ရင်းနှီးမြှုပ်နှံမှု များကို အလုံးစုံ ဝန်ဆောင်မှု ပေးနိုင်မည့် အဖွဲ့ကို ဝန်ကြီးဌာန ရှစ်ခုဖြင့် ဖွဲ့စည်း
Sat, 2017-07-29 06:30
ရင်းနှီးမြှုပ်နှံမှုများကို တစ်နေရာတည်း၌ တစုတဝေးတည်း အလုံးစုံ ဝန်ဆောင်မှု
ပေးနိုင်မည့် အဖွဲ့ကို ဝန်ကြီးဌာန ရှစ်ခုဖြင့် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ အဆိုပါ အဖွဲ့သည် လုပ်ငန်းများ လမ်းညွှန်ခြင်းနှင့် အစိုးရဌာနများ ကိုယ်စား လျှောက်လွှာများ လက်ခံခြင်းတို့ ဆောင်ရွက် ရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။
အထက်ပါ အချက်အလက် များအပြင် အဆိုပါ အဖွဲ့ထံတွင် လုပ်ငန်းရှင် များက အစိုးရ ဆုံးဖြတ်ချက်များ အပါအဝင် ရင်းနှီး မြှုပ်နှံမှုအတွက် လိုအပ်သည့် သတင်း အချက် အလက်များ တောင်းခံနိုင်ကြောင်း ကော်မရှင်က ထုတ်ပြ န်ထားသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ နစ်နာမှုများ အတွက် ရင်းနှီးမြှုပ်နှံသူ များကိုလည်း အကူအညီ ပေးရမည်ဟု ဆိုသည်။
‘‘လုပ်ငန်းရှင်တွေနဲ့ အတူ နိုင်ငံခြားသား ပညာရှင်တွေ အတွက် ဗီဇာကိစ္စတွေ၊ အကောက် ခွန်ကင်းလွတ်ခွင့်တွေ၊ လိုင်စင် ကိစ္စတွေကို ၂၄ နာရီအတွင်း တစ်ထိုင်တည်း လုပ်ပေးဖို့ ဥပဒေ အသစ် အရ ပြန်ဖွဲ့လိုက်တာပါ’’ ဟု အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။
လုပ်ငန်းရှင်များ အနေဖြင့် ဌာနဆိုင်ရာများတွင် တစ်ရုံးဝင် တစ်ရုံးထွက် သွားလာရမည့် အစား တစ်နေရာတည်း၌ အကုန် ပြီးပြတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါအဖွဲ့တွင် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စီး ပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာန စသည့် ဌာနရှစ်ခုမှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည်။
ထိုအဖွဲ့နှင့်အတူ ရင်းနှီးမြှုပ် နှံမှုကော်မရှင်သည် ရင်းနှီး မြှုပ်နှံမှု အကူအညီ ပေးရေးအဖွဲ့ကို ဖွဲ့ စည်းခဲ့ပြီး ယင်းအဖွဲ့သည် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများကြောင့် ထိခိုက် နစ်နာသူများ၏ တိုင်ကြားစာများကို လက်ခံရမည် ဟုဆိုသည်။ အဆိုပါအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။
#7Day

Comments
Post a Comment