Skip to main content

ကျွန်မလာပြီ_လာပြီကျွန်မ

ကျွန်မလာပြီ_လာပြီကျွန်မ
ကံ့ကော်တွေ
နောက်ပြန်ဆုတ်ပွင့်ကြ ကျွန်မလာပြီ။
စိန်ပန်းတွေ ရဲရဲရှေ့ပြန်တက်ပွင့်ကြ
ကျွန်မလာပြီ။
အရှက်နဲ့ သိက္ခာတွေ
ဒီအလံပေါ်ပြန်လေလွင့်ကြ ကျွန်မလာပြီ။
ပြင်သစ်ပြည်ကြီးက
ဂျုန်းအော့ဖ်အတ် လား
မဟုတ်ပါဘူး
မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။
အီဂျစ်ဘုရင်မ ကထီယိုပက်ထရာလား
မဟုတ်ပါဘူး
မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။
ရုရှားပြည်က
မဟာကက်သရင်းဘုရင်မကြီးလား
မဟုတ်ပါဘူး
မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။
ဟေ့ အင်္ဂလန်က
အဲလိဇဘတ်ဘုရင်မကြီး
မဟုတ်ဘူး
မြန်မာပြည်က အောင်ဆန်းစုကြည်။
မတူရင် တူအောင်တုကြမယ်
မတူရင် တူအောင်ညှိကြမယ်
လာကွယ့်
ခွပ်ဒေါင်းလို ကြော့ကြော့မော့
ရော့မသွားဘူး ပဲ့မသွားဘူးကွဲ့။
မကြားရင် ကြားအောင်ရှေ့တိုးလာခဲ့ကြ
အသစ်တွေ မင်းတို့ရှာနေတဲ့အသစ်တွေ
အသစ်တွေအတွက် အသစ်တွေ လာနားထောင်ကြ။
နောက်မရှိတော့ဘူးလို့
လက်ဖြတ်ကြေး ငါလောင်းခဲ့တဲ့ ကွင်းဖဲတစ်ချပ်။
ကြောက်စရာအကောင်းဆုံးက
အကြောက်တရားလို့ ပြောလည်းပြော ချီလည်းတက်သွားတဲ့ လှိုင်းလုံးကြီး
ကျောက်ဆောင်တွေကိုဖဲ့ချ
ခေါင်းနဲ့ဝင်ဆောင့် ဖျန်းကနဲပါးရှစ်စိတ်ကွဲသွားဖို့။
ပျော့ညံ့တာမဟုတ်ဘူး
ပျော့ပြောင်းတာပါလို့ ပြောပြီး
သက်တံ့ကိုလေးကိုင်း
လေးကိုင်းကို သက်တံ့လို
ကစားနေတဲ့ မိန်းမလှ ၊ ကိုငှက်ရေ (ရာဇ၀င်များရဲ့သတို့သမီးဗျ)။
အသုံးချပါ
စစ်မဖြစ်ဘူးဆိုရင်
အသုံးချပါ
ငြိမ်းချမ်းရေးရမယ်ဆိုရင်
အသုံးချပါ
ကမ္ဘာမှာ မြန်မာဟေ့လို့ အတိအကျကြွေးကြော်နိုင်မယ်ဆိုရင်။
ခု ကမ္ဘာထဲကကမ္ဘာတွေ
ဆုထဲကဆုတွေ စုပြီး စုဆီဝင်လာကြ။
ဒါကြောင့်ငါတို့ အနှစ် ၂၀ ဟာ
အဲ့ဒီရွှေရည်စိမ်ကြီးထက် အရမ်းတန်ဖိုးရှိ
ငါတို့စောင့်သလို အနှစ် ၂၀ ကျော် ကမ္ဘာကစောင့်ခဲ့တာလည်း တန်ဖိုးရှိ ။
တဖြေးဖြေးရင့်ကျက်လာတဲ့ဓါးတစ်ချောင်းဟာ
သွေးတစ်စက်မစွန်းပဲ ငါတို့ရဲ့ဧည့်ခန်းနံရံ ဓါးအိမ်ထဲမှာကျကျနန ထိုင်နေသလိုပေါ့ ။
အူဟောင်းလောင်းဖြစ်နေတဲ့ တိုင်းပြည်ရဲ့ စပါးကျည်ကိုဖြည့်ဖို့
အမှောင်ထုကြီးပိကျနေတဲ့
တိုင်းပြည်ရဲ့ညာဏ်ပညာကို နိုးဆွဖို့
ဘယ်သူမှ ဆေးဖော်ကြောဖက်မလုပ်ချင်တဲ့
ငါတို့ရဲ့အောက်ကျနောက်ကျတွေကို
အလင်းရောင်ထဲ ဆွဲတင်ဖို့
သူရောက်လာတယ်
ကြောက်စရာ အနာဖှေးကြီးကို
လျှာနဲ့ထိုးလျှက်လို့
ခုတော့ အဲ့ဒီအထဲမှာ နေကြာပန်းတစ်ပွင့်လို ထပွင့်လို့ ။
ကျွန်တော်က
မကြုံဘူး မသိဘူးပဲ သူ့ပုံနဲ့တီရှပ်ကို ကျည်ကာတစ်ထည်လိုဝတ်ထားတယ်။
ကျွန်မက
မမြင်ဘူး မတွေ့ဘူးပဲနဲ့ သူ့အကြောင်းကို ဘုရားစင်ရှေ့သယ်သွားတယ်။
ဘာပဲဖြစ်ဖြစ်
သူရှိနေတာနဲ့တင် ပျော်နေရတာကိုက တစ်ဝက်ချမ်းသာနေပြီ။
ဘာပဲဖြစ်ဖြစ်
အမေ အမေနဲ့အာခေါင်ခြစ်အော်နေရတာကိုက တစ်ဝက်လွတ်လပ်နေပြီ။
သူကပြောတယ်
ကိုယ့်ဘ၀ ကိုယ်သာ သခင်
ကိုယ်သာ ကိုယ့်ဘ၀ရဲ့ ခေါင်းဆောင်
မိမိကိုယ်တိုင်ဟာ မိမိနိုင်ငံရဲ့ခေါင်းဆောင်ပဲတဲ့။
ဘုရားကလည်းပြောခဲ့တယ်
ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ခြင်းဟာ သူတစ်ပါးကိုစောင့်ရှောက်ခြင်းမည်၏တဲ့။
သူကတရားကိုလည်းသိတယ်
ဓားကိုလည်းသိတယ်
သူကမေတ္တာအကြောင်းလည်းပြောတယ်
သူကသစ္စာနဲ့ ကရုဏာတရားများအကြောင်းလည်းပြောတယ်
ငါတို့ခိုးသူတို့လက်ကလွတ်မြောက် ကျောင်းသင်္ခန်းထဲရောက်ခဲ့တာ သေချာသွားခဲ့ပြီ။
သူ့သစ္စာက နွယ်မြက် သစ်ပင်တွေကို ဆေးဖက်ဝင်စေခဲ့ပြီ။
သူနဲ့ပတ်သက်ရင် အိမ်တွေက လူတွေကို မထိန်းချုပ်နိုင်ဘူး
သူနဲ့ပတ်သက်ရင် မောလွန်း နာလွန်းလို့ နားမယ်ကြံတဲ့လမ်းမတွေ အနားမရခဲ့ဘူး
သူနဲ့ပတ်သက်ရင် ပိတောက်တွေကလည်း အချိန်အခါမဟုတ်ထပွင့်လို့
သူနဲ့ပတ်သက်ရင်
ပတ်သက်မိသမျှ လျှပ်စီး
အနည်းဆုံးဒီအမှောင်ကြီးထဲ ဓါတ်မီးတစ်လက်လိုလင်းပြီးသွားကြတော့တာပဲ။
ကျွန်တော်တို့အလိုရှိသလို ကမ္ဘာကလည်းသူ့ကိုအလိုရှိခဲ့
သူဟာ အသေးဆုံးအက်တမ်တစ်ခုကနေ
ကျွန်တော်တို့အတွက်တော့ အကြီးဆုံး Big Bang ပေါက်ကွဲမှုကြီးတစ်ခုပဲ။
ခုဆို သူ့အကြောင်း
ကလေးတွေ စာစီစာကုံး ကောင်းကောင်းရေးလို့ရပြီ။
ဟေ့ သူမဟာ
အိုအေစစ်လေးပဲ ငါ့အပူတွေချွတ်ချလိုက်လို့ရပြီ။
ဟေ့ အရက်မူးပေမယ့် မဲမမူးဘူးကွ သူမှသူပဲ
ယုံကြည်မှုတွေ တည်ဆောက်ခဲ့ပြီးပြီ။
ခန္ဓာတစ်ခုလုံး သူ့မျက်နှာနဲ့သူ့နာမည်ကို ဆေးမင်ကြောင်ထိုး
လောကကြီးထဲ ကျွမ်းပစ်ဝင်ခဲ့တဲ့ ချာတိတ်တွေလည်းရှိနေပြီ။
အဲ့ဒီလို တက်တူးများ သွေးမခြောက်ခင်
ဗိုလ်ချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်အတွက် ကျွန်တော်တာဝန်ကျေခဲ့ပြီဆိုတဲ့
လူတစ်ယောက်ကိုလည်း ကျွန်တော် တွေ့ခဲ့ဖူးပြီ။
—ခရမ်းပြာထက်လူ—
မေမေချစ်တဲ့ သား

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video