TNLA ကလည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ လုပ်
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် TNLA တအာင်းတပ်ကလည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အစိုးရဘက်ကလည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုတွေကို နေရာ ၃ နေရာမှာ ပြုလုပ်ခဲ့ပါတယ်။ TNLA အပြင် ရှမ်းပြည်နယ်မှာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့လည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြပါတယ်။
#မူးယစ်ဆေး #အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ 
#ဘီဘီစီမြန်မာပိုင်း

Comments
Post a Comment