သရဏဂုဏ်တင်မနေနဲ့။
ပိုက်ဆံကုန်တယ်။
အသားကို ငါးစားပြီး
အရိုး ရေထဲကျသွားလိမ့်မယ် ပြောခဲ့တဲ့
ခွေးယုတ်တွေက
အခုတော့လည်း တိုင်းပြည်နဲ့လူမျိုးကို
သူတို့လောက်ချစ်သူ မရှိတော့သလိုပဲ။
နာဂစ်မှာ အလောင်းတွေကို ဆယ်ပြီး
မြန်မာတို့ရဲ့နှလုံးသွေးကြော ဧရာဝတီကို
လာဘ်သိပ်ထိုးရောင်းခဲ့ပြီး
ကိုရီးယားယဉ်ကျေးမှုကို
တင်သွင်းခဲ့သူတွေက
အခုတော့လည်း
သာကီသွေးဂျာနယ်ကို
လက်ထဲကမချဘူး။
တစ်ခြားသူတွေသာ
တွေ့ချင်တိုင်း တွေ့လို့မရတာ
တရုတ်ကုလားသူဌေးတွေနဲ့ဆို
နေ့စဉ် အတူဂေါက်ရိုက်ခဲ့ကြသူတွေက
အခုတော့လည်း
တိုက်ပုံတွေဝတ်ပြီး အမျိုးသားရေးကို
အမြှပ်ထွက်မတက် အော်နေကြပြန်တယ်။
၂၀၀၇ ရွှေဝါရောင်မှာ
သံဃာတော်ကို ဒူးထောက်ခိုင်းပြီး
ဖိနပ်နဲ့ ကန်ခိုင်းခဲ့ကြသူတွေက
အခုတော့လည်း
ဘာသာ သာသနာကို
ချစ်လိုက်ကြတာလွန်ပါရော။
ခင်ဗျားတို့ သိထားသင့်တာက
ဘီလူးတွေဟောတဲ့
သက်သက်လွတ်တရားဆိုတာ
လုပ်စားအမျိုးသားရေးပဲ။
ဘာသာ သာသနာမှာ
စေတီပေါင်းရှစ်သောင်းလေးထောင်
တည်ထားလည်း အပါယ်မလွတ်ဘူး၊
စေတီအကုန် ဖျက်ဆီးခံရလည်း
သာသနာမပျောက်ဘူး၊
ကိုးကွယ်ရာဆိုတာ ရင်ထဲကလာတာ၊
ပုံတော်မရှိတော့ရင်
ဂုဏ်တော်ကို မှန်းပြီး ရှိခိုးနေလို့ရတယ်။
ထိုနည်းတူပဲ . . .
ဗလီအကုန်လုံးကို လိုက်ဖျက်လို့လည်း
သူတို့သာသနာ မပျောက်ဘူး။
ဘာလို့ သူတစ်ပါးကိုးကွယ်ရာကို
ဖျက်ဆီးချင်တဲ့စိတ် ရှိနေကြတာလဲ။
ခင်ဗျားတို့ကိုယ်တိုင်က
ရင်ထဲမှာ ဘုရားအဆုံးအမ မရှိဘဲနဲ့
ဘုရားသာသာနာကို
ကာကွယ်နေချင်ကြတယ်။
ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းမကလို့
ခင်ဗျားအိမ်ဘေးမှာပဲ ဘုရားပွင့်ပွင့်
ခင်ဗျားရင်ထဲမှာ ဘုရားပွင့်ဖို့က အဓိကပဲ။
အိမ်ဘေးမှာ ဘုရားပွင့်ပြီး
ခင်ဗျားရင်ထဲကို ဘုရားအဆုံးမ
မရောက်မှတော့
တန်ဖိုးမရှိတဲ့ ဗုဒ္ဓဘာသာဝင်ပဲ
ဖြစ်နေလိမ့်မယ်။
ရင်ထဲမှာဘုရားမပွင့်ကြသူတွေ များလာရင်
သာသနာကွယ်လိမ့်မယ်။
ဘယ်သူကြောင့်မှ မဟုတ်ဘူး။
ဘုရားကိုနာမည်တပ်ပြီး
ရင်ထဲမှာ ဘုရားအဆုံးအမ မရှိတဲ့
ခင်ဗျားတို့တွေကသာ
ဒီသာသနာကို ဖျက်မဲ့သူတွေနဲ့ ဒီသူခိုးတွေ
Credit - ပန်း
Comments
Post a Comment