ကရင့်တော်လှန်ရေးအဖွဲ့ အစည်းထဲမှာ ရှေးမှီနောက်မှီသလို၊
အမျိုးသားတော်လှန်ရေးကို ဟောနိုင်၊ ပြောနိုင်ပြီး မူဝါဒရေးရာ
အရရော လက်တွေ့ ချပြနိုင်တဲ့သူ၊ ကိုယ်ကိုယ်တိုင်လည်း တော်လှန်ရေးသမားကောင်းတဦးပီသစွာ ကျင့်ကြံနေထိုင်နိုင်
တဲ့သူတွေဟာ ယနေ့ အနေအထားမှာတော့ အရေအတွက်
အားဖြင့် လက်ရည်ချိုးပြီး ရေတွက်လို့ ရနိုင်မယ်ထင်ပါတယ်။
.
ဒီ ရှားပါး လက်ရည်ချိုး အရေအတွက်ထဲမှာ အဖိုးသမိန်ထွန်း
လည်း တယောက်အပါအ၀င်ပါဘဲ။
အဖိုးသမိန်ထွန်းကို စတင်သိကျွမ်းတာက လွန်ခဲ့တဲ့
၁၅ နှစ်ဝန်းကျင်ခန့် က ကျောင်းသားလူငယ်တွေအတွက်
ခေါင်းဆောင်တွေရဲ့ ဟောပြောပွဲတခုမှာ
စတင်သိကျွမ်းခဲ့တာပါ။
ကေအင်န်ယူ အတွင်းရေးမှူး ပဒိုမန်းရှာမဆုံးခင်အထိ.....
အဲဒီအချိန်တုန်းက ဖူးပဒိုမန်းရှာတို့ ၊ ဖူးပဒိုသမိန်ထွန်းတို့ 
လူငယ်တွေအတွက် သြ၀ါဒစကားတွေပြောရင် ကျနော်တို့ 
လူငယ်တွေ မျက်တောင်မခတ်ရဲ နားရွက်မခတ်ရဲလောက်အောင်၊
အသက်ရှူဖို့ မေ့လောက်အောင်ကို လူငယ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါ
တယ်။ သူတို့ တတွေ လူငယ်တွေအတွက် သြ၀ါဒစကားပြောရင်
အပိုအလိုမရှိ စကားလုံးတိုင်း တန်ဖိုးရှိတယ်၊ အသုံးဝင်တယ်။
အသိပညာကို တိုးတက်စေတယ်။ ခွန်အားတွေ ပြည့်စေပါတယ်။
...
အဖိုး ပဒိုသမိန်ထွန်းအနေဲ့  ပြည်တွင်းကို
လွန်ခဲ့တဲ့ ၃-၄ နှစ်ခန့် က စတင်ဝင်ရောက်ခွင့်ရခဲ့တဲ့ခရီးအပါအ၀င်
ယခင်နှစ်ပေါင်းများစွာကနယ်စပ်ဒေသ၊
ဒုက္ခသည်စခန်း၊ ကေအင်န်ယူထိန်းချုပ်
နယ်မြေတွေမှာ လူငယ်တွေအတွက် အမျိုးသားရေး/
တော်လှန်ရေးမူဝါဒရေးရာ
ဟောပြောပွဲခရီး၊ အမျိုးရေးတာဝန်ခရီးတွေမှာ
တာဝန်အရ ငှင်းခရီးတွေမှာ
သူ့ ရဲ့ မိသားစုဝင်တွေကို မတွေ့ မိတာကို အထူးအဆန်း
မဟုတ်ပေမဲ့ သူ့ ရဲ့ ကိုယ်ပိုင်အားလပ်ချိန်မှာ သူ့ ရဲ့ 
မိသားစုဝင်တွေ မတွေ့ မိတာက သတိထားမိစရာပါ။
အဖိုးပဒိုစောသမိန်ထွန်းရဲ့ မိသားစုဝင်အကြောင်းကို
ကရင်လူမျိုးတချို့ လောက်သာသိပြီး တ၀က်လောက်တောင်
သိမှာမဟုတ်ပါ။
အဖိုးဟာ တော်လှန်ရေးသမားဖြစ်လို့ မိသားစုဝင်တွေအ
ကုန်လုံးကို ရန်သူရဲ့ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း
ခံခဲ့ရပါတယ်။ သို့ ပေမဲ့စိတ်ဓါတ်မယိုင်မလှဲဘဲ ၊ မိမိရဲ့ အထီးကျန်တဲ့ဘ၀ကို
ဂရုစိုက်မအားဘဲ၊ မိမိရဲ့ မိသားစုဘ၀ကို ရှေ့ တန်းတင် ခံစားမအားဘဲ
နောက်ဆုံးထွက်သက်အထိ တော်လှန်ရေးကို ဆုံးခန်းတိုင်အောင် လုပ်မယ့်
တော်လှန်ရေးသမားကောင်းတယောက်ပါ။
......
မိသားစုတွေမရှိတော့တဲ့နောက်ပိုင်း အဖိုးဟာ ခရီးသွားရင်း၊
နေရင်းနဲ့ တွေ့ တဲ့ ခလေးသူငယ်လေးတွေကို မိမိရဲ့ 
သားသမီးရင်းချာပမာ၊ သံယောဇဉ်ရှိတယ်၊ ချစ်တယ်။
တခါတလေ အသိမိတ်ဆွေတွေဆီက ရလာတဲ့ သူ့ ရဲ့ မရှိမဲ့
ရှိမဲ့ လက္ဘက်ရည်ဖိုးထဲက ချို့ တဲ့တဲ့ ကျောင်းသားငယ်လေးတွေ
ကိုပါ မုန့် ဖိုးတွေ လှည့်ပေးလိုက်ပါသေးတယ်။
......
အဖိုးပဒိုစောသမိန်ထွန်းကို အမျိုးသားရေးအမြင်ရှိသူ၊ ၊
စာတတ်သူ၊ စာဖတ်သူ၊ အမျိုးသားရေး ယုံကြည်ချက်
ခိုင်မာသူလို့  ကျနော့် အနေနဲ့ မြင်ပါတယ်။
..........
ယခု အဖိုးပြောတဲ့ စကားတွေဟာ အပိုတွေ မပါဘဲ...
စကားလုံးတိုင်းဟာ အမှန်တွေချည်းဘဲ ဖြစ်ပါတယ်။
...
အခုပြောနေတဲ့ အဖိုးရဲ့ စကား ဗွီဒီယိုဖိုင်ဟာ အမျိုးသားရေးကို
လက်ရှိဦးစီးဦးဆောင်သူတွေရော၊ နယ်ပယ်အသီးသီးက
ခေါင်းဆောင်တွေရော၊ လူငယ်၊ လူလတ်၊ လူကြီးတွေရော
...အားလုံး...အားလုံး ...
သေချာနားထောင်ပြီး
ဆင်ခြင်သုံးသပ်နိုင်ပါစေ။
****************
Golden Karen land

Comments
Post a Comment