ ဗုဒ္ဓဘာသာဟာ အလွန်ထွန်း ကား တယ်ဆိုတာမျိုးကိုလည်း မရှက်မကြောက် ပြောတတ်ကြ ပါသေးတယ်။ တကယ့် အဖြစ်မှန်မှာတော့ ဗုဒ္ဓဘာသာရဲ့ အဓိက အနှစ်သာရဟာ စစ်ဗိုလ်ချုပ် ကြီးများရဲ့ အာဏာရှင် စနစ်ကြောင

ဒေါ်စုကိုပဲ တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့အကြောင်းပြချက်၁၀ခု

Sandar Lin with Decem Ber . Yesterday at 5:27am · ဒေါ်စုကိုပဲ တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့အကြောင်းပြချက်၁၀ခု ====================================== ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာနဲ့တင် ကျနော် သူ့ ကို ကြည်ညိုတာ မဟုတ်ပါ။ အမေကြီး ဘာကြီးလဲ မဖားတတ်ပါ။ ပြီးတော့ ကျနော့်ညာဉ်ကိုက Reality ကိုပဲ ဦးစားပေးကြည့်တတ်တယ်။ တိုင်းပြည်ကောင်းမယ်ဆို ဘယ်သူ တက်တက်ပါ။ အဘက်ဘက်က ခေါင်းအေးအေးထား စဉ်းစားကြည့်ပြီးမှ ဒေါ်စုသာလျှင် ကျနော်တို့ မြန်မာပြည်ရဲ့ အသင့်တော်ဆုံးသော တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ယူဆဆုံးဖြတ်ပါတယ်။ အဲဒီအတွက် အကြောင်းပြချက်က ၁၀ ခု ရှိပါတယ်။ ၁။ သြဇာတိက္ကမ ရှိသော ခေါင်းဆောင်။ ----------------------------------------- ကျနော်တို့ မြန်မာ့သမိုင်းမှာ ရှားပါးတဲ့ အနည်းစုထဲမှာပါတဲ့ ခေါင်းဆောင်မျိုးပါ။ ဒေါ်စုဟာ Charismatic Leader ဖြစ်ပါတယ်။ စကားကြုံလို့ ပြောရရင် ဗိုလ်ချုပ်ဟာ Charismatic Leader ဖြစ်ပေမယ့် ဦးနုကို Charismatic Leader လို့ ကျနော်မသတ်မှတ်ပါ။ ဗိုလ်ချုပ်သာရှိရင် ပြည်တွင်းစစ်ကို ထိန်းနိုင်လိမ့်မယ်လို့ ထင်မိတယ်။ ကျနော်တို့ တိုင်းပြည်တိုးတက်ဖို့ရာခရီး

ရင်းနှီးမြှုပ်နှံမှု များကို အလုံးစုံ ဝန်ဆောင်မှု ပေးနိုင်မည့် အဖွဲ့ကို ဝန်ကြီးဌာန ရှစ်ခုဖြင့် ဖွဲ့စည်း

Sat, 2017-07-29 06:30 ရင်းနှီးမြှုပ်နှံမှုများကို တစ်နေရာတည်း၌ တစုတဝေးတည်း အလုံးစုံ ဝန်ဆောင်မှု ပေးနိုင်မည့် အဖွဲ့ကို ဝန်ကြီးဌာန ရှစ်ခုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ အဆိုပါ အဖွဲ့သည် လုပ်ငန်းများ လမ်းညွှန်ခြင်းနှင့် အစိုးရဌာနများ ကိုယ်စား လျှောက်လွှာများ လက်ခံခြင်းတို့ ဆောင်ရွက် ရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။ အထက်ပါ အချက်အလက် များအပြင် အဆိုပါ အဖွဲ့ထံတွင် လုပ်ငန်းရှင် များက အစိုးရ ဆုံးဖြတ်ချက်များ အပါအဝင် ရင်းနှီး မြှုပ်နှံမှုအတွက် လိုအပ်သည့် သတင်း အချက် အလက်များ တောင်းခံနိုင်ကြောင်း ကော်မရှင်က ထုတ်ပြ န်ထားသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ နစ်နာမှုများ အတွက် ရင်းနှီးမြှုပ်နှံသူ များကိုလည်း အကူအညီ ပေးရမည်ဟု ဆိုသည်။ ‘‘လုပ်ငန်းရှင်တွေနဲ့ အတူ နိုင်ငံခြားသား ပညာရှင်တွေ အတွက် ဗီဇာကိစ္စတွေ၊ အကောက် ခွန်ကင်းလွတ်ခွင့်တွေ၊ လိုင်စင် ကိစ္စတွေကို ၂၄ နာရီအတွင်း တစ်ထိုင်တည်း လုပ်ပေးဖို့ ဥပဒေ အသစ် အရ ပြန်ဖွဲ့လိုက်တာပါ’’ ဟု အဆိုပါအဖွဲ့ ဥက

ကျောက်ဆည်သား

ထမကျောက်ဆည်သားဖြစ်တဲ့ စစ်အဏာရှင်ကြီးဟာ သူအာဏာမြဲရေးအတွက် တိုင်းပြည်နဲ့ ပြည်သူတွေကို စတေးခဲ့လို့ တိုင်းပြည်နဲ့ ပြည်သူတွေဟာ ကမ္ဘာ့နိုင်ငံတွေထက် အရာရာမှာ အောက်ကျနောက်ကျဖြစ်ခဲ့ရတယ် .... သူအာဏာမြဲဖို့ဆိုရင် သူကပ်တဲ့ဆွမ်းကို မစားတဲ့သံဃာတော်တွေကိုတောင် ထောင်ချနှိပ်စက်ပြီး သာသနာတော်ကို စော်ကားခဲ့ဘူးတယ် ... --- ---- ဒုတိယကျောက်ဆည်သားဖြစ်တဲ့ မန္တလေးက တိပ်ပိတ်ဆရာတော်ဟာလဲ သူနေရာရရေးအတွက်နဲ့ သူ့ကို နေရာမပေးတဲ့ ပြည်သူ့အစိုးရပြုတ်ကျရေးအတွက် သူ့ကိုယ်သူအမျိုးသားရေးဆရာတော်အမည်ခံပြီး ဘာသာနဲ့ သာသနာကို အသုံးချနေတယ် ... မဟနနဲ့ မဘသထိပ်တိုက်တေ့ပေးပြီး သံဃာသင်းကွဲအောင်လဲ ကြံစည်နေတယ် ... သတင်းမှားတွေနဲ့ လူမျိုးရေးမီးမွှေးပြီး ပြည်ဖျက်ဖို့လဲ ကြိုးစားနေတယ် ..... --- ---- အရာရာပျက်စီးနေတဲ့ တိုင်းပြည်ကို တစ်စစီ ပြန်ကောက်စီနေရတဲ့အချိန်မှာ ကျုပ်တို့ပြည်သူတွေ အရာရာကို သတိထားနေကြဖို့လိုတယ် ..... Stray Bird

သို့... ဦးမင်းအောင်လှိုင်

သို့... ဦးမင်းအောင်လှိုင် ဒီစာဟာ ပြည်သူတစ်ယောက်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ရှိသူထံ စိတ်ရှိသလိုရေးတဲ့စာမို့ ဖတ်မိစေချင်ပါတယ်။ ပထမဆုံးပြောချင်တာက ကျွန်တော်တို့မြန်မာနိုင်ငံဟာ ရွှေဉာဏ်တော်စူးရောက်သူများ ကောင်းမယ်ထင်သလို ပေါက်ပန်းသေးလုပ်ကြ/ခိုးကြရာကတဆင့် နိုင်ငံတကာအလယ်မှာ အဘက်ဘက်က နိမ့်ကျနေပါပြီ။ တစ်တိုင်းပြည်လုံးဆင်းရဲပြီး ☣ အုပ်ချုပ်သူအာဏာရှင်တသိုက်နဲ့ ☣ လက်သင့်ရာခွေးဘီလူးတွေသာ ချမ်းသာပြီးရင်း....ချမ်းသာခဲ့ကြပါတယ်။ ပြည်သူတွေကတော့ ★စီးပွားရေး ★လူမှုရေး ★ကျန်းမာရေး ★ပညာရေး အဘက်ဘက်မှာ အောက်တန်းနောက်တန်းကျလှပါတယ်။ ကမ္ဘာမှာမြန်မာမျက်နှာပွင့်တာ အမေစုတစ်ယောက်ပဲ ရှိပါတယ်။ ဒါကိုခင်ဗျားအသိဆုံးပါ။ ခင်ဗျားတို့တွေ ♣ မျက်လွှာချ ♣ ခေါင်းငုံ့ ♣ ဖင်ခံနေရတဲ့ ဘယ်နိုင်ငံကိုမဆို ဒီအမေအိုက -မျက်နှာပင့်ချီ -ခေါင်းမော့ပြီး ဆက်ဆံနေနိုင်ခဲ့တာ လူမျက်စိရှိရင်......မြင်နိုင်ပါတယ်။ အမေအို အသက်ကြီးပါပြီ။ အချိန်လည်းမကျန်တော့ပါဘူး။ ဒီအချိန်သာ မပြောင်းလဲနိုင်သေးရင် မြန်မာပြည်ဟာ မင်းအောင်လှိုင် ၁၀၀ ကျော်ထပ်ပေါ်လာလည်း ငရဲတွင်းကမလွတ်ဘူးဆိုတာ.....ယုံပါ။ မြန်မာဆိုတာ နိုင်ငံတကာမှာအင်

ကျွန်မလာပြီ_လာပြီကျွန်မ

ကျွန်မလာပြီ_လာပြီကျွန်မ ကံ့ကော်တွေ နောက်ပြန်ဆုတ်ပွင့်ကြ ကျွန်မလာပြီ။ စိန်ပန်းတွေ ရဲရဲရှေ့ပြန်တက်ပွင့်ကြ ကျွန်မလာပြီ။ အရှက်နဲ့ သိက္ခာတွေ ဒီအလံပေါ်ပြန်လေလွင့်ကြ ကျွန်မလာပြီ။ ပြင်သစ်ပြည်ကြီးက ဂျုန်းအော့ဖ်အတ် လား မဟုတ်ပါဘူး မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။ အီဂျစ်ဘုရင်မ ကထီယိုပက်ထရာလား မဟုတ်ပါဘူး မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။ ရုရှားပြည်က မဟာကက်သရင်းဘုရင်မကြီးလား မဟုတ်ပါဘူး မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။ ဟေ့ အင်္ဂလန်က အဲလိဇဘတ်ဘုရင်မကြီး မဟုတ်ဘူး မြန်မာပြည်က အောင်ဆန်းစုကြည်။ မတူရင် တူအောင်တုကြမယ် မတူရင် တူအောင်ညှိကြမယ် လာကွယ့် ခွပ်ဒေါင်းလို ကြော့ကြော့မော့ ရော့မသွားဘူး ပဲ့မသွားဘူးကွဲ့။ မကြားရင် ကြားအောင်ရှေ့တိုးလာခဲ့ကြ အသစ်တွေ မင်းတို့ရှာနေတဲ့အသစ်တွေ အသစ်တွေအတွက် အသစ်တွေ လာနားထောင်ကြ။ နောက်မရှိတော့ဘူးလို့ လက်ဖြတ်ကြေး ငါလောင်းခဲ့တဲ့ ကွင်းဖဲတစ်ချပ်။ ကြောက်စရာအကောင်းဆုံးက အကြောက်တရားလို့ ပြောလည်းပြော ချီလည်းတက်သွားတဲ့ လှိုင်းလုံးကြီး ကျောက်ဆောင်တွေကိုဖဲ့ချ ခေါင်းနဲ့ဝင်ဆောင့် ဖျန်းကနဲပါးရှစ်စိတ်ကွဲသွားဖို့။ ပျော့ညံ့တာမဟုတ်ဘူး ပျော့ပြောင်းတာပါလို့ ပြောပြီး

မထသဖျက်သိမ်းစဉ်ကရရှိသည့် ငွေကျပ် ၅ ဘီလီယံဖြင့် အများပိုင်ကျောင်းကားကုမ္ပဏီ ထူထောင်မည်ဟု ဦးဖြိုးမင်းသိန်းပြော

မထသစနစ်ကို ဖျက်သိမ်းစဉ်က လွှဲပြောင်းရယူခဲ့သည့် ငွေကြေးဖြင့် အများပိုင်ကျောင်းကားကုမ္ပဏီတခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ထူထောင်ရန်ပြင်ဆင်နေကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ပြုလုပ်ခဲ့သည့် ဟွန်ဒိုင်းကျောင်းကားများပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ''မထသစနစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် ၅ ဘီလီယံခန့် ကျွန်တော်တို့ လွှဲပြောင်းရယူခဲ့တာရှိပါတယ်။ ဒီငွေတွေနဲ့ ကျောင်းသားတွေရဲ့ ရပ်တည်မှုအတွက်၊ ကျောင်း သွားတဲ့အခါမှာ လွယ်ကူချောမွေ့စေဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်''ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ကျောင်းသား ကလေးသူငယ်များကို ကူညီဖေးမရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ကာ အစိုးရက ရှယ်ယာအများဆုံးပါဝင်မည့် အများပိုင်ကျောင်းကားကုမ္ပဏီကို Golden Hand ဟု အမည်ပေးထားပြီး မကြာခင်ကာလတွင် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ ၂၀၁၇ ပညာသင်နှစ်အစပိုင်းတွင် ကျောင်းကားစနစ်ကိစ္စနှင့်ပတ်သက်၍ တိုင်းပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူး

အမျိုးဘာသာစကားလုံး(သို့မဟုတ်)သွေးခွဲနည်းဗျူ ဟာ

အမျိုးဘာသာစကားလုံး(သို့မဟုတ်)သွေးခွဲနည်းဗျူ ဟာ ------------------------------------------------------- အမျိုးဘာသာဆိုပြီးအော်ပြနေကြသူတွေရဲ့ ပေါ်တင်ကြေညာထားတဲ့သူတို့ရဲ့အကျိုးစီးပွားက မြန်မာ့နိုင်ငံရေးမှာအမြဲပါဝင်ခွင့်ရရှိရေး.. ဖယ်လို့မရဘူးတို့ဘာတို့ပေါ်တင်ပြောကြတယ်.. ပေါ်တင်ကြေညာမထားတဲ့အဓိကအကျိုးစီးပွားက သူတို့ရဲ့ဓနပိုင်ဆိုင်မှုတွေတည်တံ့ခိုင်မြဲရေး.. သေချာစဉ်းစားကြည့်ရင် အဲ့ဒီနှစ်ချက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် တိုင်းပြည်မတည်ငြိမ်ဖို့လိုတယ်ဆိုတာတွေ့ရလိမ့်မယ်.. အကယ်၍တိုင်းပြည်ကတရားဥပဒေစိုးမိုးပြီး တည်ငြိမ်လာရင်ဥပဒေမဲ့လုပ်ခဲ့တာတွေ ယူထားခဲ့တဲ့စီးပွားတွေကမတည်ငြိမ်နိုင်တော့ဘူး.. အဲ့ဒါကြောင့်မတည်မငြိမ်ဖြစ်ဖို့ကြိုးစားရတော့တယ်.. တိုင်းပြည်မတည်ငြိမ်ဖို့အတွက် ပြည်သူကိုသွေးခွဲဖို့အလွယ်ဆုံးနည်းက " # အမျိုးဘာသာအော်ပြခြင်း .." သူတို့ရဲ့ဗျူ ဟာအောင်မြင်ပါတယ်.. ပြည်သူတစ်ဝက်ကဘီလူးတွေအခုမှထအော်နေတဲ့ အမျိုးဘာသာစကားကိုလုပ်ဇာတ်မှန်းသိတယ်.. ကျန်တဲ့ပြည်သူတစ်ဝက်လောက်ကယုံကြတယ်.. လူမျိုးပေါင်း၁၃၅မျိုးနေကြတဲ့တိုင်းပြည်မှာ အမျိုးဘာသာဆိုပြီးဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာကိုပဲ ကိုယ်စားပြု

သာသနာဖျက်မည့်သူများ

သရဏဂုဏ်တင်မနေနဲ့။ ပိုက်ဆံကုန်တယ်။ အသားကို ငါးစားပြီး အရိုး ရေထဲကျသွားလိမ့်မယ် ပြောခဲ့တဲ့ ခွေးယုတ်တွေက အခုတော့လည်း တိုင်းပြည်နဲ့လူမျိုးကို သူတို့လောက်ချစ်သူ မရှိတော့သလိုပဲ။ နာဂစ်မှာ အလောင်းတွေကို ဆယ်ပြီး မြန်မာတို့ရဲ့နှလုံးသွေးကြော ဧရာဝတီကို လာဘ်သိပ်ထိုးရောင်းခဲ့ပြီး ကိုရီးယားယဉ်ကျေးမှုကို တင်သွင်းခဲ့သူတွေက အခုတော့လည်း သာကီသွေးဂျာနယ်ကို လက်ထဲကမချဘူး။ တစ်ခြားသူတွေသာ တွေ့ချင်တိုင်း တွေ့လို့မရတာ တရုတ်​ကုလားသူဌေးတွေနဲ့ဆို နေ့စဉ် အတူဂေါက်ရိုက်ခဲ့ကြသူတွေက အခုတော့လည်း တိုက်ပုံတွေဝတ်ပြီး အမျိုးသားရေးကို အမြှပ်ထွက်မတက် အော်နေကြပြန်တယ်။ ၂၀၀၇ ရွှေဝါရောင်မှာ သံဃာတော်ကို ဒူးထောက်ခိုင်းပြီး ဖိနပ်နဲ့ ကန်ခိုင်းခဲ့ကြသူတွေက အခုတော့လည်း ဘာသာ သာသနာကို ချစ်လိုက်ကြတာလွန်ပါရော။ ခင်ဗျားတို့ သိထားသင့်တာက ဘီလူးတွေဟောတဲ့ သက်သက်လွတ်တရားဆိုတာ လုပ်စားအမျိုးသားရေးပဲ။ ဘာသာ သာသနာမှာ စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထားလည်း အပါယ်မလွတ်ဘူး၊ စေတီအကုန် ဖျက်ဆီးခံရလည်း သာသနာမပျောက်ဘူး၊ ကိုးကွယ်ရာဆိုတာ ရင်ထဲကလာတာ၊ ပုံတော်မရှိတော့ရင် ဂုဏ်တော်ကို မှန်းပြီး ရှိခိုးနေလို့ရတယ်။ ထိုနည်း

ရယ်ရလို့ ကော်ပီတင်ပေးလိုက်တယ်

* ***ရယ်ရလို့ ကော်ပီတင်ပေးလိုက်တယ် ******စာရေးသူ # SoePaingOo ( သာဂိ )---------ကုလား​တွေ​တော့ဘယ်​လို​နေမယ်​မသိဘူး ကုလားမဟုတ်​တဲ့ ကျ​နော်​​တောင်​ ဗမှား​တွေ အိုးနင်းခွက်​နင်းဖြစ်​​နေတာ​ကြည့်​ပြီး ရယ်​ချင်​​နေပြီ ကုလားကိုနှိပ်​ကွပ်​မယ်​ဆိုပြီး မျိုး​စောင့်​ဥပ​ဒေထုတ်​တယ်​ လပိုင်းပဲကြာတယ်​ အဲ့ ဥပ​ဒေနဲ့အ​ရေးယူခံရသူ ၅ဦး၆ဦးထိ ရှိသွားတယ်​ ဒါ​ပေမယ့်​ ကုလားတစ်​​ယောက်​မှ မပါဘူး "​စောင်​ဗမှား​တွေချည်း" အမျိုးဘာသာ သာသနာကို ​စောင့်​​ရှောက်​မယ်​ဆိုပြီး "မဘသ"အဖွဲ့​ဖွဲ့တယ်​ မကြာဘူး မဟနနဲ့ပြဿနာတက်​တယ်​ အကျိုးဆက်​က သံဃာပဲ၂ခြမ်းကွဲသွားတယ်​ ဒကာလည်း ၂ခြမ်းကွဲကုန်​တယ်​ "မာမူတွေ ဘာမှမဖြစ်​ဘူး" ​ကျောက်​ပန်း​တောင်းမှာ ကုလားဗလီ​တွေ့တယ်​ဆိုပြီး လူစုလူ​ဝေးကြီးနဲ့ဝိုင်းလာလို့ စည်​ပင်​က​နေ ဘူဒိုဇာနဲ့ ဖျက်​​ပေးလိုက်​ရတယ်​ အုတ်​ပုံချည်းပဲကျန်​ခဲ့​တော့မှ အဲဒါ ခရီးလွန်​​နေတဲ့ ဗုဒ္ဓဘာသာမြန်​မာလူမျိုး ဒါရိုက်​တာတစ်​​ယောက်​ရဲ့အိမ်​မှန်းသိရတယ်​ လုပ်​သမျှအလွဲ ကြံသမျှအမွဲ​တွေနဲ့​စောင်​ဗမှား​ဒေရ်​ မာမူ​တွေအူနှိပ်​ပြီးရယ်​​နေရ​အောင်​ ဟာသ​တွေချည်း ​တမင

ပြည်သူ့အစိုးရကိုယုံတယ် #ဒေါ်အောင်ဆန်းစုကြည်ကိုယုံတယ်

▪ လက်ရှိမြန်မာ့နိုင်ငံရေး တွေးကြည့်တာနဲ့တင် ရင်လေးတယ်... ▪ တပ်နဲ့ပြည်ထဲရေးကတစ်မျိုး မဘသနဲ့မျိုးချစ်တွေကတစ်ဖုံ ဘေးရောက်နေတဲ့(၁၃)ပါတီကတစ်ခန်း အမျိုးမျိုးအဆန်းဆန်းတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့အခြေနေအရပ်ရပ်ကို ရင်ဆိုင်ကြုံတွေ့နေရတယ်... ▪ ပြည်သူ့အစိုးရအတွက် လုပ်ရကိုင်ရ ဘေးကြပ်နံကြပ်... အဖက်ဖက်ကယိုယွင်းပျက်စီးနေတဲ့ ကမ္ဘာ့မျက်နှာမွဲနိုင်ငံကိုလည်း ကဏ္ဍစုံ ပြုပြင်တည်ဆောက်နေရတယ်... နိုင်ငံသားတွေရဲ့ပျက်ယွင်းနေတဲ့စာရိတ္တနဲ့. နိမ့်ကျနေတဲ့စိတ်ဓာတ်တွေကိုလည်း အစောတလျင် မြှင့်တင်ပေးနေရတယ်... ▪ အရောင်စုံလူယုတ်မာတွေက Facebookလူမှုကွန်ယက်တွေကနေ မမှန်မကန်လုပ်ကြံသတင်းတွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်နေကြတယ်... လူမျိုးရေး ဘာသာရေးကိုအသုံးချ ပြည်သူကိုလည်း ဝါဒမှိုင်းတိုက်နေကြတယ်... ▪ ဘာပဲဖြစ်ဖြစ်... ပြည်သူ့အစိုးရကိုယုံတယ် ဒေါ်အောင်ဆန်းစုကြည်ကိုယုံတယ် သူတို့ရဲ့ အရည်အချင်း သူတို့ရဲ့ သတ္တိနဲ့ ရိုးသားမှု သူတို့ စွန့်လွှတ်အနစ်နာခံမှုတွေကို အပြည့်အဝ ချွင်းချက်မရှိယုံတယ်... ▪ နှစ်ပေါင်းသုံးဆယ်နီးပါး သူတို့အသက်တွေ ဘဝတွေ မိသားစုနဲ့ စည်းစိမ်ဥစ္စာတွေစွန့်လွှတ် ထောင်တွေအချုပ်တွေအကျခံပြီး ကြိုးစား သက်သေပြ

KIO က “ဝ” နှင့် နိုင်ငံရေး ပူးပေါင်းသည်ကို ကချင်လူထု မနှစ်သက်ဟု ဆို

By နန်းလွင်နှင်းပွင့် 27 July 2017 ကချင် တိုင်းရင်းသားများ အတွက် ဆွေးနွေးမည့် နိုင်ငံရေးတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA) က “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် ပူးပေါင်းလိုက်သည်ကို ကချင်ပြည်သူ အများစုက နှစ်သက် ခြင်း မရှိဟု ကချင် နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြော သည်။ ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျနော်တို့ ကချင်လူထုအများစုက ဝ နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရေး သွားတာကိုတော့ လက်မခံချင်ကြဘူး။ ဒါက ကချင်လူထုအများစုရဲ့ သဘောထားပါ”ဟု ဧရာဝတီကို ပြောပြသည်။ ကချင်လူထုအနေဖြင့် “ဝ” အပါအဝင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နယ်မြေအရ စစ်ရေး ပူးပေါင်းသည်ကို နားလည် လက်ခံသော်လည်း နိုင်ငံရေးအရ ပူးပေါင်း ဆွေးနွေးမည်ကို မနှစ်သက်ခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။ အဓိက မနှစ်သက်ရသည့် အကြောင်းအချက်များမှာ “ဝ” ၏ ကျောထောက်နောက်ခံသည် တရုတ် ဖြစ်နေပြီး တရုတ် က ကွန်မြူနစ်ဝါဒ ဖြစ်ကြောင်း၊ ကွန်မြူနစ်ဝါဒအရ ဘာသာရေးတွင်လည်း လွတ်လပ်ခွင့် မရှိသဖြင့် မနှစ်သက်ကြောင်း၊ ထို့အပြင် “ဝ”ဒေသတွင်း သုံးနေသည့် ငွေကြေးမှာ တရုတ်ငွေ၊ ရုံးသုံးစာများမှာလည်း တရု