မေလကုန်ပိုင်းက ၂၁ ရာစု ပင်လုံအစည်းအဝေးကာလအတွင်း ပြုလုပ်သည့် UPDJC
အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ −
စိုင်းဇော်)
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် နိုင်ငံခြားရေးဝန် ကြီး ရက်စ်တီလာဆန်တို့သည် ဇွန်လ ၂၀ ရက်တွင် ဖုန်းပြောဆိုခဲ့ ကြောင်း အမေရိကန်သံရုံးက ဇွန် လ ၂၂ ရက်၌ သတင်းထုတ်ပြန် သည်။
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်အစိုးရ တက်လာ ပြီးနောက် ငါးလခန့်အကြာတွင် မြန်မာ့ခေါင်းဆောင်တစ်ဦးနှင့် အ မေရိကန် ပြည်ထောင်စုတို့အ ကြား ပထမဆုံးအကြိမ် ဖုန်းဆက် သွယ်ပြောဆိုမှုဖြစ်သည်။
အဆိုပါ ဖုန်းပြောဆိုမှုအ တွင်း ကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က အရှေ့ တောင်အာရှအပေါ် ဆက်လက် ထားရှိသည့် အမေရိကန်ပြည် ထောင်စု၏ ကတိက၀တ်ကို အ လေးပေးပြောကြားခဲ့ပြီး အရေး ကြီးသော ဒေသဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးခဲ့ ကြောင်း သံရုံး၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး အနေဖြင့် ရက်စ်တီလာဆန်ကို ဖုန်းလက်ခံ ပြောဆိုခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ထရန့်အစိုးရတက်လာပြီး နောက် အမေရိကန်အစိုးရအဖွဲ့ အနေဖြင့် အရှေ့တောင်အာရှနိုင်ငံ့ခေါင်းဆောင် အားလုံးနှင့် တွေ့ဆုံမှု (သို့မဟုတ်) အဆက် အသွယ် ပြုလုပ်ထားသော်လည်း မြန်မာနိုင်ငံ ကျန်ရှိနေကြောင်း၊ ထို့အတွက် ထရန့်ဦးဆောင်သော အစိုးရအဖွဲ့သည် ဒေါ်အောင် ဆန်းစုကြည်ထံ ဖုန်းခေါ်ဆိုသင့် ကြောင်းနှင့် အမေရိကန်ပြည် ထောင်စုသို့ ချစ်ကြည်ရေးခရီး ဖိတ်ကြားသင့်ကြောင်း ၀ါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာမှုဗဟို ဌာန (CSIS) အကြီးတန်းအကြံပေး မစ္စတာ Murray Hiebert က ‘Trump Should Call Myanmar's Aung San Suu Kyi’ ဆောင်းပါးဖြင့် ဇွန်လ ၂ရက်က တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့၏ ဖုန်းပြောကြားမှုသည် နှစ် နိုင်ငံဆက်ဆံရေးကို လှစ်ဟပြသ လိုက်ခြင်းဖြစ်ပြီး အမေရိကန်အ နေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံ ရေးကောင်းမွန်မှုကို ထိန်းထားဆဲ ဖြစ်သည်ကို ပြသခြင်းဖြစ်ကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအ ဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲက သုံးသပ်သည်။
‘‘အဓိကက တရုတ်အခန်း ကဏ္ဍ/China Factor ကို အမေ ရိကက အဓိက စဉ်းစားတယ်။ အို ဘားမားရဲ့ Asia Pivot ပေါ်လစီ မှေးမှိန်သွားပေမယ့် တရုတ်အင် အားကြီးထွားလာမှုကိုတော့ ယူ အက်စ်က စိုးရိမ်နေဆဲပါ။ ဒီတော့ သူတို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက် ဆံရေးကောင်းဆက်ထိန်းထား တယ်ဆိုတာကို ပြချင်တယ်’’ဟု ကိုရဲက မှတ်ချက်ပြုသည်။
အထက်ပါ နှစ်နိုင်ငံခေါင်း ဆောင်နှစ်ဦးအကြား ဖုန်းပြောဆို မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
http://www.7daydaily.com/story/99739

Comments
Post a Comment