မိုးကုတ်အဖွဲ့ကြီးက ထုတ်ပယ်လိုက်တဲ့ ဦးသုနန္ဒကို မဟန က ဆက်လက်အရေးယူပြီ
----------------------------------------------
မြတ်စွာဘုရား၏ တရားတော်နှင့် မသက်ဆိုင်သော ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်သော ဟောကြားခဲ့မှုအား တိုင်ကြားလာသောကြောင့် မဟန ညွန်ကြားချက်အတိုင်း သြဝါဒ ကို ခင်ဦးမြို့ ပျော်ဘွယ်ကျောင်းတိုက်မှာ မြို့နယ် သံဃနာယက ဆရာတော်ကြီး ၁၀ ပါး စုံညီစွာဖြင့် ၂၂.၆.၂၀၁၇ မနက် ၈နာရီခွဲမှာ သြဝါဒ မိန့်ကြားခဲ့ပါတယ်။

ထို့နောက် ဦးသုနန္ဒအား ဟောဆဲ ဟောလတံ္တသော
တရားပွဲများ၌ တရားတော်နှင့် မလျှော်ကန် မလျှောက်ပတ်သော လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သော တရားများ၊ နိုင်ငံရေးနှင့်
ပတ်သက်သော တရားများ ထည့်သွင်းဟောကြားခြင်း
မပြုရန် မဟန မြို့နယ် ဆရာတော်များ ရှေ့မှောက်၌ ခံဝန်လက်မှတ် ထိုးစေခဲ့ပါတယ်။
ဦးသုနန္ဒအား သြဝါဒပေးပွဲသို့ မဟနသို့ ဦးဆောင် တိုင်ကြားခဲ့သော ဥိီးသာဒွန်းအောင်နှင့် အဖွဲ့အား
ဖိတ်ကြား၍ အများရှေ့မှောက်၌ သြဝါဒပေးကာ ခံဝန်လက်မှတ် ထိုးစေခဲ့ခြင်း ဖြစ်ပါတယ်။
သာဓု သုံးကြိမ် ခေါ်ဆိုလိုက်ပါတယ် မဟန ဆရာတော်များ ဘုရား
သာသနာတော်ကို ခုလိုရှေ့ဆက် ထိန်းသိမ်းသွားကြရင် အများလေးစားရတဲ့ ဘာသာအဖြစ် ဗုဒ္ဓဘာသာ အဓွန့်ရှည်ပါလိမ့်မယ်
မီဒီယာများ သတင်းနှင့်ပုံများအား လိုအပ်ပါက ယူသုံးနိုင်ပါတယ်
ZN.H

Comments
Post a Comment