Skip to main content

အောင်ဝင်းခိုင်

အောင်ဝင်းခိုင်ကို နေပြည်တော် လိုက်ပို့တဲ့ ရဲထွဋ်လှိုင်က
၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကမှ တပ်မတော်က
အငြိမ်းစားယူလိုက်တဲ့ ဗိုလ်မှုးတစ်ဦးလို့
နေပြည်တော် အတွင်းသတင်းကနေ သိရပါတယ် ...
သူပါဝင်ပတ်သက်ခဲ့တာလေး နဲနဲ ဆက်စပ်ကြည့်မယ်
ဦးကိုနီ လုပ်ကြံခံရမှုတွင် အဓိကပါဝင်ခဲ့သူ
ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ထွက်ပြေးတိမ်းရှောင်စဉ်
ပါဝင်ကူညီခဲ့တဲ့ ဇေယျာဖြိုးရဲ့ညီ ရဲထွဋ်လှိုင်ကို မဖမ်းတဲ့အပြင် တရားလိုပြသက်သေအဖြစ် ပြည်ထဲရေးက စာရင်းသွင်းထား
တယ်ဆိုတာ ဥပဒေကို မျက်ကွယ်ပြုပြီး
ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့
သဘောသက်ရောက်နေပါတယ်။
ပြည်ထဲရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ
"ရဲထွဋ်လှိုင်က အောင်ဝင်းခိုင်ကို ဦးကိုနီလုပ်ကြံခံရပြီး
နောက်တစ်နေ့ ဇန်နဝါရီ ၃ဝ ရက်နေ့တွင်နေပြည်တော်ရှိ
ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင် စပ်တူဖွင့်ထားတဲ့ ရောင်ဝါဖြိုး
ကုမ္ပဏီသို့ ရန်ကုန်မှ ကားဖြင့် ခေါ်ဆောင်ခဲ့သူဖြစ်ပြီး၊
အောင်ဝင်းခိုင်သည် ထိုရုံးတွင်ပင် ဖုန်းနှစ်လုံးနဲ့ စာရွက်
စာတမ်းများကို မီးရှို့ ဖျက်ဆီးခဲ့တယ်၊
အဲဒီ့နောက်မှာ ရဲထွဋ်လှိုင်ကပဲ အောင်ဝင်းခိုင်ကို
မကွေးမြို့သို့သွားရန် လိုက်ပို့ပေးစဉ်တွင် နေပြည်တော်
ပရဆေးဥယျာဉ်ရှေ့တွင် ရပ်တန့်စေပြီး ချိန်းထားတဲ့
သူတစ်ယောက် လာကြိုမည်ဟုပြောပြီး ကားပေါ်မှ
အောင်ဝင်းခိုင် ဆင်းသွားခဲ့သည်" ဟု
ပြည်ထဲရေးဝန်ကြီးက မီဒီယာကနေတဆင့် ဖြေကြားခဲ့တယ်။
ဦးကိုနီအမှု ၁၀ ကြိမ်မြောက် ရုံးချိန်းမှာ ၊ နေပြည်တော်
ရွှေ ကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရှာဖွေသက်သေ
တစ်ဦးဖြစ်သူ ဦးမြင့်နိုင်က အောင်ဝင်းခိုင်သည် ဖေဖော်ဝါရီ
ပထမပတ်အတွင်းက ဇေယျာဖြိုး၏ ကုမ္ပဏီနှင့်နေအိမ်တို့တွင်
ခေတ္တနေခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်းတွေက
အစစ်ခံခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်။
ဇေယျာဖြိုးကို ဖေဖော်ဝါရီ ၄ ရက် ဦးကိုနီ လုပ်ကြံခံရပြီး
၇ ရက်အကြာမှာ ရန်ကုန်နေအိမ်က ဖမ်းမိတဲ့အချိန်ထိ
အောင်ဝင်းခိုင်ဟာ နေပြည်တော်က ဇေယျာဖြိုးရဲ့ အိမ်နဲ့
ရုံးခန်းမှာ ရှိနေခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့တာ
ဖြစ်တယ်။ ဒါဆို ရဲထွဋ်လှိုင်ရဲ့ စစ်ချက်ဟာ ပြည်ထဲရေးကို
နှပ်ချေးသုတ်ပြီး ပါးဖြတ်ရိုက်လိုက်တာပဲ။
အမှုဖြစ်ပြီးထဲက ရဲထွဋ်လှိုင်က အောင်ဝင်းခိုင်ကို
နေပြည်တော်က သူတို့ရုံးခန်းမှာ လိုက်ပို့ပေးခဲ့တယ်ဆိုတာ
ဒီသက်သေစစ်ချက်မှာတင် အဖြေက ရှင်းနေတာပဲ။
ဒီအခြေအနေမှာ မေးစရာရှိလာတာက ပြည်ထဲရေးဝန်ကြီးရဲ့
တရားခံနဲ့ ပတ်သက်သူက ဘာပြောပြော သူငယ်နှပ်စား
ကလေးတစ်ယောက်လို လက်ခံခဲ့တာလား ?????
အခြားနည်းနဲ့ လှည့်မစဉ်းစားတတ်တာလား ????
ဒါမှမဟုတ် ကွင်းဆက်တွေကို အကုန်ဖြတ်ချင်လို့
အမှန်ကို ဖုံးကွယ်ခဲ့တာလား ဆိုတာတော့
ကာယကံရှင်ကပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်။
အရင်က ရူးရူးမိုက်မိုက် အရွယ်မို့ ပြောသမျှ ယုံကြည်ခဲ့
ကြတယ်ဆိုရင်လည်း အဖြစ်မှန်ကို ဖုံးကွယ်ထွက်ဆိုတာ
စစ်ဆေးပေါ်ပေါက်ခဲ့ပြီးတဲ့နောက်မှာ ရဲထွဋ်လှိုင်ကို
ဘာလို့ အရေးမယူပဲ တရားလိုပြ သက်သေနေရာမှာ
ထည့်သွင်းခဲ့တာလည်း ဆိုတာ ပြည်သူလူထု
ကျေနပ်အောင် နောက်တစ်ကြိမ် ဖြေရှင်းချက်ပေးဖို့
ပြည်ထဲရေးမှာ တာဝန်ရှိပါတယ်။
ယခုလက်ရှိအမြင်အရ ရဲထွဋ်လှိုင်ရဲ့ လိမ်လည်ထွက်ဆိုချက်ကို
အကာအကွယ်ပေးနိုင်ဖို့ အောင်ဝင်းခိုင် ဆင်းသွားတယ်ဆိုတဲ့
နေပြည်တော်ပရဆေး ဥယျာဉ်နားက CCTV မှတ်တမ်းကို
ဖျက်ပစ်လိုက်တယ်လို့ပဲ မှတ်ယူရပါလိမ့်မယ်။
သေချာတာကတော့ ရဲထွဋ်လှိုင်ကို မဖမ်းတာ၊
နည်းမျိုးစုံနဲ့ အကာအကွယ်ပေးနေတာဟာ မရိုးသားတဲ့
သံသယဖြစ်စရာ လုပ်ရပ်တစ်ခုပါပဲ။
လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဒီလို ရူးမိုက်တဲ့
အလုပ်မျိုး မလုပ်ဘူးလို့ ပြောထွက်ခဲ့တာနဲ့
တစ်ပုံစံတည်း ပါပဲ ...
ZN.H

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...