Skip to main content

အမျိုးဘာသာစကားလုံး(သို့မဟုတ်)သွေးခွဲနည်းဗျူ ဟာ

အမျိုးဘာသာစကားလုံး(သို့မဟုတ်)သွေးခွဲနည်းဗျူ ဟာ
-------------------------------------------------------
အမျိုးဘာသာဆိုပြီးအော်ပြနေကြသူတွေရဲ့
ပေါ်တင်ကြေညာထားတဲ့သူတို့ရဲ့အကျိုးစီးပွားက
မြန်မာ့နိုင်ငံရေးမှာအမြဲပါဝင်ခွင့်ရရှိရေး..
ဖယ်လို့မရဘူးတို့ဘာတို့ပေါ်တင်ပြောကြတယ်..
ပေါ်တင်ကြေညာမထားတဲ့အဓိကအကျိုးစီးပွားက
သူတို့ရဲ့ဓနပိုင်ဆိုင်မှုတွေတည်တံ့ခိုင်မြဲရေး..
သေချာစဉ်းစားကြည့်ရင်
အဲ့ဒီနှစ်ချက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက်
တိုင်းပြည်မတည်ငြိမ်ဖို့လိုတယ်ဆိုတာတွေ့ရလိမ့်မယ်..
အကယ်၍တိုင်းပြည်ကတရားဥပဒေစိုးမိုးပြီး
တည်ငြိမ်လာရင်ဥပဒေမဲ့လုပ်ခဲ့တာတွေ
ယူထားခဲ့တဲ့စီးပွားတွေကမတည်ငြိမ်နိုင်တော့ဘူး..
အဲ့ဒါကြောင့်မတည်မငြိမ်ဖြစ်ဖို့ကြိုးစားရတော့တယ်..
တိုင်းပြည်မတည်ငြိမ်ဖို့အတွက်
ပြည်သူကိုသွေးခွဲဖို့အလွယ်ဆုံးနည်းက
"#အမျိုးဘာသာအော်ပြခြင်း.."
သူတို့ရဲ့ဗျူ ဟာအောင်မြင်ပါတယ်..
ပြည်သူတစ်ဝက်ကဘီလူးတွေအခုမှထအော်နေတဲ့
အမျိုးဘာသာစကားကိုလုပ်ဇာတ်မှန်းသိတယ်..
ကျန်တဲ့ပြည်သူတစ်ဝက်လောက်ကယုံကြတယ်..
လူမျိုးပေါင်း၁၃၅မျိုးနေကြတဲ့တိုင်းပြည်မှာ
အမျိုးဘာသာဆိုပြီးဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာကိုပဲ
ကိုယ်စားပြုနေတဲ့ပုံစံမျိုးပြောတော့
တိုင်းရင်းသားတွေနဲ့လည်းautoသွေးခွဲလိုက်တဲ့
သဘောပါပဲ..
ဟုတ်မဟုတ်ကိုလက်ရှိဖြစ်နေတာတွေနဲ့ချိန်ထိုးပြီး
စဉ်းစားကြည့်နိုင်ပါတယ်..
(၁)သူတို့ကအမျိုး/ဘာသာအော်ပြလေလေ..
မစဉ်းစားတက်တဲ့(မျက်ကန်း)မျိုးချစ်တွေက
သွေးကြွလေလေ..
(၂)မျက်ကန်းမျိုးချစ်တွေကသွေးကြွလေလေ..
စဉ်းစားတက်တဲ့သူတွေတိုင်းရင်းသားတွေနဲ့
ထိပ်တိုက်တွေ့ပြီးနှစ်ခြမ်းကွဲကြလေလေ..
(၃)အဲ့ဒီလိုနှစ်ခြမ်းကွဲပြီးစည်းလုံးမှုမရှိတော့လေလေ..
တိုင်းပြည်ကမတည်ငြိမ်လေလေ..
(၄)တိုင်းပြည်ကမတည်ငြိမ်လေလေ..
အများအခေါ်(အစိတ်သားက)ကြာလေလေ..
(၅)တိုင်းပြည်ကမတည်ငြိမ်ဘဲအစိတ်သားကကြာလေလေ..
နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေကသိပ်မလာလေလေ..
(၆)နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေသိပ်မလာလေလေ..
ပြည်တွင်းမှာသူတို့ပိုင်ထားတဲ့ကုမ္ပဏီတွေကစိတ်
ကြိုက်လက်ဝါးကြီးအုပ်ရောင်းဝယ်ခွင့်ရလေလေ..
(၇)သူတို့စိတ်ကြိုက်လက်ဝါးကြီးအုပ်ခွင့်ရလေလေ..
သူတို့စီးပွားတွေကတည်ငြိမ်တိုးတက်လေလေ..
(၈)သူတို့ရဲ့နိုင်ငံရေး/လူမှုရေးစီးပွားတွေ
တည်ငြိမ်တိုးတက်လေလေ..
သူတို့ကအမျိုးဘာသာပိုအော်လေလေ..
နံပါတ်(၁)ကနေစပြီးကြည့်လိုက်ရင်..
သူတို့တွေအမျိုးဘာသာအော်ပြနေခြင်းဟာ
နံပါတ်(၈)ဆိုတဲ့သူတို့ရဲ့နိုင်ငံရေးလူမှုရေးအကျိုးစီးပွား
တည်ငြိမ်တိုးတက်ခြင်းမှာပဲ
အဆုံးသက်သွားတာကိုတွေ့ရပါလိမ့်မယ်..
အမျိုးဘာသာအော်ပြလေလေ
သူတို့အကျိုးစီးပွားကတည်ငြိမ်လေလေဆိုတဲ့
သံသရာစက်ဝန်းထဲမှာလည်နေအောင်
လုပ်ထားတာကိုလည်းတွေ့ရပါလိမ့်မယ်..
တိုင်းပြည်မတည်ငြိမ်မှသာ သူတို့အတွက်
နောက်ကြောင်းပြန်အရေးယူလည်းမခံရ..
ခိုးဖွက်ထားတာတွေလည်းမပူရ..
သူတို့ကုမ္ပဏီတွေကလည်းပြည်တွင်းမှာပြိုင်ဘက်
သိပ်မရှိတော့ပဲအေးအေးဆေးဆေး..
အမျိုးဘာသာသူရဲကောင်းလည်းအထင်ခံရ..
နိုင်ငံရေးမှာလည်းနေရာတစ်ခုရ..
တိုင်းပြည်တည်ငြိမ်မှ ထွက်မှာဆိုတော့
မတည်ငြိမ်အောင်လုပ်ထားပြီးအကြာကြီးနေလို့ရ..
တွေးတက်မယ်ဆိုရင်
သူတို့တွေဒီနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးတွေမှာ
အမြဲတမ်းပါဝင်လို့ရအောင်
ဘင်ဂါလီကိုတမင်များမွေးခဲ့လားဆိုတာ
သံသယဖြစ်စရာကောင်းတဲ့အချက်ပါ..
ဘယ်အချက်တွေကသံသယဖြစ်စရာလဲဆိုတော့
ပြည်တွင်းမှာတောင်ခြံတွေလယ်တွေကို
ဘာပိုင်ညာပိုင်သိမ်းရင်ကိုယ့်လူမျိုးအချင်းချင်းကိုတောင်
မောင်းထုတ်ခဲ့ကြသေးတာ..
ခိုးဝင်တွေပါလို့အခုသူတို့အော်နေကြတဲ့ဘင်ဂါလီတွေကို
ဘာလို့မောင်းမထုတ်ခဲ့လဲဆိုတဲ့အချက်..
နောက်တစ်ချက်က...
သူတို့စိတ်ကြိုက်လုပ်လို့ရနေတဲ့ခေတ်မှာ
ဘင်ဂါလီတွေကိုတစ်အိမ်ထောင်
မယားတစ်ယောက်ကလေးတယောက်ပဲယူရမယ်လို့
အမိန့်ထုတ်ခဲ့ရင်ဘင်ဂါလီလူဦးရေက
အခုလိုသန်းဂဏန်းနီးပါးအထိပွားလာစရာ
အကြောင်းမရှိပါဘူး..
ပြည်တွင်းမှာတောင်အမိန့်တွေထုတ်ခဲ့ကြသေးတာ..
ဘင်ဂါလီတွေကိုကျတော့ဘာလို့မတားမြစ်ခဲ့ကြလဲ..
တားမြစ်ခဲ့ရင်တောင်လူမြင်ကောင်းအောင်
ယောင်ပြလုပ်ပြီးဟပေးခဲ့လို့ပဲလား..
နောက်ထပ်သံသယဖြစ်စရာတစ်ချက်က
ဥမင်လှိုင်ခေါင်းကြီးကိုတော့
ဒေါ်လာဘီလျံနဲ့ချီ အကုန်ကျခံဆောက်ပြီး
ရခိုင်ကခြံစည်းရိုးကိုဘာလို့မကာခဲ့တာလဲဆိုတဲ့အချက်..
သူတို့အခုရဲရဲတောက်အော်နေကြသလို
အမျိုးဘာသာအဓိကသာဆိုရင်
အဲ့ဒီ့လိုမျိုးအဓိကနဲ့ဆိုင်တဲ့အလုပ်တွေကို
ဘာလို့မလုပ်ခဲ့ကြလဲ..
သေချာပါတယ်..
အရင်ဆုံး နှစ်ပေါင်း၂၀ကျော်ဒါကျက်ဒါဖြေစနစ်နဲ့
ပညာရေးကိုဖျက်ဆီးပြီး
ဦးနှောက်တွေကိုဖောက်ထုတ်တယ်..
ပြီးတော့ကုလားမွေးတယ်..
မွေးခဲ့တဲ့ကုလားကိုလက်ညိုးထိုး..
ပြည်သူကိုနှစ်ခြမ်းခွဲပြီးတိုင်းပြည်ကိုအမြဲတမ်း
မတည်မငြိမ်ဖြစ်အောင်လုပ်ရေးက
သူတို့ရဲ့ထာဝရအကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့
မဟာဗျူ ဟာပါပဲ..
သူတို့အမျိုးဘာသာအော်နေခြင်းရဲ့ရလာဒ်က
သူတို့အတွက်အရာရာကောင်းပေမဲ့
တိုင်းပြည်ကတော့ဘယ်တော့မှမတည်ငြိမ်..
မွဲပြီးရင်းဆက်မွဲ..အိမ်ဖော်တွေများလာ..
အူမမတောင့်လို့သီလမစောင့်နိုင်တဲ့ဘဝတွေများလာ..
ငွေနောက်ကိုအသည်းအသန်လိုက်ရရင်း
ဘာသာရေးခံယူချက်တွေယုတ်လျော့လာ..
သူတစ်ပါးဆွယ်တဲ့နောက်ကိုပါသွားကြလာ..
ကမ္ဘာ့အမွဲဆုံးတိုင်းပြည်ဘဝကဘယ်တော့မှမလွတ်..
တရုတ်မြောင်းဆီ ကြက်ဥအတု
ဓါတ်မြေဩဇာငပိရည် မှိုတက်ငရုတ်သီးနဲ့
ဖော်မလင်ဖြန်းထားတဲ့တို့စရာကို
ထာဝရစားဖို့အတွက်သူတို့အော်နေတဲ့အမျိုးဘာသာကို
ရမ်းသမ်းပြီးထောက်ခံနေကြတာကိုအံ့ဩမိပါတယ်..
အမျိုးဘာသာကိုတစ်ကယ်ချစ်တာဆိုရင်လုပ်ရမှာက
လေးချက်ထဲပါ..
(၁)လက်ရှိအမျိုးဘာသာအော်ပြီးတိုင်းပြည်ကိုမတည်
ငြိမ်အောင်လုပ်နေတဲ့သူတွေကိုဖယ်ရှားပါ
(၂)တိုင်းပြည်ကိုချမ်းသာလာအောင်ညီညွတ်စွာနဲ့
ဝိုင်းဝန်းကြိုးစားကြပါ..
(၃)တရားဥပဒေစိုးမိုးလာအောင်လုပ်ပါ..
(၄)ပညာရေးကိုမြှင့်တင်ပါ..
အဲ့ဒီအချက်လေးချက်ကိုဆောင်ရွက်ခြင်းကသာ
အမျိုးဘာသာကိုအမှန်တစ်ကယ်စောင့်ရှောက်ခြင်းပါပဲ..
ဘာလို့လဲဆိုတော့မွဲတေပြီးတရားဥပဒေမစိုးမိုးပဲ
ပညာရေးနိမ့်ကျနေတဲ့တိုင်းပြည်မှာ
ဘယ်သူ့ကြောင့်မှမဟုတ်ပဲအမျိုးဘာသာခံယူချက်တွေ
ယုတ်လျော့လာတဲ့အကြောင်းကို
အောက်မှာပြထားတဲ့ပုံတွေကိုကြည့်နိုင်ပါတယ်..
လူမျိုခံရပြီးကုလားတွေပွားလာမှာကြောက်တာလို့
တော့အကြောင်းမပြလိုက်ပါနဲ့..
ချမ်းသာနေရင်ဘယ်သူမှကုလားနဲ့မယူပါဘူး..
တရားဥပဒေစိုးမိုးနေရင်ဘယ်ကုလားကမှ
လုပ်ချင်တိုင်းလုပ်လို့မရပါဘူး..
မြန်မာလူမျိုးတွေကတစ်လင်တစ်မယားဥပဒေနဲ့
ထောင်ကျနေရချိန်မှာ
ကုလားတွေကမိန်းမအများကြီးယူပြီးမျိုးပွားနေတာက
တရားဥပဒေမစိုးမိုးလို့ပါ..
ဗလီတွေများလာတာကလည်းသက်ဆိုင်ရာဌာနတွေက
ငွေနောက်ကိုလိုက်ပြီးတရားဥပဒေကိုလက်တစ်လုံး
ခြားလုပ်ရဲကြလို့ပါ..
တိုင်းပြည်ကမွဲတေပြီးတရားဥပဒေမစိုးမိုးခြင်းကသာ
လူမျို ခံရမဲ့အဓိကအချက်ပါပဲ..
ဒေါ်အောင်ဆန်းစုကြည်အမြဲပြောနေတဲ့
တရားဥပဒေစိုးမိုးစေချင်တယ်ဆိုတာ
အမျိုးဘာသာကိုအမှန်တစ်ကယ်စောင့်ရှောက်ပေးချင်
တယ်လို့ပြောနေတာပါပဲ..
စကားလုံးတွေနောက်မှာလမ်းပျောက်နေကြလို့
ဘီလူးတွေဟောနေတဲ့သက်သက်လွတ်တရားကို
ယုံကြည်နေကြတာပါ..
#N Kham Aung

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...