အမေစု အစိုးရလက်ထက် ကျန်းမာရေးဌာနအတွက် အပြောင်းအလဲ
သူနာပြု ဆရာမတွေအတွက် သတင်းကောင်း
သူနာပြုနှင့်သားဖွားဆရာမများ၏ စားစရိတ်နှင့် ဝတ်စုံစရိတ် တစ်လ ၃၅ ကျပ်အစား ကျပ်လေးသောင်းတိုးပေး
---------------------------------------

လွန်ခဲ့သောနှစ် ၃၀ ကတည်းက သတ်မှတ်ခဲ့သည့်သူ နာပြုနှင့်သားဖွားဆရာမများ၏
စားစရိတ်နှင့် ဝတ်စုံစရိတ်အဖြစ် တစ်လလျှင် ၃၅ ကျပ်ပေးခဲ့ခြင်းကို
စားစရိတ်တစ်လလျှင် နှစ်သောင်း ကျပ်နှင့်ဝတ်စုံစရိတ်ကို တစ်နှစ် လျှင်
နှစ်သောင်းကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ရန်ပြည် ထောင်စုအစိုးရက ဇွန်လ ၂၂
ရက်တွင်ခွင့်ပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
လက်ရှိအခြေအနေများအရ သူနာပြုများ၏စားစရိတ်နှင့်ဝတ် စုံစရိတ်များကို ပြင်ဆင်ပေးရန်လို အပ်၍ ၂၀၁၇ နှစ်ဦးတွင် ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိ နှိုင်းကာ ယခုကဲ့သို့ တိုးပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင် ပြခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။
‘‘ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဧပြီ ၂၆ ၂၀၁၇ ရက်စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့စီးပွား ရေးရာကော်မတီသို့တင်ပြခဲ့ပြီး ၂၂ ရက်နေ့မနေ့ကပေါ့။ ပြည် ထောင် စုအစိုးရအဖွဲ့မှာ တင်ပြပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုအ စိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရပြီး ပါကမကြာမီ ခွင့်ပြုမိန့်ကိုရမှာပါ။ ကျွန်တော်ကတော့ အဖြူ၊အမည်း စာရွက် မထွက်သေးတော့မပြော ပါဘူး။ အမှန်ကတော့ မနေ့က က တည်းက အတည်ပြုချက်ရပြီးပါ ပြီ။ ပြည်ထောင်စုအစိုးရအဖွဲ့ကသဘောတူပါပြီ။ မကြာမီရက်ပိုင်း အတွင်းမှာ အမိန့်ထွက်လာပြီး စတင်ခံစားရမှာပါ’’ ဟုဒေါက်တာ မြင့်ထွေးကပြောသည်။
တစ်နိုင်ငံလုံးတွင် သားဖွား ဆရာမများအပါအဝင်သူနာပြု ၃၈,၄၇၀ ဦးရှိရာ ၎င်းတို့အတွက် အစိုးရကတစ်လလျှင် စားစရိတ် ကျပ် ၇၈၆ ဒသမ ၁၆၉ သန်းခန့် အသုံးပြုမည်ဖြစ်ပြီး ဝတ်စုံစရိတ်အတွက် တစ်နှစ်စာကျပ် ၇၈၀ ဒသမ ၃၇ သိန်းအသုံးပြု၍ ပံ့ပိုးမည်ဟုဒေါက်တာမြင့်ထွေးက ဆိုသည်။
Source: 7 Day

Comments
Post a Comment