Skip to main content

Posts

Showing posts from June, 2017

မောင်တောမြို့ လုံခြုံရေးအတွက် အတွင်းစည်း၊ အပြင်စည်းများအား တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေဟုဆို 28 June 2017

ရခိုင်ပြည်နယ်နယ်စပ် မောင်တောမြို့လုံခြုံရေးအတွက် အတွင်းစည်း ၊ အပြင်စည်းများကို တပ်မတော်မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီလောက်က မောင်တောမြို့ သာသန့ာဗိမာန်မှာ ပြုလုပ်ခဲ့သည့် မြို့ခံလူထုနှင့် တပ်မတော်တွေ့ဆုံပွဲတွင် တပ်ရင်း ၃၄၅ တပ်ရင်းမှူး က ပြောဆိုလိုက်သည်။ တပ်ရင်းမှူး သန်းထွန်းအောင်က “ မောင်တောမြို့ပေါ် လုံခြုံရေးအတွက် ကျနော်တို့တပ်ရင်းက အပြည့်အဝ တာဝန်ယူပေးသွားပါ။ မြို့ခံတွေအနေနဲ့ ကောလဟာလသတင်းတွေကြောင့် စိုးရိမ်မှုမမြင့်မားစေဖို့ မှာကြားလိုပါတယ်။ အခုလို facebook ခေတ်ကြီးမှာ သတင်းတွေက မျိုးစုံထွက်ပေါ်နေပါတယ်။ ဟုတ်တာရှိသလို မဟုတ်တာတွေက များနေပါတယ်။ ဒါကို ပြင်ပမှာ ပြည်သူတွေရဲ့ အကြောက်တရားက ပိုများလာနေကြပါတယ်။ ဒါကြောင့် အခုလိုမောင်တောမြို့ခံတွေနဲ့ တွေ့ဆုံပွဲလေး ပြုလုပ်ရတာ ဖြစ်ပါတယ်။ ” ဟု ဆိုသည်။ မောင်တောမြို့လုံခြုံရေးမှာ စိုးရိမ်နေရသဖြင့် တပ်မတော်နှင့်ပြည်သူတို့ အမြဲတမ်းလက်တွဲပူးပေါင်းဖို့ လိုအပ်ကြောင်း ၊ ယခုဆိုလျှင် ဘင်္ဂလီအကြမ်းဖက်သမားများမှာ အရပ်သားများကိုတောင် တိုက်ခိုက်လာနေပြီဖြစ်သည့်အတွက် မြို့ပေါ်လုံခြုံရေးအတွက် တစ်နေရာရာတွင် ပြဿနာတစ်

ချက်သမ္မတနိုင်ငံရောက်ကွီးဖြိုးပုံရိပ်

စက်မှုနှင့် ကုန်သွယ်ရေး ဒုတိယ၀န်ကြီးနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေး။ ၂၈.၆.၂၀၁၇ရက်နေ့ ဒေသစံတော်ချိန် ၁၃၃၀ နာရီတွင်ချက်သမ္မတနိုင်ငံ၊ ပရော့ခ်မြို့တွင် Admin မေမေချစ်တဲ့ သား

ကိုလံဘီယာ နိုင်ငံ ၏ အကြီးဆုံးသော အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ (FARC ) တရားဝင် ဖျက်သိမ်းပြီး လက်နက်များ စွန့်လွှတ် 27 June 2017

ဘိုဂိုတာ ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)     ကုလသမဂ္ဂ ကိုလံဘီယာ နိုင်ငံ ဆိုင်ရာ နိုင်ငံရေး အထူး ကိုယ်စားလှယ် အဖွဲ့က ကိုလံဘီယာ နိုင်ငံ ၏ အကြီးဆုံးသော အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ (FARC ) မှ လက်နက်များ ပေးအပ်ခြင်း၏ တတိယ အဆင့်ကို အားလုံးပြီးစီးခဲ့ပြီး ထိုအဖွဲ့အား တရားဝင် ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။ အထူး ကိုယ်စားလှယ် အဖွဲ့ က ဇွန်လ ၂၀ ရက်နေ့ မှ စတင်၍ FARC ၏ တတိယ အဆင့် သို့မဟုတ် နောက်ဆုံး အဆင့် လက်နက်ပေးအပ်ခြင်း လုပ်ငန်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။ အဖွဲ့ဝင် ၄၅၀ ဦး ပါဝင်သည့် အထူးကိုယ်စားလှယ် အဖွဲ့သည် FARC တပ်ဖွဲ့ဝင် တည်ရှိရာ တပ်စခန်း ၂၆ ခု သို့သွားရောက် ခဲ့ပြီး လက်နက်များကို စာရင်းပြုစုကာ သိမ်းဆည်းမှု များကို ပြုလုပ်ပေး ခဲ့ကြသည်။ အထူး ကိုယ်စားလှယ် အဖွဲ့၏ ထုတ်ပြန်ချက်တွင် လက်နက်များ ပြန်လည်သယ်ဆောင်ပြီး နောက်တွင် တပ်စခန်းများအား နည်းစနစ်လေ့ကျင့်ရေး စခန်းအဖြစ် ထားရှိသွားမည် ဖြစ်ပြီး FARC လက်နက်ကိုင် အဖွဲ့ဝင် များအား လူ့ပတ်ဝန်းကျင်သို့ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်ရန် အတွက် ဆေ

တအာင်းတိုင်းရင်းသားတစ်ဦးကို RCSS/SSA ဖမ်းဆီး 27 June 2017

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လော့ကျေးရွာသား တအာင်းတိုင်းရင်းသားတစ်ဦးကို RCSS/ SSA (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် ကန့်ကွက် ရှုတ်ချကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီက ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတာကို ဒေသခံတွေ ကိုယ်တိုင် တွေ့လိုက်ရကြောင်း သတင်းလာပို့ကြတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ နမ္မတူမြို့နယ် ဥက္ကဌ ဦးအိုက်ထိုက်က ပြောပါတယ်။ "ပြီးခဲ့တဲ့သုံးလေးရက်ပေါ့နော်၊ နမ္မတူမြို့နယ်၊ နားစိုက်ကျေးရွာ၊ လွယ်ပြင်းအုပ်စုက ပန်လောရွာခံပေါ့၊ မိုင်းအိုက်စံနဲ့ မိုင်းညီအေးနှစ်ယောက်ကို RCSS/SSA ရှမ်းပြည်ထူထောင်ရေးတပ်မတော်ပေါ့နော်၊ သူတို့ အဖွဲ့တွေက လမ်းမှာရိုက်နှက်ဖမ်းဆီးပြီးခေါ်ဆောင်သွားတယ်၊ မိုင်းညီအေးကိုတော့ နောက်တစ်ရက် အကြာမှာ ပြန်လွတ်ပေးလိုက်တယ်၊ ဒါပေမဲ့ မိုင်းအိုက်စံကိုတော့ ပြန်မလွတ်ပေးသေးဘူး၊ အဲဒီကိစ္စနဲ့ပတ် သက်ပြီး စာပေရောပါတီရော လူငယ်တွေရော သူ့သဘောထား ကိုယ့်သဘောထား အားလုံးထုတ်ပြန်ထား တယ်" လက်ရှိအချိန်ထိလည်း အဖမ်းခံထားရတဲ့ တအာင်းပြည်သူ ၁၄ ဦးအထိရှိ

UNFC ခေါင်းဆောင်သစ်ရွေးချယ် 27 June 2017

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ရဲ့ ဒုတိယအကြိမ် ညီလာခံကနေပြီး ခေါင်းဆောင်သစ်တွေကို ပြောင်းလဲရွေးချယ် ခဲ့ပါတယ်။ UNFC ဥက္ကဌ နဲ့ အဖွဲ့ကိုဦးဆောင်ကြမယ့် ထိပ်သီးခေါင်းဆောင် ၅ ဦးကို ရွေးချယ်ခဲ့ပြီး၊ ဗဟိုအလုပ်အ မှုဆောင် ကော်မတီဝင် ၉ ဦးကို အသစ်ပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။ ခေါင်းဆောင်သစ်တွေကတော့ UNFC ဥက္ကဌ အဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဌ ဒေါက်တာ ခင်မောင်၊ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ဆေအွန် နဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင်တွေ အဖြစ် ဦးထွန်းဇော် ၊ နိုင်အောင်မငေး၊ ဗိုလ်ချူပ်ဘီထူး နဲ့ ဗိုလ်မှူးကြီး မင်းထွန်း တို့ကိုရွေးချယ်ခဲ့ကြပါတယ်။ UNFC အဖွဲ့ကို အရင်က ကောင်စီဝင် ၂၃ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၂ ဦး နဲ့ ဖွဲ့စည်းထား ခဲ့ရာက အခုညီလာခံက အသစ်ပြန်လည်ဖွဲ့စည်းရာမှာတော့ ကောင်စီဝင် ၁၅ ဦး၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ဝင် ၉ ဦး နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF န

ဘူးသီးတောင် မောင်တောဒေသခံတွေ နေရပ်စွန့်ခွာနေတာကို ကာကွယ်ဖို့ လွှတ်တော်ဥက္ကဌပြော 27 June 2017

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသခံတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် နေရပ်စွန့်ခွာမှုတွေရှိနေတာကို ကာကွယ်နိုင်ဖို့အတွက် လွှတ်တော်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဒီနေ့ ပြောလိုက်ပါတယ်။ ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ လွှတ်တော်နဲ့အစိုးရဆိုတာ အမြဲတမ်းသဟဇာတမဖြစ်နိုင်ပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကိစ္စတွေမှာ တသားတည်းကျဖို့လိုအပ်တယ်လို့လည်း လွှတ်တော်ဥက္ကဌက ပြောခဲ့ပါတယ်။ ဘူးသီးတောင် မောင်တောဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း နေရပ်စွန့်ခွာမှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နောက်ပိုင်းမှာတော့ နီးစပ်ရာမြို့ရွာတွေကို ပြောင်းရွှေ့အခြေချတာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်အစိုးရအဖွဲ့ဟာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်က အခါအားလျော်စွာချမှတ်တဲ့ အုပ်ချ

အခြေအမြစ်မရှိ စွပ်စွဲနေတာတွေကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဝန်ကြီးပြော 27 June 2017

အခြေအမြစ်မရှိဘဲ စွပ်စွဲဆန္ဒပြနေတာတွေကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောကြားလိုက်ပါတယ်။ ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဝန်ကြီး သူရဦးအောင်ကို က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးရာထူးဟာ ပြည်သူတွေ ရွေးချယ်ထားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ခန့်အပ်ထားတာဖြစ်တာကြောင့် ဆန္ဒပြတိုင်း နှုတ်ထွက်သွားမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ ဝန်ကြီးဌာနအနေနဲ့ သာသနာတော်သန့်ရှင်းရေးအတွက် စီမံချက်ရေးဆွဲသွားမှာဖြစ်ကြောင်းနဲ့ တမန်တော်နေ့အခမ်းအနားတွေကို အစိုးရသစ်တက်လာပြီး ၂ဝ၁၆ ခုနှစ်အတွင်းမှာ နိုင်ငံအနှံ့ကျင်းပ နေတာကို ခွင့်မပြုသင့်ကြောင်း နဲ့ ဆက်လက်ခွင့်ပြုပေးနေတာကို နိုင်ငံရေးတိုက်ကွက်အဖြစ် အသုံးချနေတယ်လို့ မြင်ကြောင်း သူရဦးအောင်ကို က ပြောပါတယ်။ ဒါ့အပြင် သူ့ကို နုတ်ထွက်ပေးဖို့တောင်းဆိုသလို ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူတွေက ဆန္ဒထုတ်ဖော်ပြီး ပြင်ဆင်ပေးမယ်ဆိုရင် သူ့အနေနဲ့ရာထူးက နှုတ်ထွက်ပေးသွားမှာဖြစ်ကြောင်း လည်း သူရဦးအောင်ကို က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရ

အကြမ်းဖက်အဖွဲ့အတွက် လူသစ်စုဆောင်းပေးသူ အင်းဒင်ကျေးရွာသား တစ်ဦးအား ဖမ်းဆီး 27 June 2017

မောင်တောမြို့နယ် အင်းဒင်ကျေးရွာ(ရွာကြီး)နေ မော်လ၀ီမာမတ်တော်ယာလ် (၄၄နှစ်) (ဖ) အဒူဟာမတ်သည် ကျေးရွာအတွင်းရှိ လူငယ်များအား အကြမ်းဖက်အဖွဲ့အတွက် လူသစ်စုဆောင်း ပေးခြင်း၊ ငွေကြေးများထောက်ပံ့ပေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျက်ပြားအောင် စည်းရုံး လှုံ့ဆော်ခြင်း၊ ဗလီများအား ခွင့်ပြုချက်မရှိဘဲ ပြုပြင်ရန် တိုက်တွန်းလှုံ့ဆော်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အား မထီမဲ့မြင်ပြုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၆ ရက် ညနေ ၅ နာရီက မော်လ၀ီမာမတ်တော်ယာလ် အား ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ မော်လ၀ီမာမတ်တော်ယာလ် အား အင်းဒင်နယ်မြေစခန်း၌ (ပ)၁၁/၂၀၁၇၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ၅ (၁)(စ)(ဆ)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ (နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

တပ်မတော်စစ်ကြောင်းများက TNLA လက်နက်ကိုင်အဖွဲ့များ၏ လေ့ကျင့်ရေးဆောင်ရွက်သည့် စခန်းပုန်းနှင့် လက်နက်/ခဲယမ်းများ သိမ်းပိုက်ရရှိ 27 June 2017

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လန်းကျေးရွာအနီး တစ်ဝိုက် တောတွင်း တစ်နေရာ၌ TNLA လက်နက်ကိုင်အဖွဲ့က သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်း များက ၎င်းနေရာတစ်ဝိုက်အား ဇွန် ၂၀ ရက်မှ စတင်၍ နယ်မြေ ရှင်းလင်းခြင်း များ လုပ်ဆောင် ခဲ့ရာ ဇွန် ၂၁ ရက် နံနက် ၈ နာရီခန့်တွင် မန်လန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ လေ့ကျင့်ရေး ဆောင်ရွက်သည့် စခန်းပုန်းတစ်ခုကို ရှာဖွေတွေ့ရှိ ရှင်းလင်းခဲ့ကြောင်း သိရသည်။ အဆိုပါ စခန်းပုန်းနေရာ၌ အခြခံ အဆောက်အဦများဖြစ်သည့် ပေ ၄၀ ပတ်လည် ခန့်ရှိ တန်းစီကွင်း၊ သင်တန်းခန်းမဆောင် ၁ ဆောင်၊ ၎င်းခန်းမဆောင် အတွင်းမှ ၃ ဦးထိုင် ခုံတန်းရှည် ၁၂ လုံး၊ အိပ်ဆောင် ၃ လုံး၊ ထမင်းချက်ဆောင် ၁ လုံးနှင့် ထမင်းစားဆောင် ၁ လုံး စုစုပေါင်း အဆောက် အဦ ၆ လုံးနှင့် မီးစက် ၁ လုံး၊ ဒီတိုနေတာ ၁၂ ချောင်း၊ ပေ ၁၀၀ ခန့်ရှိ ၀ါယာကြိုးခွေ ၁ ခွေ၊ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်း အစုံ ၄၀၊ အစိမ်းရောင်စောင် အထည် ၂၀၊ ဂလူးကို့စ် အားသွင်းဆေးရည် အလုံး ၅၀၊ ဆေးမျိုးစုံ ဆာလာအိတ် ၂ အိတ်နှင့် ဆန်အိတ်များ၊ စားသောက်ဖွယ်ရာ များကို သိမ်းဆည်းရမိခဲ့ပြီး ထပ်မံရှင

Radio Talk by U Maung Maung Aye 25 06 2017

ဆန္ဒပြသူတွေ အလဲအထပ် လုပ်ရဲလားလို့ #သာ/ယဉ်ဝန်ကြီး စိန်ခေါ်

ဆန္ဒပြသူတွေ အလဲအထပ် လုပ်ရဲလားလို့ # သာ /ယဉ်ဝန်ကြီး စိန်ခေါ် # မဇ္ဈိမ (ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)

သတင်းသမားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ AI တောင်းဆို 27 June 2017

ဇွန်လ ၂ ၆ ရက်နေ့ တုန်း က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ TNLA တအာင်းအဖွဲ့ နဲ့ ဆက်သွယ်လို့ ဆိုပြီး ဖမ်း ထားတဲ့ DVB နဲ့ ဧရာဝတီ သတင်း ဌာန က သတင်း သမား တွေကို အခုချိန် အထိ ဘယ်မှာ ထိန်းသိမ်း ထားတယ် ဆိုတာ မသိရသေးပါဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး ရဲ့ ထုတ်ပြန်ချက် အရ လားရှိုး ရဲစခန်း ကို လွှဲပြောင်း ပေးအပ် ထားတယ်ဆိုပေမယ့် လားရှိုး ရဲစခန်း ကို ဆက်သွယ် တဲ့ အခါမှာလည်း သတင်း သမားတွေကို ထိန်းသိမ်း ထားတာ မရှိဘူးလို့ ပြောပါတယ်။ မိခင် သတင်းဌာန နဲ့ သတင်း သမား တွေ အကြားမှာ လုံးဝ အဆက်အသွယ် ပြတ်တောက် နေပြီး သူတို့ ကိုဘယ်မှာ ထိန်းသိမ်း ထားတယ် ဆိုတာ အခု ချိန်အထိ သိရှိရခြင်း မရှိဘူးလို့ ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုး က ပြောပါတယ်။ DVB သတင်း ဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင် နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာန က သတင်းထောက် ဦးသိန်းဇော် တို့ အပါအဝင် အမျိုးသား ၇ ဦးကို ဖမ်းဆီး ထားတာ ဖြစ်ပါတယ်။ လောလောဆယ် အချိန်အထိ ရဲစခန်း ကို လွှဲပြောင်းပေးခြင်း မရှိသေးတဲ့ အတွက် တပ်မတော် ရဲ့ စခန်း တစ်ခုခု မှာ ထိန်းသိမ်းထားတာ ဖြစ်နိုင်ကြောင်း မိခင် သတင်း ဌာန တွေက ယူဆနေပါတယ်။

ကွတ်ခိုင်မြို့ တွင် လက်နက်ကြီး ဗုံးသီးစများထိမှန်၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ 27 June 2017

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အနီးဝန်းကျင်ရှိ နယ်မြေခံတပ်များအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက ဇွန်လ ၂၆ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ ခန့်တွင် ကွတ်ခိုင်မြို့၏အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နယ်မြေခံတပ်များမှပြန်လည်ပစ်ခတ်ရာ ၁၂ နာရီ မိနစ် ၅၀ တွင်ပစ်ခတ်မှုများ ရပ်တန့်သွားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်အနီးသို့ KIA/TNLA အကြမ်းဖက် သောင်းကျန်း သူများ၏ လက်နက်ကြီး ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့သဖြင့် ကွတ်ခိုင်မြို့၏အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ပိန်းဟွယ်ကျေးရွာနေ ဒေါ်အေးအမ်နှင့် ဦးအိုက်ဒဲ့တို့နှစ်ဦးမှာ လက်နက်ကြီးစထိမှန်၍ သေဆုံးခဲ့ပြီး ဦးအိုက်စံမှာ ဦးခေါင်းတွင် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ကွတ်ခိုင်ပြည်သူ့ ဆေးရုံ တွင် ဆေးဝါးကုသမှုများခံယူလျက်ရှိသည်။ အဆိုပါဖြစ်စဉ်နေရာအနီးတစ်ဝိုက်သို့တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သိီလရှင်တွေ အသုံးချခံလိုက်ရပြန်ပြီိ

သိီလရှင်တွေ အသုံးချခံလိုက်ရပြန်ပြီိ ဦးဝီရသူကိုထောက်ခံဖို့ ကျောင်းရောက် လာလက်မှတ်ထိုးခိုင်းတယ် ရှင်းပြချက်ဘာမှမပါ တကျောင်း ၂ ပါးကြွရမယ် ပြောပြီးခေါ်တယ် အဲလိုတွေ စေခိုင်းသူတွေက ဘယ်သူတွေလဲ ဘာမှမသိနားမလည်တဲ့ သီလရှင်တွေကို အသုံးချတယ် စိတ်တိုလိုက်တာနော် Su Ta သီလရှင်တွေကို ဦးဝီရသူက သိန်း ၂၀ ထိ ပိုက်ဆံထုတ်ချေး ပေးထားတယ်၊ ဦးဝီရသူ ထောက်ခံဖို့ဆိုတော့ သီလရှင်တွေ ရှောင်လို့မရပဲ သွားကြရတယ် ဟိုရောက်တော့ ကားနဲ့ကွင်းကို ခေါ်သွားပြီး ဆိုင်းပုဒ်တွေ ကိုင်ခိုင်းတော့တာပါပဲတဲ့ သီလရှင်တစ်ဦး ဆရာလေးတွေ မျက်နှာ မသာမယာုဖြစ်နေတာသာ ကြည့်ပါတော့ဗျာ ... ဘာသာ သာသနာကို ဘယ်သူတွေခုတုံးလုပ်နေပြီလဲ မီဒီယာတွေ ဆက်လက် ဖော်ထုတ်ကြပါ ZN.H

TNLA ကလည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ လုပ်

TNLA ကလည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ လုပ် ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် TNLA တအာင်းတပ်ကလည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အစိုးရဘက်ကလည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုတွေကို နေရာ ၃ နေရာမှာ ပြုလုပ်ခဲ့ပါတယ်။ TNLA အပြင် ရှမ်းပြည်နယ်မှာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့လည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြပါတယ်။ # မူးယစ်ဆေး # အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့  # ဘီဘီစီမြန်မာပိုင်း

မန်လန်ရွာသား ၃၀၀ လောက်ကို တပ်မတော်က ထိန်းချုပ်ထား 26 June 2017

ရှမ်းပြည်နယ် အရှေ့ မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန် မြို့နယ် မန်လန်ရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် တပ်မတော်က TNLA တအာင်း ပလောင် အဖွဲ့က တပ်သားတွေကို တစ်အိမ်တက်ဆင်း ရှာဖွေပြီး ရွာသား ၃၀၀ လောက်ကို ရွာပြင် ထွက်ခွင့် မပေးဘဲ ထိန်းချုပ် ထားတယ်လို့ အဲဒီရွာကနေ ထွက်ပြေး လာတဲ့ ရွာသားတွေက ပြောပါတယ်။ လက်နက်ကြီးတွေ ကျလို့ မန်လန်ရွာ ကနေ မန်လွယ် ရွာကို ပြေးသူ ၃၀ နီးပါး၊ နမ့်လင် ရွာကို ပြေးသူ ၅၀ နီးပါးနဲ့ တခြားရွာ ဖက်ကို ပြေးသူ တွေနဲ့ပေါင်းရင် စုစုပေါင်း ၁၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ မန်လန်ရွာက ရွာသားတွေကို ဘုန်းကြီးကျောင်းမှာပဲ တပ်မတော်က နေခိုင်းတာ သုံးည လောက်ကြာပြီဖြစ်ပြီး ကိုယ့်အိမ်ကိုယ် မပြန် ကြရဘူးလို့ မန်လန်ကနေ ထွက်ပြေးလာပြီး မန်လွယ် ရွာက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ကိုလှမြင့်က ပြောပါတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်က သူတို့ရွာဘေးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာ ရွာထဲကို လက်နက်ကြီးတွေ ကျခဲ့တဲ့ အတွက် ထိတ်လန့်ပြီး ထွက်ပြေးလာတာလို့ သူက ပြောပါတယ်။ အိမ်တစ်အိမ်မှာ စုနေကြတဲ့ ၁၉ နှစ်နဲ့ အသက် ၂၀ အရွယ် လူငယ် ၆ ယောက် ကိုလည်း

TNLA နဲ့ ဆက်သွယ်တဲ့ သတင်းထောက်တွေကို ဖမ်းဆီးထား 26 June 2017

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ TNLA တအာင်းတပ်နဲ့ ဆက်သွယ်လို့ဆိုပြီး DVB နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တွေအပါအဝင် လူ ၇ ဦးကို ဖမ်းဆီးပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီးမှာ နမ့်ဆန်ဘက်ကနေ သီပေါဘက်ကို မောင်းနှင်လာတဲ့ မသင်္ကာဖွယ် လိုင်စင်မဲ့ ကားနှစ်ဦးကို ရပ်တန့်စစ်ဆေးတဲ့အခါ DVB သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်တို့အပါအဝင် အမျိုးသား ၇ ဦးကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ သူတို့ဟာ TNLA အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်လို့ စစ်ဆေးဖော်ထုတ်ရတာကြောင့် ဥပဒေနဲ့အညီ အရေးယူဖို့ လားရှိုးမြို့နယ်ရဲစခန်းကို လွှဲပြောင်းထားကြောင်း ထုတ်ပြန်ပါတယ်။ အရင်ကလည်း တိုက်ရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်သွယ်တဲ့သူတွေကို မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချမှုတွေ ရှိခဲ့ပါတယ်။ နမ့်ဆမ်မြို့နယ်နဲ့ ဒေသတဝိုက်မှာ အစိုးရတပ်နဲ့ TNLA တပ်တွေ လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း TNLA နဲ့ ဒေသခံတွေဘက်က ပြောပါတယ်။ လာရှိုးမြို့နယ် ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ကြည့်ရာမှ

တပ်ကို အထင်အမြင်လွှဲအောင် မလုပ်ဖို့ ဟောပြောပွဲကျင်းပ 26 June 2017

သတင်းမီဒီယာတွေမှာ တပ်မတော်ကို အထင်အမြင်လွဲမှားအောင်၊ ပုံရိပ်ဆိုးတွေထင်အောင် ရေးသားမူတွေ မလုပ်စေဖို့ မြန်မာ့တပ်မတော် ထောက်ခံသူတွေရဲ့ ဟောပြောပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ မြန်မာ့တပ်မတော်ကို သတင်းမီဒီယာတွေ၊ အွန်လိုင်းစာမျက်နှာတွေမှာ အထင်အမြင် လွဲမှားအောင်လုပ်တဲ့ ကိစ္စရပ်တွေကို ရပ်တန့်စေလိုတဲ့အတွက် အခုလို တပ်မတော် ထောက်ခံပွဲ ပြုလုပ်ရတာလို့ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ဦးရဲစိုးအောင် (လှိုင်လူငယ်) က ပြောပါတယ်။ အဲဒီပွဲမှာ ကလောင်လက်နက်နဲ့ မြန်မာ့တပ်မတော်ကို အကျည်းမတန်ပါစေနဲ့၊ ကျင့်ဝတ်သိက္ခာတွေကို လေးစားပါ စတဲ့ဗီနိုင်းပိုစတာတွေကို ထောက်ခံသူတွေက ကိုင်ဆောင်လာကြပြီး စာရေးဆရာ အမတ်ဒိန်၊ ဦးကျော်သူငြိမ်း နဲ့ ဒေါ်လီလီနိုင်ကျော်တို့က ဟောပြောခဲ့ကြပါတယ်။ ဒီဟောပြောပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ ကျင်းပတာဖြစ်ပြီး လူဦးရေ ၂ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်နဲ့ ပြည်သူတွေကြား၊ တပ်မတော် အရာရှိတွေနဲ့ အောက်ခြေ စစ်သားတွေကြားမှာ တချို့သတင်း ဌာနတွေက သွေးခွဲတဲ့ ပုံစံမျိုးတွေ ရေးသားလုပ်ဆောင်နေတယ်လို့ ဒီပွဲမှာ ဟောပြောကြသူတချို့က ပြောပါတယ်။ ကျည်ထောင်စုသစ္စာ ဆောင်းပါးရေးသ

မြန်မာ မူးယစ်ဆေး တိုက်ဖျက်မှု တိုးတက် 26 June 2017

ဇွန်လ ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတဝှန်း က ဖမ်းဆီး ရမိတဲ့ မူးယစ်ဆေးဝါး တွေကို မီးရှို့ ဖျက်ဆီး မယ့် အခမ်းအနားတွေ ကို ကျင်းပ ကြမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အခြေအနေ တိုးတက်မှု ရှိလာတယ်လို့ ကချင်ပြည်နယ်က ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ပတ်ဂျာဆန် က ပြောပါတယ်။ ဒါပေမယ့် စစ်ပွဲတွေ ဖြစ်ပွားတဲ့ နေရာဒေသတွေမှာ မူးယစ်ဆေးဝါး က ထိန်းချုပ် ဖို့ မလွယ်ဘူး ဖြစ်နေဆဲပါ။ အရင်ကထက် စာရင် အစိုးရ တာဝန် ရှိသူတွေ က မူးယစ် ဆေးဝါး တိုက်ဖျက် ရေးမှာ ပိုမို တိုးတက် လုပ်ဆောင် လာပေမယ့် ပြည်သူက ပူးပေါင်း ပါဝင်မှု ကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ပတ်ဂျာဆန် အဖွဲ့က ပြောပါတယ်။ ကချင်ပြည်နယ်မှာ ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ က လုပ်ငန်း ဆောင်ရွက် နေတာ သုံးနှစ်ကျော် ရှိနေပြီလို့ ပတ်ဂျာဆန် အတွင်းရေးမှူး ဦးတန်ဂွန်း က ပြောပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေမှာ အမျိုးသားရေး တာဝန် တစ်ရပ် အနေနဲ့ ပြဌာန်း ထားပေးမယ့် နည်းဥပဒေ ပိုင်းမှာ က အခက်အခဲ တွေ ရှိနေဆဲ ဖြစ်ပါတယ်။ အစိုးရ ရ
သတ္တမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များ။ ပထမဗဟိုကော်မတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်၊ ရွှေဂုံတိုင်။

အောင်ဝင်းခိုင်

အောင်ဝင်းခိုင်ကို နေပြည်တော် လိုက်ပို့တဲ့ ရဲထွဋ်လှိုင်က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကမှ တပ်မတော်က အငြိမ်းစားယူလိုက်တဲ့ ဗိုလ်မှုးတစ်ဦးလို့ နေပြည်တော် အတွင်းသတင်းကနေ သိရပါတယ် ... သူပါဝင်ပတ်သက်ခဲ့တာလေး နဲနဲ ဆက်စပ်ကြည့်မယ် ဦးကိုနီ လုပ်ကြံခံရမှုတွင် အဓိကပါဝင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ထွက်ပြေးတိမ်းရှောင်စဉ် ပါဝင်ကူညီခဲ့တဲ့ ဇေယျာဖြိုးရဲ့ညီ ရဲထွဋ်လှိုင်ကို မဖမ်းတဲ့အပြင် တရားလိုပြသက်သေအဖြစ် ပြည်ထဲရေးက စာရင်းသွင်းထား တယ်ဆိုတာ ဥပဒေကို မျက်ကွယ်ပြုပြီး ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ "ရဲထွဋ်လှိုင်က အောင်ဝင်းခိုင်ကို ဦးကိုနီလုပ်ကြံခံရပြီး နောက်တစ်နေ့ ဇန်နဝါရီ ၃ဝ ရက်နေ့တွင်နေပြည်တော်ရှိ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင် စပ်တူဖွင့်ထားတဲ့ ရောင်ဝါဖြိုး ကုမ္ပဏီသို့ ရန်ကုန်မှ ကားဖြင့် ခေါ်ဆောင်ခဲ့သူဖြစ်ပြီး၊ အောင်ဝင်းခိုင်သည် ထိုရုံးတွင်ပင် ဖုန်းနှစ်လုံးနဲ့ စာရွက် စာတမ်းများကို မီးရှို့ ဖျက်ဆီးခဲ့တယ်၊ အဲဒီ့နောက်မှာ ရဲထွဋ်လှိုင်ကပဲ အောင်ဝင်းခိုင်ကို မကွေးမြို့သို့သွားရန် လိုက်ပို့ပေးစဉ်တွင် နေပြည်တော်

ဝန်ကြီးများ၏လုပ်ဆောင်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လေ့လာသုံးသပ်နေ

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လေ့လာသုံးသပ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဗဟိုကော်မတီ သတ္တမအကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ဇွန် ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ နှစ်ရက်ကြာ ကျင်းပပြီးနောက် ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိခန့်အပ်ထားတဲ့ အစိုးရအဖွဲ့က ဝန်ကြီးတွေ ဒုဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကိုဆန်းစစ်ပြီး ပြောင်းလဲခန့်အပ်သွားဖို့ အစီအစဉ်ရှိမရှိ သတင်းမီဒီယာတွေက မေးမြန်းခဲ့တဲ့အပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအတွက် လေ့လာဆန်းစစ်မှုတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကဲဖြတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ဆောင်နေတယ်၊ အဲ့ဒီအဖွဲ့ရဲ့ လေ့လာ တွေ့ရှိချက်တွေကို ထုတ်ပြန်သွားမှာမဟုတ်ပဲ ဗဟိုကော်မတီအဖွဲ့ဝင်တွေက ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဗဟိုကော်မတီ

သူမ ကို အလေးပြု ပါ ၏။

သူမ လျှောက်သွားခဲ့တဲ့ ခြေလှမ်းတိုင်းမှာ ငြိမ်းချမ်းရေး ပန်းပွင့်တွေ ဝေဝေဆာဆာ ပွင့်လို့ သူမကို အလေးပြု ပါ၏။ အင်္ဂလန်နိုင်ငံက ခန်းနာထည်ဝါတဲ့ ခန်းမကြီးတစ်ခုမှာ ကမ္ဘာပေါ်ကခေါင်းဆောင်တွေတက်ရောက်ခဲ့ပြီး သူမ ရဲ့ မိန့်ခွန်းစကားအပြီးမှာ အားလုံးမတ်တပ်ကိုယ်စီထ လို့ သုံးမိနစ်ကြာအောင် လက်ခုပ်တီး ဂုဏ်ပြုခြင်းခံရသူ သူမကို အလေးပြုပါ၏။ မြန်မာနိုင်ငံရဲ့ တစ်နေရာ ကျေးလက် စာသင်ခန်းလေးတစ်ခုမှာ သင်္ချာပုဒ်စာလေးတစ်ပုဒ်ကို အနီးကပ်လက်တွေ့ကျကျ သင်ကြားပြသပေးခဲ့ဖူးသူ ခေါင်းဆောင်ကောင်းမို့ သူမကို အလေးပြု ပါ ၏။ ၁၉၈၈ မှာ မိခင်ဖြစ်သူကို ပြု စုရင်း သူ့ပြည်သူ ကျောင်းသူ ကျောင်းသား လယ်သမားတွေ အရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့သူ သားအရင်းလေးနှစ်ယောက်ကို စွန့်လွှတ် ခင်ပွန်းကိုစွန့်လွှတ် ကိုယ်ပိုင်စည်းစိမ်တွေကိုစွန့်လွှတ် လူသားတစ်ယောက်ရဲ့ လွတ်လပ်မှုတွေကို စွန့်လွှတ် စွန့်လွှတ်ခဲ့ရခြင်းတွေအားလုံးကို စွန့်လွှတ်ခဲ့ပေမယ့် သူ့ ပြည်သူ ၅၂ သန်းကိုတော့ သူ့ရင်ဘတ်ထဲတင်းကျပ်နေအောင်ဖက်ထားခဲ့ သူမရဲ့ ခံစားရာ အဆိုပြု ခဲ့သမျှတွေ အားလုံးဟာ ဒီနိုင်ငံသူ နိုင်ငံသားတွေရဲ့ အနာဂတ်တွေချည်း ဖြစ်နေခဲ့လို့ သူမကို အလေးပြု ပါ ၏။ သူမကို

ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသူ နှစ်ဦး၏ အလောင်းများပြန်တွေ့ 25 June 2017

ဇွန်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဘင်္ဂလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေသူ ၂ ဦး၏ အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီဟု တရိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင် ပြောကြားသည်။ ရှာဖွေတွေ့ရှိခဲ့သည့် အလောင်းနှစ်လောင်းမှာ တရိန်းရွာမှ ဦးအောင်ကျော်(၅၃ နှစ်) (ဘ) ဦးအောင်စိန်နှင့် ဦးကိုကိုသိန်း (၄၂ နှစ်)(ဘ) ဦးအောင်ကျော်စိန်တို့ ဖြစ်ကြသည်။ “ အလောင်း ၂ လောင်း စလုံးကို ဒီကနေ့ ၁၁ နာရီခွဲမှာ အခင်းဖြစ်ပွားရာနေရာကနေ အနီးအနားမှာတွေ့ပါတယ်။ အခုအလောင်းတွေကို ကြိမ်ချောင်းက မောင်တော ဆေးရုံကို ယူလာပါပြီ။ အခု ကျွန်တော် အလောင်းသယ်တဲ့ ကားပေါ်ကနေ ပြောနေတာပါ” ဟု ယနေ့ မွန်းလွဲ ၃ နာရီက ဖုန်းဖြင့် ဆက်သွယ်စဉ် ဦးအိမ်စိုးမောင်က ပြောကြားသည်။ ဖြစ်ပွားပုံမှာ အသတ်ခံရသူ နှစ်ဦးသည် တစ်ခြား ရွာသား ၂ ဦးနှင့် အတူ ဇွန် ၂၄ ရက် နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ်မြောက်ပိုင်း တရိန်းကျေးရွာမှ နှစ်မိုင် အကွာ၊ ကျွန်းပေါက်ပြုစု ဘင်္ဂါလီကျေးရွာနှင့် တစ်မိုင်အကွာ ကြိမ်ချောင်း-တောင်ပြိုကားလမ်း တောင်ဘက် ပေနှစ်ထောင်ခန့်အကွာ တောင်ခြေသို့ သွားရောက်ကာ လိပ်ရှာနေ

ပါတီအတွင်းရေးကို မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ရေး သားပြောဆိုတာတွေ မလုပ်ဖို့ သတိပေး 25 June 2017

ပါတီအတွင်းရေးကိစ္စတွေကို လူမှုကွန်ယက်ပေါ်ရေးတင်တာတွေ သတင်းမီဒီယာတွေကို ပြောဆိုတာ တွေ မလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပါတီဗဟိုကော်မတီဝင်တွေကို သတိပေးလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုကော်မတီ ၇ ကြိမ်မြောက် အစည်းအဝေးကို ၂ ရက်ကြာကျင်းပပြီးနောက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းထိန် က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးဝင်းထိန် က ၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးအဖြေရှာပြီး အားလုံး လက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေကြောင်း လည်း ပြောခဲ့ပါတယ်။ နှစ်ရက်ကြာ အစည်းအဝေးကနေ လူငယ်ညီလာခံ ကျင်းပဖို့၊ လိုအပ်တဲ့ရေးရာကော်မတီတွေ ပြန်လည်ဖွဲ့စည်းဖို့ စတဲ့ အချက် ၇ ချက်ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဗဟိုကော်မတီအစည်းအဝေးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ နိုင်ငံတော်သမ္မတရဲ့ဇနီး၊ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရန်ဗဟိုကော်မတီ ဝင်တွေ စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့ကြပါ

စက်မှုဇုန်မြေခွဲယူရာမှာ ANP ပါတီခေါင်းဆောင်တွေပါဝင်တယ် ဆိုပြီး တိုင်ကြား 25 June 2017

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်က သိမ်းဆည်းခံထားရတဲ့ စက်မှုမြေဧကပေါင်း တစ်ရာကျော်ကို ခွဲဝေယူထားတဲ့အထဲမှာ ရခိုင်အမျိုးသားပါတီက ထိပ်ပိုင်းခေါင်းဆောင် တချို့ပါဝင်တဲ့ အတွက် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းအရ အရေးယူပေးဖို့ မူလမြေပိုင်ရှင်တွေက ရခိုင်အမျိုးသား ပါတီဗဟိုဌာနချုပ်ထံ စာပေးပို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ စက်မှုမြေအဖြစ်သိမ်းဆည်းထားတဲ့ လယ်မြေတွေကိုရယူထားတဲ့အထဲမှာ ပါတီရဲ့ ထိပ်ပိုင်းခေါင်း ဆောင်လေးဦး ပါဝင်နေပြီး တစ်ဦးက ပြန်လည်စွန့်လွှတ် ထားတယ်လို့ မြေ ၁၂ ဧကကျော် သိမ်းဆည်းခံထားရတဲ့ တောင်သူ ဦးမောင်ထွန်းသိန်း က ပြောပါတယ်။ "ထိပ်ပိုင်းခေါင်းဆောင်တွေက ယူထားတာတော့ကာ ကျနော်တို့ ဥက္ကဌ ဦးခိုင်ပြည်စိုးယူထားတာကို သိရှိရတယ်။ ဝန်ကြီးဟောင်း ဦးအောင်သန်းတင် ယူထားတာသိရှိရတယ်။ နောက်ပြီးတော့ ကွယ်လွန် သွားတဲ့ ဦးဖိုးမင်း ယူထားတာတွေ သိရတယ်။ ကျနော်တို့က အထောက်အထားနဲ့ ပြောနေတာပါ။ ယူထားတာမှာ လေးဦးပေါ့၊ လေးဦးမှာ တော့ကာ လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက တရားဝင် စွန့်သွားပြီလို့ သိရတယ်" ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကတော့ တောင်သူတွေ တိုင

ဝန်ကြီး သူရဦးအောင်ကို ကို ရာထူးကနေ ၇ ရက်အတွင်း ဖယ်ရှားပေးဖို့ တောင်းဆို 25 June 2017

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ရာထူးကနေ ဖယ်ရှားပေးဖို့နဲ့ ဆရာတော် ဦးဝီရသူ ကို တရားဟောခွင့်ပြန်ပေးဖို့ အပါအ၀င် တောင်းဆိုချက် ၆ ချက်ကို ၇ ရက်အတွင်း အလေးထား ဆောင်ရွက်ပေးဖို့ ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်တဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆို လိုက်ပါတယ်။ ရန်ကုန်မြို့မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ ကိုရဲမင်းဆွေ က အဲဒီတောင်းဆိုချက် တွေကို ဆောင်ရွက်မပေးရင် သပိတ်စခန်းဖွင့်ပြီးတောင်းဆို သွားမှာဖြစ်ကြောင်း သူတို့ရဲ့ ကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။ ၀န်ကြီး သူရဦးအောင်ကို ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရပ်တည်ချက်တွေဟာ အစ္စလာမ်ဘာသာဝင်တွေဖက်ကနေ စဉ်းစားဆုံးဖြတ်နေကြောင်း၊ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လွှတ်တော်ခေါင်းဆောင်တွေဟာ အမျိုးသားရေးသမားတွေရဲ့ တောင်းဆိုချက်တွေကို အလေးထား ဖြေရှင်းပေးဖို့ လည်း ကြေညာချက်မှာ ပါရှိပါတယ်။ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပတဲ့ ကန့်ကွက်ရှုတ်ချပွဲမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ် ၂၀၀ နီးပါး ပါဝင်ခဲ့သလို မန္တလေး မြို့ပြည်သူ့ဟစ်တိုင်မှာ ကျင်းပတဲ့ ရှုတ်ချပွဲမှာလည

TNLAနဲ့ အစိုးရတပ်မတော် တိုက်ပွဲဖြစ်ပွား 25 June 2017

တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ဟာ ဇွန်လ ၂၃ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ၂၅ ရက်နေ့ အထိ သုံးရက်အတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲတွေဖြစ်ရတာလို့ TNLA က ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ "အဓိကကတော့ ထိုးစစ်ပါ။ ထိုးစစ်များလာတော့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေအတွင်းမှာ နေရာတော်တော်များများမှာ မြန်မာ့ တပ်မတော်က ထိုးစစ်တွေ ပြုလုပ်လာတယ်။ အထူးသဖြင့် ကျနော်တို့ နေတဲ့နေရာနဲ့ သူတို့ရှိတဲ့နေရာနဲ့ နာရီပိုင်းအတွင်း သွားလာနိုင်တဲ့ အနေအထားတော့ ရှိတယ်။ အဲဒါကြောင့်မို့လို့ တစ်ဘက်ဘက်က နည်းနည်း လှုပ်ရှားလိုက်ရင်တော့ တိုက်ပွဲတွေဖြစ်ပွားတာ" တပ်မတော်နဲ့ TNLA ကြား ဇွန်လ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ တိုက်ပွဲ ၂ ကြိမ်စီ ဖြစ်ပွားခဲ့ပြီး ဒီကနေ့မှာလည်း ရှမ်းပြည်နယ် နမ့်ဆန်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့ နယ်တွေမှာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရနဲ့ လက်ရှိ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မ

မောင်တောတွင် ဘင်္ဂလီများက ဓားဖြင့်ဝိုင်းခုတ်သောကြောင့် ရခိုင်တစ်ဦးဒဏ်ရာရရှိပြီး နှစ်ဦးပျောက်ဆုံးနေ 25 June 2017

ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီကျော်လာက်က မောင်တောမြို့နယ် မြောက်ပိုင်းက ထရိမ်းကျေးရွာသားလေးဦးတို့သည် ကျွန်းပေါက်ကျေးရွာအနီးလယ်ကွင်းများတွင် လိပ်ရှာနေကြစဉ် ကျွန်းပေါက်အရှေ့ကုလားရွာမှ ဘင်္ဂလီများက အုပ်စုလိုက်ထွက်လာပြီး ဓားများဖြင့် ဝိုးခုတ်ကြသဖြင့် ထွက်ပြေးလာသူ ၂ ဦးတွင် တစ်ဦးဒဏ်ရာရှိပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ ပျောက်ဆုံးနေသူများမှာ ဦးကိုကိုသိန်း(၄၃) နှစ်နှင့် ဦးအောင်ကျော် (၅၁) နှစ်တို့ဖြစ်ပြီး ထွက်ပြေးလာသူ ၂ ဦးတွင် တစ်ဦးမှာ ဓါးဒဏ်ရာဖြင့် တရိမ်းရွာသို့ ပြန်ရောက်လာပြီး ကျန်တစ်ဦး မှာ သာယာကုန်းကျေးရွာသို့ ရောက်ရှိသွားခဲ့သည်။ နယ်မြေခံတပ်ရင်းများ၏ အကူအညီဖြင့် ရွာများစုပေါင်းပြီး ညနေ ၄ နာရီ အချိန်လောက်တွင် အခင်းဖြစ်ပွါးရာနေရာသို့ သွားရောက်ရှာဖွေကြရာ ကျွန်းပေါက်အရှေ့ကုလားရွာ နှင့် ဇီးပင်ချောင်းကုလားရွာအနီး သွေးကွက်များတွေ့ရပြီး အလောင်အား ဆွဲတင်သွားသည့်နေရာများ တွေ့ရှိခဲ့ကြောင်း လိုက်ပါခဲ့သူ တစ်ဦးမှ အတည်ပြုပြောကြားသည်။ ထရိမ်းကျေးရွာမှ ကိုကျော်သန်း က “ အကြမ်းဖက်အဖွဲ့တွေက အရပ်သားတွေကိုတောင် ရန်မူတဲ့အဆင့်ကို ရောက်နေပါပြီ။ ကျနော်တို့အတွက် အထူးစိုးရိမ်ရတဲ့ အခြေအေ

ဒေါ်လာသန်း ၁၂၀၀ မြန်မာကို ကမ္ဘာ့ဘဏ် ပေးမည် 25 June 2017

ရှေ့လာမယ့် ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် ကမ္ဘာ့ဘဏ် အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း တထောင့်နှစ်ရာ ဘဏ္ဍာရေးအကူအညီ ပေးသွားမယ့်အပြင် နည်းပညာအကူအညီနဲ့ လိုအပ်တဲ့အကြံဉာဏ် တွေလည်း ပေးသွားမယ့်အကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိဆောင်ရွက်နေတဲ့ ကျေးလက် ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့လုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်နိုင်ဖို့နဲ့၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေကို မြန်မာအစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ တိုးမြင့်လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ချမှတ်ခဲ့တဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ လက်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေကို ပြန်လည် သုံးသပ်ခဲ့ပြီးတဲ့နောက် အခုလို ကမ္ဘာ့ဘဏ်ရဲ့အကူအညီနဲ့ နောက်ထပ် ၂ နှစ်တာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ တိုးမြင့် လုပ်ဆောင်သွားဖို့ မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ သဘောတူခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ကစလို့ မြန်မာအစိုးရ အနေနဲ့ လူထုဗဟု

တစ်ယူနစ်ကို ငွေ ၂၁ဝ နဲ့ လျှပ်စစ်မီး စတင်အသုံးပြုနိုင် 24 June 2017

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်က မြို့နယ် လေးခုမှာ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး တစ်ယူနစ်ကို ကျပ်၂၁ဝ နဲ့ လျှပ်စစ်မီး စတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က ပြောပါတယ်။ ပြည်သူတွေ ဓာတ်အားခသက်သာပြီး အားပြည့်ပြည့်ဝဝနဲ့ သုံးစွဲနိုင်မှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောပါတယ်။ ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်းမြို့နယ်တွေမှာ အရင်က ကံပေါက်ဓာတ်အားပေး စက်ရုံ ကနေ ထိုင်းနိုင်ငံအခြေစိုက် Andaman Power and Utility (APU)ကုမ္ပဏီက ဂတ်စ်အင်ဂျင် ၆ လုံးကို ပြီးခဲ့တဲ့အစိုးရလက်ထက်က ငှားရမ်းကာ ဓာတ်အားထုတ်လုပ်ပြီး တစ်ယူနစ်ကို ကျပ် ၃ဝဝ နဲ့ ဖြန့်ဖြူးပေးနေ တာဖြစ်ပါတယ်။ အရင်က ပြည်ထောင်စုအစိုးရဆီကနေ သဘာဝဓာတ်ငွေ့ တစ်ကုဗပေသာရရှိတာကြောင့် ဓာတ်အားလုံလောက်မှု မရှိခဲ့ပါဘူး။ ဇူလိုင်လ ၁ ရက်နေ့ကစပြီး Globel Grand ကုမ္ပဏီက သဘာဝဓာတ်ငွေ့ ၂ ကုဗပေရရှိကာ ၁၂ မဂ္ဂဝပ်အထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ထားဝယ်ခရိုင် လေးမြို့နယ်ကို ဓာတ်အား လုံလုံလောက်လောက် ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးဟာ မဟာဓာတ်အားလိုင်း မရရှိသေးဘဲ မြိတ်ခ

ကျန်းမာရေးဌာနအတွက် အပြောင်းအလဲ

အမေစု အစိုးရလက်ထက် ကျန်းမာရေးဌာနအတွက် အပြောင်းအလဲ သူနာပြု ဆရာမတွေအတွက် သတင်းကောင်း သူနာပြုနှင့်သားဖွားဆရာမများ၏ စားစရိတ်နှင့် ဝတ်စုံစရိတ် တစ်လ ၃၅ ကျပ်အစား ကျပ်လေးသောင်းတိုးပေး --------------------------------------- လွန်ခဲ့သောနှစ် ၃၀ ကတည်းက သတ်မှတ်ခဲ့သည့်သူ နာပြုနှင့်သားဖွားဆရာမများ၏ စားစရိတ်နှင့် ဝတ်စုံစရိတ်အဖြစ် တစ်လလျှင် ၃၅ ကျပ်ပေးခဲ့ခြင်းကို စားစရိတ်တစ်လလျှင် နှစ်သောင်း ကျပ်နှင့်ဝတ်စုံစရိတ်ကို တစ်နှစ် လျှင် နှစ်သောင်းကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ရန်ပြည် ထောင်စုအစိုးရက ဇွန်လ ၂၂ ရက်တွင်ခွင့်ပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ လက်ရှိအခြေအနေများအရ သူနာပြုများ၏စားစရိတ်နှင့်ဝတ် စုံစရိတ်များကို ပြင်ဆင်ပေးရန်လို အပ်၍ ၂၀၁၇ နှစ်ဦးတွင် ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိ နှိုင်းကာ ယခုကဲ့သို့ တိုးပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင် ပြခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။ ‘‘ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဧပြီ ၂၆ ၂၀၁၇ ရက်စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့စီးပွား ရေး

The Voice အမှု အာမခံ ထပ်မံပယ်ချခံရ 23 June 2017

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံကို ဒီကနေ့ ဗဟန်းတရားရုံးက လေးကြိမ်မြောက် ထပ်မခံပယ်ချလိုက်ပြီး တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျှောက်တင်မှုကိုလည်း ပယ်ချလိုက်ပါတယ်။ အာမခံထပ်မံပယ်ချခံရမှုနဲ့ တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျှောက်ထားမှုပယ်ချခံရမှုကိုတော့ ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့် က အခုလို ပြောပါတယ်။ ဒီကနေ့ တတိယအကြိမ်ရုံးထုတ်မှာ တပ်မတော်ဘက်က တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးလင်းထွန်း လာရောက်အစစ်ဆေးခံခဲ့ပါတယ်။ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက သူတို့ဘက်က တရားဥပေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အမှုစတင်ဖွင့်စဉ်က သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်ကိုပါ အမှုဖွင့်ခဲ့ပေမယ့် ဆောင်းပါရှင်ဟာ ရေးသားသူသာဖြစ်ပြီး

ဘာတေးလစ်တနာ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်

၁၉၈၈ လူထု အုံကြွမှု ကြီး ဖြစ်ပေါ်နေစဉ် အတွင်း ပြည်ပ စာနယ်ဇင်းများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံစဉ်မှာ ပြောခဲ့တဲ့ စကားက ထိုအချိန်က အတော်လေး ရေပန်းစားသွားခဲ့ရပါတယ်။ (အနာဂါတ်မှာ ပေါ်ပေါက်လာမယ့် အစိုးရ အဖို့ ပြသာ နာ ပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ရတော့ မှာမို့ အေးအေး သက်သာ အုပ်ချုပ်သွားနိုင်လိမ့်မှာ မဟုတ်ဖူး ) ဆိုတာပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ ပြောဆိုခဲ့ရသည့် အကြောင်းက တိုင်းပြည် ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ကြတဲ့ စစ်တပ်ကို တင်မဟုတ်ပဲ လူထုဆီက မကျေနပ်ချက်တွေ စုပြုံ ပွင့် အန်ထွက်လာမယ့် အရေးကြောင့် "စိတ်မသက်မသာ ကာလ" တွေ သူမ အတွက် ဖြစ်လာမယ့်အရေးကိုပါထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နောက်နှစ်ပေါင်းသုံးဆယ်အကြာသူမတွေးထင်ထား သလိုဖြစ်လာခဲ့ပါတယ်။ သို့သော် .... သူမကြိုတင်တွက်ဆမထားခဲ့မှုနဲ့ရင်ဆိုင်ခဲ့ရတာကတော့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ကို ထုံးစံ အတိုင်း ပြု ကာ လက်လွတ်စပါယ် ပြု ကျင့်လာမှုများကြောင့် သူမအား နိုင်ငံတကာ က ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုလာတာ ခံခဲ့ရခြင်း ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းပြည် ငြိမ်းချမ်းရေး အား ထိပ်တန်း ဦးစားပေး အဖြစ် ရှေ့

ခေတ်အဆက်ဆက် ခွင့်ပြုခဲ့တဲ့ စီမံ ကိန်းတွေကို တိုင်ကြားလျှင် ပြန်စိ စစ်မည် 23 June 2017

ခေတ်အဆက်ဆက်ခွင့်ပြုထားတဲ့ စီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး အများပြည်သူ ထိခိုက်နစ်နာမှုတွေ ရှိကြောင်း တင်ပြလာပါရင် ပြန်လည်စိစစ်သွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း တင်သွင်းထားတဲ့ ပြည်သူတွေလက်မခံတဲ့ နှစ်ရှည်စီမံကိန်းတွေ နဲ့ ခေတ်အဆက်ဆက် အစိုးရတွေက ခွင့်ပြုထားတဲ့လုပ်ငန်းတွေကို ပြန်လည်စိစစ်ပေးဖို့ အစိုးရကို တိုက် တွန်းကြောင်းအဆိုကို ဝန်ကြီးဌာန က ပြန်လည်ရှင်းလင်းရာမှာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အခုလိုပြော ဆိုသွားတာပါ။ ဒါ့အပြင် သတ္တုတူးဖော်ထုတ်လုပ်မှုတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများနဲ့၊ လူမှုစီးပွားဘဝထိခိုက်မှု များရှိလာပါ က ဒေသခံတွေအနေနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို တိုင်ကြားပါက အချိန်နဲ့ တပြေးညီ အရေးယူသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ကျောက်စိမ်း၊ကျောက်မျက် တူးဖော် တဲ့လုပ်တွေကို နှစ်ရှည်မဟုတ်ဘဲ အများဆုံး ၅ နှစ်အထိပဲ လုပ်ကိုင်ခွင့်ပြုထား တယ်လို့လည်း ဒုတိယဝန်ကြီး ပြောပါတယ်။ ဒေါ်မိကွန်ချမ်းတင်သွင်းတဲ့အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စာ

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖုန်းပြောခဲ့ဟု အမေရိကန်သံရုံး ထုတ်ပြန်

မေလကုန်ပိုင်းက ၂၁ ရာစု ပင်လုံအစည်းအဝေးကာလအတွင်း ပြုလုပ်သည့် UPDJC အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်) နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် နိုင်ငံခြားရေးဝန် ကြီး ရက်စ်တီလာဆန်တို့သည် ဇွန်လ ၂၀ ရက်တွင် ဖုန်းပြောဆိုခဲ့ ကြောင်း အမေရိကန်သံရုံးက ဇွန် လ ၂၂ ရက်၌ သတင်းထုတ်ပြန် သည်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်အစိုးရ တက်လာ ပြီးနောက် ငါးလခန့်အကြာတွင် မြန်မာ့ခေါင်းဆောင်တစ်ဦးနှင့် အ မေရိကန် ပြည်ထောင်စုတို့အ ကြား ပထမဆုံးအကြိမ် ဖုန်းဆက် သွယ်ပြောဆိုမှုဖြစ်သည်။ အဆိုပါ ဖုန်းပြောဆိုမှုအ တွင်း ကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က အရှေ့ တောင်အာရှအပေါ် ဆက်လက် ထားရှိသည့် အမေရိကန်ပြည် ထောင်စု၏ ကတိက၀တ်ကို အ လေးပေးပြောကြားခဲ့ပြီး အရေး ကြီးသော ဒေသဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးခဲ့ ကြောင်း သံရုံး၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး အနေဖြင့် ရက်စ်တီလာဆန်ကို ဖုန်းလက်ခံ ပြောဆိုခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန် ကြာ

မိုးကုတ်အဖွဲ့ကြီးက ထုတ်ပယ်လိုက်တဲ့ ဦးသုနန္ဒကို မဟန က ဆက်လက်အရေးယူပြီ

မိုးကုတ်အဖွဲ့ကြီးက ထုတ်ပယ်လိုက်တဲ့ ဦးသုနန္ဒကို မဟန က ဆက်လက်အရေးယူပြီ ---------------------------------------------- မြတ်စွာဘုရား၏ တရားတော်နှင့် မသက်ဆိုင်သော ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်သော ဟောကြားခဲ့မှုအား တိုင်ကြားလာသောကြောင့် မဟန ညွန်ကြားချက်အတိုင်း သြဝါဒ ကို ခင်ဦးမြို့ ပျော်ဘွယ်ကျောင်းတိုက်မှာ မြို့နယ် သံဃနာယက ဆရာတော်ကြီး ၁၀ ပါး စုံညီစွာဖြင့် ၂၂.၆.၂၀၁၇ မနက် ၈နာရီခွဲမှာ သြဝါဒ မိန့်ကြားခဲ့ပါတယ်။ ထို့နောက် ဦးသုနန္ဒအား ဟောဆဲ ဟောလတံ္တသော တရားပွဲများ၌ တရားတော်နှင့် မလျှော်ကန် မလျှောက်ပတ်သော လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သော တရားများ၊ နိုင်ငံရေးနှင့် ပတ်သက်သော တရားများ ထည့်သွင်းဟောကြားခြင်း မပြုရန် မဟန မြို့နယ် ဆရာတော်များ ရှေ့မှောက်၌ ခံဝန်လက်မှတ် ထိုးစေခဲ့ပါတယ်။ ဦးသုနန္ဒအား သြဝါဒပေးပွဲသို့ မဟနသို့ ဦးဆောင် တိုင်ကြားခဲ့သော ဥိီးသာဒွန်းအောင်နှင့် အဖွဲ့အား ဖိတ်ကြား၍ အများရှေ့မှောက်၌ သြဝါဒပေးကာ ခံဝန်လက်မှတ် ထိုးစေခဲ့ခြင်း ဖြစ်ပါတယ်။ သာဓု သုံးကြိမ် ခေါ်ဆိုလိုက်ပါတယ် မဟန ဆရာတော်များ ဘုရား သာသနာတော်ကို ခုလိုရှေ့ဆက် ထိန်းသိမ်းသွားကြရင် အများလေးစားရ

ပဒိုစောသမိန်ထွန်း၏ KNU Peace process နှင့်ပတ်သက်၍ သူ၏အမြင်

ကရင့်တော်လှန်ရေးအဖွဲ့ အစည်းထဲမှာ ရှေးမှီနောက်မှီသလို၊ အမျိုးသားတော်လှန်ရေးကို ဟောနိုင်၊ ပြောနိုင်ပြီး မူဝါဒရေးရာ အရရော လက်တွေ့ ချပြနိုင်တဲ့သူ၊ ကိုယ်ကိုယ်တိုင်လည်း တော်လှန်ရေးသမားကောင်းတဦးပီသစွာ ကျင့်ကြံနေထိုင်နိုင် တဲ့သူတွေဟာ ယနေ့ အနေအထားမှာတော့ အရေအတွက် အားဖြင့် လက်ရည်ချိုးပြီး ရေတွက်လို့ ရနိုင်မယ်ထင်ပါတယ်။ . ဒီ ရှားပါး လက်ရည်ချိုး အရေအတွက်ထဲမှာ အဖိုးသမိန်ထွန်း လည်း တယောက်အပါအ၀င်ပါဘဲ။ အဖိုးသမိန်ထွန်းကို စတင်သိကျွမ်းတာက လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ခန့် က ကျောင်းသားလူငယ်တွေအတွက် ခေါင်းဆောင်တွေရဲ့ ဟောပြောပွဲတခုမှာ စတင်သိကျွမ်းခဲ့တာပါ။ ကေအင်န်ယူ အတွင်းရေးမှူး ပဒိုမန်းရှာမဆုံးခင်အထိ..... အဲဒီအချိန်တုန်းက ဖူးပဒိုမန်းရှာတို့ ၊ ဖူးပဒိုသမိန်ထွန်းတို့  လူငယ်တွေအတွက် သြ၀ါဒစကားတွေပြောရင် ကျနော်တို့  လူငယ်တွေ မျက်တောင်မခတ်ရဲ နားရွက်မခတ်ရဲလောက်အောင်၊ အသက်ရှူဖို့ မေ့လောက်အောင်ကို လူငယ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါ တယ်။ သူတို့ တတွေ လူငယ်တွေအတွက် သြ၀ါဒစကားပြောရင် အပိုအလိုမရှိ စကားလုံးတိုင်း တန်ဖိုးရှိတယ်၊ အသုံးဝင်တယ်။ အသိပညာကို တိုးတက်စေတယ်။ ခွန်အားတွေ ပြည့်စေပါတယ်။ ...

သူပဲ

၈၈ အရေးခင်းမှာ လူထုရဲ့တောင်းဆိုချက်ကြောင့် ပါဝင်ခဲ့ပြီး ဘာအပြစ်မှ မရှိခဲ့ပေမယ့် အာဏာရှင်တွေရဲ့လူမဆန်စွာ ထောင်ချခံခဲ့ရတာလဲ သူပဲ .... မလှုပ်နိုင်အောင် ထောင်ချပြီး ကမ္ဘာကြီးနဲ့အဆက်သွယ်ဖြတ်ထားခံနေရတာတောင်မှ မကျေနပ်နိုင်သေးပဲ သတင်းစာနဲ့ မီဒီယာကနေ အာဏာရှင်တွေရဲ့ အမျိုးမျိုးအပုတ်ချအတိုက်ခိုက်ခံခဲ့ရတာလဲ သူပဲ .... အိမ်ထဲမှာချုပ်ထားပြီး သူတို့လုံခြုံရေးတွေ သောက်သုံးမကျလို့ အိမ်ထဲရောက်လာတဲ့လူတယောက်ကို လက်ခံတွေ့မိလို့ အပြစ်မရှိအပြစ်ရှာပြီး ထောင်ချခံခဲ့ရတာလဲ သူပဲ ... သူမမွေးနေ့ပွဲကို တက်ရောက်သူတွေကိုတောင် အကြောင်းမဲ့ဖမ်းဆီးပြီး သူမကိုအထီိးကျန်ဆန်အောင် အာဏာရှင်တွေရဲ့ နှိပ်စက်ခံခဲ့ရတာလဲ သူပဲ .... ဒီပဲရင်းလိုအရေးခင်းမှာ လုပ်ကြံခံရတာသူမဆိုတာ လူတိုင်းသိပေမယ့် တရားခံနဲ့တရားလိုကို နေရာလွှဲပြီး အာဏာရှင်တွေရဲ့ အရေးယူခံခဲ့ရတာလဲ သူပဲ ... သူမကို အမြင်ကပ်လို့ သူမရဲ့အဖေဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့သမိုင်းကိုတောင် ဖျောက်ဖျက်ခံရလောက်အောင်ထိ အာဏာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးရန်ငြိုးဖွဲ့ခံခဲ့ရတာလဲ သူပဲ .... ဘာသာရေးတရားလွန်စာကိုင်းရှိုင်းပေမယ့် သံဃာသတ် ဘုရားဖြို သိမ်ကျောင်းတွေဖျက်ပြီး သသာသနာဖျက်သွားတဲ့အာဏာရှ

သူ့အရပ်နဲ့ သူ့ဇာတ်

ကိုအောင်မှိုင်း ● သူ့အရပ်နဲ့ သူ့ဇာတ် (မိုးမခ) ဇွန် ၂၁၊ ၂ဝ၁၇ ကနေ့ဗမာပြည်နိုင်ငံရေးကတော့ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ပြောရမလိုပါဘဲ။ သူလည်း သူ့အရပ်နဲ့သူ့ဇာတ်၊ ကိုယ်လည်း ကိုယ့် အရပ်နဲ့ကိုယ့်ဇာတ်။ သူလည်း သူ့ဇာတ်ဆရာနဲ့သူ ကိုယ်လည်း ကိုယ့်ဇာတ်ဆရာနဲ့ကိုယ်။ သူလည်း သူ့မင်းသားနဲ့ သူ၊ ကိုယ်လည်း ကိုယ့်မင်းသားနဲ့ ကိုယ်။ သူလည်း သူ့ဇာတ်ထုတ်နဲ့သူ ကိုယ်လည်း ကိုယ့်ဇာတ်ထုတ်နဲ့ကိုယ်။ အပြိုင်ကြဲ နေကြတာများဗျာ အကွပ်အညှပ်မရှိ ပရမ်းပတာတွေဖြစ်ရောလို့ ပြောရတော့မယ်ထင်ပါတယ်။ အားလုံးကတော့ ပြည်သူနဲ့ အတူတို့ ပြည်သူကိုအလုပ် အကျွေးပြုဖို့တို့ကလည်းတဇာတ် အမျိုးသားနိုင်ငံရေးလိုလို စီးပွားရေးသမားလိုလို စစ်ဗိုလ်လိုလို တွေကလည်းတဇာတ် အမျိုး ဘာသာ သာသနာ မျိုးချစ် ဘာညာကွိကွဆိုသူများကလည်း တဇာတ်။ ပြောရရင် ဒီမိုကရေစီ ကနုနု သောင်းကျန်းသူတွေက အစုစု ဆိုသလိုပါဘဲ။ သောင်းကျန်းသူဆိုလို့ အရင်ကတော့ တောခိုလက်နက်ကိုင်ဆိုသူတွေကိုခေါ်ကြတာပါ။ အခုကတော့ မြို့ပေါ် နိုင်ငံပေါ် နေ ပြည်တော်ပေါ်မှာ ပေါ်ပေါ်ထင်ထင် ဗြောင်ကျကျ တိုင်းဖျက် ပြည်ဖျက်အလုပ်တွေလုပ်နေကြတဲ့ စစ်ဗိုလ်ဆိုးတွေ ဘုန်း ကြီး ဆိုးတွေ ကြေးစား လူဆိုး လူမိုက်ဆိုးတွေကို လူထုက သတ်မှ