Skip to main content

ရယ်ရလို့ ကော်ပီတင်ပေးလိုက်တယ်

* ***ရယ်ရလို့ ကော်ပီတင်ပေးလိုက်တယ် ******စာရေးသူ #SoePaingOo ( သာဂိ )---------ကုလား​တွေ​တော့ဘယ်​လို​နေမယ်​မသိဘူး
ကုလားမဟုတ်​တဲ့ ကျ​နော်​​တောင်
ဗမှား​တွေ အိုးနင်းခွက်​နင်းဖြစ်​​နေတာ​ကြည့်​ပြီး
ရယ်​ချင်​​နေပြီ
ကုလားကိုနှိပ်​ကွပ်​မယ်​ဆိုပြီး
မျိုး​စောင့်​ဥပ​ဒေထုတ်​တယ်
လပိုင်းပဲကြာတယ်
အဲ့ ဥပ​ဒေနဲ့အ​ရေးယူခံရသူ ၅ဦး၆ဦးထိ
ရှိသွားတယ်
ဒါ​ပေမယ့်​ ကုလားတစ်​​ယောက်​မှ မပါဘူး
"​စောင်​ဗမှား​တွေချည်း"
အမျိုးဘာသာ သာသနာကို
စောင့်​​ရှောက်​မယ်​ဆိုပြီး "မဘသ"အဖွဲ့​ဖွဲ့တယ်
မကြာဘူး မဟနနဲ့ပြဿနာတက်​တယ်
အကျိုးဆက်​က
သံဃာပဲ၂ခြမ်းကွဲသွားတယ်
ဒကာလည်း ၂ခြမ်းကွဲကုန်​တယ်
"မာမူတွေ ဘာမှမဖြစ်​ဘူး"
ကျောက်​ပန်း​တောင်းမှာ ကုလားဗလီ​တွေ့တယ်​ဆိုပြီး
လူစုလူ​ဝေးကြီးနဲ့ဝိုင်းလာလို့
စည်​ပင်​က​နေ ဘူဒိုဇာနဲ့ ဖျက်​​ပေးလိုက်​ရတယ်
အုတ်​ပုံချည်းပဲကျန်​ခဲ့​တော့မှ
အဲဒါ ခရီးလွန်​​နေတဲ့ ဗုဒ္ဓဘာသာမြန်​မာလူမျိုး
ဒါရိုက်​တာတစ်​​ယောက်​ရဲ့အိမ်​မှန်းသိရတယ်
လုပ်​သမျှအလွဲ
ကြံသမျှအမွဲ​တွေနဲ့​စောင်​ဗမှား​ဒေရ်
မာမူ​တွေအူနှိပ်​ပြီးရယ်​​နေရ​အောင်
ဟာသ​တွေချည်း ​တမင်​ရွေးလုပ်​​နေကြသလားမှတ်​ရတယ်
သြော်​...ဒါနဲ့ စည်​ပင်​လူကြီး​တွေက ​ဂေါ်ဇီလာသား​ပေါက်​​အရွယ်​လောက်​ရှိမယ့်​ အ​ဆောက်​အဦကြီးတစ်​ခု မြို့ထဲငွားငွားစွင့်​စွင့်​ ​ပေါ်ထွက်​​လာတာကို​တောင်
ဆောက်​လုပ်​ပြီးစီးခါနီးအထိ တရားဝင်​လား
မဝင်​လားကိုမသိကြရ​အောင်
စည်​ပင်​မှာ စတင်​အ​ရွေးခံခဲ့ရတဲ့ရက်​ကစပြီး ၂၄နာရီ စက်​​တော်​​ခေါ်​နေကြသလားဟင်​..?
သတိလည်းထားကြပါဦး
တော်​ကြာ စည်​ပင်​ဥက္ကဌ​ခေါင်း​ပေါ်
တည့်​တည့်​ မာမူတွေ တဲတက်​ထိုး​နေကြမှဖြင့်​....
"ဂျင်း​ကောင်​နဲ့အပြိုင်​ ဘယ်​သူပြိုင်​လို့ပိန်းပါ​တော့နိုင်​"
__________
ဗလီနဲ့တူလို့ဆိုပြီး ဖြိုခံထိတဲ့
အ​ဆောက်​အဦ​တွေရှိလာပြီဆိုရင်
ကုလားနဲ့တူလို့ဆိုပြီး ရိုက်​ခံထိနိုင်​တဲ့
ဗမာ​တွေလည်း ရှိလာနိုင်​တယ်
ဒါ​ကြောင့်​ အသားမည်းတဲ့ဗမာတွေ
(အထူးသဖြင့်​အညာသား​တွေ)
အ​မွေးသန်​တဲ့ဗမာတွေ
သတိနဲ့သွား သတိနဲ့စားဖို့​ပြောချင်​တယ်
မျိုးချစ်​တို့ရဲ့အပိန်းက
အ​ကြောင်းသုံးပါးရွေးတာမဟုတ်​ဘူး
ဒီအ​နေအထားအထိ ပိန်းနိုင်​ဖို့ ဘယ်​နှစ်​ဘဝစာ​တောင်
ပါရမီဖြည့်​ကျင့်​ခဲ့ကြရလည်းမသိဘူး
တော်​ရုံလူလည်း သူတို့​လောက်​မပိန်းနိုင်​ဘူး
မှတ်​မိ​သေးတယ်​ဟုတ်​..?
ကုလအတွင်း​ရေးမှူး​ချုပ်​ဟောင်းကိုဖီအာနန်​နဲ့ ​ဟောလိဝုဒ်​သရုပ်​​ဆောင်​​မော်​ဂန်​ဖရီးမန်းကို
ရခိုင်​​ကော်​မရှင်​အ​ရေးအတွက်​ လူချင်းမှားပြီးကန့်​ကွက်​မိလို့ တိုင်းသိပြည်​သိ ကမ္ဘာသိ အရှက်​ကွဲခဲ့ရတာ​လေး
အေး.. အဲလို ကမ္ဘာနဲ့ချီပြီးအရှက်​ကွဲ​အောင်​ တတ်​နိုင်​တာလည်း ​လောကမှာ ကို​ရွှေမျိုးချစ်​​တွေပဲရှိတယ်
"ကိုဖီအာနန်​"ကို ​"ကော်​ဖီအနမ်း"လို့
စောင်​တစ်​လွဲ အသံထွက်​ပစ်​တာလည်းသူတို့ပဲ
သက်​တံ​ရောင်​​gayအလံနဲ့ သာသနာ့အလံမှားပြီး 
ဖေ့စ်​ဘွတ်​မှာ ပရိုဖိုင်​ပုံတင်​တာလည်း ဒင်းတို့ပဲ
အ​မေရိကန်​သမ္မတ​ ရွေး​ကောက်​ပွဲမှာ
ဒေါ်နယ်​ထရန့်​နိုင်​​တော့
မြန်​မာပြည်​က​နေ ဗီနိုင်းချိတ်​ပြီး
အောင်​ပွဲခံ အရက်​​သောက်​ ဂုဏ်​ပြု ကြတာလည်း သူတို့ပဲ
ထရန့်​က ပထမဆုံးနိုင်​ငံခြားခရီးကို
မွတ်​ဆလင်​တိုင်းပြည်​ဆီ ​ရွေးပြီးသွားလိုက်​လို့ 
ဆွေ့​ဆွေ့ခုန်​ကုန်​ကြတာလည်း ဒင်းတို့ပဲ
အင်္ဂလိပ်​စာ​ ဇောက်​ထိုးနဲ့ ရန်​ဟီးလီကို
ဆန္ဒပြတာလည်း မျိုးချစ်​ဆိုသူ​တွေပဲ
လူကြည့်​လိုက်​ရင်
စပို့ရှပ်​လက်​ရှည်​အဖြူနဲ့ ​ယောပုဆိုးနဲ့
ဘာသာတရားအလွန်​ကိုင်းရှိုင်းပုံရတဲ့မျက်​နှာ​ပေးနဲ့ 
ပရိုဖိုင်က ဘုရားပုံ ​နဲ့
ပြီး​တော့ sex pageတကာမှာ
"အယ်​ကိုဂျီးတို့ ​ချောင်းရိုက်​အသစ်​​လေး​တွေ
လင်းပါဦးဗျ"ကွန်​မန့်​နဲ့...
ကိုယ့်​လုပ်​ရပ်​က ဘာသာသာသနာကို
ချစ်​ရာ​ရောက်​လား နစ်​ရာ​ရောက်​လား​တောင်​ ခွဲမသိတဲ့အဖြစ်​နဲ့
အခုလို ကို​ရွှေမျိုးချစ်​တို့
ရေကုန်​​ရေခမ်း တရကြမ်း
အပိန်းကြမ်း​နေပုံကိုသာသိရင်​ မြန်​မာပြည်​က
ပိန်းပင်​​တွေ​တောင်​ ပိန်းဥ​ ဥရဲ​တော့မှာမဟုတ်​ဘူး
"ဥ မ​အောင်​​တော့မှာစိုးလို့"
အိုကွယ်​....ဘာတဲ့...?
ဂျင်း​ကောင်​နဲ့အပြိုင်​ ဘယ်​သူပြိုင်​လို့ပိန်းပါ​တော့နိုင်
ပူ​နောင်​ ပူ​နောင်​ ချန်​ ဒန်​ ဒန့်​ ဒန်​...!
#SoePaingOo ( သာဂိ )

Comments