မောင်တောမြို့နယ် အင်းဒင်ကျေးရွာ(ရွာကြီး)နေ မော်လ၀ီမာမတ်တော်ယာလ် (၄၄နှစ်)
(ဖ) အဒူဟာမတ်သည် ကျေးရွာအတွင်းရှိ လူငယ်များအား အကြမ်းဖက်အဖွဲ့အတွက်
လူသစ်စုဆောင်း ပေးခြင်း၊ ငွေကြေးများထောက်ပံ့ပေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက်
ယုံကြည်မှုပျက်ပြားအောင် စည်းရုံး လှုံ့ဆော်ခြင်း၊ ဗလီများအား
ခွင့်ပြုချက်မရှိဘဲ ပြုပြင်ရန် တိုက်တွန်းလှုံ့ဆော်ခြင်း၊
ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အား မထီမဲ့မြင်ပြုခြင်းများကို
ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၆ ရက်
ညနေ ၅ နာရီက မော်လ၀ီမာမတ်တော်ယာလ် အား ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
မော်လ၀ီမာမတ်တော်ယာလ် အား အင်းဒင်နယ်မြေစခန်း၌ (ပ)၁၁/၂၀၁၇၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ၅ (၁)(စ)(ဆ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်
ရှိကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
မော်လ၀ီမာမတ်တော်ယာလ် အား အင်းဒင်နယ်မြေစခန်း၌ (ပ)၁၁/၂၀၁၇၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ၅ (၁)(စ)(ဆ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်
ရှိကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
Comments
Post a Comment